Showing posts with label ဆက်ဆံရေးရုံးများ. Show all posts
Showing posts with label ဆက်ဆံရေးရုံးများ. Show all posts

April 2, 2013

မြစ်ကြီးနား KIO ဆက်ဆံရေးရုံး ဖွင့်ရန် အစီစဉ်မရှိ

KIO-Myitkyina-MDR-rung
မြစ်ကြီးနား KIO ဆက်ဆံရေးရုံး။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ တနှစ်ကျော်ကြာ  ပိတ်ထားခဲ့ရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးကို မကြာသေးခင်က ခြံဝင်းအား ပြန်လည်ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ထားသော်လည်း KIO နှင့် ပတ်သက်မှုမရှိကြောင်း ပြောဆိုသည်။
၂၀၁၁ ဇွန်လက စစ်ပွဲပြန်လည်ဖြစ်ပွားလာချိန် ပိတ်လိုက်ရသော အဆိုပါဆက်ဆံရေးရုံးကို ခြုံနွယ်များပိတ်စို့နေရာကနေ ယခုအချိန်မှ ရှင်းလင်းလာခြင်းကို KIO ရုံးထိုင်တော့မည်လား ဟု ဒေသခံများက စိတ်ဝင်တစားအကဲခတ်နေသည့်အပေါ် KIO ကငြင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ချုံများနှင့်ပြည့်နေသော ဆက်ဆံရေးရုံးတွင် ပြီးခဲ့သည့် မတ်လ ၁၅-၁၆ ရက်နေ့အတွင်း ပြန်လည်ရှင်းလင်းထားခဲ့ခြင်းဖြစ်ပြီး ခြံအတွင်းအစောင့်များကိုပါ တွေ့မြင်နေရသည့်အတွက် ရုံးဖွင့်မည်ဟု ခန့်မှန်းနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားဒေသခံအမျိုးသမီးက KNG ကချင်သတင်းဌာ သို့ပြောသည်။
“တောတွေ ချုံတွေ အားလုံးရှင်းလိုက်ပြီ။ အခုတော့ အရမ်းပျော်စရာကောင်းသွားပြီ။ သူများတွေပြောတာက အစိုးရတွေက KIO တွေကိုပြန်လာ နေခိုင်းပြီတဲ့။ အဲဒါကြောင့် သန့်ရှင်းရေးလုပ်ခိုင်းတာတဲ့။ အဲဒီမှာ လူ ၂ ယောက်နေတာလည်း တွေ့တယ်။ ဘယ်သူတွေလဲတော့ မသိဘူး” ဟု မျက်မြင် ဒေသခံတစ်ဦးကပြောသည်။
မြစ်ကြီးနားဒေသခံများက ဤကဲ့သို့ပြောဆိုနေသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး KIO အနေဖြင့် တာဝန်ပေးလုပ်ဆောင်ခိုင်းခြင်းမရှိကြောင်းနှင့် ထိုသို့ရှင်းလင်းမှုသည်လည်း KIO နှင့် မသက်ဆိုင်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
“အဲဒီမှာ တောခုတ် သန့်ရှင်းရေးလုပ်ဖို့ ကျနော်တို့အနေနဲ့ တာဝန်ပေးထားတာ မရှိဘူး။ ဒါပေမဲ့ အဲဒီခြံမှာ ၁ နှစ် ကျော် လူတွေမရှိတော့လို့ သူခိုးတွေ အဝင်အထွက်အရမ်းရှိတယ်ဆိုပြီးကြားတယ်။ အဲတော့ PCG (ငြမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) က လူကြီးတွေကနေ ရုံးစောင့်ဖို့ လူထည့်ထားပေးတာ တော့ရှိလိမ့်မယ်။ သူတို့ (အစိုးရ) စဉ်းစားပြီး လာရှင်းပေးတာပဲ ဖြစ်လိမ့်မယ်။ ကျနော်တို့လည်း သူတို့ရှင်းပြီးမှပဲ မြို့ကဒေသခံတွေပြောလာမှ ကြားတာဟုတ်တယ်။ စုံစမ်းရတာက ပြည်နယ်အစိုးရကနေ မြစ်ကြီးနားစည်ပင်သာယာတွေကို လာရှင်း ခိုင်းတယ် ဆိုပြီးကြားတယ်”
၎င်းဆက်ဆံရေးရုံးကိစ္စနှင့်ပတ်သက်ပြီး KIO အနေဖြင့် တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း ပြောဆိုဆွေးနွေးခြင်းမရှိပဲ ယခုချိန် ရုံးပြန်လည်ဖွင့်ဖို့လည်း အစီအစဉ်မရှိသေးကြောင်း ဆလန်ကဘား လာနန်က ဆက်ဆိုသည်။
“အဲဒီအပိုင်းက ဆွေးနွေးဖို့လည်း မလိုသေးဘူး။ အစိုးရတွေအနေနဲ့လည်း လာနေလို့ရတယ် ဆိုပြီးပြောတာတွေလည်း ကျနော်တို့မှာမရှိဘူး။ တကယ်လို့များပြောလာရင်လည်း အခုချိန် အဲဒီနေရာတွေမှာ သွားနေပြီး ရုံးသွားဖွင့်ဖို့ အစီအစဉ်မရှိဘူး”
မြန်မာအစိုးရနဲ့ KIO ကြား ယခုချိန်ထိ အပစ်အခတ်ရပ်စဲခြင်း မရှိသေးသော်လည်း နှစ်ဖက်တပ်တွေကြား စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူပြီးချိန်မှာ ယခုလို မြစ်ကြီးနားဆက်ဆံရေးရုံးကို သန့်ရှင်းရေး ပြန်လည် ပြုလုပ်လာခြင်း ဖြစ်သည်။
စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးလာခြင်းကြောင့် KIO ဖက်မှ ၂၀၁၀ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1069-%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%94%E1%80%AC%E1%80%B8-kio-%E1%80%86%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9B%E1%80%94%E1%80%B9-%E1%80%A1%E1%80%85%E1%80%AE%E1%80%85%E1%80%A5%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%AD.html

