May 3, 2013
အစိုးရ တပ်ဖွဲ့၏ ရာဇသံကို DKBA ပယ်ချ
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
DKBA တပ်ရင်းများ ရွှေ့မပေးနိုင်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။
ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။
“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။
ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။
DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။
မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။
၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။
ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/11495-dkba--.html
May 2, 2013
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ကျင့်ဝတ်ကိစ္စများ ဆွေးနွေးမည်
Thursday, May 02, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
နေရာနှင့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း မေလဆန်းပိုင်းတွင် ဆွေးနွေးမည်ဟု စီစဉ်ထားကြောင်း Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။
KNU အဖွဲ့အစည်းအား အမြန်ဆုံးတွေ့ဆုံနိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
“KNU အဖွဲ့ကတော့ Code of Conduct နဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက် ဆွေးနွေးမယ်လို့ သဘောတူထားတာ ရှိတယ်၊ အဲဒီ ကိစ္စကို ဆက်လက် ဆွေးနွေးမယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆက်ပြောသည်။
တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်၍ နေရာနှင့် နေ့ရက်ကိုသာ ထပ်မံ ညှိနှိုင်းရမည်ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ KNU ဆက်ဆံရေးမှ တာဝန်ရှိသူတဦး၏ အဆိုအရမူ တတိယ အပတ်ကျမှသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း သိရသည်။
၎င်းက “လောလောဆယ် လူကြီးတွေ မအားသေးဘူး၊ လူကြီးတွေတော့ ဆင်းလာတယ်၊ ဒါပေမယ့် ဒီကိစ္စ မဟုတ်ဘူး၊ နီပွန် ဖောင်းဒေးရှင်းက လူထုကို ဆန်ဝေပေးမယ့် ကိစ္စနဲ့ အခု ဘားအံမြို့နယ် ၀န်ကြီးချုပ် ရုံးကို သွားနေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်က ဘားအံမြို့တွင် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်တို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
အထက်ပါဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်ကိစ္စများ ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည့် အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါ၀င်ကြောင်းလည်း သိရသည်။
KNU အဖွဲ့အစည်းအနေနှင့် ဆွေးနွေးရန် ရှိသည့် ကျင့်ဝတ်ကိစ္စတွင် မည့်သည့် အကြောင်းအရာများ ပါ၀င်သည်ကို မသိရှိရသော်လည်း အပိုဒ် ၁၁ ပိုဒ်နှင့် အချက် ၃၄ ချက်အပေါ် အခြေခံ၍ ဆွေးနွေးကြမည် ဖြစ်သည်။
ကရင် ဒုက္ခသည်များ ကော်မတီ (KRC) ကလည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည် နေရာ ချထားရေး အတွက် KNU အဖွဲ့နှင့် အစိုးရအကြား စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်သည့် ကာလကို စောင့်မျှော် နေကြောင်း ဧပြီလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၂၅ ရက်နေ့က ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်၏ ဖိတ်ကြားချက်အရ KRC အဖွဲ့မှ ကိုယ်စားလှယ် တချို့တို့သည် ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် သွားရောက် ဆွေးနွေးခဲ့ရာမှ ရလဒ်အပေါ် ထုတ်ပြန်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် အစိုးရက ဒုက္ခသည်များကို ပြည်တွင်သို့ အစမ်းသဘော (Pilot Project) အနေနှင့် အိမ်ခြေ ၅၀ ခန့် ပြန်လာစေလိုကြောင်း တင်ပြရာ KRC အဖွဲ့အနေနှင့် လက်မခံကြောင်း၊ နိုင်ငံတော် အစိုးရနှင့် KNU အဖွဲ့တို့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိမှသာလျှင် အစုလိုက် တခါတည်း အပြီးအပိုင် ပြန်လာလိုကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေဖြင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေဖြင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ် များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ရာမှ စတင်၍ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
http://burma.irrawaddy.org/archives/38708
April 30, 2013
ပစ်ခတ်မှု ပဋိပက္ခကို DKBA နှင့် BGF တို့ဖြေရှင်း
