Showing posts with label ကရင်နီ. Show all posts
Showing posts with label ကရင်နီ. Show all posts

April 19, 2013

KNPP နှင့်အစိုးရ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ထပ်မံမပြုလုပ်မှီ KNPP မှ လူထုများနှင့် တွေ့ဆုံ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး တနှစ်ကျော်အကြာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံမတွေ့ဆုံခင်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေက ကယားပြည်နယ်မှ မြို့နယ်အသီးသီးသို့ ဒေသခံလူထုတွေနဲ့ တွေ့ဆုံပွဲ ထပ်မံပြုလုပ်သွားပါတယ်။
အဓိကရည်ရွယ်ချက် ၃ ချက်ဖြင့် လူထုတွေနဲ့ သွားရောက် တွေ့ဆုံရကြောင်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အဖွဲ့ဝင်ကိုယ်စားလှယ်ဖြစ်သူ ဆရာရွှေမျိုးသန့်က ယခုလိုပြောကြားသွားပါတယ်။

လူထုနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အဖွဲ့ဝင်ကိုယ်စားလှယ်ဖြစ်သူ ဆရာရွှေမျိုးသန့် (ဓါတ်ပုံ-ကေတီ)
"လက်ရှိရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို ထိတွေ့ပြီးတော့ ပွင့်ပွင့်လင်းလင်း ချပြပေးဖို့ဖြစ်တယ်။ အဓိကရည်ရွယ်ချက်က ရရှိထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှုမှာ လူထုပူးပေါင်းပါဝင်မယ် လူထုကိုလည်းအပ်နှံမယ် လူထုရဲ့ ပူးပေါင်းပါဝင်ကြမှာဖြစ်လို့ နောက် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ တဆင့်ကနေ နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ လူထုတွေလည်း ကိုယ့်ဒေသ အခြေအနေလိုက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်။ လူထုရဲ့ဘဝ သာယာဝပျောရေး ပိုပြီး ကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတရပ်ရရှိအောင် ပူးပေါင်းဆောင်ရွက်မှုတွေ သိချင်လို့လည်း ပါပါတယ်။" လူထုတွေ့ဆုံပွဲကို ဦးစွာ ဒီးမော့ဆိုမြို့နယ် လွီးကထိကျေးရွာမှာ ယမန်နေ့က ကျင်းပသွားတာဖြစ်ပြီး ယနေ့မှာတော့ ဒီးမော့ဆိုမြို့နှင့် တခြားမြို့နယ်တွင် တဆက်တည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယမန်နေ့ကျင်းပတဲ့ လွီးကထိကျေးရွာမှ တွေ့ဆုံ ပွဲမှာတော့ ဒေသခံတဦးက ယခုလို တင်ပြ တောင်းဆိုတာ တွေ့ခဲ့ရပါတယ်။
"အောက်ခြေလွှတ်သွားတာတွေ မမြင်တတ်တဲ့ ခေါင်းဆောင်တွေရှိတယ်။ ပြည်သူတွေအပေါ်မှာ မတရားတဲ့ စီရင်မှုတွေလည်း ကျနော်တို့တွေ့ရတယ်။ နောက်ပြီး ပြည်သူလူထုကို အဖွဲ့အစည်းရဲ့ နာမည်တလုံးကိုသုံးပြီး အာဏာသုံးတဲ့ အဖွဲ့အစည်းတွေကို လည်းမြင်ခဲ့ကြရပါတယ်။ ပြည်သူလူထုအပေါ်မှာ မျက်နှာလိုက်ပြီးတော့မှ တဖက်သပ်ရပ်တည်တာကိုလည်း ကျနော်တို့ မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ် ဒါတွေပပျောက်ဖို့အတွက် မရှိဖို့အတွက် ဆောင်ရွက်ပေးဖို့ တင်ပြချင်ပါတယ်"
ယခုထပ်မံတွေ့ဆုံမည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကိုတော့ မေလ အတွင်းတွင် ရာထားပြီး ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့ တပ်ကိစ္စတွေ ထပ်မံဆွေးနွေးသွားဖို့လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆရာရွှေမျိုးသန့်က နေပြီးယခုလို ဆက်ပြောသွားပါတယ်။  

တွေ့ဆုံပွဲ၌ တက်ရောက်ပြောကြားသော ဒေသခံတဦး (ဓါတ်ပုံ-ကေတီ)
"ကျနော်တို့ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုဆွေးနွေးပွဲမှာ အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ မကျသေးဘူးဖြစ်နေတယ် တပ်နေရာကိစ္စတွေ သွားလာရေးကိစ္စတွေဆိုတော့ အဲဒါတွေကို ဘယ်လိုခိုင်မာအောင် လုပ်မလဲဆိုတာတွေ လုပ်ရမယ်။ အဲဒီကနေတဆင့် ပိုပြီးခိုင်မာတဲ့ ငြိမ်းချမ်းရေး စနစ်ကိုတည်ဆောက်မယ်။ အဲဒါအပြင်ရရှိထားတဲ့ သဘောတူညီချက်တွေ သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့မှ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေတွေပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ လိုအပ်တဲ့ဟာတွေ ပြန်ပြီးတော့ ဖြည့်စွက်ဆွေးနွေးမယ်။ လာမည့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြန်ပြီးဆွေးနွေးမယ်" တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ခူဦးရယ်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ပတ်သက်တဲ့ ခံယူချက်တွေ မူဝါဒတွေ နောက်ခံသမိုင်းကြောင်းတွေကို ချပြဆွေးနွေးသွားပါတယ်။
လာရောက်ဆွေးနွေးသွားတဲ့ ဒေသခံဦးကော်ရီက ယခုလို တွေ့ဆုံဆွေးနွေးတာဟာ လူထုတွေနဲ့ ပိုမိုရင်းနှီးစေတယ်လို့ ဆိုပါတယ်။
"ကျနော်မြင်တာကတော့ ပြည်သူလူထုတွေနဲ့ ပိုရင်းနှီးလာမယ်။ ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လည်း လူထုတွေလည်း အဲလိုဆန္ဒရှိတယ်။"

http://www.ktimes.org/index.php/news/524-knpp-----knpp---

February 2, 2013

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

လူထုအားလုံး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နိုင်ဖို့အတွက် ကယား(ကရင်နီ)ပြည်နယ် ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်တွေ၊ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ စုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့ ကက်သလစ်ဓမ္မရုံမှာ ကျင်းပကြပါတယ်။
ကယားပြည်နယ် လူမှုရေးအသင်းအဖွဲ့ ကွန်ယက် အဖွဲ့ဝင်လည်းဖြစ်သလို ကေ့ထျိုးဘိုး လူမှုဖွံ့ဖြိုးရေး အကြံပေးဘုတ်အဖွဲ့မှ ဆရာပလုရယ်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ယခုလို ရှင်းပြသွားပါတယ်။
ဆရာပလုရယ်က “ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ဆိုတာကလည်း အခြေအနေ အရပ်ရပ်ကို ကျနော်တို့ သိဖို့လိုတယ်။ နောက်ပြီး ဘယ်လိုလုပ်သင့်သလဲ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်သင့်သလဲ ဆိုတဲ့ဟာလည်း ဂဃနဏ သိဖို့လိုတယ်။ စနစ်တကျ ပါဝင်ဖို့ လိုတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ တန်ဆာခံ မဖြစ်ချင်ဘူး လူထုဖြစ်တယ်၊ လူထုကိုယ်စားလှယ်ဖြစ်တယ်၊ လူမှုရေး အသင်းအဖွဲ့ ဖြစ်တယ်၊ ဒါကြောင့် ဒီကိုယ့်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကို ကိုယ်က စနစ်တကျ ပါဝင်ဖို့ဆိုတဲ့အတွက်ကို ဒီဝပ်ရှော့မျိုးကို လုပ်ရခြင်းဖြစ်တာပေါ့။” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက လူမှုအသင်းအဖွဲ့များ၊ လူထုများက ပါဝင်မှသာ ရေရှည် တည်တံ့ရေးအတွက် ဖြစ်နိုင်တယ်လို့ သမ္မတက ပြောထားပြီးဖြစ်ပါတယ်။ ကယားပြည်နယ် အတွင်းမှာလည်း ထိုနည်းတူရှိထားဖို့ လိုအပ်နေတဲ့ အခြေအနေအပေါ်မှာ လူမှုရေး အသင်းအဖွဲ့ တွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ဖို့ ရှိနေတယ်လို့ ဆရာပလုရယ်က ပြောပါတယ်။
“လူမှုအသင်းအဖွဲ့တွေက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့လိုတယ် လူမှုရေး အသင်းအဖွဲ့ တွေရဲ့အားက အရမ်းလိုအပ်တယ် ဆိုတာပြောထားတယ် ။ ဒါကို လူမှုရေး အသင်းအဖွဲ့ တွေက လက်ခံတယ်။ လက်ခံသလို ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တတ်နိုင်သလောက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ကော နောက်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးမှ ဝင်ပါ တာပေါ့။” လို့ ပြောပါတယ်။
လက်ရှိ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ် ရပ်စဲထားသည့် အချိန်ကာလအတွင်း လူထုတွေအနေနဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်ဖို့ စိုးရိမ်မှု တွေတော့ ရှိနေကြပါသေးတယ်။
၁၉၉၅ ခုနှစ် အစိုးရနှင့် KNPP တို့အကြား ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့တဲ့ ကိစ္စရပ်ကဲ့သို့ ပြန်လည်ဖြစ်သွားမှာကို ကြောက်နေကြတာဖြစ်ပါတယ်။
“အဖြစ်အပျက်က ကျနော်တို့ လူထုတွေကြားမှာ မေ့မရနိုင်တဲ့ တကယ့်အတိတ်ဆိုး တခုပေါ့။ တော်တော်များများတော့ ဒုက္ခရောက်ခဲ့ကြတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှတော့ အပြစ်မဖို့ပါဘူး။ ဒါပေမဲ့လို့ လူထုတွေ တကယ် ခံစားခဲ့ကြရတဲ့ဟာ ဖြစ်တဲ့ဟာဆိုတော့ အဲဒီလို ပြန်ဖြစ်မှာကိုတော့ လူထုတွေ လုံးဝမလိုလားဘူး။ အဲဒါကြောင့် လူထုတွေက ပြောလိုက်တိုင်း ၉၅ ၊ ၉၅ ဆိုတဲ့ အတိတ်တွေက ပြန်ပြန်ပါလာတယ်။” လို့ ဆရာပလုရယ်က ပြောပါတယ်။
KNPP အတွင်းရေးမှူး (၁) ခူးဦးရယ်က ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးတွေကိုလည်း လေ့လာစောင့်ကြည့်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အတွင်းရေးမှူး(၁)ခူးဦးရယ်က “ကျနော်တို့ကြောင့် ပြည်သူတွေမငြိမ်းချမ်းဘူးဆိုရင်တော့ မဖြစ်သင့်တဲ့ အရာပေါ့ ဒီတိုင်းပြည် ဒီနေရာမှာ လက်နက်ကိုင်တဲ့သူ ကျနော်တို့ပဲရှိတာ မဟုတ်ဘူး ကျနော်တို့လို လက်နက်ကိုင်တဲ့သူက ဒုနဲ့ဒေးနဲ့ရှိတယ်။ ကျနော်တို့ တဦးတယောက်ကြောင့် တစုကြောင့် သူများသားသမီးကို မနှစ်မြို့ဖွယ်ရာ စိတ်ညစ်စရာ ကြောက်ရွံ့ ဖွယ်ရာ ဖြစ်ရတယ် ဆိုတာကတော့ ကောင်းတဲ့အရာမဟုတ်ဘူး” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေး နည်းလမ်း အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ၃ ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာတော့ ဘာသာရေး ခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေ၊ မြို့နယ်အလိုက် မြို့မိမြို့ဖ၊ ကျေးရွာရှိ ရပ်မိရပ်ဖတွေနဲ့ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၃၀ ကျော်တက်ရောက်ကြပါတယ်။

http://burmese.bnionline.net/index.php/news/kantarawaddy/12942-2013-02-01-17-27-52.html

December 27, 2012

KNPP ကုမ္ပဏီ ထူထောင်ရခြင်းမှာ တပ်ဖွဲ့ဝင် မိသားစုနှင့် လူထုလုပ်ငန်းအတွက်ဟုဆို

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးသည့် ကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် ကုမ္ပဏီထူထောင်ရခြင်းမှာ အဖွဲ့အစည်းဝင်မိသားစုများနှင့် တဖက်တလမ်းလူထုအတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင် ဖို့သာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က ပြောပါတယ်။
“အဖွဲ့အစည်းနဲ့နေတာ အဖွဲ့အစည်းဝင်တွေရှိတယ် သူတို့သက်ဆိုင်ရာမိသားစုဝင်တွေရှိတယ် သူတို့စားဝတ်နေရေးရှိတယ် တခြားနည်းလမ်းနဲ့ ဝင်ငွေရဖို့မှနည်းလမ်းမရှိတာ အဖွဲ့အစည်းနဲ့နေတော့ အဖွဲ့မှာ တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲစီးပွားရှာရမှာ အားလုံးစီးပွားရေးရှာလည်း ဥပဒေနဲ့အညီပဲ ရှာရမယ်။” လို့ ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးမှု မပြီးပြတ်သေးသည့်ကာလအတွင်း တပြိုင်နက် စီးပွားရေးလုပ်ငန်းတွေကိုလည်း မနောက်ကျစေရန်အတွက် ပူးတွဲလုပ်သွားရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ကုမ္ပဏီနှစ်ခု ထူထောင်ထားခြင်းအပေါ် လူထုတွေ အကြား အထင်အမြင်လွှဲမှားမှုတွေကို မဖြစ်စေလိုကြောင်း ပြောပါတယ်။
ဆရာခူဦးရယ် “ရှာလို့ရတဲ့အထဲကပဲ ရာခိုင်နှုန်းဘယ်လောက်လဲ ဖဲ့ပြီးတော့ချန်ရမှာပဲ ကျနော်တို့က ပူးတွဲအကျိုးစီးပွားရေးပဲ လူတိုင်းကတော့ ချမ်းသာချင်ကြတာပဲ ကျနော်တို့ကတော့ အဲလိုတဖက်သတ် လုပ်မှာမဟုတ်ဘူး ကျနော်တို့ကလည်း လူထုအတွက် လုပ်တယ်လို့ တချက်တည်းနဲ့ မကြွေးကြော်လိုက်ပါဘူး ဒါပေမဲ့ လူထုအကျိုးပြုလုပ်ငန်းတော့ တတ်နိုင်သလောက်လုပ်ရမယ် ဆိုတာကတော့ ပေါ်လစီရှိတယ်” လို့ ပြောပါတယ်။
KNPP ကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် သြဂုတ်လအတွင်း တရားဝင်မှတ်ပုံတင်ထား ရှိပြီးဖြစ်ပါတယ်။ ၎င်းတို့က ကယားဌာနေကုမ္ပဏီဖြင့် ထုတ်လုပ်ရေးလုပ်ငန်းနှင့် ထုတ်လုပ်မှုအတွက်လုပ်ငန်းအနေဖြင့် လုပ်ငန်း လုပ်ဆောင်ရန်ဖြစ်ပြီး တမောထျာကုမ္ပဏီကိုတော့ ထုတ်ကုန်သွင်းပြုလုပ်ရန်အတွက်ဆိုပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်တယ်လို့သိရပါတယ်။
စီးပွားရေးလုပ်ငန်းအနေနဲ့ မော်ချီးသတ္တုနှင့် သံလွင်မြစ်အရှေ့ဘက်မှ သစ်ဟောင်းတွေကို ပြုလုပ်ဖို့ လက်ရှိမှာ လုပ်ငန်းလိုင်စင် အတွက်အစိုးရထံလျှောက်ထားဆဲ ဖြစ်ကြောင်းသိရပါတယ်။

http://www.ktimes.org/index.php/news/407-knpp-----

December 7, 2012

KNPP ဖွံ့ဖြိုးရေးကော်မတီရုံး ဖွင့်ပွဲကျင်းပ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖွံ့ဖြိုးရေးကော်မတီရုံးကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင် ဒီနေ့မနက် ၉ နာရီ၌ ရုံးဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်သွားပါတယ်။ အခန်းအနားမှာ KNPP အဖွဲ့ကိုယ်စားလှယ်များ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့က တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ အချက်တွေထဲက ဖွံဖြိုးရေး လုပ်ငန်းကို အစိုးရနှင့် KNPP အတူတကွ ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်အပေါ် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ နှစ်ဖက် ခေါင်းဆောင်တွေက လူထုထဲကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ဖို့ အဓိကကျတဲ့ နေရာအဖြစ်နဲ့ ၎င်းနေရာကို ရွေးခြယ်ခဲ့ခြင်းဖြစ်တယ်လို့ KNPP အတွင်းရေးမှူး(၁) ခူးဦးရယ်က အခန်းအနားဖွင့်ပွဲမှာ ပြောသွားပါတယ်။

