October 25, 2012

ရွှေလီမှာဆွေးနွေးဖို့ KIO နဲ့အစိုးရသဘောတူ

သေနတ်သံတွေမစဲသေးတဲ့ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲတွေရပ်စဲသွားရေး နှစ်ဘက်ကြား ဆွေးနွေးမှုတွေ အချိန်အတန်ကြာ ရပ်ဆိုင်းနေပေမဲ့လို့ မကြာခင်မှာတော့ KIA နဲ့ မြန်မာအစိုးရတို့ကြားမှာ ဒီဆွေးနွေး ပွဲတွေ ပြန်စလာဖို့ရှိတဲ့အကြောင်း KIO ဌာနချုပ်ကို သွားရောက်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို တရုတ်နယ်စပ် ရွှေလီမြို့မှာတွေ့ဆုံဖို့ရာ မကြာခင် ရက်သတ်မှတ်နိုင်ဖို့ KIO ဘက်က သဘောတူ အကြောင်းကြားခဲ့တာကို ငြိမ်းချမ်းရေး ကော်မတီကို ဒီကနေ့ ရှင်းပြခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေနဲ့ အဓိကဆွေးနွေးမယ့် ကိစ္စတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

KIO နဲ့ မြန်မာအစိုးရတို့ကြား တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြားကနေ အကျိုးဆောင်ပေးနေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ကိုယ်စားလှယ်နှစ်ဦးဟာ KIO ဌာန ချုပ်ရှိရာ လိုင်ဇာကို ပြီးခဲ့တဲ့အပတ် ကြာသာပတေးနေ့ကနေ မနေ့က အင်္ဂါနေ့အထိ သွားရောက်ခဲ့ကြ ပါတယ်။ KIO အဖွဲ့ရဲ့ ဗဟိုကော်မတီ အစည်းအဝေး လုပ်နေချိန် မအားလပ်တဲ့ကြားထဲကပဲ တနင်္လာနေ့မှာ ကြားဖြတ် အစီအစဉ်အဖြစ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့ ဆွေးနွေး သဘောတူခဲ့ တာတွေကို မြန်မာအစိုးရရဲ့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အလုပ်ကော်မတီ ဒု ဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတရုံးဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်မင်းကို ဒီမနက်က ရှင်းပြခဲ့တယ်လို့  လိုင်ဇာကို သွားခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးခွန်အောင်က ဆိုပါတယ်။

“အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ နံပါတ်တစ်အချက်က ဒီ ဆွေးနွေးဖို့အတွက် သဘောတူ တယ်ပေါ့။ နံပါတ်နှစ် အချက်ကတော့ ရွှေလီမှာလည်း သူတို့က သဘောတူတယ်ပေါ့။ တတိယ အချက်က ရက်ကိုသတ်မှတ်ဖို့ကတော့ ဒီကြားထဲမှာ သူတို့ အစည်းအဝေး ထိုင်ပြီးတော့မှ စစ်ရှိန် အခြေအနေပေါ့ဗျာ- အဲဒါတွေကို သုံးသပ်ပြီးတော့မှ အဲဒါတွေကို အမြန်ဆုံးဖြစ်အောင် ဦးအောင်မင်းဆီကို သူတို့ အကြောင်းကြားလိုက်ပါမယ်-တဲ့။”

အဲဒီတော့ အခုလို ဆွေးနွေးဖို့ နေရာကို သဘောတူပြီး မကြာခင်မှာ ရက်ကို ထပ်အကြောင်းကြားမယ် ဆိုတဲ့နေရာမှာ အခုချက်ခြင်း ရက်မသတ်မှတ်နိုင်လောက်အောင် KIO ဘက်မှာ ဘယ်လို အခက် အခဲတွေ ရှိနေပါသလဲလို့ မေးရာမှာတော့ ဦးခွန်အောင်က -

“ကျနော်တို့ကျတော့ အဲဒီကိစ္စတော့ မပြောဘူး ခင်ဗျ။ သူတို့က စစ်ရှိန် အခြေအနေကို နည်းနည်း သုံးသပ်ကြည့်အုံးမယ်တဲ့။ ဆိုလိုတာကတော့ သူတို့ ဗဟိုကော်မတီမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစည်းအဝေးထိုင်မယ်ဆိုတဲ့ သဘောပဲလို့ ယူဆပါတယ်။”

ဒီနေရာမှာ ဘယ်တော့လောက် KIO ဘက်က အကြောင်းပြန်နိုင်ပြီး ဘယ်အချိန်မှာ ဆွေးနွေး ပွဲတွေ ပြန်စနိုင်ပါသလဲလို့ မေးရာမှာလည်း ဦးခွန်အောင်ကပဲ -

“ခန့်မှန်းတာကတော့ သိပ်တော့ မကြာတော့ဘူးလို့ ပြောတာပဲ။ တရက်နှစ်ရက်အတွင်းတော့ သိရမယ် လို့တော့ ကျနော်တို့လည်း မျှော်လင့်ပါတယ်ခင်ဗျ။”