Tuesday, April 30, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။ တပ်မှာလည်းအစိုးရ တပ်ရင်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ရှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။ အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို ြငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူး” ဟု ဗိုလ်မှူးြကီးစန်းအောင် ကဆိုပါသည်။
April 29, 2013
တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ
Monday, April 29, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဧပြီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြား စောင့်တပ်(BGF)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံလူထုများ နေအိမ်စွန့်ခွါကာ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု မြိုင်ကြီးငူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်နေ့မှစ၍ ယခုထိ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် တိုက်ပွဲနေရာနှင့် အနည်းငယ် အလှမ်း ဝေးသည့် လေးလုံးမြိုင်ရပ်ကွက်မှလွှဲ၍ ရွှေနံ့သာမြိုင်၊ ပိတောက်မြိုင်၊ နှင်းဆီမြိုင်နှင့် ဇီဇဝါမြိုင် စသည့် ရပ်ကွက် များရှိ လူထုများသည် ယင်းအနီးတဝိုက်ရှိ ကမမောင်းမြို့အပါအဝင် အုန်းတော၊ ကော့လူးကျွန်း၊ ကုန်းနဝင်းနှင့် ရွာသာအေး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု မြိုင်ကြီးငူ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေ့က စပြီး မြိုင်ကြီးငူက လူတွေ အားလုံးနီးပါး ထွက်ပြေးကြတယ်။ လူဦးရေဘယ်လောက် ထွက်ပြေးဆိုတာတော့ မမှန်းတတ်ဘူး။ အခု မြိုင်ကြီးငူမှာ တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတဲ့ ရပ်ကွက် လောက်ပဲ လူတွေနေကြတယ်။ တိမ်းရှောင်နေရတဲ့ လူတွေကလည်း အိမ်မပြန်ရဲကြသေးဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြိုင်ကြီးငူတွင် DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံ (၉၀၅)စစ်ကြောင်းမှူး ဗိုလ်မှူး ဖူးလေးဘော ဦးဆောင်သည့်အဖွဲ့ကို BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ် ဖွဲ့ဝင်များနှင့်အတူ စစ်ကူအဖြစ် ရောက်လာသည့် (၁၀၁၇)၊ (၁၀၁၈)နှင့် (၁၀၁၉)တပ်ရင်းတို့က ယမန်နေ့ည ၁၂နာရီမှ မနက် ၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း DKBA တပ်မှူးတဦးက ကေအိုင်စီသို့ ပြောသည်။
သူက “မြိုင်ကြီးငူမှာ ညက တိုက်ပွဲဖြစ်သေးတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ BGF ဘက်က လက်နက် ကြီး အဓိက အားကိုးပြီး ပစ်ခတ်ခဲ့ပေမယ့် သူတို့ ထိုးဖောက်လို့မရဘဲ နောက်ဆုံး ပြန်နောက်ဆုတ်လိုက်ရ တယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ယနေ့ မြိုင်ကြီးငူတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြိုင်ကြီးငူနှင့် မယ်သဝေါအကြား ရေတံခွန် ရှိ နားထီးကွီးတွင် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်၌ DKBA ကလို့ထူးလားဗျူဟာလက်အောက်ခံ တပ်ခွဲ(၂) တပ်ခွဲမှူး စောစကုတ် ဦးဆောင်သည့်အဖွဲ့နှင့် BGF တပ်ရင်း (၁၀၁၂)နှင့် (၁၀၁၅) လက်အောက်ခံတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားကာ BGF ဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု သူက ဆက်ပြောသည်။
သို့သော် ကေအိုင်စီအနေဖြင့် DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု စာရင်း အတိအကျနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြိုင်ကြီးငူရှိ လူထုများသည် အေးအေးချမ်းချမ်း နေထိုင်ခဲ့ရာမှ ယခုလို တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နှစ်ပေါင်း ၂၀နီးပါးအတွင်း ပထမဆုံးအကြိမ် နေအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
http://www.kicnews.org/?p=16542
နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော
Monday, April 29, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။
“အဲဒီဘက်ကလည်း တိုက်ပွဲတွေရပ် သူတို့ဘက်ကလည်း မပစ်တော့ဘူးဆိုပြီး ဒီနေ့ပဲဗိုလ်ချစ်သူက မြိုင်ကြီးငူက ဆရာတော် တပါး ကနေတဆင့် တယ်လီဖုန်းနဲ့ ဗိုလ်ဘိ (ဗိုလ်မှူးကြီး စောဘိ) ဆီကို ဆက်သွယ်လာတယ်၊ အဲဒီနောက် နေ့လယ် ၁၂ နာရီ ကနေ စပြီး တိုက်ပွဲတွေရပ်လိုက်ပြီ”ဟု ဗိုလ်မှူး စောဝေထူး က ဧရာဝတီသို့ ပြောသည်။