ကေအဲန်ပီပီ ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
အတွင်းရေးမှူး (၁)ခူးဦးရယ်က " ဘက်စုံပြည်နယ်အစိုးရ လွတ်တော်တွေသာမကပဲနဲ့ တကယ့်အခြေခံ လူထု အစုအဖွဲ့တွေနဲ့ နေ့တဓူဝ ကျနော်တို့ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဒီမှာပဲ အလယ်ဗဟိုကျမယ်လို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်တဲ့အခါမျိုးမှာ ပိုပြီးတော့ လွယ်ကူမယ်လို့ ယုံကြည်ရတဲ့အပေါ်မှာ ဒီးမော့ဆိုမှာ ကျနော်တို့ ဒီဖွံ့ဖြိုးရေးရုံးကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောသွားပါတယ်။ အခန်းအနားကို တက်ရောက်လာတဲ့ ဒေသခံမှ လူမှုအဖွဲ့အစည်းတဖွဲ့ဖြစ်တဲ့ ကန္ဒရဝတီလူငယ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုတုတူက ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လူထုတွေ အသိအမြင်ဖွံ့ဖြိုးဖို့ အရေးကြီးနေတယ်လို့ ပြောပါတယ်။
၎င်းက " လိုအပ်ဆုံးဆိုတော့ လူငယ်အပိုင်းအနေနဲ့ အဓိက ဖွံ့ဖြိုးရေးရဲ့ အမြင်ပေါ့နော် သဘောတရားကို တကယ်သိသိ ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ဆုံးလို့ကျနော်ထင်တယ်။ အခုလောလောဆယ် ဖွံ့ဖြိုးရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက အများကြီးပေ့ါနော် ဒါပေမဲ့ ကျနော်တို့ဒေသခံတွေကဖွံ့ဖြိုးရေးဆိုတာ တကယ့်အနစ်သာရကို သိရှိဖို့က အားနည်းတယ်။ ဖွံ့ဖြိုးရေးဆိုတာ သူများရဲ့ပေးကမ်းမှု လှူဒါန်းမှုကိုပဲ မြင်တာပေါ့ တကယ့်ကိုယ့်စီက ဘာတွေလုပ်ရမလဲ ကျနော်တို့ရဲ့ တာဝန်ဘယ်လိုအရေးကြီးလဲဆိုတာ သိဖို့က ပိုပြီးတော့အရေးကြီးတယ်လို့မြင်ပါတယ်။ အရေးကြီးဆုံး ကျနော်တို့ရဲ့ စိတ်ဓာတ်ရေးဆိုင်ရာကို ဖွံ့ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်ပါတယ်" လို့ ပြောပါတယ်။
KNPP ဖွံ့ဖြိုးရေးကော်မတီရုံးမှ ပြည်ထဲရေးဒုဝန်ကြီး ဦးခဲလေက " ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတော့ နိုင်ငံတဝန်းလုံးမှာ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက တအားလိုအပ်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျနော်တို့အကွက်ကျကျ လုပ်ဆောင်သွားနိုင်ဖို့ ကျနော်တို့က တခြား CBO တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ လုပ်ငန်းကိုအကောင်အထည်ဖော်တဲ့နေရာမှာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချ ပြီးတော့မှ အကောင်အထည်ဖော်သွားမယ်။" လို့ ပြောပါတယ်။
KNPP နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် KNPP ၏ကော်မတီအဖြစ် ပြည်တွင်းတွင် ဆက်ဆံရေးရုံးအပါအဝင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုပြီး ၎င်းကော်မတီနှစ်ခုဖြင့် ရုံးခန်းများဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/news/392-knpp--

November 28, 2012

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေကို KNPP နှင့် လူထုခေါင်းဆောင်များ ဆွေးနွေး

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လူထုအခြေပြုလူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူးတို့  ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတွေကိုလွိုင်ကော်မြို့ နောင်ယား(ခ) ကက်သလစ်ဂရုဏာ ဓမ္မရုံမှာ နှစ်ရက်သာ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ကြပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီလိုမျိုးဝပ့်ရှော့လာလုပ်တာက ဒီနေ့နိုင်ငံတော်ကပြောနေတယ်လေ ကျနော်တို့နိုင်ငံတော်ကြီးဟာ ဒီမိုကရေစီစနစ်ကို ရွေ့လျားနေပါတယ်။ ဦးတည်နေပါတယ်။ အပြောင်းအလဲတွေသွားနေပြီဆိုတော့.. ဒီလိုရိုးရိုးလေးပြောလို့မရဘူး။ ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုတော့ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို ဒီမိုကရေစီစနစ်ရဲ့လက္ခာဏာတွေကို ကျနော်တို့နိုင်ငံသားတွေက သိရှိဖို့လိုတယ်။ အဲဒါကြောင့်ကျနော်တို့ က ဒီလိုဆွေးနွေးပွဲကိုလာရောက် ပြီးတော့ သင်တန်းတွေလုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာသဘောတရားများကို လူထုမှ KNPP နှင့် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

တွေ့ဆုံဆွေးနွေးမှုမှာ အတွေ့အကြုံတွေရှိကြတဲ့ အစိုးရခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါရှိတာကိုတွေ့ရပါတယ်။ ယခုလို ခေါင်းဆောင်တွေနဲ့ လူမှုအသင်းအဖွဲ့က ကိုယ်စားလှယ်တွေကို ဒီမိုကရေစီနှင့် သဘောတရားတွေ ၊ လူအခွင့်အရေးဆိုင်ရာသဘောတရားတွေကို ချပြဆွေးနွေးမှုကနေတဆင့် ကယားတပြည်နယ်လုံးရှိ ပြည်သူလူထုများ ဒီအခြေခံသဘောတရားတွေကို လေ့လာနိုင်ပြီး ဒီမိုကရေစီစနှစ်ကို သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆရာအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။ ၎င်းက “ဒီတိုင်းရင်းသားတွေ အားလုံးမျှော်မှန်းထားတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်က ကေအာန်ပီပီ တခုထဲနဲ့လုပ်လို့မရဘူး။ အားလုံးရဲ့ နိုင်ငံရေးပါတီ ၊ လူမှုအဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ ခေါင်းဆောင်တွေအားလုံးက ဒီအခြေခံသဘောတရားတွေကို သိပြီးမှပူးပေါင်းလုပ်မှပဲ ရနိုင်မယ်” လို့ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာသဘောတရားပညာရပ်တွေကို နယ်စပ်မှာ သင်တန်းပေးပြီးခဲ့သော သင်တန်းသား/သူတွေက ဆင့်ပွားသင်တန်းအဖြစ် ဒီးမော့ဆိုမြို့နှင့် ဖရူးဆိုမြို့တွင် ပြုလုပ်သွားဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ လူထုတွေကို ဒီလိုပညာပေးတဲ့အစီအစဉ်တွေမှာလည်း ဒေသခံလူထုအခြေပြုလူမှုအဖွဲ့အစည်းတွေအနေနဲ့ကလည်း ပါဝင်ပံ့ပိုးကူညီဖို့ရှိတယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်မှ လူမှုအဖွဲ့အစည်းမှ ခူးလီးရယ်က “ဒါကတော့ပထမခြေလှမ်းပဲ လူထုနဲ့ကေအာန်ပီပီ Civil Society ကြားထဲမှာ ပြည်တွင်းထဲမှာ ပြုလုပ်တာက ပထမခြေလှမ်းဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အများကြီး ဆက်သွားဖို့ သင့်တယ်။ ရှေ့ဆက်လုပ်ဖို့ အချိန်တခု အတိုင်းအတာတစ်ခုထိပဲသိရသေးတယ်။ ခုနက အတွင်းရေးမှူး(၂)ပြောသလိုပဲ ဆက်သွားဖို့အနေအထားမျိုးမှာရှိနေတယ်ဆိုရင်ကောင်းတယ် ကျနော်တို့အနေနဲ့ ပံ့ပိုးပါဝင်ပေးဖို့ အဆင်သင့်ရှိတယ်။” လို့ ပြောပါတယ်။
၎င်းတွေ့ဆုံပွဲကိုနိုဝင်ဘာလ ၂၆ နှင့် ၂၇ရက်နေ့မှာ ပြုလုပ်သွားတာဖြစ်ပြီး ကေ့ထျိုးဘိုးလူမှုအဖွဲ့အစည်း ၊ ကယားဖူးနှစ်ခြင်းအဖွဲ့မှ လူမှုအဖွဲ့အစည်း၊ ကက်သလစ် ကရုဏာအဖွဲ့ ၊ ကယားမူပွာ ၊ ကယားလူမှုရေးအဖွဲ့၊ ကန္ဒရဝတီလူငယ်အဖွဲ့၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ အဖွဲ့ကိုယ်စားလှယ်၊ ကယန်းအမျိုးသားပါတီ၊ ခိုးလျေဆိုတောင်သူလယ်သမားအဖွဲ့၊ ကယားမြေသက်သေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ၊ ဘုန်းတော်ကြီး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ကိန္ဒီရာကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ ၊ ပြည်ခိုင်ဖြိုးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ အဖွဲ့ဝင်ကိုယ်စားလှယ်တို့က တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ 

http://www.ktimes.org/index.php/news/385----knpp---

November 16, 2012

စစ်သင်တန်းကျောင်းရပ်ဆိုင်းရန် ကရင်နီအခြေပြု လူမှုအဖွဲ့အစည်းကွန်ယက်မှ ကြေညာချက်ထုတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကရင်နီ(ကယား)ပြည်နယ် အနောက်မြောက်၊ ဖရှူဆိုမြို့နယ်အတွင်း တည်ဆောက်နေသည့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသစ်ကို ရပ်ဆိုင်းပေးရန် ကရင်နီအခြေပြု လူမှုအဖွဲ့ အစည်းကွန်ယက်မှ နိုဝင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်စပ်ရှိ ဆည်တစ်ခု(Internet)
“စစ်သင်တန်းကျောင်းဆောက်လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့မြေယာသိမ်းထားတာမနည်းဘူး၊ လူထုတွေအနေနဲ့ ဒီစစ်သင်တန်းကျောင်းအစား အများနှင့်ဆိုင်တဲ့ ဘာသင်တန်းကျောင်းပဲဖြစ်ဖြစ်ဆောက်ရင် သူတို့သဘောတူတယ်၊ အခု စစ်သင်တန်းကျောင်းကို ဆောက်နေတာ ၇၀ ရာခိုင်းနှုန်းလောက်ရှိနေပြီး အဲဒါကြာင့် ဒီဆောက်လုပ်ရေးကိုရပ်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူထုအကျိုးပြုအရေး ပါဝင်ဆောင်ရွက်နေသူ ကိုသက်တင်က ပြောသည်။ ယင်းအမှတ်(၁၄) စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၁ ခုနှစ်မှ စတင်တည်ဆောက်ခဲ့စဉ် လယ်ယာမြေ ဧက ၃၅၂၅ သိမ်းဆည်းခံထားရပြီး အိမ်ခြေ ၅၀ဝ ခန့်အပါအဝင် လူဦးရေ ၃၀ဝ၀ ကျော် ပြောင်းရွေ့ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လူထုအခြေပြုကိုယ်စားလှယ်(၄၀)ကျော် ပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်တိုးချဲ့ချထားခြင်း၊ မြေယာ သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာသောလုပ်ကိုင်စားသောက်မှုပြဿနာများနှင့် ခရီးသွားလာရေးကန့်သက်ပိတ်ပင်ခြင်းများအပေါ် စိုးရိမ်ပူပန်မှုများကို ထိုနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးခဲ့ကြသည်။
ဒေသခံ လူထုများအနေဖြင့် ၎င်းအမှတ်(၁၄) စစ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို အများပြည်အတွက် အကျိုးပြုမည့် အများပိုင်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရည်စူးအသုံးပြုသွားရန် လိုလားကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကရင်နီပြည်နယ် တည်ဆောက်မည့် အကြီးစားရေကာတာစီမံကိန်းအားလုံးကိုရပ်စဲရန်နှင့် မည်သည့်စီမံကိန်းကိုမဆို ကောင်းစွာကြိုတင် အသိပေးထားသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လွတ်လပ် သော ဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို သေချာ အသုံးပြုသွားရန် အစိုးရအား တောင်းဆိုလိုက်ကြသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် အစိုးရနှင့် ကေအဲန်ပီပီတို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှ သဘောတူညီချက်ဖြစ်သည့် “ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်းတည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒကို လေ့လာသုံး သပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီး အစီရင်ခံစားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတထံ တင်ပြရန် သဘောတူခဲ့ကြသည်” ဆိုသည့်အပေါ် လက်တွေ့တွင် အစိုးရဖက်မှ ၎င်းလေ့လာသုံးသပ်လုပ်ငန်းကို ချုပ်ကိုင်လွှမ်းမိုးပြီး ဒေသခံလူထု၏အသံကို လျစ်လျူရှုထားကာ လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် ၎င်းစစ်လေ့ကျင့်ရေးကျောင်း ဆက်လက်တည်ဆောက်နိုင်ရန်ကိုသာ တင်ပြခဲ့ကြသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

http://burmese.monnews.org/?p=5839

ဆက်စပ်သော် သတင်းများ။
  1. ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန် ခတ္တာနွန် – ယနေ့တပေါင်းလပြည့်နေ့တွင်ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်အရ (PNLO) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပြည်လုံးအတိုင်းအာတာဖြင့် အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးအရ...
  2. အပြောင်းအလဲကာလမှာ ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီကြေညာချက်ထုတ် မင်းသုတ – လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပေါ်ထွန်းစေနိုင်သည့် အပြောင်းအလဲကာလဖြစ်နေသဖြင့် လူမျိုးစုံပြည်သူတိုင်း...
  3. ဖားအံမြို့တွင်ဖွင့်လှစ်မည့်ဆက်ဆံရေးရုံးကိစ္စ ကေအဲန်ယူမသိရှိဟုကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင့်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်၊ ဖားအံမြို့၌ မနက်ဖြန်တွင်...
  4. ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့ပေါင်းစည်းရေး အတွက် နှစ်ပါတီခေါင်းဆောင်များနှင့်...
  5. တိုင်းရင်းသားညီးလာခံ ကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံမှ ငြိမ်းချမ်းရေးစီမံချက်လမ်းပြမြေပုံ ၆ ချက်ကို...
  6. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာချက်ထုတ်ပြန် မင်းသုတ – လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းလက်ငင်း လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန်...
  7. မြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားဒေသ၌ မြန်မာစစ်တပ်ထိုးစစ်ဆင်နေသဖြင့် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံထားရန် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု...
  8. တရုတ်သို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေမှုရပ်ဆိုင်းရန် ရွှေဂက်စ်မှတောင်းဆို ခတ္တာနွန် – ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ လက်ရှိသွယ်တန်းနေသော သဘာဝဓါတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(ရွှေဂတ်စ်)အဖွဲ့မှ ဦးဆောင်၍ ရ ကြိမ်မြောက်လှုပ်ရှားမှုတစ်ရပ်ကို...
  9. လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပထမဦးဆုံး ဆက်ဆံရေးရုံးဖွင့် ဂျူရီချိုင်း – ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)က ပထမဦးဆုံး ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့နံနက်တွင်...
  10. မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ် မင်းသုတ- အနာဂတ်တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region...

စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးရပ်စဲရန် ကရင်နီဒေသခံတို့၏ တောင်းဆိုချက် KCSN ထောက်ခံ

နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် တည်ဆောက်နေသည့် မြန်မာအစိုးရ၏ အမှတ်-၁၄ စစ်လေ့ကျင့်ရေး သင်တန်း ကျောင်းသစ်ကို အစိုးရမှ ရပ်စဲထားရန် ဒေသခံများ၏ တောင်းဆိုထားမှုကို ထောက် ခံကြောင်း ကရင်နီ အခြေပြု လူမှုအဖွဲ့အ စည်းကွန်ယက်- KCSN မှ နိုဝင်ဘာလ ၁၄ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်နယ် လူမှုအသင်းအဖွဲ့များမှ ဦးဆောင်၍ ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုအပါအဝင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ လူထုကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့သည့် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာ တွင် နို၀င်ဘာလ ၆ရက်မှ ၁၀ရက်နေ့အထိ ကျင်းပခဲ့ရာ စစ်သင်တန်းကျောင်း ဆောက်လုပ်ခြင်းကြောင့် လယ်မြေအသိမ်းခံရမှု နှင့် နစ်နာမှုများကို ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ကြေညာချက်ကို KCSN က ထောက်ခံခဲ့ခြင်းဖြစ်သည်။
KCSN ၏ ပြောခွင့်ရဖြစ်သူ ကိုသက်တင်မှ “ဒေသခံတွေဟာ လယ်မြေအသိမ်းခံရတော့ လုပ်ကိုင်စားသောက်ရ ကြပ်တည်းလာ တယ်။ နောက် သူတို့နယ်မြေထဲမှာ စစ်သင်တန်းကျောင်းရှိတဲ့အတွက် သွားလာရတာ မလွတ်တော့ ရပ်စဲဖို့ တောင်းဆိုတာပဲ။ ဒါကို ပြည်သူဘက်ရပ်ပြီး KCSN ကလည်း ထောက်ခံတာပါ”ဟု ပြောသည်။
ဆက်လက်၍ ကရင်နီပြည်နယ်အတွင်းတွင် ရေကာတာနှင့် သတ္တု စသည့် စီမံကိန်းကြီးများကြောင့် သဘာပတ်ဝန်းကျင်၊ အင်း အိုင် ပျက်စီးသွားမည်ဖြစ်သည်ဟု ကိုသက်တင်က ဆိုသည်။
အစိုးရအနေဖြင့် ကရင်နီပြည်နယ်အတွင်း လက်ရှိ လုပ်ဆောင်နေသည့် အကြီးစား စီမံကိန်းများကို ရပ်စဲရန်၊ သိမ်းဆီးထားသည့် မြေယာများကို ဒေသခံပိုင်ရှင်များထံ ပြန်ပေးရန်နှင့် လာမည့်အနာဂတ်၌ လုပ်ဆောင်လိုသည့် မည်သည့်စီမံကိန်းကိုမဆို ကြိုတင် အသိပေးထားကာ ပြည်သူများ၏ လွတ်လပ်သောဆန္ဒဖြင့် ထုတ်ဖော်သည့် သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို အသုံးပြုသွားရန် KCSN ထုတ်ပြန်ချက်တွင် တောင်းဆိုလိုက်ကြသည်။
“အစိုးရတပ်သိမ်းဆီးထားတဲ့ မြေတွေဟာ ကျနော်တို့ ဘိုးဘွားပိုင်မြေနဲ့ စိုက်ပျိုးမြေတွေပါ။ ကျနော်တို့ မှီခိုနေရတဲ့ ဒီမြေတွေ မရှိ တော့ဘူးဆိုရင် ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ“ဟု မြေယာအသိမ်းဆီးခံခဲ့ရသူ ဒေသခံ ရွာသားတဦးဖြစ်သူ တူရယ်၏ ပြောကြားချက်ကို ကိုးကား၍ KCSN ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကရင်နီလူမှုအသင်းအဖွဲ့များအနေဖြင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေးရပ်စဲရန် ပြည်သူလူထု၏ တင်ပြ တောင်းဆိုချက်နှင့်ပတ်သက်၍ တစုံတရာ ထူးခြားလာမည်ဟု မျှော်လင့်ကြောင်း ထူးခြားမှုမရှိပါက ဒေသခံများနှင့်အတူ ပူးပေါင်း ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း၊ ဆုတောင်းပွဲများ ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို ဆက်လက် လုပ် ဆောင်သွားမည်ဟု ကိုသက်တင်က ပြောသည်။
ယခင်လ အောက်တိုဘာ ၃၁ ရက်နေ့၌လည်း ကရင်နီပြည်နယ်၌ လုပ်ဆောင်နေသည့် စီမံကိန်းလုပ်ငန်းများသည် ပွင့်လင်းမြင် သာမှု မရှိသောကြောင့် လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပျော့ပျက်ပြယ်စေနိုင်အကြောင်း KCSN မှ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 http://www.kicnews.org/?p=14117

November 12, 2012

ကယားပြည်နယ် လမ်းများကောင်းဖို့ သန်း ၅ ထောင်ကျော် ကုန်ကျခံမည်

မြန်မာပြည်ထဲက ကယား(ကရင်နီ)ပြည်နယ်ဟာ အသေးငယ်ဆုံးပြည်နယ်ဖြစ်ပေမဲ့ လမ်းပမ်းဆက်သွယ်ရေး ကြမ်းတမ်းတဲ့အဆင့်မှာ ရှိနေတဲ့အတွက် အစိုးရမှ ကျပ်သန်းပေါင်း ၅၆၀၀ ကျော်အကုန်ကျခံပြီး လမ်းတံတားများ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ပြည်ထောင်စု အစိုးရ ၀န်ကြီးများအဖွဲ့ဟာ နိုဝင်ဘာလ ၁၂ရက်နေ့က ကယားပြည်နယ်လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ ပြည်နယ်ဝန်ကြီးများနဲ့ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူရဦးရွှေမန်းမှ လမ်းပမ်းဆက်သွယ်ရေးနဲ့ ပါတ်သက်ပြီး တင်ပြဆွေးနွေးနေစဉ် (ဓါတ်ပုံ-ကေတီ)
“ကယားပြည်နယ်မှာရှိတဲ့ ပြည်သူများ.. တိုင်းရင်း သားပြည်သူများရဲ့ အသံ သူတို့ရဲ့ဆန္ဒများကို ကြားနိုင် သလောက်ကြားအောင် လာရောက်နားထောင်ပြီး ဒီကမှတဆင့် လက်ငင်းအကျိုး စီးပွားဖော်ဆောင်မယ့် ကိစ္စကို ကျနော်နဲ့အတူပါလာတဲ့ဝန်ကြီးများ သက်ဆိုင်ရာဌာန အသီးသီးက ဆောင်ရွက်ပေးနိုင်မှုနဲ့ မူဝါဒတွေအားဖြင့် ပေါ်ထွက်လာမယ့် ကိစ္စများကို ကျနော်တို့ လွတ်တော်တွေက ဥပဒေအဖြစ် ပြဌာန်း နိုင်ဖို့ရည်ရွယ်ပါတယ်” လို့ လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ကယားပြည်နယ်သို့ ရောက်လာရ တဲ့အကြောင်းအရင်း ရှင်းပြပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ပါတ်သက်ပြီး ပြည်နယ်ရဲ့ လိုအပ်ချက်များကို လူထုကိုယ်စားလှယ်တွေ အနေနဲ့ တင်ပြဆွေးနွေး စဉ်မှာ ပြည်ထောင်စုဆောက် လုပ်ရေးဝန်ကြီး ဦးကျော်ဒင်က ယခုလိုပြော ပါတယ်။
“ဒီနှစ်မှာကျနော်တို့ စောစောကတင်ပြတဲ့အတိုင်း ကယားပြည်နယ်တခုလုံးအတွက်ဆိုရင် သန်းပေါင်း ငါးထောင် ခြောက်ရာ ဆယ့်ခြောက် ဒသမ ရှစ်နှစ်ကိုး သန်းကို အသုံးပြုပြီးတော့ လမ်းတံတားများ တိုးတက်ရေးအတွက် ကျနော်တို့ဆောင်ရွက် သွားမယ်ဖြစ်ပါတယ်။”
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် ပြည်နယ်မှာလိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းများလည်း လုပ်ဆောင်နိုုင်ရန် လူထုကိုယ်စားလှယ်များက တင်ပြကြပါတယ်။
ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေပုံကို ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ဥက္ကဌ ဦးထွန်းကျော်က တွေ့ဆုံပွဲမှာ အခုလိုရှင်းပြပါတယ်။
“ကျနော်တို့ကယားပြည်နယ်ရဲ့လမ်းဟာတိုတယ်ဆိုပေမဲ့ တော်တော်လေးကြမ်းတမ်းပါသေးတယ်။ ကျနော်တို့လွိုင်ကော်ကနေ မော်ချီး၊ လွိုင်ကော်-မယ်စဲ၊ လွိုင်ကော်-ရှားတော၊ လွိုင်ကော်-ရွာသစ် နောက်တဆင့် တဖက်နိုင်ငံနဲ့ဆက်သွယ်တဲ့ လမ်းပန်းဟာ အင်မတန်မှ ကြမ်းတမ်းတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်”
အခမ်းအနားကို လွတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့များ ၊ကုမ္ပဏီများ ၊ဘဏ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ INGO များ စုစုပေါင် ၂၉၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။
ပြည်နယ်ရဲ့လိုအပ်ချက်များနဲ့ပါတ်သက်ပြီး လူထုကိုယ်စားလှယ်များနဲ့ အစိုးရတို့အကြား အပြန်အလှန်တင်ပြ ဆွေးနွေးခဲ့ကြတဲ့အပေါ် လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယခုလို ပြောကြားသွားခဲ့ပါတယ်။

လမ်းပမ်းဆက်သွယ်ရေးနှင့် ပါတ်သက်၍ လာရောက်ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)
“ပြည်ထောင်စုအစိုးရ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဌာနအသီးက ပုဂ္ဂိုလ် များအနေနဲ့ ကယားပြည် နယ်အတွင်းမှာ မိမိတို့ဌာနအလိုက် မည်၍မည်မျှ ဘဏ္ဍာငွေ ကျခံသုံးမယ်ဆိုတာကို အားလုံးကြားသိပြီးဖြစ် ပါတယ်။ ပြည် သူများ ပြည်သူ့ကိုယ်စား လှယ်များအနေနဲ့ အခုလိုတင်ပြသွား တဲ့တင်ပြချက်များကို မှတ်ထားပြီး အမှန်တကယ် မိမိနယ်မြေမှာ လာရောက် ဆောင်ရွက်ခြင်းရှိမရှိဆိုတာ လည်းစောင့်ကြည့် သတင်းယူပြီးတော့ လွတ်တော်မှတဆင့် ပြန်လည်သတင်းပေးနိုင်ပါတယ်။ ဒီလိုပြောခြင်းဟာ ကျနော်တို့ကတိအတိုင်း ဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်သလို၊ ကတိအတိုင်း မဆောင်ရွက်ပေးဘူးဆိုရင်လည်း အချိန်မရွေးကျနော်တို့ဆီပြန်ပြီးတော့ တင်ပြညှိနိုင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်း ပြောခြင်းဖြစ်ပါတယ်”

http://www.ktimes.org/index.php/news/374-2012-11-12-03-47-36

November 10, 2012

KNPP တရားဝင်ကုမ္ပဏီပါမစ်ရသည့် ကိစ္စအပေါ် ကန္တာရဝတီတိုင်း(မ်)မှ ကယားထဲ၏ ဆက်သွယ်မေးမြန်းချက်

အစိုးရနှင့် KNPP အပစ်အခတ်ရပ်စဲ ထားတဲ့ကာလအတွင်း စီးပွားရေးလုပ်ငန်း တရားဝင်ဖို့ ကုမ္ပဏီမှတ်ပုံတင် ထားပြီး ကိစ္စများအပေါ် သိလိုသဖြင့် လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ကယားထဲ။        ။ ဆရာတို့ ကေအဲန်ပီပီမှာ စီးပွားရေးလုပ်ဖို့ ကုမ္ပဏီတွေထူထောင်ထားပြီး ပါမစ်ရပြီလို့ ကြားပါတယ်။ အဲဒီ ကုမ္ပဏီနာမည်နဲ့ ကုမ္ပဏီဘယ်နှစ်ခုရှိထားလဲ အဲဒါတွေသိချင်ပါတယ်ရှင့်။

ခူဒယ်နီယာ။        ။ KNPP အနေနဲ့ ဘာမဆို စီးပွားရေးလုပ်ရင် တရားဝင်လုပ်ဖို့ စဉ်းစားထားတယ်။ တခုက ကယားဌာနေ ကုမ္ပဏီ အဲဒီအောက်မှာ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ထုတ်လုပ်မှုအတွက် နောက် တမောထျာဆိုတာ ရှိပါတယ်။ အဲဒါက ထုတ်ကုန် သွင်းကုန်လုပ်ဖို့ အစီအစဉ်ရှိတယ်။

ကယားထဲ။           ။ ဘယ်အချိန်မှာ စလုပ်ကြမလဲ။

ခူဒယ်နီယာ။           ။ ကုမ္ပဏီဖွဲ့တာကတော့ နှစ်လလောက်ရှိပြီ ဒါပေမယ့် လုပ်ငန်းကတော့ လုပ်ငန်းလိုင်စင်ရဖို့ လျှောက်ထားဆဲပဲပေါ့ ။ ဒီအခု မရသေးဘူး။ ကုမ္ပဏီကတော ့တရားဝင်မှတ်ပုံတင်ရပြီ ဒါပေမယ့်လို့ လုပ်ငန်းလိုင်စင်ဆိုတာရှိတယ်။ ဥပမာ- သတ္တုထုတ်လုပ်ခွင့် လိုင်စင်တို့ ဘာတို့အဲလိုတွေ လိုတယ်။
ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာ (ဓါတ်ပုံ-ကေတီ)
ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာ (ဓါတ်ပုံ-ကေတီ)

ကယားထဲ။             ။  လုပ်ငန်းလိုင်စင်ရဖို့ ဆရာ့အနေနဲ့ ဘယ်တော့လောက်ခန့်မှန်းထားသလဲ။

ခူဒယ်နီယာ။           ။ သိပ်တော့မကြာတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေ
ပြည့်စုံမှုအပေါ်မှာလည်း မူတည်နေပါတယ်။ လျှောက်ထားတာတော့ ၁ လရှိပြီ။

ကယားထဲ။                   ။ ဟုတ်ကဲ့ ဒါဆိုလုပ်ငန်း လိုင်စင်ရပြီဆိုရင် အဓိက ဘာလုပ်ဆောင်ကြမလဲ။

ခူဒယ်နီယာ ။          ။ ရည်ရွယ်ထားတာကတော့ လက်ရှိသတ္တု မော်ချီးခဲ လုပ်ဖို့တော့ အစီအစဉ် ရှိပါတယ်။ အဲဒါလျှောက်ထား တာပေါ့လေး မော်ချီးမှာ ထုတ်ကုန်တခု နောက်ပြီးတော့ သံလွင်အရှေ့ဘက်မှာ အရင်က သစ်ဟောင်းတွေထုတ်ဖို့ အစီအစဉ်ရှိထားတယ်။ ဒါကလည်း လျှောက်ထားတယ် ရတယ်မရဘူး ဆိုတာ အတိအကျပြောလို့ မရသေးဘူး။

ကယားထဲ။                 ။  ဒါဆိုရင်သံလွင်မြစ်အရှေ့ဘက်က သစ်ဟောင်းဆိုတော့ အဲဒါတွေ အခုချိန်ဆို ဘယ်လောက်ထိ ရှိနေတာလဲ ကျန်နေတာလဲ သိချင်ပါတယ်။

ခူဒယ်နီယာ။                   ။ အဲလောက်ထိကတော့ တိကျပြောလို့မရဘူး တချို့က လိုက်ကြည့်တော့ ကြည့်တယ်။ တချို့လည်းကျန်တယ်လေး ပျက်စီးသွားတာလဲများတယ်။ ဘယ်လောက်ရနိုင်မလဲ မပြောနိုင်ပေမယ့် တန်ချိန်သောင်းဂဏန်းတော့ ခန့်မှန်းလို့ အဲလောက်ထိတော့ ခန့်မှန်းထားတာပေါ့ သောင်းကျော်ရှိအုံးမယ်။

