April 10, 2013

CNF က လူထုတွေ့ဆုံပွဲ ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်

၂၀၁၂ ခုနှစ် ဇန္နဝါရီလ က ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုး သားတပ်ဦး ( စီအဲန်အက်ဖ်) က ယခုလ လလယ်ပိုင်းမှ စပြီး ချင်းပြည်သူများနှင့် တွေ့ ဆုံပွဲပြု လုပ်ရန်  ပြင်ဆင်နေပြီး ၄င်းအတွက် အလုပ်ရုံဆွေး နွေးပွဲပြု လုပ်ကြသည်ဟု သိရ သည်။
လူထုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ချပြမည့် နိုင်ငံရေး ဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ ခံယူချက်များနှင့် ပါတ် သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြ သည်။
“အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်မှာဖြစ်တယ်၊ လူထုတွေ့ဆုံပွဲအတွက် Training for Trainer ပေါ့၊ အဲဒါ ပြီးယင် သုံး ဖွဲ့ခွဲပြီး ပြုလုပ်ကြမှာပါ” ဟု သတင်းနှင့် ပြန်ကြား ရေး အတွင်းရေး မှူး ပူး ငိုင်းကြားထန်းက ခိုနုမ်းထုန်ကို ပြောသည်။
ဆက်လက်ပြီး ယခု လူထုတွေ့ဆုံပွဲက အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် အရ ပြုလုပ်မှာ ဖြစ်ကြောင်း ဆက်ဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီအဲန်အက်ဖ် လက်ရှိ ဥက္ကဌ ပူး လျန်အုပ်၊ ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း၊ အထွေ ထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးအပါအဝင်  စီအဲန်အက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မတော်အရာရှိများ၊ အမျိုးသ မီးများ စုစုပေါင်း ၃၀ ခန့် ပါ၀င် တက်ရောက်ကြသည်။
အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြည်သူ့တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့် ပြည်သူလူထု အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်တွင် တက်တက်ကြွကြွပါဝင်လာရေး၊ ယနေ့ ချင်းအမျိုးသား တပ်ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရတို့၏ တွေ့ဆုံဆွေးနွေးပွဲအား ချင်းပြည်သူနှင့်ပြည်ထောင်စုြမန်မာနိုင်ငံ အစိုးရ တွေ့ဆုံဆွေးနွေး ပွဲသို့အသွင်ေြပာင်းရေး၊ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်း ကားရေးနှင့် တန်းတူညီမျှမှုရှိသောပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ကြောင်း ရှင်းလင်း ပြော ကြားခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဌ ပူးလျန်အုပ်က အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြား ရာတွင်ဒီနေ့အချိန် ကာလ သည် အထူးအရေးကြီးသောကာလဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမျိုးသားရေး အတွက် လုပ်ဆောင် နေကြ သော ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအကျိုးစီးပွား ကိုဦးထိပ်ထား၍ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပြောဆိုသွားသည်။
ချင်းပြည်နယ် (၉)မြို့နယ်နှင့် မြို့နယ်ခွဲ (၃)ခုတွင် လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်၊ ကျေး လက်ဒေသများတွင် ပြုလုပ်မည့် အစီအစဉ်၊ ချင်းပြည်နယ်ပြင်ပဒေသနှင့် ပင်လယ် ရပ်ခြား ရောက် ချင်း အမျိုးသားများအတွက် တွေ့ဆုံပွဲပြု လုပ်ရေးနှင့် ချင်းပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ ချင်းအမျိုး သားညီလာခံတရပ် ကျင်းပ ရေးတို့ကိုတပါတည်း ဆွေးနွေးခဲ့ ကြသည်။

http://khonumthungburmese.org/?p=1903
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India