DKBA နှင့် BGF တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က နှစ်ဖက်အကြား ညှိနှိုင်းမှုပြုလုပ်ပေးသကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ ကလည်း တယ်လီဖုန်းမှတဆင့် နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ပြောသည်။
“ကျနော်တို့ဘက်ကရော ရတခ တိုင်းမှူးကရော ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးလိုက်တဲ့နောက်မှာ စစ်ရှိန်တော့လျော့သွားတဲ့ သဘောမှာရှိတယ်”ဟု မန်းငြိမ်းမောင်က ဆိုသည်။
ယခုလ ၂၆ ရက်နေ့က ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များအကြား သံလွင်မြစ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်မှ တဦးကျဆုံးခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA က ပြော ဆိုသည်။
ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားပြီ DKBA ကလို့ထူးလား လက်အောက်ခံတပ်ရင်း (၉၀၅) ရှိရာကို နယ်ခြားစောင့်တပ်ရင်း၊ တပ်ဖွဲ့များ က အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တိုက်ပွဲများကြောင့် အကျအဆုံးစာရင်းကိုလည်း မသိရှိသေးကြောင်း ဗိုလ်မှူး စောဝေထူး က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေ ဆိုခြင်း မရှိပေ။
DKBA နှင့် နယ်ခြားစောင့် တပ်များအကြား ယင်းဒေသတွင် နယ်မြေအငြင်းပွားမှု၊ အကျိုးစီးပွား ကိစ္စရပ်များနှင့်ပတ်သက်၍ မကြာ ခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ယင်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင် တပ်မှူး တချို့က ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်ခဲ့သည်။ ထို့နောက် သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြား စောင့် တပ် အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBA တပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။ ယခု အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူ အခြေစိုက်ဗိုလ်မှူးကြီး စောဘိ အဖွဲ့သည် ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်း ရာတွင် ပါဝင်သွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များနှင့်အတူ DKBA အဖြစ်နှင့် ပြန်လည်ရပ်တည်ခဲ့သည်။
http://burma.irrawaddy.org/archives/38503
ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး
Monday, April 29, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြံုရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”
အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး (BGF) ကရင်နယ်ခြားစောင့်တပ်ရင်း အမှတ် (၇) တပ်မဟာဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒိုကို RFA သတင်းထောက် မသူဇာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်နွယ်သောသတင်းများ
- ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်
- မြေမြှုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော
- ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဆွေးနွေး
- ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း
- မိတ္ထီလာ အဓိကရုဏ်း သံဃာတစ်ပါး ပျံလွန်၊ လူတစ်ဦး သေဆုံး
- ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေ ပါ၀င်လာရေး
- မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး
- ကရင်လူထု ငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့မှာ ကျင်းပ
- နေပြည်တော်က ကရင်နှစ်သစ်ကူးကို လွှတ်တော်ဥက္ကဌတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်
April 28, 2013
မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်
Sunday, April 28, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာ ဘုန်းကြီးကျောင်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)ကို နယ်ခြားစောင့်တပ်(BGF) မှ ယနေ့မနက် ၉နာရီတွင် တကြိမ်၊ ညနေ ၄နာရီကျော်တွင် တကြိမ် သွားရောက်ပစ်ခတ်၍ တိုက်ခိုက်ဖြစ်ပွားခဲ့သည်ဟု မြိုင်ကြီးငူ သတင်းရပ်ကွက်အရ သိရသည်။BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ်ဖွဲ့ဝင်များက DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိလက်အောက်ခံ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ ၁ဦး သေဆုံးပြီး ၁ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“တိုက်ပွဲဖြစ်က မြိုင်ကြီးငူ ဘုန်းကြီးကျောင်းရဲ့ သိမ်ဘေးမှာ နေရာယူထားတဲ့ DKBA (၉၀၆)တပ်ဖွဲ့ကို BGF က မနက် က တကြိမ်သွားတိုက်တယ်။ တိုက်ပွဲက