ဒါ့အပြင် ၁၉၉၄ ခုနှစ်ကတည်းက အပစ််အခတ်ရပ်စဲခဲ့ပြီးမှ ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ ပြန်ဖြစ်လာ ခဲ့တဲ့ KIO နဲ့ အစိုးရတို့ကြား တိုက်ပွဲတွေ ပြန်ရပ်ဖို့ တောက်လျှောက်ဆွေးနွေးလာခဲ့ပေမဲ့ တိုက်ပွဲတွေ မရပ်ဘဲ ပိုပြင်းထန်လာတဲ့အပေါ် ဘယ်လိုနေရာမှာ ပြဿနာတက်နေပါလဲလို့ ဆက်မေးရာမှာတော့ ဦးခွန်အောင်က -

“ဖြစ်စေချင်တဲ့ road map ပေါ့ဗျာ။ သူတို့ကို တင်ပြတယ်။ အဲဒီအခါတော့ ဦးအောင်သောင်းတို့လည်း အဲဒါကို ဖတ်ပြီးတော့မှ အခက်အခဲ တော့ သိပ်မရှိဘူး။ နောက်ဆုံး ဘယ်မှာသွားတစ်နေလဲဆိုတော့ စစ်တပ်နဲ့ ပတ်သက်တဲ့နေရာကျတော့ သူတို့က တာဝန် ယူပြီးတော့ ဖြေရှင်း ပေးနိုင်တဲ့ အခြေအနေ မျိုး မရှိဘူး၊ အခု နောက်ထပ်လည်းပဲ ဦးအောင်မင်းပြောတာကတော့ - နိုင်ငံရေးကိစ္စကတော့ ကျနော်အားလုံး သဘောတူပါတယ်။ တပ်ကိစ္စကတော့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့သူ ပါမှပဲဖြစ်မယ်ပေါ့။”

ဦိးခွန်အောင်ကပဲ ဒီ တစ်နေတဲ့ စစ်ရေးကိစ္စကို ဆွေးနွေးနိုင်ဖို့ မြန်မာစစ်တပ်ဘက်က အရေးပါတဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအနေနဲ့ တရုတ်နယ်စပ်မှာ လုပ်မှာမို့ ဒီတခေါက် မပါလာနိုင်ဘူးလို့ ဦးအောင်မင်းက ပြောခဲ့ဖူးတဲ့ - ဒါပေမဲ့ စစ်တပ်ဘက်က အရေးပါသူ ဘယ်သူပဲဖြစ်ဖြစ် ပါလာရင် အဆင်ပြေနိုင်တယ်လို့ KIO ဘက်က အကြောင်းပြန်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးစိုးဝင်းရယ်လို့ မဟုတ်ပါဘူး ပေါ့။ တပ်ကိစ္စတွေ ဆွေးနွေးဖို့ တကယ်တန်း တာဝန်ပေး လိုက်တဲ့၊ ဆွေးနွေးနိုင်မယ့်၊ တာဝန်ယူနိုင်မယ့်လူပေါ့ဗျာ- တယောက်ယောက်ပေါ့။ အဲလိုတော့ သူတို့ ပြောတယ်။”

မကြာခင်ဖြစ်လာနိုင်တဲ့ဆွေးနွေးပွဲမှာ ထူးထူးခြားခြား တိုးတက်မှုရှိလာဖို့အတွက် ဘယ်လို အချက်တွေကို သဘောတူဖို့လိုပါလဲလို့ မေးရာမှာတော့ ဦးခွန်အောင်က စစ်ရေးအရ အာမခံချက်ရှိတဲ့ သဘောတူတာမျိုးအပြင် နိုင်ငံရေးအရ အာမခံချက်ရှိတာမျိုးလည်း ပါဖို့ လိုတယ်လို့ ဆိုပါတယ်။

“တခုခုပေါ့ဗျာ၊ အာမခံချက်ရှိတဲ့ ဒီ စစ်ရေးနဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ နှစ်ခုစလုံးနဲ့ ဆက်နွယ်တဲ့ဟာ - အဲဒါမျိုး တခုခု သဘောတူထားနိုင်လို့ ရှိရင် ရတယ်ပေါ့။ KIO က နောက်ဆုံးပြောခဲ့တာကတော့ အဲဒီစကားပါပဲ။”

တကယ်တော့ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ မနှစ်ကအာဏာရလာအပြီး မြန်မာနိုင်ငံ မှာ အရှည်ကြာဆုံးတိုက်ပွဲဝင်ခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအပါအဝင် အခြားတိုင်းရင်းသား တပ်ဖွဲ့များစွာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ လက်မှတ်ထိုးနိုင်ခဲ့ပေမဲ့ အရင် ၁၉၉၄ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့တဲ့ KIO ကချင်အဖွဲ့နဲ့တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲ ဖြစ်ပါတယ် ခင်ဗျား။

http://burmese.voanews.com/content/kio-burmse-goverment-will-meet-at-shwe-li-on-peace-talk/1532352.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India