ကယားထဲ။                   ။ သံလွင်မြစ် အရှေဘက်ကမ်းက လုပ်ထားတဲ့သစ်ဟောင်းဆိုတာက ဘယ်ကတည်းက လုပ်ထားတဲ့သစ်တွေလဲ ဘာဖြစ်လိုဒီလိုတွေ ကျန်ခဲ့တာလဲ ရှင်းပြပေးပါ။

ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာ (ဓါတ်ပုံ-ကေတီ)
ခူဒယ်နီယာ ။          ။ ဒီဥစ္စာက တော်တော်ကြာပါပြီ ၈၇ ကတည်းက သံလွင်မြစ်အရှေ့ဘက်မှာ သစ်စလုပ်တယ် ဒါပေမယ့် ၉၅ ၊ ၉၆ အထိလုပ်တယ်။ အဲဒီ ၉၆ မှာ ပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ပြီး နောက်ပိုင်း ဒီကုမ္ပဏီတွေကလည်း သစ်တွေမသယ်နိုင်တော့ဘူး ဒီအတိုင်းကျန်တယ်။ အဲဒါက ၉၅ နောက်ဆုံး
အခုလှဲထားတဲ့သစ် ဒါကတော့ ကေအဲန်ပီပီကနေ လုပ်ထားတာမဟုတ်ဘူး ကုမ္ပဏီတွေကနေခုတ်တာ ကုမ္ပဏီတွေကလည်း သူ့သက်တမ်းက ကုန်ရင်ကုန်မှာ လုပ်ခွင့်ပါမစ်ကလည်း အခုကုန်ပြီ ဘယ်သူ့နဲ့မှ မဆိုင်တော့ဘူး။

ကယားထဲ။                     ။ အဲဒီတုန်းက လုပ်တဲ့ကုမ္ပဏီက ဆရာတို့နဲ့ သက်ဆိုင်တာလား ခွင့်ပြုချက်တွေ ထားတဲ့သဘောလား အဲဒီကတည်းက ဘယ်ကို သယ်သွားကြတာလဲ။

ခူဒယ်နီယာ ။          ။ ဒီကုမ္ပဏီက ကေအဲန်ပီပီက ခွင့်ပြုထားတာမဟုတ်ဘူး။ ဗမာပြည်အစိုးရနဲ့ ထိုင်းအစိုးရက သဘောတူညီထားချက်အရ ထိုင်းအစိုးရက အဓိကမဟုတ်ပါဘူး ဗမာပြည်အစိုးရက အဓိကကျတယ်။ ခွင့်ပြုချက်နဲ့ပဲ ကုမ္ပဏီတွေကဝင်လာတယ်။ ကုမ္ပဏီတွေကလည်း ဒီထိုင်းနိုင်ငံကိုဘဲ
ပြန်ထုတ်သွားတာပေါ့။

ကယားထဲ ။                   ။ ဒါဆိုရင် ဆရာတို့က ဒီကျန်တဲ့သစ်ဟောင်းတွေလုပ်မှာပေါ့ အဲဒီသစ်ဟောင်းကို ဘယ်ဘက်ပို့ဖို့ အစီအစဉ်ရှိထားပါသလဲ။

ခူဒယ်နီယာ ။          ။ ဘယ်ဘက်ကိုပို့မလဲဆိုတာကလည်း အစိုးရခွင့်ပြုချက်အပေါ်မှာလည်း မူတည်နေပါတယ်။ ဒီသစ်လုပ်ထုံးလုပ်နည်းအရ အဆင့်တော့ရှိတယ်။ တောထဲက သစ်ဆိပ်တနေရာရာကိုစုပြီးတော့မှ အဲဒီပြီးမှ အကောက်တွေဘာတွေရိုက်အဲဒါ ပြီးမှ ဘယ်ကိုပို့မလဲဆိုပြီးတော့မှ နောက်တဆင့်ပေါ့ အဲလိုမျိုးလုပ်ဖို့ ရှိပါတယ်။

ကယားထဲ ။                  ။ ဆရာတို့အနေနဲ့ အစိုးရကို ပြန်ရောင်းဖို့အဲလိုလား ဘယ်လိုမျိုးလဲ။

ခူဒယ်နီယာ ။            ။ အဲလိုသဘောတော့မဟုတ်ဘူး လုပ်ထုံးလုပ်နည်းအရတော့ ကျွန်းတွေကို အစိုးရကို ပြန်သွင်းရတယ်။ ဒါပေမယ့် အခုရှိတဲ့နေရာက ဝေးတဲ့အတွက် အစိုးရက တရားဝင်ဝယ်မဝယ်တော့ မဆုံးဖြတ်ရသေးဘူးပေါ့ ။

ကယားထဲ ။                   ။ အခုလုပ်မည့် ကုမ္ပဏီက ဆရာတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲလား ဘယ်လိုစီမံခန့်ခွဲကြမလဲ။

ခူဒယ်နီယာ ။          ။ တချို့တဝက်ကတော့ရှိလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စီးပွားရေးလုပ်တာကတော့ လူထုအတွက်ဖြစ်ရမယ် ဒီအဖွဲ့အစည်းမှာ အလုပ်လုပ်နေတဲ့ အဖွဲ့ဝင်တွေ သူတို့ရဲ့စားဝတ်နေရေး ဖြေရှင်းပေးဖို့ ဖြစ်နေလို့ တာက တဝက်စီလို့ ရည်ရွယ်ထားပါတယ်။
ဖွဲ့စည်းကတည်းကလည်း ကေအဲန်ပီပီနဲ့အားလုံးဖွဲ့ထားတာ မဟုတ်ဘူး လူထုတွေနဲ့တဝက်စီ ဖွဲ့ထားတယ် အဖွဲ့အစည်းနဲ့ဆိုင်တဲ့ တဝက်ပါတယ်။

ကယားထဲ ။                    ။ ဒါဆိုရင် တဝက်စီဖွဲ့စည်းထားတယ်ဆိုတော့ ဒီဖွဲ့စည်းပုံတွေကို ချပြလို့ရမလား။

ခူဒယ်နီယာ ။                  ။ ကုမ္ပဏီဖွဲ့စည်းပုံ အတိအကျ ကျနော်တို့ အမှန်ကတော့ အဓိက ဒါရိုက်တာပေါ့ ဒါရိုက်တာ နှစ်ယောက်သုံးယောက်ပဲလိုတယ်။ ဒါပေမယ့် အခုက တကယ်အလုပ်လုပ်ပြီ Work Permit ကျပြီဆိုရင် စီစစ်ဖွဲ့စည်းမှုတော့ ရှိရမယ်။ အခုက Work Permit မကျလာသေးတော့ ဖွဲ့စည်းမှု စီစစ်မှု မသွားရသေးဘူး။
ကုမ္ပဏီတခုက အနည်းဆုံး ၂ ယောက်ကနေ ၆ ယောက် အထိရှိတယ်ဆိုတော့ အခုက နှစ်ယောက်၊ နှစ်ယောက်တော့ ရှိတယ်။ နောက်ကျရင်တော့ ချဲ့ဖွဲ့စည်းဖို့ရှိတယ်။

ကယားထဲ ။                    ။ နှစ်ယောက် နှစ်ယောက်စီဆိုတာက တယောက်ချင်းစီက
ဆရာတို့အဖွဲ့အစည်းက နောက်တယောက်က တခြားလူထုဘက်က အဲလိုပြောတာလား။

ခူဒယ်နီယာ ။          ။ ဟုတ်ပါတယ်။

ကယားထဲ ။                    ။ လူထုအတွက်လည်း အကျိုးတဝက်ပါမယ်ဆိုတော့ ပထမဦးဆုံး
လုပ်ငန်းအောင်မြင်လာရင် ဘယ်တခုကို အရင်ဆုံးလုပ်ပေးမလဲ။

ခူဒယ်နီယာ ။          ။ ကျနော်တို့ စီးပွားရေးလုပ်ဖို့ဆိုတာက ပါတီကနေ စီးပွားရေး ကော်မတီဖွဲ့စည်းပါတယ် ပြီးတော့ စီးပွားရေးဆိုင်ရာ မူပေါ်လစီရေးဆွဲပါတယ်။ ရေးဆွဲပြီးတော့မှ ပါတီဗဟိုကော်မတီရဲ့ အတည်ပြုချက်နဲ့ ဒီအတိုင်းပဲ သွားမယ်။ ကျနော်တို့က ရေးဆွဲပြီးပြီ။ တင်လည်းတင်ပြီးပြီ လူထုအတွက် ဘယ်လိုလုပ်ပေးမလဲ ဆိုတာကတော့ ဒါနောက်ပိုင်းတခု
ကျနော်တို့က ရာခိုင်နှုန်းနဲ့ခွဲမယ်။ ဥပမာအကျိုးအမြတ် တရာရှိရင် ဘယ်လောက်က လူထုအတွက် ဘယ်လောက်က ဘယ်သူ့အတွက်ဆိုပြီး အရင်ဆုံးအဲလိုမျိုးခွဲထားတဲ့ ပေါ်လစီရှိတယ်။ အဲဒီပေါ်လစီတွေက ကေအဲန်ပီပီတခုတည်းအတွက် မဟုတ်ဘူး။ ဒါက ခုနက ကုမ္ပဏီမှာ ပါဝင်တဲ့ လူတိုင်းက ဒီအတိုင်းပဲ ကျင့်သုံးရမယ်။ ဒါကတော့ စျေးကွက်ဆိုင်ရာ ပေါ်လစီပဲ လူထုအတွက် ဘယ်လိုအကျိုး အမြတ်ရရှိလာမလဲ ဆိုတာကတော့ ရလာတဲ့ ငွေတွေအပေါ်မှာ လူထုက ဘာလိုအပ်သလဲဆိုတာ ပြန်ကြည့်ပြီးတော့ ဆုံးဖြတ်ချက်ချမယ်။

ကယားထဲ ။                    ။ ဒါဆို ပေါ်လစီတွေကိုကော ရှင်းရှင်းလင်းလင်းဖြစ်အောင် ချပြပေးနိုင်မလား။

ခူဒယ်နီယာ။           ။ အခုက ကျနော်တို့ ပေါ်လစီရေးဆွဲပြီးတော့မှ တင်ထားတာပဲရှိသေးတယ် အတည်ပြုချက်မရသေးဘူး ဒါပေမယ့် အတည်ပြုချက်ရပြီးရင်ဆိုတော့ ဒီပေါ်လစီတွေက လူထုကြားသွားမယ် လူထုတိုင်းက ဒီပေါ်လစီကိုသိရမှာပေါ့ ပွင့်လင်းတဲ့အဖွဲ့အစည်းတခု အမြဲတမ်းပြောတယ်ဆိုတော့
ဘာပဲလုပ်လုပ် လူထုကအခြေခံတယ် လူထုကနားလည်ရမယ်။ ဒါက ကေအဲန်ပီပီရဲ့ နိုင်ငံရေးရည်မှန်းချက်တခု။


ကယားထဲ ။                    ။  ဆရာတို့နဲ့ အစိုးရအကြားမှာ နိုင်ငံရေးအဆင့်က တွေ့ဆုံမှုက
မပြီးပြတ်သေးတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းလည်း ကေအဲန်ပီပီက လုပ်ဆောင်နေတယ်ဆိုတော့ လူထုတွေရဲ့ အမြင်တွေဘက်မှာက ကျတော့လည်း တမျိုးတိမ်းစောင်း မနေနိုင်ဘူးလား။

ခူဒယ်နီယာ ။          ။ ကျနော်တို့က ဦးစားပေးမှု ၁ ၊ ၂ ၊ ၃ ဆိုတာတော့ မရှိဘူး တပြေးညီသွားရမှာပါဘဲ ဦးစားပေး ၁ အနေနဲ့တော့ နိုင်ငံရေးပါပဲ နိုင်ငံရေးဆိုတာက  လူထုရဲ့အရေးပေါ့  ကျနော်တို့ ဒီစီးပွားရေးကို ထိပ်တင်ပြီးတော့ ဒါကတော့လုပ်နေတာ မဟုတ်ဘူး။ ဒါလည်းပြင်ဆင်မှု တခုပဲပေ့ါလေး နိုင်ငံရေးလုပ်နေတဲ့ အချိန်အတွင်းမှာ စီးပွားရေးလဲ စထားဖို့လိုတယ်။ ဖွံ့ဖြိုးရေးလည်း စထားဖို့လိုတယ်။ ကျန်းမာရေး ပညာရေးစသည်ဖြစ်ပေါ့ လုပ်ငန်းက တပြေးညီလုပ်သွားဖို့လိုတယ် စ ထားဖို့လိုတယ်။ စ ထားတဲ့အဆင့်ပဲ ရှိပါတယ်။ ကျနော်တို့ ကုမ္ပဏီထောင်နေတယ် စီးပွားရေးလုပ်နေတယ်ဆိုတာက ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်သေးဘူး အချိန်မရွေးရပ်လို့ရတယ်၊ ကျနော်တို့ ဘာမှ နှစ်နာမှာ မဟုတ်ဘူး တကယ်လို့နိုင်ငံရေးက ကောင်းမယ် ကောင်းသွားတယ်ဆိုရင် ဒါအဆင်သင့်ဖြစ်ဖို့ပါဘဲ ဥပမာ နိုင်ငံရေးက ပျက်သွားမယ်ဆိုရင်လည်း ကုမ္ပဏီက ဘာမှနှစ်နာမှုမရှိပါဘူး။

ကယားထဲ ။                ။ ဆရာတို့ ပေါ်လစီတွေချပြမယ်ဆိုတော့ အရင်ကလို
လူထုတွေဆီ ကွင်းဆင်းပြီး သွားဖို့လား ဘယ်လိုလဲ။

ခူဒယ်နီယာ ။          ။ ကျနော်ထင်တယ် အဲလောက်ထိတော့ လုပ်လိမ့်မယ်တော့မထင်ဘူး ဒါပေမယ့်တော့ နေရာတကာကိုချပြပေးမယ် စီးပွားရေးက ပထမအဆင့် ဦးစားပေးအဆင့်တော့မဟုတ်ဘူး ဦးစားပေးရမယ့် အရာလဲမဟုတ်လို့ အဲလောက်ထိ အကျယ်တဝင့် လုပ်စရာမလိုဘူးလို့ ထင်ပါတယ်။ ဒီအတည်ပြုထားတဲ့ စီးပွားရေး ပေါ်လစီတခုကို ပြည်သူလူထုသိအောင် ပါဝင်တဲ့လူတိုင်းသိအောင် ဒါတွေကတော့ ချပြရမယ် ချပြသင့်တယ်။ ချလည်းချပြဖို့တော့ စီစဉ်ထားတယ်။

