December 9, 2012
CNF နဲ့ ပြည်ထောင်စုအစိုးရ အပစ်ရပ်ရေး လက်မှတ်ရေးထိုး
ကိုအောင်ရဲမောင်မောင်ရေ… ဒီကနေ့ ရန်ကုန်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး တို့ ဆွေးနွေးပွဲလုပ်တယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒါ နောက်ဆုံး အခြေအနေ ဘာများသိထားလဲ။ -
“ဟုတ်ကဲ့ ကိုသားညွှန့်ဦးရေ… ကျနော် ဒီနေ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့တဲ့ပွဲကို ကျနော် ရောက်ဖြစ်တယ်ဗျ။ သူတို့ ဒီနေ့ CNF ဘက်ကနေပြီးတော့ တင်ပြတဲ့ အချက် ၃၁ ချက် ရှိတယ်ဗျ။ အဲဒါကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ၂၇ ချက်ကို သဘောတူပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ရှိတယ်ဗျ။ ပြီးတော့ နောက်ထပ် ဘယ်နေ့ တွေ့မယ် ဆိုတာတော့ မသတ်မှတ်ရသေးပေမဲ့ အခု လက်မှတ်ထိုးထားတဲ့ ကိစ္စတွေကို လွှတ်တော်ကို သူတို့အနေနဲ့ တင်ပြပြီးတော့ မှတ်တမ်းတင်ဖို့ ကိစ္စတွေလည်း ဆက်လက် လုပ်ဆောင်မယ်လို့ ပြည်ထောင်စု ၀န်ကြီးတပါးဖြစ်တဲ့ သစ်တောရေးရာ ၀န်ကြီး ဦးဝင်းထွန်းက ပြောတယ်ဗျ။”
နောက်တချက်က အခု သူတို့ ဆွေးနွေးတဲ့အထဲမှာ အသေးစိတ် အဓိက အချက်တွေက ဘာတွေများ ဆွေးနွေးကြလဲ။ ခုနက သဘောတူခဲ့တယ် ဆိုတာကလည်း ဘယ်အချက်တွေ ပါထားလဲ။ အဓိကအချက်ပေါ့။ -
“ဟုတ်ကဲ့ခင်ဗျ။ အဓိက ဆွေးနွေးဖြစ်တဲ့အထဲမှာ သူတို့ပြည်နယ်ရဲ့ အရင်တုန်း ဖြစ်ခဲ့တဲ့ သူတို့ကို မတရားအသင်း သတ်မှတ်ထားတဲ့ ကိစ္စကို ပယ်ဖျက်ပေးဖို့ အဓိက ဆွေးနွေးဖြစ်တယ်ခင်ဗျ။ အဲဒါကိုလည်း အစိုးရဘက်ကနေပြီးတော့ အစိုးရ အာဏာပိုင်တွေ ဘက်ကနေပြီးတော့ ဒါကိုလည်း လက်ခံတယ်ဗျ။ နောက်ပြီးတော့ ချင်းအမျိုးသားနေ့ နဲ့ ချင်းပြည်နယ်နေ့ သတ်မှတ်ရေး ကိစ္စတွေကိုလည်း ဒီနေ့မှာ ဆွေးနွေး ဖြစ်တယ်ဗျ။ အဲဒီကိစ္စတွေကို ၀န်ကြီး ဦးဝင်းထွန်းက အခုလို ပြောခဲ့ပါတယ်။”
ဦးဝင်းထွန်း။ ။ “ဒီ ညှိနှိုင်း ဆွေးနွေးပွဲမှာ အဓိက ပါ၀င်တဲ့အချက်တွေ ကတော့ဖြင့် ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်များ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။ နောက်… နှစ်ဘက်တပ်များဆိုင်ရာ ကိစ္စရပ်များလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်များမှာလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ချင်းအမျိုးသားများ အရေးနဲ့ ပတ်သက်လို့ အဓိကကျတဲ့ အချက်ကြီး နှစ်ရပ်ကတော့ဖြင့် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သတ်မှတ်ပြီးတော့ ကျင်းပပြုလုပ်ဖို့နဲ့ ချင်းပြည်နယ်နေ့ ကိုတော့ဖြင့် ပြည်နယ်အဆင့် သတ်မှတ်ခြင်းခံရတဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ ဆိုပြီးတော့ သတ်မှတ်ဖို့ နှစ်ဘက် သဘောတူညီမှု ရခဲ့ပါတယ်။”
“ဒါကတော့ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း ပြောခဲ့တာဖြစ်ပါတယ်ခင်ဗျ။”
ကိုအောင်ရဲမောင်မောင်ရေ… အခု သူတို့ လက်မှတ် ထိုးကြပြီဆိုတော့ တပ်နေရာ ချထားရေးကိစ္စ တို့၊ နှစ်ဘက် ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်မလဲ အသေးစိတ်ပေါ့နော်။ ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ သိထားလဲ။ -