တစ်နာရီလောက် ကြာပြီး BGF ဘက်က ထိခိုက်မှု ရှိတော့ ပြန်နောက် ဆုတ်သွားတယ်။ နောက် ဒီညနေမှာက နာရီဝက်လောက် တိုက်ပွဲထပ်ဖြစ်တယ်။ နှစ်ကြိမ်ပေါ့”ဟု ၎င်းက ပြောဆိုသည်။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မြိုင်ကြီးငူရှိ ပြည်သူအများစုသည် သံလွင်မြစ်၏ အနောက်ဘက်ကမ်းသို့ ကူး၍ ကမမောင်းမြို့တွင် ခေတ္တတိမ်းရှောင်နေထိုင်ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့က ယောပုထာ့ရွာမှ ကမမောင်းသို့ သံလွင့်မြစ်အတွင်း စက်လှေဖြင့် ပြန်ဆင်းလာ သည့် BGF (၁၀၁၄)တပ်ရင်း၏ စစ်သည် ၄ဦးကို DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံတပ်ရင်းက ပစ် ခတ်သဖြင့် ၁ဦးသေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှု စတင်ဖြစ်ပွားလာခဲ့ သည်။
ထို့နောက် ယမန်နေ့ ဧပြီလ ၂၇ရက်နေ့၌ မယ်သဝေါဒေသတွင် BGF (၁၀၁၂)တပ်ရင်းလက်အောက်ခံ တပ်ခွဲမှူး တစ်ဦးဖြစ်သူ စောဒေါဘိုးက DKBA လေးဦးကို ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့သဖြင့် အခြေအနေများ ပိုမိုဆိုးရွား ကာ နှစ်ဖက်အကြား ယနေ့ တိုက်ပွဲဖြစ်ပွားသည်အထိ တင်းမာမှုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
http://www.kicnews.org/?p=16535
March 25, 2013
ပြည်နယ်များရဲ့ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အကြောင်းရှင်းလင်း
Monday, March 25, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတင်ပြပွဲ တစ်ခု ကျင်းပပြုလုပ်နေတာပါ။
ဒီရှင်းလင်းပွဲမှာ ပြည်နယ်တွေမှာ ဒေသခံတွေရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှု ၊ မွန်ပြည်နယ် ကျိုက်ထိုအတွင်းရှိ ရွှေသတ္ထုတူးဖော်
သန့်စင်ရာမှာ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးအခတ်အခဲ ရှိနေမှုတွေကို ဒေသခံ ၁၀ ဦးက ကိုယ်စီရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၅ ခုနှစ်မှာ စစ်တပ်က လယ်ယာမြေတွေကို မတရားသိမ်းယူပြီး ဒေသခံလယ်သမားတွေအတွက် ယနေ့အချိန်အထိ
သင့်တော်တဲ့လျှော်ကြေး ပေးတာမျိုးမရှိခဲ့တဲ့အပြင် အခုလည်းတစ်ခါထပ်ပြီး လယ်ယာမြေတွေကို မတရားသိမ်းယူနေရတယ်လို့သိရပါတယ်။
ဒီရှင်းလင်းပွဲကို Youth Development Network ကဦးဆောင် စီစဉ်ပေးတာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေကို သွားရောက်ရာကနေ
သိရှိလာတဲ့ ဒေသခံတွေရဲ့ အခတ်အခဲတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သိရှိစေဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ ရှင်းလင်းပွဲကို သတင်းမီဒီယာတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀ ကျော်တက်ရောက် ခဲ့ကြပါတယ်။
http://www.burmavjmedia.net/?p=20111
<iframe width="420" height="315" src="http://www.youtube.com/embed/xSFO3ALbxtE" frameborder="0" allowfullscreen></iframe>
ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း
Monday, March 25, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနို်င်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”
ဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် Japan Platform အဖွဲ့အစည်း ကိုယ်စားလှယ် Ms. Keiko Kiyama၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ်ကြီး Mikio Numata နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အခုလိုထောက်ပ့ံမှုပြုတာဟာ လာမယ့် ဧပြီလကနေ ၂၀၁၆ခုနှစ် မတ်လအထိ ပြုလုပ်သွားမယ့် စီမံကိန်းတွေအတွက်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mikio Numata က အမေရိကန် ဒေါ်လာ ၆.၅ သန်းခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၆၅၁ သန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်လည်နေရာချထားရေးအတွက် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ဆက်နွယ်သောသတင်းများ
- အဓိကရုဏ်းတွေ ငြိမ်းချမ်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်း
- မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့ လိုကြောင်း အရှင်ဝီရသူ မိန့်ကြား
- မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်
- PNLO နဲ့ အစိုးရ ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိ
- မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း
- ရန်ကုန်ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာရောက်
- ထိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၈၈မျိုးဆက်တွေ သွားရောက်လေ့လာ
- ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေ ပါ၀င်လာရေး
- ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီပွန်ဖောင်ဒေးရှင်း ကူညီမယ်
March 18, 2013
ကရင်လက်နက်ကိုင်တွေ နားလည်မှုရရေး ကြိုးပမ်း
Monday, March 18, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကရင် အဖွဲ့ အစည်းတွေ ကြားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့တာကြောင့် အခုတော့ ကေအန်ယူက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က၊ အဲဒီ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက် နေပြီ ဖြစ်တယ်။
ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေနဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အလ်ယ်အေ အဖွဲ့တွေက အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ ဒီကေဘီအေက ခွဲထွက် သွားတဲ့၊ ဘီဂျီအက်ဖ်နဲ့ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ ကနေ ဘီဂျီအက်ဖ် အသွင် ပြောင်းသွားတဲ့ တပ်တွေက အစိုးရ စစ်တပ် လက်အောက်ခံ တပ်တွေ ဖြစ်လို့ အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖွယ် မရှိဘူးလို့ အကဲခတ် တွေက ပြောဆို နေကြပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကရင် အဖွဲ့ အစည်းတွေ ကြားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့တာကြောင့် အခုတော့ ကေအန်ယူက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က၊ အဲဒီ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက် နေပြီ ဖြစ်တယ်။
ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေနဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အလ်ယ်အေ အဖွဲ့တွေက အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ ဒီကေဘီအေက ခွဲထွက် သွားတဲ့၊ ဘီဂျီအက်ဖ်နဲ့ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ ကနေ ဘီဂျီအက်ဖ် အသွင် ပြောင်းသွားတဲ့ တပ်တွေက အစိုးရ စစ်တပ် လက်အောက်ခံ တပ်တွေ ဖြစ်လို့ အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖွယ် မရှိဘူးလို့ အကဲခတ် တွေက ပြောဆို နေကြပါတယ်။
http://www.bbc.co.uk/burmese/burma/2013/03/130318_karen_organizing.shtml
March 7, 2013
ညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အနာဂတ်ရေးအတွက် ကရင်ရေးရာ အစည်းအဝေး ပြုလုပ်မည်
Thursday, March 07, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မတ်လ ရရက်၊၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင့်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ အနာဂတ်ရေးအတွက် ဆွေးနွေးသွားရန်အတွက် ကရင့်ရေးရာအစည်း အဝေးတစ်ရပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၌ ယခု မတ်လကုန်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။၎င်းအစည်းအဝေးကို ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကရင်အမျိုးသားခေါင်းဆောင်များက ကမက ထပြုကာ ၁၁ဦးပါ၀င်သော ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၂၉ရက်မှ ၃၀ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပသွားမည်ဟု ပြည်တွင်းပြည်ပ ကရင်အဖွဲ့များက ပြောဆိုနေကြသည်။
ဖြစ်မြောက်ရေးကော်မတီတွင် ပါ၀င်သူ နန့်ခင်အေးဦးက “ကရင်တွေက တနေရာတည်းမှာပဲ နေထိုင်ကြတာ မဟုတ်ဘဲ ပျံ့နှံ့နေ တယ်လေ။ အဲဒီတော့ တယောက်နဲ့တယောက် သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ အမြင်မတူတာတွေလည်း ရှိနေကြပါ တယ်။ ဒါကြောင့် တစ်နေရာတည်းမှာ ပြန်လည်တွေ့ဆုံကြပြီး ကရင်အမျိုးသားရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆွေးနွေး ကြမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်လူမျိုးများ၏ စည်းလုံးညီညွတ်ရေး၊ စစ်မှန်ခိုင်မြဲသောငြိမ်းချမ်းရေးနှင့် အနာဂတ်အရေးကို ဦးတည်သော ကရင်ရေးရာ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်သွားမည်ဟု ဖြစ်မြောက်ရေးကော်မတီလုပ်ငန်းအဖွဲ့၏ ဖိတ်ကြားစာထဲတွင် ဖော်ပြပါရှိသည်။