ကယားထဲ ။                    ။  တခြားအဖွဲ့အစည်းတွေလိုဘဲ သစ်တွေဘာတွေညာတွေ ထုတ်တော့မယ်
ဆိုပြီးလူထုတွေက မြင်လာတယ်။ အဲဒီတော့ ဆရာတို့ကလည်း ကုမ္ပဏီလည်းပါမစ်ရထားပြီ လုပ်ငန်းစဉ် ဆောင်ရွက်ဖို့လည်း လျှောက်ထားပြီဆိုတော့ ဆရာ့အနေနဲ့ လူထုတွေကို စီးပွားရေးနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ခူဒယ်နီယာ ။                  ။ ကျနော်တို့က အမြဲတမ်းပြောပါတယ် ကျနော်တို့က စီးပွားရေး အဖွဲ့အစည်းမဟုတ်ဘူး အဖြစ်လဲမခံဘူး။ ကျနော်ကိုယ်တိုင် စီးပွားရေးကော်မတီမှာ ပါဝင်တယ်။ ကုမ္ပဏီကို ကိုင်ထားတယ်ဆိုတော့ ကျနော်ကတော့ ကိုယ့်ကိုကိုယ်အာမခံတယ် ဒီအဖွဲ့အစည်းက စီးပွားရေးအဖွဲ့အစည်းလိုမျိုးတော့ လုံးဝအဖြစ်မခံဘူး။ ဖြစ်ရင်လည်း ကျနော်က လက်ခံမှာမဟုတ်ဘူး လူထုရှေ့မှာ အများကြီးလည်း ကတိပေးထားပြီးပြီ။ လူထုကအစပိုင်းမသိတဲ့သူကတော့ သူမြင်မှာပါပဲ။ တခုလူထုကို ပြောချင်တာက ဒီအဖွဲ့အစည်းကို နိုင်ငံရေးဘဲလုပ်မယ် ဘယ်သူက ထမင်းကျွေးမလဲ အဲဒီတချက်ပေ့ါ သူ့စားဝတ်နေရေး လိုမယ်။ နောက်ပြီးတော့မှ သူ့ရဲ့ အဖွဲ့ဝင်တွေ ရဲဘော်တွေက ဘယ်သူတွေက ထမင်းကျွေးမလဲ သူ့ရဲ့စားဝတ်နေရေးက ဘယ်သူတွေကပေးမလဲဆိုတော့ အဲဒါတွေကို စဉ်းစားတတ်ဖို့တော့ လိုလိမ့်မယ်။ အဲဒါကတော့ စီးပွားရေးကတဖက်လုပ်ရမယ်။ ဒါကတော့ ဒီတဖွဲ့ထဲ ချမ်းသာဖို့တော့ မရည်ရွယ်ဘူးပေါ့ ကေအဲန်ပီပီ အကျိုးအမြတ်ခံစားရတဲ့ နည်းအတူပဲ လူထုက  ခံစားရမယ်။ လူထုက အစပိုင်းဆို မြင်ကောင်းမြင်နိုင်တယ် နောက်ပိုင်းကတော့ တဖြည်းဖြည်းသဘောပေါက်လာမယ် လူထုသဘောပေါက်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။

ကယားထဲ။                     ။ ဒီမေးခွန်းတွေအပေါ်မှာ တခြားဘာတွေ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ခူဒယ်နီယာ ။          ။ စီးပွားရေးလုပ်တယ်ဆိုတာက ကျနော်တို့မှာ အခြေခံမူတွေ အများကြီးရှိပါတယ်။ ဥပမာ ဒီနိုင်ငံရေးရဲ့ ရည်မှန်းချက်တို့ မထိခိုက်စေရ ၊ သဘာဝပတ်ဝန်းကျင်တွေကို မထိခိုက်စေရ လူမှုအသင်းအဖွဲ့ စသည်ဖြင့် မထိခိုက်စေရတွေပေါ့ ပေါ်လစီတွေချထားတယ် ထွက်လာမည့်အကျိုးအမြတ် ဘယ်ရာခိုင်နှုန်းက ဘယ်သူအတွက်ဆိုတာတွေ ရှိတယ်။ စစချင်း လူထုရဲ့အမြင်မှာတော့ ဒီတဖွဲ့လည်း စီးပွားရေးဘဲလုပ်နေတယ် ဆိုပြီးမြင်ကောင်းမြင်နိုင်ပါတယ်။ ကြာလာရင်တော့ လူထုကနားလည်လာမှာပါ ကျနော်တို့လည်း လူထုနားလည်အောင် ချပြရှင်းလင်းဖို့လည်း တာဝန်ရှိပါတယ်။ ချပြသွားမှာပါ ။ ကျနော်တို့က စီးပွားရေးကို ဦးစားပေးမှာတော့မဟုတ်ဘူး နိုင်ငံရေးနဲ့ လူထုအရေးကို ဦးစားပေးမယ် တပြေးတည်းသွားနိုင်ဖို့ အစီအစဉ်ရှိတယ်။ sustainable ပဲပေါ့ တဖြည်းဖြည်းတိုးတက်မှု ခိုင်မာတဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးစီမံကိန်းကို နိုင်ငံရေးလုပ်ငန်းစဉ်တို့ နဲ့ တပြေးညီသွား နိုင်ပါတယ်လို့  လူထု တွေကို ပြောချင်ပါတယ်။

http://burmese.bnionline.net/index.php/interview/kantarawaddy/11946-knpp-.html

November 1, 2012

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပျော့အောင် မလုပ်ရန် KCSN ပြော

အစိုးရမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် ကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပျော့စေသည့် လုပ်ရပ်များကို ရပ်တန့်ပေးပါရန် ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် (KSCN) မှ ပြောကြားလိုက်ပါတယ်။
KNPP နှင့် အစိုးရတို့ ၆ လတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ချက် စာစောင်ထုတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ Sinthana Resort တွင် အောက်တိုဘာလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်တရပ် ကျင်းပပြုလုပ် သွားပါတယ်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများ (ဓါတ်ပုံ-KCSN)
KSCN Coordinator ခူးမီရယ်ဒူက “စစ်ရေးစစ်ရာကိစ္စတခု၊ နောက်တခုက စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်မယ့် ကိစ္စမှာ ဆက်လက် တည်ဆောက်နိုင်ဖို့ အတွက်ပဲ တွန်းအားပေးတဲ့ အစီရင်ခံစာမျိုးပဲ ထွက်လာတဲ့ လုပ်ရပ်တွေပဲ တွေ့ ရတယ်။ နောက် တချက်က ရွာသစ်ရေကာတာ စီမံကိန်း အပါအဝင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြည်သူလူထုနဲ့ လူမှု အသင်း အဖွဲ့တွေကို ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်အသိပေးရန်ဆိုတဲ့ အချက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ တချက်တွေ့ရတယ်။ ငြိမ်းချမ်းရေးအတွက် အဟန့်အတား အားပျော့စေတဲ့အချက်လို့ ကျတော်တို့ သုံးသပ်မိတယ်” လို့ပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့် အစိုးရတို့ ယခုနှစ် မတ်လ (၇) ရက်နေ့တွင် သော်လည်းကောင်း၊ ဇွန်လ (၉) ရက်နေ့တွင် သော်လည်းကောင်း သဘောတူညီချက် စာချုပ်များချုပ်ဆိုခဲ့ရာမှ ထိန်းသိမ်းလိုက်နာဖို့ ပျက်ကွက်နေတဲ့ အချက်များထဲမှ စစ်တပ်သွားလာရေးကိစ္စ၌ ကေအဲန်ပီပီကို ကြိုတင်သတင်းပေးရန် သဘောတူခဲ့ကြသော်လည်း ကြိုတင် သတင်းပေးခြင်းမရှိဘဲ ဇွန်လတွင် ကေအဲန်ပီပီထိန်းချုပ်ရာနယ်မြေအတွင်း ၀င်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားကာ မြန်မာ စစ်တပ် (၉) ဦးကျဆုံး ခဲ့ကြရခြင်း။
ဖရူဆိုတွင် အငြင်းပွားနေတဲ့ စစ်လေ့ကျင့်ရေးသင်တန်းကွင်း တည်ဆောက်ရေး စီမံကိန်းကို လူထုသဘောထား စုံစမ်းလေ့လာရန် သဘောတူထားပေမယ့် အစိုးရမှ ဆက်လက်တည်ဆောက်သွားဖို့ တွန်းအားပေးနေပြီး ဇူလိုင်လတွင် အစိုးရအရာရှိများ လွမ်းမိုးတဲ့ စုံစမ်းလေ့လာရေး ပြီးစီးသွားပေမယ့် လယ်ယာမြေအသိမ်းဆီးခံကြရတဲ့  ဒေသခံလူထုရဲ့ ဆန္ဒကိုလျစ်လျူရှုကာ စီမံကိန်း ဆက်လက် တည်ဆောက်သွားရန်ကိုသာ ထိုလေ့လာရေးအဖွဲ့မှ တင်ပြခဲ့ခြင်း။

KCSN မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ-KCSN)
ကရင်နီပြည်နယ်အတွင်းရှိ သံလွင်မြစ်အပေါ် တည်ဆောက်ရန် လျာထားသည့် ရွာသစ်ရေကာတာ စီမံကိန်းအပါအဝင် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများ သွားရောက် လေ့ လာစောင့်ကြည့်ရန် လူမှုအဖွဲ့ အစည်းများအား ခွင့်ပြုရန် သဘောတူခဲ့ကြပေမယ့် KCSN ကိုယ်စားလှယ်များ ရေအားလျပ်စစ် (၆၀၀) မီဂါ၀ပ်ထုတ်လုပ်ရန်အတွက် တိုင်းထွာ မှုပြုလုပ်နေသည့် တရုတ်ဒါထန်း ကုမ္ပဏီရှိရာ ရေကာတာ တည်ဆောက်မည့်နေရာသို့ စက်တင်္ဘာလအတွင်း သွားရောက်ရာ လမ်းတွင် တားမြစ်ခြင်း စသည် တို့ကြောင့် ဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးသားထားပါတယ်။ “အဓိက ကတော့ ငြိမ်းချမ်းရေးကို ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် နှစ်ဦး၊ နှစ်ဖက်သဘောတူညီမှု ရရှိထားတဲ့ အချက်အပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ အကောင်အထည်ဖော်သွားဖို့။ နောက်လူထုတွေအတွက် စိတ်ရင်းစေတနာနဲ့ လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ခူးမီရယ်ဒူက ပြောကြားသွားပါတယ်။

 http://www.ktimes.org/index.php/news/366-kcsn

October 22, 2012

ကရင်နီပြည်နယ်တွင်း သံလွင်မြစ်တံတား တည်ဆောက်တော့မည်

ကရင်နီပြည်နယ်အတွင်း  သံလွင်မြစ်တံတားကို ဖားဆောင်းမြို့နှင့် ခဲမဖြူကြား နန်းဟုကုန်းရွာ အနီး၌ လာမည့်နွေ ရာသီတွင် ဆောက် လုပ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံးမှ တာဝန်ခံဖြစ်တဲ့ ကရင်နီပြည်ထဲရေး ဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ပဒိုဦးကွယ်က ယခုလိုရှင်းပြပါတယ်။
“သြဂုတ်လကတည်းက နေရာသွားကြည့်ထားကြတယ်။ ပထမနေရာ ရာထားတာက ၃ နေရာလို့ပြောတယ်။  နေရာ သတ်မှတ်ပြီးတော့မှ လာမည့်နွေဦးကျရင် အစီအစဉ်စလုပ်မယ်လို့ ပြောတယ်။ ဒါက သူတို့အပြောအရ ကျနော်တို့ကတော့ တိတိကျကျမသိဘူး တံတားလုပ်တာ ၆ လနဲ့ တနှစ်အတွင်းကြာမယ်လို့ပြောတယ်” လို့ ပြောပါတယ်။

သံလွင်မြစ်တဖက်ကမ်းသို့ ဖြတ်သွားမည့် ဇက်တစီး (ဓါတ်ပုံ-ကေတီ)
ဖားဆောင်းမြို့နယ်  သက်ဆိုင်ရာ မြေတိုင်း ဌာန၊ ဆောက်လုပ်ရေး ဌာနနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာမှ ဝန်ထမ်းတွေက ဆောက် လုပ်မည့် နေရာတွေကို ကွင်းဆင်း တိုင်းတာပြီး ဖြစ်ပါတယ်။ ၎င်းတည်ဆောက်မည့်တံတားက သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်း၊ မြန်မာနယ်စပ် လမ်းဖြစ်တဲ့ ဘီပီ ၁၃ နဲ့ ၁၄ကို ဆက်သွယ်မည့် အဓိကနယ်စပ်လမ်း အတွက် ဖြစ်ပါတယ်။
ဖားဆောင်းသံလွင်မြစ်ပေါ် တည်ဆောက်မည့် တံတားက နိုင်ငံတော် အစိုးရစီမံကိန်း တခုအနေနဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရဝန်ကြီးအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးကိုးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ဝန်ကြီးက “ကုန်ကျစာရိတ်တော့များမယ် ကုန်တော့ တော်တော်လေးကုန်မယ် အဲဒါလဲလုပ်မယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်မှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်ဘတ်ဂျက်က အဲလောက်မရှိဘူး သိန်းထောင်နဲ့ ချည်ရှိတယ်။ ပြည်ထောင်စု ဘတ်ဂျက်နဲ့လုပ်မယ်” လို့ ပြောပါတယ်။
ယခုနှစ်ကုန်ပိုင်းတွင် အမြန်ဆုံးစတင် အကောင်အထည်ဖော် ပြုလုပ်နိုင်ဖို့ စီစဉ်ရခြင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ အချိန်ကာလလည်းဖြစ်တယ် တဖက်ထိုင်းနိုင်ငံကလည်း လမ်းတွေကို စတင်ပြုလုပ် လာပြီဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ရှင်းပြပါတယ်။
“မယ်ဟောင်ဆောင်ကနေလည်း လမ်းတွေလုပ်လာပြီလို့ ကြားတယ် သူ့နယ်နဲ့သူကတော့ လုပ်လာပြီလေး။ ဒီဘက်ကလည်း လမ်း ကျဉ်းကျဉ်းလေးနဲ့ မရဘူး လမ်းချဲ့ရမယ် ကောင်းအောင်တော့ မြင့်တင်ရမယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ဖားဆောင်းမြို့ကနေ မော်ချီးဘက်ကိုသွားတဲ့လမ်းမှာ ၂ မိုင်ခန့်လောက်ကို ပေ ၅၀ ကျယ်အောင် လမ်းတွေကို ချဲ့ထွင်ထားပြီးဖြစ်တာကို တွေ့ရပါတယ်။

