"တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးကို ခန္တီးမြို့မှာ ကျင်းပခဲ့တယ်၊ အခုပြည်ထောင်စုအဆင့် ဆက်လက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ် ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာ ဖြစ်မယ်"
ဆွေးနွေးဖြစ်မယ်ဆိုရင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဖက်က ပြင်ဆင်မှုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နာဂဒေသ ဖွံ့ဖြိုး တိုးတက်စေရေး၊ တပ်တွေနေရာချထားရေး၊ အပစ်အခတ် ရပ်စဲရေးကာလတွေအတွင်း နှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ် စတဲ့အချက်တွေကို ဆွေးနွေးသွားဖို့ရှိတဲ့ အပြင် ယခုအချိန်ထိ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ ၁၉၆၄ ခုနစ်ကတည်းက မြန်မာအစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာ အစိုးရနဲ့ ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။
http://www.rfa.org/burmese/news/naga-peace-meeting-01202013095223.html







Sunday, January 20, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: