December 11, 2012

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၀
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ Myanmar Peace Center ၌ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ နိုင်ငံတကာ အကဲခတ်လေ့လာသူ ပုဂ္ဂိုလ်များ ရှေ့မှောက်၌ ပြုလုပ်ပြီး ချင်းအမျိုးသားတပ်ဦးဘက်မှ အဆိုပြုသည့်အချက် (၃၁)ချက်အနက်မှ (၂၇)ချက်ကို သဘောတူညီမှု ရရှိခဲ့ကာ (၄)ချက်ကို မှတ်တမ်းတင်၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ တိုင်းရင်းသားလူမျိုး အားလုံးပါဝင်သော ညီလာခံကြီးတစ်ရပ် ကျင်းပရေးဆိုသည့် အချက်သုံးချက် အပေါ်၌ အခြေခံ၍ အဓိက ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့သည် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကို အန္တိမ ရည်မှန်းချက်အဖြစ် ထားရှိ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အပြင် ဒီမိုကရေစီထွန်ကားရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အာမခံချက်ပေးနိုင်သည့် အချက်များကို အခြေခံမူများအဖြစ် ထပ်လောင်း အတည်ပြုကြသည်။
ဒီဇင်ဘာ ၉ ရက်တွင် အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည့် အချက်(၂၇) ချက်တွင် ချင်းအမျိုးသားရေး ဆိုင်ရာ သဘောတူညီချက်များအဖြစ် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး၊ ချင်းပြည်နယ်နေ့ သတ်မှတ်ရေး တို့ကို ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စစ်ရေးဆိုင်ရာ ကိစ္စများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ကိစ္စရပ်များနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ကချင်ပြည်နယ် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအစိုးရ အနေဖြင့် ကချင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးများ ရရှိရန် အလေးအနက် ထားရှိကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ပညာရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူ များလည်း တက်ရောက် လေ့လာခဲ့ကြပြီး သဘောတူလက်မှတ် ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲ များသည် ဒီဇင်ဘာလ ၉ရက် မွန်းလွဲ ၁နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

http://www.ministryofinformation.gov.mm/index.php/reference/peace/1637-2012-12-11-04-35-32.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India