December 9, 2012

CNF နဲ့ အစိုးရအကြား သဘောတူညီချက်လက်မှတ်ရေးထိုးတော့မည်



ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအကြား အချက် ၃၀ ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူ လက်မှတ်ရေးထိုးတော့မည်။

နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို အဆင့်သုံးဆင့်ပါ စစ်ရေးအပါအဝင် တိုက်ခိုက်ပစ်ခတ်မှုများရပ်ဆိုင်းခြင်း၊ ပြည် ထောင်စု အဆင့်  နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ များကျင်း ပခြင်း၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စုညီ လာခံကြီး တရပ်ကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်တရပ်ကို ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ညီညွတ် စွာ လက်မှတ်ရေးထိုးခြင်း ဖြစ်စဉ်အောက် တွင် ဆွေးနွေး ခဲ့ကြသည်။
သဘောတူညီချက်ထဲတွင် အဓိက အားဖြင့် စီအဲန်အက်ဖ်ဖက်မှ တင်ပြသည့် ချင်းအမျိုးသားရေးဆိုင်ရာ၊ လူ့အခွင့် အရေး ဆိုင်ရာ၊ တပ်နေရာချ ထားရေး၊ ပြည်နယ် ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပါ၀င်သည်ဟု သိရသည်။
သဘောတူညီချက်တချို့မှာ – ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်ထဲတွင် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်၄င်း၊ ဇန္နဝါ ရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေး ကိစ္စ ပြည်နယ် အစိုးရ မှ ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး အတွက် ချင်းလူ့ အခွင့်အရေးကော်မီတီဖွဲ့စည်း ပြီး မြန်မာနိုင်ငံလူ့အခွင့် အရေးကော် မရှင် နဲ့ လက်တွဲအကောင်အ ထည်ဖော်ရေး၊ စစ်ဖက်ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်က လွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချခွင့် မပြုရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်နိုင် ရေးအ တွက် ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်းများကို ချင်းပြည်နယ်တွင် ဖွင့်လှစ်ခွင့်ပြုရေး တို့ ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ချင်းမိဘပြည်သူ များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု ပြောကြသည်။
ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရ တို့သည် ယခုနှစ် ဇန္နဝါရီ တွင် ပြည်နယ်အဆင့်၊ မေလတွင် ပြည်ထောင်စု အဆင့် ၊ ယခုလ ဒီဇင်ဘာ ရ -၈ ရက်နေ့ တွင်ပြည်ထောင်စု အဆင့် ဆိုပြီး သုံးကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

http://khonumthungburmese.org/?p=994
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India