March 6, 2013

သထုံခရိုင် ကေအဲန်ယူ ဆက်ဆံရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်ရောက်

မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ၀န် ကြီးများ တက်ရောက်ခဲ့ကြသည်။
လူပရိဿတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါ ဆက်ဆံရေးရုံး ဖွင့်ပွဲကို အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့်အတူ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ တပ်မဟာ (၁)မှူး ဗိုလ်မှူးချုပ်စောကျော်လင်းတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ နယ်စပ်ရေးရာလုံခြုံရေး အပါအဝင် အစိုး ရအဖွဲ့ဝင် ၀န်ကြီးများ၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် များထဲတွင် ဥက္ကဌအပြင် အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့အပြင် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။
ယနေ့မနက် ၈နာရီမှ နေ့လည် ၁၁နာရီကျော်အထိ ကျင်းပပြီးစီးခဲ့သည့် ယခုရုံးဖွင့်ပွဲကို ဒေသခံ ကရင်တိုင်းရင်းသားများအပြင် ပအိုဝ်းတိုင်းရင်းသားများလည်း ၎င်းတို့၏ ယဉ်ကျေးမှုအကများနှင့် လာရောက်ဖြေဖျော်ခဲ့ကြသည်။
(ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ကေအဲန်ယူမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည် ဟူသော အချက်တစ်ချက် ဖော်ပြပါရှိသည့်အပေါ် ပဒိုစောကွယ်ထူးဝင်းက ယခုလို ပြောသည်။
“ဒီနေ ့အလွတ်သဘော တွေ ့ဆုံတဲ့အခါ ကရင်ပြည်နယ်အတွင်းမှာ ဟိုတစ်လောက ဖြစ်ပွားခဲ့တဲ့နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ ပတ် သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ရှင်းပြခဲ့ပါတယ်။ ဒီနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၀န်ကြီးဦးအောင်မင်းနဲ့ ဦးခင်ရီတို့ မအားလပ်တဲ့အတွက်ကြောင့် မလာနိုင်ဘူး။ သူတို့ပါလာလို့ရှိရင်လည်း ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ငြိမ်းချမ်းရေး ခိုင်မာအောင်လုပ်ဖို့ ညှိနှိုင်းလို့ ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် အစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီးသည့်နောက် ပိုင်း ဧပြီလမှစ၍ ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီ၊ ဘားအံနှင့် ယခု သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် ဆဌမမြောက်ရုံးကို ဖွင့်လှစ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=16009

