April 11, 2013

ရက္ခိုင့်တပ်မတော် (၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် ကျရောက်သော ရက္ခိုင့်တပ်မတော် (၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ရက္ခိုင့်တပ်မတော်၊ ဗဟိုဌာနချုပ်၊ ယာယီအခြေစိုက်ရာ မဟာမိတ်နယ်မြေတစ်နေရာ၌ အောင်မြင်စွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း ရက္ခိုုင်တပ်မတော် စစ်ရုံးချုပ်၏ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
ARAKAN-ARMY-DAY-(1)
အခမ်းအနားသို့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိကြီးများ၊ ရှေ့တန်းစစ်စခန်းများ မှ စစ်ကြောင်းမှူးများ၊  စစ်ဒေသအသီးသီးမှ ကိုယ်စားလှယ်များနှင့် စစ်သည် စစ်မယ်များ၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
          အခမ်းအနားကို အစီအစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
နံနက်(၆)နာရီတွင် အခမ်းအနားအစီအစဉ် ပထမပိုင်းကိုကျင်းပရာ ပထမဦးစွာ စစ်ရေးပြကွင်းအတွင်းသို့ စစ်ကြောင်းကြီးများ ချီတက်နေရာယူကြသည်။ ယင်းနောက် စစ်ဦးစီးချုပ် ရောက်ရှိလာပြီး စစ်ကြောင်းကြီးများ၏ အလေးပြုခြင်းကို ခံယူသည်။ ဆက်လက်၍ ရက္ခိုင့်တပ်မတော်မှ နိူင်ငံနှင့်လူမျိုးအတွက် ခံယူအပ်သော သစ္စာအဓိဋ္ဌာန် (၅)ချက်ကို ရွတ်ဆိုကြသည်။
          စစ်ဦးစီးချုပ်က တပ်မတော်နေ့မိန့်ခွန်းကို ပြောကြားရာတွင် “မိမိတို့ ရက္ခိုင့်တပ်မတော်ဟာ ရဲရင့်တဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ အသွေးအသား၊ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ သွေး၊ ချွေး၊ မျက်ရည်၊ တိုက်ပွဲ အတွေ့အကြုံတွေ၊ သံမဏိ စိတ်ဓာတ်နဲ့ ထုဆစ်ထားတဲ့ မျိုးချစ်ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတယ်။ အဖရက္ခိုင်ပြည်အတွက် ဘယ်တော့အခါမှ အလံမလဲတဲ့ တပ်မတော်ဖြစ်တယ်။ ဒီနေ့ ဒီအချိန်မှာ ရက္ခိုင့်တပ်မတော်ကို ရက္ခိုင်လူ့အဖွဲ့အစည်းက ကောင်းကောင်းကြီး အားကိုးမျှော်လင့် တောင့်တနေကြတယ်။  မိမိတို့အနေနဲ့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အမျိုးသားရေးသတိ၊ တော်လှန်ရေးအသိ၊ နိူင်ငံရေး ပရိယာယ်တွေကို အခြေခံပြီးတော့ ပိုပြီးကြိုးစားဖို့လိုအပ်တယ်။ မိမိတို့ ရက္ခိုင့်တပ်မတော်အနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသားရေးလမ်းစဉ်ချမှတ်ရေး၊ အမျိုးသားညီညွတ်ရေး လုပ်ငန်းတာဝန်တွေကိုလည်း တစ်ပြိုင်နက်တည်းမှာ ကြိုးစား ဆောင်ရွက်နေတယ်။ ရက္ခိုင်အမျိုးသား အကျိုးစီးပွားအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ အသင့် ရှိတယ်။ မိတ်ဆွေကောင်းတွေကိုလည်း မဟာဗျူဟာကျကျ တည်ဆောက်သွားရမှာဖြစ်တယ်။ ဘဝတူ၊ မျှော်မှန်းချက်တူ မိတ်ဆွေတွေနဲ့ စစ်ရေး၊ နိူင်ငံရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်” စသည်ဖြင့် အကျယ်တဝင့် ပြောကြားသွားခဲ့ ကြောင်း သိရှိရသည်။
          ယင်းနောက် စစ်ဦးစီးချုပ်အား စစ်ကြောင်းကြီးများမှ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ နံနက် (၇)နာရီအချိန်တွင် အစီအစဉ်ပထမပိုင်းကို ပြီးစီးခဲ့ကြောင်း သိရှိရသည်။
    ARAKAN-ARMY-DAY-(2)
      ဆက်လက်ပြီး အစီအစဉ်ဒုတိယပိုင်းကို နံနက်(၇)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပရာ ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မဟာမိတ်အဖွဲ့အစည်းများ ကိုယ်စား ကေအိုင်အေ မဟာဗျူဟာလေ့လာရေးဌာန၊ ဌာနကြီးမှူးဗိုလ်မှူးကြီးဇော်တောင်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့ကာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပြီးနောက် အခမ်းအနားကို နိူင်ငံတော်သီချင်းသီဆို၍ အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ် (၅၀၀)ခန့်အား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်ဟု သိရှိရသည်။
          (၄)နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ကို အမျိုးသားတော်လှန်ရေး အနှစ်သာရရှိရှိ စည်းကားသိုက်မြိုက်စွာ ပြုလုပ် ကျင်းပရန် ရည်ရွယ်စီမံထားခဲ့သော်လည်း စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် အချိန်အကန့်အသတ်ရှိခြင်း၊ တပ်ဖွဲ့ဝင်အများစုမှာ ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေရခြင်းစသည့် အနေအထားများကြောင့် ပုံမှန်သာ ပြုလုပ်နိူင်ခဲ့သည့်အတွက် ပြည်သူလူထုများအနေဖြင့် နားလည်မှုပေးကြစေလိုကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောဆိုသည်။
ShareThis
http://www.narinjara.com/burmese/?p=5023
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India