October 27, 2012

ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို

အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ် သော ကေအဲန်ယူ၏ အထူးအရေးပေါ် အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ဦးတို့ တက်ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရသော ခေါင်းဆောင် ၃ဦး၏ ကိစ္စကို အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ သင်ပုန်း ချေခဲ့ကြခြင်းဖြစ်သည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ထုတ်ပယ်ခံရတဲ့ ခေါင်းဆောင်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ သူ့ ဘက်က သူမှန်၊ ကိုယ့်ဘက်က ကိုယ်မှန်နဲ့ အပြန်အလှန် ပြောဆိုလို့ မဆုံးနိုင်ဘူး။ ဒါကြောင့် စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး သင်ပုန်းချေလိုက်တာ အကောင်းဆုံးပဲဆိုပြီးတော့ အဲဒီခေါင်းဆောင်တွေကို မူလ တာဝန်ပြန်ပေးပြီး ၁၅ကြိမ်မြောက် ကွန်ဂရက် အထိ ဆက်လက် တာဝန်ယူသွားဖို့ သဘောတူခဲ့ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အထူးအရေးပေါ် အစည်းအဝေးတွင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် သဘောထားကွဲလွဲမှုများမှာ ကေအဲန်ယူ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ အားနည်းချက်သာဖြစ်သောကြောင့် ၎င်းကို ခေါင်းဆောင်များအားလုံး တာဝန်ခံကာ ကျေအေးခဲ့ကြကြောင်း နှင့် ပြည်တွင်းပြည်ပမှ ကရင်ပြည်သူလူထုများလည်း ကေအဲန်ယူအတွင်း အုပ်စုကွဲမှုကို မဖြစ်ပွားလိုကြောင်း ဗိုလ်မှူးစောလှငွေ က ဖြည့်စွက်ပြောဆိုသည်။
ယနေ့ထုတ်ပြန်သည့် ကေအဲန်ယူ၏ သဘောထားကြေညာချက်အရ လက်ရှိဖြစ်ပေါ်နေသော အဖွဲ့အစည်းအတွင်း အားနည်း ချက်များကို ခေါင်းဆောင်များမှ ဦးစီးရှေ့ဆောင်၍ ညှိနှိုင်းအဖြေရှာကာ အခြေခံလမ်းစဉ်နှင့်အညီ အတူတကွ ဆက်လက် ချီတက်သွားကြမည်ဟူ၍ ဖော်ပြထားသည်။
ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်က “ကေအဲန်ယူအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခပေါ်မှာ တမျိုးသား လုံးက စိုးရိမ်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်။ ဒီကိစ္စတွေကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အလေးအနက်ထားပြီး ရေရှည် လုပ်ဆောင်ရမယ့်အရာတွေကို ရှေ့ရှုလုပ်ဆောင်သွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တစ်ဆက်တည်းမှာပင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဆောင်များ၏ သဘောထားကွဲလွဲမှုများကို သင်ပုန်းချေခဲ့ပြီးဖြစ် ၍ လာမည့် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ၃၁ရက်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ် မြောက် ညီလာခံကို နိုဝင်ဘာလ စတုတ္ထပတ်တွင် ကျင်းပသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

http://www.kicnews.org/?p=13889
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India