January 26, 2013

ပထမဆုံး PNLO ဆက်ဆံရေးရုံး တောင်ကြီးမြို့မှာ ဖွင့်လှစ်

လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်က အဲဒီရုံးမှာ ဒီကနေ့မနက် ၈ နာရီ က ဖွင့်လှစ်ခဲ့ပါတယ်။
Photo : RFA/ Kyaw Myo Htun
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ပထမဆုံးဆက်ဆံရေးရုံးကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်တွင် ဇန်နဝါရီ ၂၆ ရက်နေ့က ဖွင့်လှစ်စဉ်။
တောင်ကြီးမြို့မှာ ဆက်ဆံရေးရုံးဖွင့်ရတာနဲ့ ပတ်သက်ပြီး PNLO တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်သူရိန်က RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ဆက်ဆံရေးရုံးဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ စစ်ဖက်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အပြန်အလှန်ချိန်ဆက်နိုင်ဖို့နဲ့ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာတွေမှာ ထောင့်စုံဘက်စုံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"
ဒါ့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ဆီဆိုင်နဲ့ မောက်မဲမြို့နယ် တို့မှာလည်း ဆက်ဆံရေးရုံးခွဲတွေ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီဆက်ဆံရေးရုံးဖွင့်ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊   ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ " ဝ " အထူးဒေသ ၂ ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့(ရှမ်းပြည်နယ်)၊ ပအိုဝ်းလူငယ်ဒီမိုအဖွဲ့၊ ပအိုဝ်းတောင်ရွေ၊ PYO (Pa-O Youth Organization)၊ PUSO (Pa-O University Students Organization) နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

http://www.rfa.org/burmese/news/pnlo-taunggyi-contact-office-01262013075712.html

December 7, 2012

KNPP ဖွံ့ဖြိုးရေးကော်မတီရုံး ဖွင့်ပွဲကျင်းပ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖွံ့ဖြိုးရေးကော်မတီရုံးကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင် ဒီနေ့မနက် ၉ နာရီ၌ ရုံးဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်သွားပါတယ်။ အခန်းအနားမှာ KNPP အဖွဲ့ကိုယ်စားလှယ်များ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့က တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ အချက်တွေထဲက ဖွံဖြိုးရေး လုပ်ငန်းကို အစိုးရနှင့် KNPP အတူတကွ ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်အပေါ် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ နှစ်ဖက် ခေါင်းဆောင်တွေက လူထုထဲကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ဖို့ အဓိကကျတဲ့ နေရာအဖြစ်နဲ့ ၎င်းနေရာကို ရွေးခြယ်ခဲ့ခြင်းဖြစ်တယ်လို့ KNPP အတွင်းရေးမှူး(၁) ခူးဦးရယ်က အခန်းအနားဖွင့်ပွဲမှာ ပြောသွားပါတယ်။

