December 20, 2012

ချင်းငြိမ်းချမ်းရေးသဘောတူညီချက်သည် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွက် မီးမောင်း

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် ချင်းအမျိုးသားတပ်ဦး အကြား သဘောတူညီချက်သည် အပစ်ရပ်အဖွဲ့အစည်းမျာအတွက် လတ်တလော ဘာလုပ်ဆောင်နိုင်မည်၊ မည်သည့်စိန်ခေါ်မှုများ ဆက်လက်ရှိနေသည်ကိုပြသ သည်ဟု  မြင်ရကြောင်း ဒီဇင်ဘာ ၁၆ ရက်အစည်းအဝေးတရပ်တွင် ပါဝင်သည့် ပညာရှင်တဦးကပြောသည်။
cnf-govt-peace-talks
ဒီဇင်ဘာလ ၉ ရက်နေ့က ပူဇင်ဂျုံးနှင့် ဦးအောင်မင်းတို့ ဆွေးနွေးသဘောတူပြီးနောက်ပိုင်း လက်ဆွဲနှုတ်ဆက်ကြပုံ (ဓါတ်ပုံ- မဇ္ဈိမ)

ပူဇင်ဂျုံး ဦးဆောင်သော ချင်းအမျိုးသားတပ်ဦး CNF နှင့်  ဦးအောင်မင်းဦးဆောင်သော မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင် ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလ ၇ ရက်မှ  ၉ ရက်နေ့အထိ  ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှ ဆွေးနွေးချက် ၃၁ အနက် သဘောတူညီချက် ၂၇ ချက်ရရှိရာ ၄ ချက်ကိုမူ မှတ်တမ်းတင်၍ဆက်လက် ဆွေးနွေးသွားမည်ဟု ပါရှိသည်။

ထိုသဘောတူညီချက်များအနက် အားလုံးနှင့်ပတ်သက်နိုင်မည့်  အဓိက ကျသော အချက်  အချို့မှာ - (၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်း အက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့် အုပ်ချုပ် ခဲ့သော ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့်အုပ် ချုပ်ခဲ့သော ကချင်တောင် တန်းဒေသ၊ ပြည်ထောင်စု ရှမ်းပြည်အက် ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်ခဲ့သော ပြည်ထောင်စုရှမ်းပြည် နှင့် (The Government of Burma Act, 1935) အရ အုပ်ချုပ်ခဲ့သော နယ်မြေများကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့် ပြည်ထောင်စုဖြစ်ပါ သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက် ထား သည့် နိုင်ငံဖြစ်သည်နှင့် အညီ ပင်လုံညီ လာခံ ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရည်မှန်းခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရန် သဘောတူကြ ပါသည်။

ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်နေ့တွင် ချုပ်ဆိုပြီးနောက်  အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ချင်းအမျိုးသားတပ်ဦးနှင့် ပြည်သူလူထုအကြား ဆက် သွယ် ဆက်ဆံမှုအားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်းကောင်း၊ မတရားအသင်းအက် ဥပဒေအရလည်း ကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘောတူသည်။ 

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား တပ်ဖွဲ့များမှ လိုက်နာစောင့်ထိန်းအပ်သော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများအား တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စု အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေး နွေးရန် သဘောတူသည်။

ချင်းလူမျိုးများအကြား ဆက်သွယ်ရေး ပြေပြစ်ချောမွေ့စေရေးနှင့် သတင်းမီဒီယာပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မိမိတို့ မျိုးနွယ်စု ဘာသာစကားဖြင့် ထုတ်လွှင့်မည့် Community Radio ထူထောင်ရေးအစီအစဉ်ကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသား တပ်ဦးတို့မှ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူသည်။

ဆွေးနွေးပွဲအတွင်း ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆွီးခါးက လက်မခံနိုင်သည့်အသုံးအနှုန်း  ၃ ရပ်ရှိကြောင်း၊ ၎င်းတို့မှာ ၁။ တည်ဆဲဥပဒေအရ၊ ၂။ ၂၀၀၈ အခြေခံဥပဒေအရ၊ ၃။ မူအရ အစရှိအသုံးအနှုန်းများဖြစ်ကြောင်း ပြောပါသည်။ ဤစကားရပ်များသည် သဘောတူညီချက်ကို  အကောင်အထည်ဖော်ရာ၌ အဟန့်အတားသာဖြစ်စေသည်ဟု ရှင်းလင်းပြောဆိုချက်ကို ဦးအောင်မင်း ကလက်ခံသွားကြောင်း ပြောပြပါသည်။

တဖက်မှာလည်း မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ဘက်မှ သဘောမတူနိုင်သေးဘဲ ဆက်လက်ဆွေး နွေးရမည် ဟူသည့် အချက် ၄ ချက်မှာ -  ၁။ ပြည်ထောင်စုတပ်မတော်နှင့် ပြည်နယ်လုံခြုံရေးတပ်မတော်ဖွဲ့စည်းရေး၊ ၂။ တိုင်းရင်းသား ဒေသများမှ မြန်မာစစ်တပ်များဆုတ်ခွါပေးရေး၊ ၃။ CNF တပ်များလှုပ်ရှားရန်နယ်မြေအသစ်များ သတ်မှတ်ပေးရေး၊ ၄။ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေမှုများကိုရပ်တန့်ပေးရေး အစရှိ အချက် ၄ ချက်တို့ဖြစ်သည်။

ဦးအောင်မင်း၏ရှင်းလင်းပြောဆိုချက်အရ သိရသည်မှာ စေ့စပ်ဆွေးနွေးပွဲကို အဆင့် နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သွားရန်လို ကြောင်း၊
 အစိုးရနှင့် ဆွေးနွေးရာ၌ အစိုးရဘက်မှ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း၌သာ ဆွေးနွေး၍သဘောတူညီချက်ရယူရန်။
 ၂၀၀၈ အခြေခံဥပဒေဘောင်ဘက်ကျော်လွန်၍ ဆွေးနွေးလိုပါက ပင်လုံကဲ့သို့သော် ပြည်ထောင်စု ညီလာခံတွင် တင်ပြဆွေးနွေးရန် - တို့ဖြစ်ကြောင်း။

နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့် ၂၀၁၃ ခုနှစ် အတွင်းကျင်းပပြုလုပ်သွားမည်ဟု အစိုးရနှင့် အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ရပ်လုံးကပြောပါသည်။

CNF ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC တိုင်းရင်းသား များ မဟာမိတ်တပ်ဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သည်။ အစိုးရနှင့်အပစ်ရပ်ရေးဆွေး နွေးပြီးသော တိုင်းရင်းသား တပ်ဖွဲ့ ၁၃ ဖွဲ့ရှိရာ  UNFC မှ ၆ ဖွဲ့ အပြင် UNFC အဖွဲ့ဝင်မဟုတ်သော အဖွဲ့ ၇ ဖွဲ့တို့ ဖြစ်ပါသည်။

ပြည်ထောင်စုညီလာခံကြီး၌ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အရေအတွက်တူညီစွာ ပါဝင်ဆွေးနွေးနိုင်ရန် တိုင်းရင်း သားများအနေဖြင့် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ၊ လက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်အဖွဲ့များ စုပေါင်းကာ WGEC working group for ethnic coordination (တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့)  ကိုဖွဲ့စည်းကာ ပြင်ဆင်မှုများပြုလုပ်နေကြပါသည်။

http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3748-2012-12-20-09-53-08.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India