 http://www.ktimes.org/index.php/news/351-2012-10-22-06-52-02

October 4, 2012

ကရင်နီပြည်မှာ local monitoring အဖွဲ့ရှိသင့်ပြီ

နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်က ကရင်နီပြည်နယ်မှ ပြည်သူလူထုတွေဟာ ရှုပ်ထွေးမှုနဲ့ အခက်အခဲတွေကြားထဲက ရုန်းကန် ရှင်သန်ခဲ့ကြရတာ ဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ပြည်တွင်းစစ်တွေ လက်ထက်မှာ ကြီးပျင်းအသက်ရှင် နေထိုင်လာကြတဲ့ လူငယ်တွေဟာ ကိုယ့်နိုင်ငံအရေး၊ ကိုယ့်အမျိုးသားရေးဆိုတဲ့ စိတ်ဝင်ဝင်စားမှု လေ့လာခွင့် လုပ်ပိုင်ခွင့်တွေရဲ့ အခွင့်အရေးတွေ က ဝေးသထက်ဝေးလာ ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီးတဲ့နောက်မှာလည်း ဒီရှုပ်ထွေးမှုနဲ့ အခက် အခဲတွေက လူထုတွေမှာ အနည်းနဲ့အများကြုံတွေ့ နေကြရအုံးမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး သဘောတူ ထားတာ အခုဆိုရင် (၇) လရှိနေပါပြီ။ ဒီအတောအတွင်း လူထုတွေဘက်က ယခုအချိန်အထိ စိုးရိမ်နေမှုတွေ ကိန်းအောင်းနေပါသေး တယ်။ ဒီအခြေအနေတွေကို ချက်ချင်း ပျောက်သွားစေနိုင်မှာ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း ကိုယ့်အမျိုးသားရေး၊ ကိုယ့်လူမျိုးရေး ၊ ကိုယ့်နိုင်ငံ့အရေး ဆောင်ရွက်တဲ့နေရာမှာ ဒီမိုကရေစီ နည်းလမ်းကျဖို့က ဒေသခံလူထုတွေရဲ့ ပူးပေါင်း ပါဝင်မှုက အဓိကကျပါတယ်။
ယခုအချိန်လို အစိုးရနဲ့ ကေအဲန်ပီပီ နှစ်ဖက်စလုံးကနေပြီး တွေ့ဆုံဆွေးနွေးမှုတွေ တရားဝင်လက်မှတ်ရေးထိုး သဘောတူညီထားတဲ့ အချက်တွေ လက်တွေ့မှာ အမှန်တကယ် အပြန်အလှန် လေးစားလိုက်နာမှုရှိတယ်မရှိဘူးဆိုတာ ပြည်သူလူထုတွေ က လေ့လာစောင့် ကြည့်ကြ ဖို့ လိုအပ်လာပါတယ်။
ကရင်နီပြည်နယ်ရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အတောအတွင်းမှာ ဒါတွေကို လေ့လာစောင့်ကြည့်မည့် အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ပြည် တွင်းရော ပြည်ပမှာရော လူမှုအသင်းအဖွဲ့တွေကနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်မည့် local monitoring အဖွဲ့ ကော်မတီဖွဲ့ စည်းပြီလို့ ကြားနေရပေမဲ့လို့လည်း ယခုချိန်ထိ နိုင်ငံရေးရဲ့ အခက်အခဲ ရှုပ်ထွေးမှုပြသာနာ အောက်မှာပဲ ရှိနေကြပြီး ထုတ်ဖော်ပြော ဆိုလာခြင်း မပြုလုပ်ကြသေးပါဘူး။
လူထုအခြေပြု အဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းကို အခြေခံတဲ့အဖွဲ့ အစည်းတွေက ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်စောင့်ကြည့်နိုင် ဖို့ နည်းလမ်းအဆင့်ဆင့်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အချိန်အတိုင်းအတာ တခုအနေနဲ့ တဖြည်းဖြည်း လုပ်ယူရအုံးမယ်လို့ ဆိုကြပါတယ်။
KNPP နဲ့ အစိုးရတို့ ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် ၃ အရ အစိုးရနဲ့ KNPP  အကြား အပစ်အခတ် ရပ်စဲရေး ခိုင်မာစွာ တည်ဆောက်နိုင်ရန်နှင့် ငြိမ်းချမ်းမှု တည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင် ရွက်သွား နိုင်ရန်အတွက် ဒေသကြီး ကြပ်စောင့်ကြည့်ရေးအဖွဲ့အား ဖွဲ့စည်းထားရန် ဆိုပြီးသဘောတူထားကြပြီး ဖြစ်ပါတယ်။
အဲဒီမှာ ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ထားရှိမည့် လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန်ညှိနိုင်းရန် သဘောတူသည်ဆိုတဲ့ အချက်မှာ နှစ်ဖက်အစိုးရရဲ့  သြဇာအာဏာ လွမ်းမိုးမှုမရှိပဲ လူထုတွေဆီက အမှန်တကယ် ကိုယ်စားပြုမည့် လူပုဂ္ဂိုလ်တွေဖြစ် သင့်ပါတယ်။
ဒီငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်မည့်အဖွဲ့မှာ ပါဝင်မည့်သူတွေဟာ လက်တွေ့မှာလူထုနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေ ၊ အလုပ်အကျွေးပြုနေတဲ့သူတွေ၊ လူထုကလည်း အသိအမှတ်ပြုထားတဲ့သူဆိုရင် အစိုးရ နှစ်ဖက်စလုံးအပါအဝင် စစ်တပ်တွေ ၊ ဌာနဆိုင်ရာတွေအားလုံးက အသိအမှတ်ပြု လေးစားလိုက်နာရ မည့် monitoring အဖွဲ့ဖြစ်ပါတယ်။
နိုင်ငံရေးရဲ့ အခက်အခဲတွေ ရှုပ်ထွေးမှုတွေ အတားအဆီးတွေကို လူထုတရပ်လုံးက ရင်ဆိုင်ဖြေရှင်းမှသာလျှင် ရည်ရွယ်ချက် ပန်းတိုင်ကို ရရှိစေမှာဖြစ်ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ local monitoring အဖွဲ့ ကရင်နီပြည်မှာ အမြန်ဆုံးဖြစ်ပေါ်လာဖို့ လိုနေပါပြီ။

http://www.ktimes.org/index.php/opinion/340-local-monitoring

October 2, 2012

ကရင်နီပြည်နယ် ရွာသစ်ဆည် တည်ဆောက်ရေး ပွင့်လင်းမှုရှိရန် KCSN တောင်းဆို

အောက်တိုဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရွာသစ်တွင် သံလွင်မြစ်ရေကို အမှီပြု၍ တည်ဆောက်သည့် ရွာသစ်ဆည်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN)က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။

KCSN တာဝန်ခံဖြစ်သူ ခွန်းမီရယ်က “ဒီဆည်စီမံကိန်းကို အကယ်၍ မရပ်ဘူးဆိုရင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ အစိုးရအကြား) ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အနှောက်အယှက်ဖြစ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ဒါကြောင့် ဒီဆည် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာအစိုးရသည် KNPP နှင့် ဆွေးနွေးသဘောတူညီချက်အရ ရေကာတာ အပါအဝင် အကြီးစားစီမံကိန်းလုပ်ငန်း ပြု လုပ်ပါက ပြည်သူလူထုနှင့် လူမှုအသင်းအဖွဲ့အပေါ် ပွင့်လင်းမြင်သာမှုရှိရန် ပါ၀င်သည်ဟု သူက ဆက်လက် ထောက်ပြပြောဆို ခဲ့သည်။
ရွာသစ်ဆည် တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်ဒါတန် ကုမ္ပဏီတို့ ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံပြီး နှစ်ဦးနှစ်ဘက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ၎င်းတို့နှစ်ဘက် သဘောတူညီခဲ့ပြီးနောက် စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအချိန်တွင် စတင် တည် ဆောက်မှုအပိုင်း မရောက်သေးသော်လည်း ဆည်လုံခြုံရေးအဖြစ် အစိုးရတပ်များ လာရောက်တပ်စွဲထားမှုများ ရှိသည်ဟု KCSN က ဆိုသည်။
ယနေ့မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ကာ ပြည်တွင်းသတင်းထောက် ၃၀ကျော် တက်ရောက်ခဲ့သည့် ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ဆည်တည်ဆောက်နေချိန် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိကို KCSN ဘက်မှ ကွင်းဆင်းလေ့လာလိုကြောင်း အစိုးရထံ တောင်းဆိုခြင်းဖြစ်သည်ဟု ခွန်းဘီထူးက ယခုလို ပြောသည်။
“ဒီဆည်ကိုဆောက်တာ ဘာတွေဖြစ်မလဲဆိုတာ မသိရပေမယ့် အစိုးရဘက်ကနေ ပွင့်ပွင့်လင်းလင်း ချပြပြီးတော့မှ လုပ်ဆောင် တဲ့ စီမံကိန်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ကျနော်တို့ကို လေ့လာခွင့်ပေးပြီး ပွင့်ပွင့်လင်းလင်း ချပြမှပဲ လုပ်သင့်တာ ကို ဆက်လုပ်ပါလို့ တောင်းဆိုတာပါ”ဟု ခွန်းဘီထူးက ပြောဆိုသည်။
Karenni Civil Society Network-KCSN ကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီလူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ အပါအဝင် လူမှုအသင်းအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

http://www.kicnews.org/?p=13543

September 30, 2012

ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းပြုလုပ်

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ဒုက္ခသည် ကလေးတွေ ကာကွယ် စောင့်ရှောက်ရေးအတွက် (Child Protection) အဖွဲ့ နှင့် ကက်သလစ်အရေးပေါ် လူမှု ကယ်ဆယ်ရေး (COERR ) အဖွဲ့ တို့ ကနေပြီး သင်တန်း ပြုလုပ်ခဲ့ကြပါတယ်။  
အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် ကလေးတွေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
ဒီသင်တန်းကို အဓိက အားဖြင့် (COERR) ဝန်ထမ်းအဖွဲ့ဝင်တွေကို ပို့ချပေးနေတာဖြစ်ပြီး လူဦးရေ ၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ ကြပါတယ်။

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ပြုလုပ်ခဲ့သော ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်း (ဓါတ်ပုံ-ကေတီ)
“အဓိက ကတော့ COERR ဝန်ထမ်းတွေကို ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကာအကွယ် ပေးရမလဲ ဆိုတဲ့ စွမ်းရည်ပိုင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အရည် အချင်းတွေကို မြှင့်တင်ပေး ချင်တာရယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေ၊ အကာအကွယ် မဲ့နေတဲ့ ကလေးတွေ အတွက် ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမလဲ ဆိုတာတွေကို မြှင့်တင်ပေးဖို့ပါ” ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည် စခန်း ၉ ခုလုံးမှာ ရှိတဲ့ ကလေးများ ကာကွယ်ရေး နဲ့ပတ်သက်ပြီး Child protection specialist  ပွန်ဆန်သီယ ကနေပြီး သင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြသွားတာပါ။
COERR နဲ့ ကလေးကာကွယ်ရေး အဖွဲ့တို့ လက်တွဲလုပ်လာတဲ့ ကာလဟာ ရ နှစ်ခန့်ရှိနေပါပြီ။ အဲ့ဒီ ရ နှစ်အတွင်းမှာ ကလေးများအား လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မိဘများမှ လျစ်လျူရှုမှုတွေ စတဲ့ ကိစ္စရပ်တွေလည်း တချို့သော စခန်းတွေမှာ တဖြည်းဖြည်းနဲ့ တိုးလာတယ်လို့လည်း ပြောပါတယ်။
ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (COERR ) မှ ကွင်းဆင်း မန်နေဂျာဖြစ်တဲ့ Benjawan Maliwan ကနေပြီးတော့ ထိုင်းဥပဒေက ဒုက္ခသည်ကလေးများ အတွက် ဘယ်လို အကာအကွယ်ပေးထားလဲ ဆိုတာကို အခုလိုရှင်းပြ သွားပါတယ်။
“၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ကလေးများရဲ့အခွင့် အရေး ကာကွယ်ဖို့ ရေးထိုးထားတဲ့ စာချုပ်အရ ဆိုရင် ကလေးတွေ အားလုံး၊ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ ဒုက္ခသည် ကလေးပဲ ဖြစ်ဖြစ်၊ သူတို့ကို ဒီစာချုပ် (Child’s Right Protection) ရဲ့ အကာအကွယ်အောက်မှာ ရှိနေရမှာပါ။ တကယ်လို့ ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာရင်တော့ ဒီထိုင်းဥပဒေ အတိုင်းသွားရမှာပါ” လို့ ပြောပါတယ်။
COERR အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းများ အားလုံးမှာ လူမှုရေး ဆိုင်ရာကယ်ဆယ်မှု လုပ်ငန်းများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခု လည်းဖြစ်ပါတယ်။
သင်တန်းကို စက်တင်ဘာလ ၂၇၊ ၂၈ ရက် ၂ ရက်သာ ပို့ချခဲ့တယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/news/334-2012-09-30-05-33-55

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့် ကြည့်နိုင်ဖို့ တရားဝင်အဖွဲ့ ဖွဲ့စည်းရန် လိုအပ်

ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင်အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လူမှုအခြေပြု အသင်းအဖွဲ့များ  ယမန်နေ့က ထိုင်း၊ မြန်မာနယ်စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။
အဲဒီလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Myanmar Peace Support Initiative (MPSI) အဖွဲ့ကနေပြီး အဓိက လာရောက် ပံ့ပိုး ဆွေးနွေးပေးသွား ခဲ့ကြပါတယ်။
Consultant for Myanmar Peace Support Initiative (MPSI) မှ Ashley south က လာရောက် ကူညီပ့ံပိုးရခြင်းအတွက် ယခုလို ရှင်းပြပါတယ်။

ကရင်နီပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင် လေ့လာစောင့်ကြည့်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်ရုံဆွေးနွေးပွဲ (ဓါတ်ပုံ-ကေတီ)
“ကျနော့အနေနဲ့ နားလည်ထားတာက ကေအန်ပီပီနဲ့ အစိုးရတို့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူထားတာ တခုကတော့ ကရင်နီပြည်မှာ ဒေသလေ့လာ စောင့်ကြည့်တဲ့ ယန္တာရား တခုတော့ ရှိရမယ်ပေါ့။ အဲ့ဒါကြောင့် ကရင်နီလူမှု အခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ အဲ့ဒီမှာပါဝင်နိုင်အောင် ကမ်းလှမ်းဖို့လည်း အရေးကြီးတယ်လို့ ကျတော်ထင်တယ်။ ဒါမှပဲသူတို့ CBOs တွေအနေနဲ့လည်းဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသိရှိရမှာ ဖြစ်ပြီး သူတို့အနေနဲ့လည်း အထောက် အကူတွေ ပေးနိုင်မယ့် အခန်း ကဏ္ဍကိုလည်း ရရှိလာမှာဖြစ်တယ်” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာစောင့်ကြည့်နိုင်မည့် အဖွဲ့ဖွဲ့ဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူ ထားခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကေအန်ပီပီက နေပြီးတော့လည်း နှစ်ဖက်အစိုးရအကြား သဘောတူထားတဲ့ အချက်အလက်တွေ လေးစား လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ အဖွဲ့တခု မဖြစ်မနေရှိသင့်တယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူးခူဦးရယ်က “အမှန်ကတော့ ကျနော်တို့ ကယား၊ ကရင်နီပြည်နယ် က လက်ရှိအနေအရ ကြည့်ရမယ် ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့ ပြည်တွင်းမှာ CBOs တွေရှိတယ်။ လူမှု အဖွဲ့အစည်းတွေပေါ့၊ နယ်စပ်မှာလည်းရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေကို ကျတော်တို့ တကယ်ပဲ လေးစားလိုက်နာမှု ရှိ၊ မရှိ၊ ပြည်သူလူထု တွေကို လည်းပဲ နှစ်ဖက်စလုံး တပ်ဖွဲ့ တွေကလည်းပဲ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ထပ်မံဖြစ်ပေါ်မှု ရှိ၊ မရှိအဲ့ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ကြားကနေ ပြီးတော့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက ရှိသင့်တယ်လို့ ကျတော်တို့ အဖွဲ့ကအမြင်ရှိတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ လက်ရှိနိုင်ငံရေး အခြေအနေကို စောင့်ကြည့်လေ့လာနိုင်တဲ့ Monitoring အဖွဲ့လက်တွေ့မှာ ဖွဲ့စည်းပြီး လုပ်ငန်းအကောင် အထည်ဆောင်ရွက်နိုင်ဖို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲက ကေအန်ပီပီနဲ့ အစိုးရ နောက်တခါ ထပ်မံတွေ့ဆုံ တဲ့အချိန်မှာ ဒီအဖွဲ့ကို အသိအမှတ်ပြုဖို့ နဲ့လိုအပ်တဲ့ နည်းလမ်းတွေ ရရှိနိုင်ဖို့ ကူညီပံ့ပိုးတဲ့အနေနဲ့ ပြုလုပ်ကြတယ်လို့ ဆက်ပြောပါတယ်။
ဆရာခူးဦးရယ်က “ပြည်တွင်းမှာရော နယ်စပ်တွေမှာရှိတဲ့ CBOs အဖွဲ့အစည်းတွေက သူတို့ ကာယကံရှင် ကိုယ်တိုင်က ရဲရဲတင်းတင်း သူတို့ဖာသာသူတို့  စုရုံးကြပြီးတော့ အဲ့ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့ဖို့ သူတို့ စိတ်အမြင် ဆန္ဒရှိသော်လည်းပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ သူတို့ စိုးရိမ်ကြောင့်ကြမှု တွေရှိနေကြလို့ သူတို့မလုပ်နိုင်ဘူးလို့ ပြောလို့ရတာပေါ့လေ။ အဲ့တော့ သူတို့ကို ကျနော်တို့ အဲ့ဒီလိုတကယ်ပဲ လက်တွေ့နယ်ပယ်မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်အောင် ကျတော်တို့က သူတို့ကို ပံ့ပိုးတဲ့အနေနဲ့ လိုအပ်မယ့် နည်းနာတွေ၊ လုပ်ထုံးလုပ်နည်းတွေ နောက်ပြီးတော့မှ ဘယ်လိုစု ဖွဲ့ကြမလဲ၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ကြမလဲ ၊နောက် ဘယ်လိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ကြမလဲ ၊ နောက်ဘယ်လို သတင်းအချက်အလက်တွေ မျှဝေမလဲ၊ အသိပေးမလဲ၊ တိုင်တောမလဲ၊ အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့ နည်းနာလေးတွေ အပါအဝင်ပေါ့နော်” လို့ ပြောပါတယ်။