၎င်းအစည်းအဝေးသို့ အထက်မြန်မာပြည် အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း စသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကရင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်များ ပါ၀င်တက်ရောက်ကြမည်ဖြစ်ကြောင်း နန့်ခင်အေးဦးက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကရင်ရေးရာဆွေးနွေးပွဲသို့ တက်ရောက်လာမည့် ကရင့်အဖွဲ့အစည်းခေါင်းဆောင်များကို ဖိတ်ကြားထားပြီးဖြစ် ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU မှ အဖွဲ့ဝင်များကလည်း အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို လိုက်လံ ဆွေးနွေးဖိတ်ကြားနေကြောင်း သိရသည်။
http://www.kicnews.org/?p=16031
ကားသမားများကို KNU/KNLA ငြိမး်ချမ်းရေးကောင်စီမှ ရန်ပုံငွေ စီဒီခွေများ အတင်းရောင်းနေ
Thursday, March 07, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မတ်လ ရရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း တနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့် အပတ်က မြဝတီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို မဝယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ နေက်ဆုံးအပတ်ကတည်းက အဆိုပါ KNU/KNLA တပ်အဖွဲ့ဝင်များသည် စီဒီခွေတစ်ခွေလျှင် ၃,၀၀၀ကျပ်နှုန်းဖြင့် ကားသမားတစ်ဦးလျှင် ၃ခွေ မဝယ်မနေရစနစ်ဖြင့် ရောင်းနေခြင်းဖြစ်သည်ဟု ခရီးသည်တင်ကားသ မားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကားသမားတွေကို သူတို့ရဲ့ ရှိုးပွဲစီဒီခွေတွေ အတင်းဝယ်ခိုင်းတယ်ဗျာ။ ကျနော်က ဒီအခွေကို တခါ၀ယ်ပြီးပြီ။ အခုတခါ လည်း ရောင်းတာ မဝယ်တော့ဘူးဆိုတော့ သေနတ်ထုတ်ပြတယ်လေ။ ဒီတော့ မဝယ်ချင်လည်း ၀ယ်ရတာပေါ့။”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ စီဒီခွေရောင်းနေသည့် အဆိုပါ KNU/KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၁၅ဦးခန့်ရှိပြီး စစ်ယူနီဖောင်း၊ လက်နက်အ ပြည့်အစုံနှင့်အတူ မြဝတီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းရှိ တံတားကျိုးဂိတ်အလွန် လမ်းတနေရာ၌ ကားများကိုတား ကာ ၀ယ်ယူခိုင်းခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ၀ယ်ယူခိုင်းခြင်း မရှိကြောင်း သိရသည်။
http://www.kicnews.org/?p=16022
March 6, 2013
သထုံခရိုင် ကေအဲန်ယူ ဆက်ဆံရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်ရောက်
Wednesday, March 06, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ၀န် ကြီးများ တက်ရောက်ခဲ့ကြသည်။
လူပရိဿတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါ ဆက်ဆံရေးရုံး ဖွင့်ပွဲကို အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့်အတူ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ တပ်မဟာ (၁)မှူး ဗိုလ်မှူးချုပ်စောကျော်လင်းတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ နယ်စပ်ရေးရာလုံခြုံရေး အပါအဝင် အစိုး ရအဖွဲ့ဝင် ၀န်ကြီးများ၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် များထဲတွင် ဥက္ကဌအပြင် အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့အပြင် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။
ယနေ့မနက် ၈နာရီမှ နေ့လည် ၁၁နာရီကျော်အထိ ကျင်းပပြီးစီးခဲ့သည့် ယခုရုံးဖွင့်ပွဲကို ဒေသခံ ကရင်တိုင်းရင်းသားများအပြင် ပအိုဝ်းတိုင်းရင်းသားများလည်း ၎င်းတို့၏ ယဉ်ကျေးမှုအကများနှင့် လာရောက်ဖြေဖျော်ခဲ့ကြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ကေအဲန်ယူမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည် ဟူသော အချက်တစ်ချက် ဖော်ပြပါရှိသည့်အပေါ် ပဒိုစောကွယ်ထူးဝင်းက ယခုလို ပြောသည်။
“ဒီနေ ့အလွတ်သဘော တွေ ့ဆုံတဲ့အခါ ကရင်ပြည်နယ်အတွင်းမှာ ဟိုတစ်လောက ဖြစ်ပွားခဲ့တဲ့နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ ပတ် သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ရှင်းပြခဲ့ပါတယ်။ ဒီနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၀န်ကြီးဦးအောင်မင်းနဲ့ ဦးခင်ရီတို့ မအားလပ်တဲ့အတွက်ကြောင့် မလာနိုင်ဘူး။ သူတို့ပါလာလို့ရှိရင်လည်း ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ငြိမ်းချမ်းရေး ခိုင်မာအောင်လုပ်ဖို့ ညှိနှိုင်းလို့ ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် အစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီးသည့်နောက် ပိုင်း ဧပြီလမှစ၍ ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီ၊ ဘားအံနှင့် ယခု သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် ဆဌမမြောက်ရုံးကို ဖွင့်လှစ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