“ဟုတ်ကဲ့၊ ကိုသားညွှန့်ဦးရေ…. သူတို့ တပ်တွေ ကိစ္စကိုလည်း ဆွေးနွေးတယ်ခင်ဗျ။ ဆွေးနွေးတဲ့အခါ အဓိက ဘာတွေ ဆွေးနွေးဖြစ်လဲ ဆိုတော့ နှစ်ဘက် စစ်တပ်ဘက်က အာဏာပိုင် ဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူတွေလည်း တက်ရောက်တယ်ဗျ။ နောက်ပြီးတော့ CNF ဘက်က CNF အောက်က ရှိတဲ့ တပ်မတော်ပေါ့၊ ချင်းအမျိုးသားတပ်မတော် CNA ကလည်း ဗိုလ်မှူးကြီးတွေလည်း တက်ရောက်တယ်ဗျ။ အဲဒီလို တက်ရောက်တဲ့အခါမှာ ဒေသနှစ်ခုကြားမှာရှိတဲ့ နယ်နိမိတ်တွေမှာ သူတို့ှနှစ်ဘက်က စစ်တပ်တွေ ထားရှိဖို့ ကိစ္စပေါ့။ အဲဒီကိစ္စကို သူတို့ ဆွေးနွေးတယ်ဗျ။ ဘယ်နေရာတွေမှာ ဘယ်စစ်တပ်တွေကို ဘယ်လို ထားရှိမယ် ဆိုတဲ့ကိစ္စ ဆွေးနွေး တယ်။ နောက်တချက်ကကျတော့ တပ်တွေ စစ်ရေး လေ့ကျင့်တဲ့ ကိစ္စပဲဖြစ်ဖြစ်၊ တပ်တွေ တနေရာကနေ တနေရာ ရွှေ့ပြောင်းတာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို လုပ်မယ်ဆိုရင် တဦးနဲ့တဦးကြားမှာ ကြိုတင်ပြီးတော့ အကြောင်းကြားပေးဖို့ပေါ့၊ အဲဒါတွေလည်း ဆွေးနွေးတယ်ဗျ။ သူတို့အနေနဲ့ တိုက်ပွဲတွေ မဖြစ်တော့တာကတော့ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက၊ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးကတည်းက သူတို့အနေနဲ့ ဒေသတွင်းမှာ တိုက်ပွဲတွေ လုံးဝ မဖြစ်ဘူးလို့တော့ သိရတယ်ခင်ဗျ။ နောက်ပိုင်း ဖြစ်လာမယ့် အခြေအနေကတော့ သူတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ရပြီးရင်တော့ လုံးဝ နှစ်ဘက်တပ်တွေကြားမှာ အပြည့်အဝ နားလည်မှု ရရှိသွားနိုင် တယ်လို့လည်း ဒီနေ့ သူတို့ ချင်းအမျိုးသား တပ်ဦး ဘက်က ပြောတယ်ဗျ။”
ဒီ နှစ်ဘက် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေ အဓိက ဦိးဆောင်ပြီးတော့ တက်ရောက်ခဲ့ကြလဲ။ တခြား ဘယ်သူတွေရော တက်ရောက်တာ ရှိလဲ။ -
“ဟုတ်ကဲ့ခင်ဗျ။ အဓိက ဒီနေ့ ဆွေးနွေးပွဲကို အရင်ကနဲ့ မတူဘဲ ထူးခြားတာလေး တခု လုပ်ထားတယ်ခင်ဗျ။ သူတို့အနေနဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင်တွေနဲ့ ချင်းအမျိုးသား တပ်ဦး နှစ်ဘက်တင်မကဘူးပေါ့။ ဆွေးနွေးပွဲကို observer လေ့လာသူတွေ အနေနဲ့ တက်ရောက်ခွင့် ပေးတာလည်း ရှိတယ်ဗျ။ နိုင်ငံရေးပါတီတွေဘက်က ဆိုရင် NDF ပါတီက ဦးခင်မောင်ဆွေ တက်ရောက်လာတာကို တွေ့တယ်ဗျ။ စည်းလုံးရေးနဲ့ ညီညွတ်ရေးပါတီက ဦးမျိုးညွှန့် တို့လို လူတွေလည်း တက်ရောက်တာ တွေ့တယ်ဗျ။ နောက်ပြီးတော့ သူတို့ နိုင်ငံခြားသားတွေ ကိုလည်း ဖိတ်ထားတယ်ခင်ဗျ။ British Council က နိုင်ငံခြားသားတွေလိုမျိုး၊ တခြား ပြည်ပက ၀င်ရောက်လာတဲ့ သတင်းစာ ဆရာတွေလည်း ရှိတယ်ဗျ။ သူတို့တွေကိုလည်း ဖိတ်ကြား ထားတာ တွေ့ရတယ်ခင်ဗျ။ ဒီနေ့ကတော့ observer တွေလည်း တက်ရောက်ခွင့် ပေးထား သလို မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ဆောင်ခဲ့တဲ့ ကိုအောင်နိုင်ဦး တို့လို လူတွေလည်း တက်ရောက်တာ တွေ့ရတယ်ခင်ဗျ။”
burmese.voanews.com/content/chin-peace-talk-12-09-12/1561429.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။