MPSI အဖွဲ့အနေနဲ့လည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလဟာ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပဋိပက္ခဖြစ်တဲ့ အတွက်ကြောင့်မို့လို ဒီအချိန်က နိုင်ငံရေး ဆွေးနွေးမှုပြု လုပ်ဖို့အချိန် စတင်သင့်ပြီ ဖြစ်တယ်လို့ Ashley south က  ပြောပါတယ်။ “အမှန်တော့ ဒီတိုင်းရင်းသား အရေးတွေ၊ အောက်ခြေသိမ်းက စတဲ့ပြဿနာတွေ ကိုဖော်ထုတ်ပြသ နိုင်ဖို့ဆိုရင်တော့ ဒီနိုင်ငံရေး ဆွေးနွေး ပွဲက မရှိမဖြစ် လိုအပ်ပါတယ်။ တကယ်လို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တို့ က နိုင်ငံရေး ဆွေးနွေးပွဲကို သဘောမတူနိုင်ဘူး ဆိုရင်တော့ နောက်ကျရင် ပြဿနာတခု ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်နီ လူမှုအဖွဲ့ အစည်းစုစုပေါင်း ၁၃ ဖွဲ့မှ လူငယ်တွေက တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

 http://www.ktimes.org/index.php/news/335-2012-09-30-12-04-15

September 11, 2012

KNPP နှင့်၈၈မျိုးဆက်ကျောင်းသား အဖွဲ့တို့ပထမဆုံး အကြိမ် မြန်မာ့ နိုင်ငံ ရေးဆွေးနွေး

စက်တင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့သည် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့မနက် ၉နာရီမှ ၁၂နာရီအထိ ပထမဆုံးအကြိမ် တွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးခဲ့သည်။
KNPP ၏ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ ခူဒယ်နီရယ်က “ဗမာပြည် ပြုပြင်ပြောင်းလဲရေး၊ ဗမာပြည် စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ နောက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးခဲ့တယ်။ ဒါ ကျနော်တို့ တွေ့ဆုံခြင်းရဲ့ လမ်းစတခုပဲလို့ မြင်ပါတယ်”ဟု ကေအိုင်စီသို့ ပြော သည်။
ယင်းတွေ့ဆုံမှုတွင် KNPP ဘက်မှ ခူဒယ်နီရယ်(ပြည်တွင်း ဆက်ဆံရေးတာဝန်ခံ)၊ ခွန်းစမ်းရှိုင်း(တွဲဖက်တာဝန်ခံ)၊ အေးမွန်(ရုံးဝန်ထမ်း)နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမြအေး(ငြိမ်းချမ်းရေးတာဝန်ခံ) ဦးဆောင်သည့် ကိုထွန်းမြင့်အောင်(လယ်သမားရေးရာ တာဝန်ခံ)၊ ကိုစိုးထွန်း (လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ)၊ မမီမီလွင်(ငြိမ်းချမ်းရေးအဖွဲ့ဝင်)နှင့် မစန်းစန်းမော် (ငြိမ်းချမ်း ရေးအဖွဲ့ဝင်)တို့ ပါ၀င်သည်။
အမှန်အားဖြင့် ၎င်းတို့နှစ်ဖွဲ့သည် စနစ်တကျ တွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိသော်လည်း တွေ့ဆုံသည့်အချိန်တွင် လက်ရှိ မြန်မာ့နိုင်ငံ ရေးနှင့်ပတ်သက်၍ ဆွေးနွေးရင်း အချက်အလက်များစွာ ထွက်ပေါ်ခဲ့သလို နှစ်ဘက် အားရကျေနပ်မှုများလည်း ရရှိခဲ့သည်ဟု KNPP က ဆိုသည်။

တွေ့ဆုံဆွေးနွေးခဲ့မှု အကြောင်းအချက်များထဲမှ အချက် ၆ချက်ကို ထုတ်ယူ၍ နှစ်ဘက်အဖွဲ့မှ ပူးတွဲ သဘောထားကြေညာချက်ကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိသည့် စစ်မှန်သော ပြည်ထောင်စုပေါ် ထွန်းရေး၊ ကယားပြည်နယ်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ရန် နိုင်ငံရေးပဋ္ဋိပက္ခများ ဖြေရှင်းရာ တွင် ဒေသခံလူထု၏ သဘောတူ ပူးပေါင်းဆောင်ရွက်မှု ရယူရေးတို့ ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အစိုးရ အပါအဝင် မည်သည့်အ သင်းအဖွဲ့များနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ကချင်ပြည်နယ် စစ်ပွဲကို အမြန်ဆုံးရပ်တန့်ပြီး စစ်မှန် သည့်ငြိမ်းချမ်းရေး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေဖြင့်လည်း တဖက်တလမ်းမှ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုမြအေး၏ ပြောကြားချက်ကို ခူဒယ်နီရယ်က ကေအိုင်စီသို့ တဆင့် ပြန်လည် ပြောဆိုခဲ့သည်။

http://www.kicnews.org/?p=13318

KNPP အဖွဲ့ဝင်များနှင့် ၈၈ ကျောင်းသားများ မြန်မာ့နိုင်ငံရေးပဋ္ဋိပက္ခ ဖြေရှင်းနိုင်ရေး ဆွေးနွေးကြ

 ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ မြန်မာနိုင်ငံရေး ပဋ္ဋိပက္ခဖြေရှင်းဖို့နိုင်ဘို့ အတွက် ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ မစတင်မှီ ဒီမိုကရေစီဖြစ်ပေါ်ထွန်းကားလာဖို့အတွက် နိုင်ငံရေးပဋ္ဋိပက္ခ တွေကို
အရင်ဆုံးဖြေရှင်းရမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ခူဒယ်နီယာက ပြောပါတယ်။



KNPP ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံကြစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)
ခူဒယ်နီယာက  “လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့  ရှေ့လာမည့် ဒီမိုကရေစီရေး အခြေအနေတွေကို ဆွေးနွေးခဲ့ ကြတယ်။ ဒေသဖွံ့ဖြိုးရေး လုပ်တဲ့နေရာမှာ မလုပ်ခင် နိုင်ငံရေးအဓိကပြေလည်ဖို့ ပဋ္ဋိပက္ခတွေ အရင်ဖြေရှင်း ဖို့လိုမယ်။ အဲဒါမှ ရေရှည်တည်တံ့ခိုင်မြဲမယ်။ လူထုတွေပါဝင်ဖို့နဲ့ လူထုရဲ့ သဘောထားအတိုင်း ဆောင်ရွက်ဖို့ လည်းလိုတယ်” လို့ ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲကို ယနေနံနံက် ၉ နာရီက လွိုင်ကော်မြို့ရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ ဆက်ဆံရေး ရုံးမှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
တွေ့ ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေး အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတဲ့ အပြင် လွိုင်ကော်မြို့နယ် ချိကယ် ကျေးရွာအုပ်စု ပကျဲတောင်ဘက်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကိုလည်း ဒေသခံ ရွာသူရွာသားတွေရဲ့ သဘောတူညီချက် ရမှသာလျှင် ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြောင်းကို လည်း အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးသွား ခဲ့ကြတယ်လို့ သိရပါတယ်။

“ဒီဘိလပ်မြေစက်ရုံစီမံကိန်း ကိစ္စမှာလည်း လူထုရဲ့ သဘောတူညီရမှသာလျှင် လုပ်သင့်တယ်ဆိုပြီး ဆွေးနွေးခဲ့ကြတယ်။ အဲဒါတွေ သေချာလုပ်နိုင်ဖို့ အတွက်ဆိုရင် အဓိကကတော့ ဒီမိုကရေစီရှိဘို့ လိုတယ်။ ဒီမိုကရေစီပေါ်ထွန်းဖို့ အတွက် ဆောင် ရွက်နိုင်ရေး ကျနော်တို့  ဆွေးနွေးခဲ့ကြတာပါ” လို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။

ယခုလို ၈၈ မျိုးဆက်ကျောင်းသားများနဲ့ (KNPP) ကိုယ်စားလှယ်တို့ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးကြတာ ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတာဝန်ခံ ကိုမြအေး၊ လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ ကိုစိုးထွန်း၊ ငြိမ်းချမ်းရေးအဖွဲ့ဝင် မမီမီလွင်နှင့် မစန်းစန်းမော်တို့က သွားရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 http://www.ktimes.org/index.php/news/322-knpp-8888-meeting

ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်ရေး လက်တွဲကြိုးပမ်းမည်ဟု ၈၈ နှင့် ကရင်နီပါတီပြော

 ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု
ပေါ်ထွန်းရေးအတွက် လက်တွဲ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

အင်္ဂါနေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သည့် ငါးဦးပါ အဖွဲ့နှင့် သုံးဦးပါ KNPP အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါဥခုရပ်ကွက်ရှိ KNPP ဆက်ဆံရေးတွင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ များနှင့် ရှေ့အလားအလာများကို ဆွေးနွေးကြပြီးနောက် ပူးတွဲ ထုတ်ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ငါးဦးတွင် ကိုမြအေး - ငြိမ်းချမ်းရေးတာဝန်ခံ (အဖွဲ့ခေါင်းဆောင်)၊ ကိုထွန်းမြင့်အောင် - လယ်သမားရေးရာ တာဝန်ခံ၊ ကိုစိုးထွန်း - လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ၊ မမီမီလွင် - ငြိမ်းချမ်းရေးအဖွဲ့ဝင်နှင့် မစန်းစန်းမော် - ငြိမ်းချမ်းရေးအဖွဲ့ဝင် တို့ ပါဝင်ပြီး KNPP ကိုယ်စားလှယ် သုံးဦးတွင် ခူဒယ်နီရယ် - ပါတီ ဗဟိုကော်မတီဝင် (ဆက်ဆံရေးရုံး တာဝန်ခံ)၊ ခွန်းစမ်းရှိုင်း - တွဲဖက်တာဝန်ခံနှင့်
အေးမွန် - ရုံးဝန်ထမ်းတို့ ပါဝင်သည်။

“လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက် ပေးသည့်၊ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လက်တွဲကြိုးပမ်း သွားမည်” ဟု သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျနော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ မဖြစ်မနေ လုပ်သွားရမယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုမြအေး က ပြောသည်။

KNPP နှင့် ပွင့်လင်းစွာ ဆွေးနွေးရသည်မှာ အားရကျေနပ်မိကြောင်း၊ KNPP ဘက်ကလည်း တိုင်းပြည် တိုးတက်ရေး တွင် ပူးပေါင်း ဆောင်ရွက်ရန် လိုလားမှု ရှိသည်ကို တွေ့မြင်ရကြောင်းလည်း ကိုမြအေး က ပြောသည်။

KNPP အတွင်းရေးမှူး ခူဦးရယ် ကလည်း “ဗမာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ များတဲ့ အခါကျတော့ ဖက်ဒရယ်
ပြည်ထောင်စုသာလျှင် ကျနော်တို့အတွက် အသင့်မြတ်ဆုံး လူမျိုးတိုင်း တန်းတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့စနစ် ဖြစ်တယ် လို့ မှတ်ယူတယ်လေ။ အဲဒါကြောင့် ၈၈ ကျောင်းသားတွေနဲ့ ပထမဆုံး တွေ့ပေမဲ့ နောက်ဆက်တွဲတွေ လာဦးမယ့် အစကောင်းလို့ပဲ ကျနော်တို့ မြင်ပါတယ်” ဟု ပြောသည်။

ပူးတွဲ သဘောထား ကြေညာချက် ၆ ချက်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် မည်သည့် အသင်းအဖွဲ့များနှင့် မဆို ပူးပေါင်းသွားရန်နှင့် လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွား
နေသော စစ်ပွဲများအား အမြန်ဆုံး ရပ်တန့်ရေးအတွက် အစိုးရကို တိုက်တွန်းသည့် အချက်များလည်း ပါဝင်သည်။

“အခု KIO/KIA နဲ့ ငြိမ်းချမ်းရေးကလည်း အရေးကြီးတယ်။ ဒါ့ကြောင့် ကျနော်တို့ ၈၈ ကျောင်းသားတွေဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်ကို ကျနော်တို့ မူဝါဒထဲမှာ ထည့်ထားတာ ရှိတယ်” ဟု ကိုမြအေး က ပြောသည်။

၈၈ ကျောင်းသားများ၏ ယခုတွေ့ဆုံမှုသည် ၂ဝ၁၂ ခုနှစ်၊ မတ်လ ရ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် KNPP နှင့် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။

KNPP နှင့် တွေ့ဆုံပြီးနောက် ၈၈ ကျောင်းသား ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက် ချိကယ်ကျေးရွာအုပ်စု ပကျဲတောင်တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံကြောင့် လယ်ယာမြေ အသိမ်းခံရ သည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း ၈၈ ကျောင်းသားတဦး ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ ကိုစိုးထွန်း က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက် ဇန်နဝါရီလတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ မတ်လကုန်ပိုင်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ပွင့်လင်း လူ့အဖွဲ့အစည်း အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းရေး စသည်တို့ကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အယူအဆများ ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် နိုးကြားလာရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ၎င်းတို့၏ ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် ကချင်၊ ကရင်၊ မွန် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်
တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ အဓမ္မ လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စများ ပူးပေါင်းဖြေရှင်း လုပ်ဆောင်သွား ရန် သဘောတူခဲ့ကြသည်။

 http://www.mizzimaburmese.com/news/inside-burma/10084-2012-09-11-11-31-54.html

 ငြိမ်းချမ်းမှု အတွက် ၈၈ နှင့် KNPP တို့ ပူးတွဲ ကြေငြာချက် ထုတ်ပြန်

 

karenni-flag_112၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူကို မြအေးနှင့် အဖွဲ့သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် လွိုင်ကော်မြို့တွင် ယမန်နေ့၌ တွေ့ဆုံခဲ့ပြီးနောက် အချက် (၆) ချက်ပါသော ပူးတွဲ ကြေငြာချက် တစ်ခု ထုတ်ပြန် လိုက်ပါသည်။
 “ဗမာပြည်မှာ တကယ်တန်း ဒီမိုကရေစီ ပေါ်ထွန်းပြီး ငြိမ်းချမ်းရေး ပြည့်ပြည့်ဝဝ ပေါ်ထွန်းနိုင်ဖို့ကို သက်ဆိုင်ရာ လူ့အဖွဲ့ အစည်း တွေက တဆင့် အခုလိုမျိုး လမ်းစရှာပြီး လုပ်ဆောင် ကြတာတော့ ကောင်းတယ် လေနော်” ဟု KNPP အတွင်း ရေးမှူး (၂) ဦးအောင်ဆန်းမြင့်မှ ဆိုပါသည်။
ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင်  လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက် ပေးသည့်၊ တိုင်းရင်းသား အားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် လက်တွဲ ကြိုးပမ်းကြသွားရန်၊ နှင့် ကချင် ဒေသ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေး ဟူသည့် အချက် (၆) ချက် ပါရှိပါသည်။
ယင်းတွေ့ဆုံပွဲကို လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး၌ ပြုလုပ်ခဲ့ပြီး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဘက်မှ ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီရယ် (ဗဟိုကော်မီတီဝင်) ၊ခွန်းစမ်းရှိုင်းနှင့် ကိုအေးမွန်တို့ တက်ရောက် ခဲ့ကြပြီး ၈၈ မျိုး ဆက်ကျောင်းသားများ ဘက်မှ ငြိမ်းချမ်းရေး တာဝန်ခံကို မြအေးနှင့် ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမီမီလွင်၊ နှင့် မစန်း စန်းမော်တို့ တက်ရောက် ခဲ့ကြပါသည်။
ပူးတွဲ ကြေညာချက်တွင် အထူးသဖြင့် ကချင် ပြည်နယ်တွင် ယနေ့ ဖြစ်ပွား နေသော စစ်ပွဲများအား အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝသည့် ဆွေးနွေး ပွဲများ အမြန်ဆုံး ဆောင်ရွက် သင့်ကြောင်း အစိုးရအား တိုက်တွန်းထားပါသည်။
“ဒီနေ့ အစိုးရနဲ့ ကျွှန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ လုပ်နေတာက အပစ်အခတ် ရပ်စဲရေး အဆင့်ပဲ ရှိသေးတယ်လေ၊ တည်ငြိမ်တဲ့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်အောင် လုံးပန်းနေရ သေးတယ်၊ တကယ့် နိုင်ငံရေး အခြေ အနေကို ကျွှန်တော်တို့ ဘာမှ မပြောရ သေးဘူး။ ဗမာပြည်ကြီးမှာ ငြိမ်းချမ်းရေး ရဖို့ဆိုတာ အဓိပ္ပါယ် ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာမှပဲ ဖြစ်မယ်လေ” ဟု ဦးအောင်ဆန်းမြင့်မှ ဆိုပါသည်။
KIA_and_88_G_in_Laizaကိုမြအေးတို့ အဖွဲ့ KIOနှင့် သွားရောက် ဆွေးနွေးစဉ်
 ထို့ပြင် ချိကယ် ကျေးရွာ အုပ်စု ပကျဲတောင်တွင် ရာထားသော တနေ့လျှင်တန် (၆၀၀)ကျ အစိုးရ ဘိလပ်မြေ စက်ရုံ တည်ဆောက်ရေး စီမံကိန်းသည်  ဒေသခံ ရွာသားများ၏ သဘော တူညီမှုဖြင့် ဆောင်ရွက်သင့်သည်ဟု နှစ်ဖက် စလုံးမှ ယူဆ ထားပါသည်။
ဤတွေ့ဆုံမှုသည် KNPP နှင့် ၈၈ မျိုးဆက် ကျောင်းသား တို့အကြား ပထမ ဦးဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပြီး၊ ဤတွေ့ဆုံမှု အပေါ် အစိုးရဖက်မှ တစုံတရာ တုန့်ပြန်မှု မရှိဟု သိရပါသည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးတို့ အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လတွင်လည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO ) နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2108--knpp-.html

