
“အသတ်ခံရသူက ကချင်အမျိုးသား ဦးလစန်ဘောက်နော။ သူ့ခြံထဲကနေ မီးသွေးဖုတ်ပြီးအပြန် မွန်းတည့် ချိန်လောက်ပေါ့။ နမ္မတူသွားတဲ့လမ်း နမ့်ပုံချောင်းနားက တဲထဲမှာ စောင့်နေတဲ့ ဗမာစစ်သား၆ ယောက်က သူ့ကို ဖမ်းဆီး ရိုက်နှက်ပြီး စက်သေနတ်နဲ့ ပစ်သတ်လိုက်တယ်”ဟု မိုင်းဝီးရွာ သားတစ်ဦးကပြောပြသည်။
အသတ်ခံရသူ ဦးလစန်ပေါက်နော အသက် ၄၈ နှစ်တွင် သားသမီး ၅ ယောက် ရှိကြောင်း ၊ခြံ လုပ်ငန်းနှင့်မီးသွေးဖုတ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ကြောင်း၊ ၎င်းသည် မည့် သည့် လက်နက်ကိုင်အဖွဲ့နှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ ဦးလစန်ပေါက်နော၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်နေ့က မြေ မြုပ်သဂြိုလ် လိုက်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
“စက်သေနတ်နဲ့ ၆ ချက် ပစ်လိုက်တာ။ ၀မ်းဗိုက်တွေ ၊ ခြေထောက် ၊ လက်တွေမှာ ကျည်ဆံ ဝင်သွားတဲ့အပေါက်တွေတွေ့ရတယ်။ မျက်နှာမှာလည်း ရိုက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်၊ ညာဘက် လက်မ တောင် ပြတ်လုနီးပါးဖြစ်နေတယ်၊ သူ့ကိုယ်မှာပါလာတဲ့ ဓါးမ နဲ့ ခြံအသုံးအဆောင်ပစ္စည်း တွေကို လည်း ဗမာ စစ်သား တွေ ယူသွားတယ်၊ ဗမာစစ်သားတွေ စွပ်စွဲပြီးပြောတာကတော့ သူက လက်ပစ်ဗုံး နဲ့ ပစ်မလိုလုပ်လို့ ပစ်သတ် လိုက်တာတဲ့” ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။
ဦးလစန်ဘောက်နောကိုပစ်သတ်လိုက်သော မြန်မာအစိုးရတပ်သည် မည်သည့်တပ်ရင်းမှ တပ်ဖွဲ့ များ ဖြစ်ကြောင်း အသေးစိပ် မသိရှိရသေးပါ။
သို့သော် မိုင်းဝီး ကျေး ရွာ အုပ်စု ၌ လှုပ်ရှားနေသောအစိုးရတပ်မှာ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ယူသော ခလရ ၁၄၄ တပ်ဖွဲ့တစ်ဖွဲ့ သာရှိကြောင်း နယ်စပ် စစ်ရေးလေ့လာသူတစ်ဦးကဆိုသည်။
မြန်မာအစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား ခဲ့တာ ကာလကြာ လာသည် နှင့်အမျှ အရပ်သားထိခိုက်သေဆုံးမှု လည်း မြင့်တက်လာနေကြောင်း သိရှိရပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3662-2012-11-19-04-33-37.html