http://www.kicnews.org/?p=16009
March 5, 2013
ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား
Tuesday, March 05, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဝင်းမင်း က တင်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်အပြီးမှာ ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မြေယာသိမ်းယူတာတွေဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ အများဆုံးဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ခူးခူးဂျူး က ဆိုလိုက်ပါတယ်။
“ဒီအစီရင်ခံစာမှာ ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နို၀င်ဘာလအထိ ကျမတို့ ရရှိတဲ့သတင်းတွေအပေါ်မှာ ပြန်ပြီးတော့ ဝေဖန် သုံးသပ်လိုက်တဲ့အခါမှာ အများဆုံး တွေ့ရှိရတာ ကတော့ မြေယာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်။”
ထိုင်းနိုင်ငံအခြေစိုက် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်အဖွဲ့နဲ့ Alternative Asean လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံ အဖွဲ့တို့ကပါ ပါ၀င်ဆွေးနွေးခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး သယံဇာတ တွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွ့ံဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အခုလို အဓမ္မ မြေသိမ်း မှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
“ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ အဓိက တွေ့ရှိခဲ့ချက်တွေ ကို နော်ခူးခူးဂျူး က ဆက်ပြီး -
“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံးဝ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက်အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်းခံရခြင်းတွေ၊ ဒေသ တွင်း မြေယာကို အသုံးပြုမှု အခက်အခဲတွေကို ကြံုရ တယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာဝ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် သူတို့ ဒီအခု အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာကို ကျမတို့ တွေ့ရတယ်။”
အခုလို မတရား မြေသိမ်းခံခဲ့ရမှုအပေါ် လျော်ကြေးရဖို့အတွက် ဒေသခံတွေအနေနဲ့ ကြိုးစားခဲ့ပေမဲ့ စီးပွားရေးကုမ္ပဏီတွေက လာဒ်စားတဲ့ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်း ကြံစည်ဆောင်ရွက်ခဲ့ တာကြောင့် အခက်အခဲတွေ ကြံုနေရတယ်လို့ နော်ခူးခူးဂျူး က ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို မတရား မြေယာ အသိမ်းခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာတွေကို ဆုံးရှုံးပြီး ပြောင်းရွှေ့ပေးခဲ့ရတာအပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ထိခိုက် ပျက်စီးကုန်ပြီလို့ ခူးခူးဂျူး က ထောက်ပြလိုက်ပါတယ်။
“နောက်ပိတ်ဆုံးအချက်အနေနဲ့က ကျမတို့ ဒီနောက်ဆက်တွဲပေါ့ သဘာဝ သယံဇာတ တူးဖော်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွွှေအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိရပါတယ်။”
အခုလို ထိခိုက်စေခဲ့တဲ့ မတရား မြေယာသိမ်းမှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဒီအစီရင်ခံစာထဲမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ စီးပွားရေး စီမံကိန်းပေါင်း ၃၀ ကျော်နဲ့ အစိုးရဌာနတွေကို ရွာသားတွေက အသေးစိတ် တိုင်ချက်ဖွင့်ထားရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ရွှေကျင်ဆည်တွေလည်း ပါတယ်လို့ KHRG ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တကယ်တော့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ တို့အကြား အပစ်ခတ်ရပ်စဲခဲ့ပြီး မတရားလူသတ်မှုနဲ့ အဓမ္မ ကျင့်မှုတွေလို စစ်ပွဲနဲ့ တိုက်ရိုက် ပတ်သက်ပြီးဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျှော့ကျလာပေမဲ့ အခုလို စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မြေယာသိမ်းမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ တိုးပွားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေချိန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း မြေယာသိမ်းမှု ပဋိပက္ခတွေ တိုးပွားလာနေချိန်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/human-rights-violations-in-karen-state/1615583.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