KNPP နှင့် ၈၈ ကျောင်းသားများအဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်

ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ကရင်နီ တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ ၈၈ ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ လွိုင်ကော်မြို့မှာ တွေ့ဆုံပွဲကနေ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် KNPP ဗဟိုကော်မတီဝင် ဆက်ဆံရေး တာဝန်ခံ ခူးဒယ်နီရယ်အဖွဲ့နှင့် ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အချက် ၆ ချက် ပါ၀င်ပါတယ်။ အဲဒီအထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူ ညီမျှခြင်းများကို အာမခံချက်ပေးပြီး တိုင်းရင်းသား အားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်အတွက် လက်တွဲ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်ပွဲများ ချက်ခြင်းရပ်ပြီး နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဆွေးနွေးပွဲမှာ KNPP အဖွဲ့က ဥိီးဆောင်သူ ခူးဒယ်နီရယ်က ငြိမ်းချမ်းရေးအတွက် အစိုးရဲ့ စစ်တပ်ဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
"တပ်ကိစ္စပေါ့။ တပ်နဲ့ အဖွဲ့အစည်းနဲ့ နောက် အစိုးရအဖွဲ့နဲ့ သေချာသဘောတူညီမှု ရှိဖို့လိုတယ်။ တပ်ဆိုတာက ဒီအစိုးရနဲ့ ဦးဆောင်တဲ့ ညွှန်ကြားချက်မျိုးကို တပ်က လိုက်နာသင့်တယ်။ စသဖြင့်ပေါ့လေ။ အဲဒါမျိုး လိုအပ်နေပါတယ်။ အဓိကကတော့ တပ်ပြဿနာပါပဲ"
အလားတူ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် အဖွဲ့ပေါင်းစုံ လက်တွဲဆောင်ရွက်ကြဖို့ အဓိက ဖြစ်တယ်လို့လည်း KNPP အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ၈၈ ကျောင်းသားများအဖွဲ့က ကိုမြအေး ဦးဆောင်ပြီး KNPP အဖွဲ့က ဗဟိုကော်မတီဝင် ဆက်ဆံရေးတာဝန်ခံ ခူးဒယ်နီရယ် ဦးဆောင်ဆွေးနွေးတာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/knpp-88-gs-09112012133328.html

September 10, 2012

ပထမဆုံးအကြိမ်ကရင်နီအမျိုးသား အာဇာနည်နေ့ ပြည်တွင်းတွင်ကျင်းပ

စက်တင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)

မြန်မာပြည်တွင်းတွင် (၆၄)နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် မြလဲကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။
ကရင်နီတော်လှန်ရေးအတွင်း အသက်ပေး ကျဆုံးသွားခဲ့ကြသည့် ကရင်နီ အာဇာနည် သူရဲကောင်းများကို သတိရအောက်မေ့သည့်အနေ နှင့် ကရင်နီအမျိုးသား အာဇာနည်နေ့ကို ကရင်နီပြည် လွတ်မြောက်နယ်မြေအတွင်းရှိ အမာခံ တပ်စခန်းတခုတွင် ယခင်နှစ်များက နှစ်စဉ် ကျင်းပလာခဲ့ကြသော်လည်း ယခုနှစ်မှသာ ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဦးဆောင်ကျင်းပခဲ့ပြီး ကရင်နီအမျိုးသားအာဇာနည်နေ့ ပေါ်ပေါက်လာပုံ နှင့် ပတ်သက်၍ ကရင်နီပြည်သူများ၊ အနာဂတ်လူငယ်များ သိရှိလာအောင် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ကရင်နီအ မျိုးသား တိုးတက်ရေးပါတီ ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာက ပြောသည်။
ခူဒယ်နီယာက “ဒီလိုမျိုး အခမ်းအနားကျင်းပတာက ဒါ ပထမဆုံးအကြိမ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တချို့ဒုက္ခသည်စခန်းတွေ မှာ ကျင်းပတာရှိတယ်။ အဓိကကတော့ ကျနော်တို့ အာဇာနည်နေ့ရဲ့ သမိုင်းအကြောင်းတွေကို လူထုတွေ သိလာအောင် ပြောပြတာပေါ့” ဟု ဆိုသည်။
အခမ်းအနားသို့ ကရင်နီဒေသရှိ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားကြသည့် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ကယန်း ပြည်သစ်ပါတီ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယောနီအဖွဲ့၊ ကရင်နီအမျိုးသမီးအဖွဲ့ အပါအဝင် စုစုပေါင်း လူ ၄၀၀ကျော် တက်ရောက်သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကရင်နီအမျိုးသမီးတဦးက ပြောသည်။
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင်ဖြစ်သည့် ဦးဘီတူရီ ကျဆုံးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကို ကရင်နီ အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၆၄နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင်သည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် ဦးနု ဦးဆောင်သည့် ဖဆပလအစိုးရ အဖွဲ့နှင့် မြလဲရွာတွင် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ကျဆုံးသွားခဲ့သည်။


http://www.kicnews.org/?p=13296

လူထုက စစ်တပ်အတွက် ဆန်အိတ်တွေ ထမ်းသယ်ပေးရ

Sunday, 09 September

ကရင်နီပြည်နယ် ရှားတောမြို့နယ် မြောက်ပိုင်းအုပ်စု ကျေးရွာတွင် နေထိုင်ကြတဲ့ ဒေသခံရွာသားတွေက ထင်းရူးတောင် တပ်စခန်းအတွက် ဆန်အိတ်တွေကို ထမ်းပိုးသယ်ဆောင် ပေးနေရတယ်လို့ သိရပါတယ်။
ဒေါမူလဲရွာသွားတဲ့လမ်းဟာ တောက်လျှောက်တောင်တက်ခရီးဖြစ်ပြီး ယခုလို မိုးရာသီအချိန်မှာ အန္တာရာယ်ရှိတယ်လို့ ရှားတောမြို့ နယ်အတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ တဦးက ပြောပါတယ်။
“တောင်ထိပ်ထိတက်ရတာ မလွယ်ဘူး။ လူတယောက်ကို အဲဒီထိ ထမ်းတက်ရင် အနည်းဆုံး ဆန်တပုံးဘဲနိုင်မှာပေါ့ အခုက ၂ ယောက်ကိုတအိတ်စီ ထမ်းရပါတယ်။ ပွိုင့် ၅၁၅၀ ထင်းရူးတောင်တပ်စခန်းမှာ နယ်ခြားစောင့်တပ်နဲ့ ဗမာစစ်တပ်ရှိပါတယ်”  လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ် ၁၀၀၅ တပ်ကနေပြီး ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀ နှုန်းပေးပြီး သရီးဒါးရွာမှ ဒေါမူလယ်ရွာအထိသယ်ခိုင်းတယ်လို့ သိရပါတယ်။
ဒေါမူလယ်ရွာမှတဆင့် ထင်းရူးတောင်တပ်စခန်းသို့ ထပ်ဆင့်သယ်သွားရတာ ဖြစ်ပါတယ်လို့သိရပါတယ်။
ဆန်အိတ်တွေ ထမ်းပို့ပေးခဲ့ရတဲ့ ဒေသခံတဦးက “ကျနော်တို့ကို လုပ်အားခတော့ပေးပါတယ်။ ဆန်အိတ် ၁၂ အိတ် သယ်ရတယ်။  တအိတ်ကို ၅၀၀၀ ကျပ်ပေးတယ်။ တနေကုန် ဆန်တအိတ်ပဲ သယ်နိုင်တယ်။ တအိတ်ကို ၂ ယောက်ထမ်းတယ်။ တယောက်ကို ၂၅၀၀ ကျပ်ပဲရတယ်။ တကယ်တမ်းတော့ တောင်တက်ရတာဆိုတော့ ဘယ်သယ်နိုင်မလဲ။ ရေရှည်ကျနော်တို့ ဒီဒဏ်ကိုမခံနိုင်ဘူး။ တောင်တက်ရတယ်။ အခုချိန်က လမ်းလည်းမကောင်းဘူး။ လမ်းဆိုးတယ်။ လမ်းချောတယ်”  လို့ ပြောပါတယ်။
ယခုလို နယ်ခြားစောင့်တပ် (သို ့မဟုတ်) စစ်တပ်အတွက်ဖြစ်စေ ရိက္ခာတွေကို အခကြေးငွေပေးပြီး စေခိုင်းသော်လည်း  ဒေသခံလူထုက မိမိတို့ရဲ့ အလုပ်အကိုင်တွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်စေ၍ စစ်တပ်နဲ ့ နယ်ခြားစောင့်တပ်တွေကို ကြောက်နေရလို့သာလျှင် လုပ်ပေးနေရတယ်လို့ ပြောပါတယ်။
“မကိုက်ဘူး။ မတတ်နိုင်ဘူး။ ကျနော်တို့မှာ တခြားတောင်ယာလုပ်ငန်းတွေ လုပ်စရာအများကြီးရှိတယ်။ စပါးတွေ စိုက်ထားတာ အဲဒါတွေလုပ်ရတယ်။ ကြည့်ရတယ်။ မအားဘူး။ မိုးထဲရေထဲမှာ သွားနေရတာ။ မသွားရင်လည်း သူတို ့ကို ကြောက်ရတယ်။ အခုပါသွားတာ ရွာသားအားလုံး အယောက် ၂၀ ကျော် ပါတယ်” လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးနေကြသော်လည်းပဲ လုပ်အားပေး စေခိုုင်းမှုတွေ အခွင့်အရေးချိုးဖောက်မှုပြသာနာတွေဟာ ကရင်နီပြည်နယ်ထဲမှာ ရှိနေဆဲပဲဲဖြစ်ပါတယ်။
ထိုကဲ့သို့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ကိစ္စရပ်တွေ၊ တပ်ဖွဲ့အသီးသီးကနေပြီး လူထုတွေရဲ့ ဘဝလုံခြုံမှုကို ထိပါးစေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေ ရပ်ဆိုင်းဘို ့အတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့ခေါင်းဆောင်တွေက အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးစဉ်တွေမှာ လည်း ဆွေးနွေးတင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/news/320-public-carry-rice-for-burmese-army

September 7, 2012

ကရင်နီအရာရှိ တူရယ် ကွယ်လွန်

စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်
 
စံခလပူရီ (မဇ္စျိမ) ။         ။ မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေသော ကရင်နီအစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး ဆရာကြီး တူရယ်သည် အင်္ဂါနေ့တွင် အသည်းရောဂါဖြင့် ကယားပြည်နယ် လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။

သြဂုတ် ၂၅ ရက်နေ့မှ စ၍ လွိုင်ကော် စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး၊ အခြေအနေ မကောင်းမွန်သဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းလဲ ကုသရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

KNPP ဒုတိယ ပညာရေး ဝန်ကြီး ဦးအောင်ဆန်းမြင့် က “ကရင်နီစာပေ သင်တန်း ဖွင့်မယ် ဆိုပြီးတော့ အထဲကို ဝင်သွားတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီမှာ ရောဂါထပြီး ဆေးရုံတက်တယ်။ ဆရာဝန် ပြောပြချက်အရ အသည်းက သိပ်အလုပ်မလုပ်တော့လို့ အခုလို ဖြစ်သွားတာ” ဟု ပြောသည်။

အသက် ၆၅ နှစ်ရှိ ဆရာကြီး တူရယ်သည် ၎င်း၏ တော်လှန်ရေး ဘဝတလျှောက်တွင် ဆေးမှူး၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဥကဋ္ဌ၊ ကရင်နီအစိုးရ စာပေနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ KNPP ဒု ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ညွှန်ကြားရေးမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် သေးဆူလဲရွာ၌ အဖ  ဦးပါးရယ်၊ အမိ ဒေါ်မိုင်းမူ တို့မှ ဖွားမြင်သည့် ဆရာကြီး တူရယ်သည် မွေးချင်း ၆ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

လွိုင်ကော် အထက ၁ မှ ပညာသင်ကြားပြီးနောက် ၁၉၆၇ ခုနှစ်မှ စ၍ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည့် ဆရာကြီး တူရယ်သည် ယမန်နှစ်တွင် ကွယ်လွန်ခဲ့သည့် KNPP ဥက္ကဋ္ဌကြီး ခူးထဲဘူးဖဲနှင့် ပူးတွဲပြီး ကရင်နီ စာပေ
ပြန့်ပွားရန်အတွက် တစိုက်မတ်မတ် ကြိုးစားလာခဲ့သူ ဖြစ်ကြောင်း KNPP အသိုင်းအဝိုင်းက ပြောသည်။

“ဆရာကြီး ထဲဘူးဖဲ ဆုံးသွားပြီးတဲ့ နောက်မှာ သူ (ဆရာကြီး တူရယ်) အပါအဝင် တယောက် နှစ်ယောက်လောက်ပဲ ကရင်နီစာပေအတွက် လုပ်ပေးနိုင်တဲ့လူ ကျန်တယ်။ အခုက သူတယောက် ကွယ်လွန်သွားပြီ ဆိုတော့ ကျနော်တို့ အတွက် လှော်တက် ကျိုးသွားသလို ခံစားရတယ်” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။

၁၉၅၉ ခုနှစ်တွင် KNPP ဥက္ကဋ္ဌ ခူထဲဘူးဖဲ စတင် တီထွင်ခဲ့သည့် ကရင်နီစာပေသည် သူပုန်စာဟု အစိုးရ၏ သတ်မှတ်
ခြင်းကို ခံရပြီး KNPP သြဇာသက်ရောက်သည့် နယ်မြေတွင်သာ သင်ကြားနိုင်ခဲ့ရာမှ မတ်လ အပစ်အခတ် ရပ်စဲပြီး
နောက်ပိုင်းတွင် ရှားတောမြို့နှင့် လွိုင်ကော်မြို့များတွင် တရားဝင် စတင်သင်ကြားလာခဲ့သည်။

ဆရာကြီး တူရယ်၏ ရုပ်အလောင်းကို ၎င်း၏ ဖွားရာဇာတိ ဖြစ်သည့် သေးဆူလဲရွာတွင် ထားရှိပြီး စနေနေ့တွင် ခရစ်ယာန်ဘာသာ ထုံးတမ်းနှင့်အညီ မီးသဂြုႋဟ်မည် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဖဲရှာ၊ သမီး ဦးမယ်နှင့် မြေး ၃ ဦး ကျန်ရစ်သည်။

သီးခြားနိုင်ငံ ထူထောင်မည့် ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်း ခဲ့သည့် ကရင်နီ အစိုးရအဖွဲ့ကို ၁၉၈၆ ခုနှစ်တွင် KNPP ဥက္ကဌ ခူးပြားရယ် က  ဦးဆောင်ကာ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

၂၀၀၀ ခုနှစ်တွင် စစ်မှန်သည့် ပြည်ထောင်စု ပုံစံကို လက်ခံခဲ့သော်လည်း ကရင်နီ အစိုးရအဖွဲ့ကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။

http://www.mizzimaburmese.com/news/obituary/10054-2012-09-06-13-23-00.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India