ကေအဲန်ပီပီ ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
အတွင်းရေးမှူး (၁)ခူးဦးရယ်က " ဘက်စုံပြည်နယ်အစိုးရ လွတ်တော်တွေသာမကပဲနဲ့ တကယ့်အခြေခံ လူထု အစုအဖွဲ့တွေနဲ့ နေ့တဓူဝ ကျနော်တို့ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဒီမှာပဲ အလယ်ဗဟိုကျမယ်လို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်တဲ့အခါမျိုးမှာ ပိုပြီးတော့ လွယ်ကူမယ်လို့ ယုံကြည်ရတဲ့အပေါ်မှာ ဒီးမော့ဆိုမှာ ကျနော်တို့ ဒီဖွံ့ဖြိုးရေးရုံးကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောသွားပါတယ်။ အခန်းအနားကို တက်ရောက်လာတဲ့ ဒေသခံမှ လူမှုအဖွဲ့အစည်းတဖွဲ့ဖြစ်တဲ့ ကန္ဒရဝတီလူငယ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုတုတူက ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လူထုတွေ အသိအမြင်ဖွံ့ဖြိုးဖို့ အရေးကြီးနေတယ်လို့ ပြောပါတယ်။
၎င်းက " လိုအပ်ဆုံးဆိုတော့ လူငယ်အပိုင်းအနေနဲ့ အဓိက ဖွံ့ဖြိုးရေးရဲ့ အမြင်ပေါ့နော် သဘောတရားကို တကယ်သိသိ ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ဆုံးလို့ကျနော်ထင်တယ်။ အခုလောလောဆယ် ဖွံ့ဖြိုးရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက အများကြီးပေ့ါနော် ဒါပေမဲ့ ကျနော်တို့ဒေသခံတွေကဖွံ့ဖြိုးရေးဆိုတာ တကယ့်အနစ်သာရကို သိရှိဖို့က အားနည်းတယ်။ ဖွံ့ဖြိုးရေးဆိုတာ သူများရဲ့ပေးကမ်းမှု လှူဒါန်းမှုကိုပဲ မြင်တာပေါ့ တကယ့်ကိုယ့်စီက ဘာတွေလုပ်ရမလဲ ကျနော်တို့ရဲ့ တာဝန်ဘယ်လိုအရေးကြီးလဲဆိုတာ သိဖို့က ပိုပြီးတော့အရေးကြီးတယ်လို့မြင်ပါတယ်။ အရေးကြီးဆုံး ကျနော်တို့ရဲ့ စိတ်ဓာတ်ရေးဆိုင်ရာကို ဖွံ့ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်ပါတယ်" လို့ ပြောပါတယ်။
KNPP ဖွံ့ဖြိုးရေးကော်မတီရုံးမှ ပြည်ထဲရေးဒုဝန်ကြီး ဦးခဲလေက " ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတော့ နိုင်ငံတဝန်းလုံးမှာ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက တအားလိုအပ်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျနော်တို့အကွက်ကျကျ လုပ်ဆောင်သွားနိုင်ဖို့ ကျနော်တို့က တခြား CBO တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ လုပ်ငန်းကိုအကောင်အထည်ဖော်တဲ့နေရာမှာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချ ပြီးတော့မှ အကောင်အထည်ဖော်သွားမယ်။" လို့ ပြောပါတယ်။
KNPP နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် KNPP ၏ကော်မတီအဖြစ် ပြည်တွင်းတွင် ဆက်ဆံရေးရုံးအပါအဝင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုပြီး ၎င်းကော်မတီနှစ်ခုဖြင့် ရုံးခန်းများဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/news/392-knpp--

November 2, 2012

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ SSPP/SSA ရုံးဖွင့်မည်

သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မ တော် SSPP/SSA က အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ko_Lum
ခိုလမ် အဝင်လမ်း (Photo: Facebook)

“အဓိကကတော့ ခိုလမ်မှာ SSPP/SSA ရုံးဖွင့်ဖို့ သွားဆွေးနွေးတာ ဖြစ်တယ်။ တိုင်းမှူးတို့ဖက်ကလည်း သဘောတူတယ်။ နောက်ဆွေးနွေးဖြစ်တာက သွားလာရေးပေါ့။ တဖက်နယ်မြေထဲ ဝင်ရောက်မယ်ဆို ရင် ၃-၄ ရက် ကြိုတင်အကြောင်းကြားဖို့ပါ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောပါသည်။

အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ SSPP/SSA ဖက်မှ စဝ်ခွန်ဆိုင်၊ စဝ်နော်လိတ်၊ စိုင်းကျော်ဝင်းနှင့် ဗိုလ်မှူး ခေးမောဝ်းတို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိရာ ခိုလမ်သို့ သွားရောက်ကာ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ G1 မျိုးထွဋ်လှိုင်၊ ဗိုလ်မှူးရဲရင့်ဝင်း၊ စရဖမှူး ဗိုလ်မှူးကောင်းကျော်တို့နှင့် ရုံးဖွင့်ရန် ဆွေးနွေးခဲ့ကြောင်း၊ စိုင်းကျော်ဝင်း က ရုံးထိုင်မည်ဖြစ်ကြောင်း ဆို၏။

“တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေ ဖယ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်တယ်။ အစိုးရ ဖက်က မဖယ်ခိုင်းတော့ဘူး။ ခနောက်စိမ်း တူးဖော်ဖို့ ပါမစ်ကုန်နေတဲ့အတွက် သက်တမ်းတိုးဖို့ဘဲ ပြောတယ်။ ကျနော်တို့လည်း သက်တမ်းတိုးဖို့ တင်ထားပြီးပါပြီ” ဟု ဗိုလ်မှူး စိုင်းလ က ဆက်ပြော ပါသည်။

မြန်မာအစိုးရတပ်က SSPP/SSA ၏ နမ့်ပန်ချောင်း တာ့ဆမ်ပူး(ကူးတို့ဆိပ်) တပ်စခန်းအား နောက် ဆုတ်ဖယ်ရှားပေးရန် အောက်တိုဘာလ ကတည်းက ညွှန်ကြားထားသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3616---ssppssa-.html

September 28, 2012

ဖားအံ့မြို့တွင်ဖွင့်လှစ်မည့် ဗဟိုအဆင့် ဆက်သွယ်ရေးရုံးနှင့် ပတ်သက်ပြီး KNU ဗဟိုဌာနချုပ်မှ ထုတ်ပြန်ကြေငြာချက်


ဖားအံ့မြို့တွင်ဖွင့်လှစ်မည့် ဗဟိုအဆင့် ဆက်သွယ်ရေးရုံးနှင့် ပတ်သက်ပြီး KNU ဗဟိုဌာနချုပ်မှ ထုတ်ပြန်ကြေငြာချက်


September 26, 2012

တီးတိန်မြို့ခံပြည်သူ ချင်းအမျိုးသားတပ်ဦး ရုံးခန်းဖွင့်လှစ်မှု ကန့်ကွက်ဆန္ဒပြ



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။

 ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA ကို ပြောပါတယ်။
“သူတို့က ချင်းအမျိုးသား တပ်ဦးပေါ့။ ချင်းအမျိုးသား တပ်ဖွဲ့ ဆိုပေမယ့် ချင်းလူမျိုးကို ခြုံငုံပြီးတော့ ဖွဲ့စည်းတာ မဟုတ်ဘူး။ ပြီးတော့ ချင်းကိုယ်စားဆိုပေမယ့် အကုန်လုံး ခြံုငုံပြီးတော့ လုပ်ထားတာလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ တီးတိန်နယ်က နေဆိုရင် လူဦးရေ (၁၆) ယောက်လောက်က သူတို့ သတ်ပစ်တာပေါ့။ ဖြေရဲတာလည်း မရှိသေးဘူး။ ဒီအတိုင်းပဲ သူတို့က မြေပုံပဲကြည့်ပြီးတော့ သူတို့ဖွင့်ချင်သလို ဖွင့်တဲ့အခါကြတော့ ကျွန်တော်တို့လည်း မကျေနပ်ဘူးလေ။ တကယ်လို့များ သူတို့က ဒီလိုဖွင့်ချင်လို့ရှိရင် လူထုနဲ့တွေ့ဆုံပြီးမှ ဖွင့်ရမှာ”
ဒီကနေ့ ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ CNF တွဲဖက်အတွင်းရေးမှူးချုပ်(၂) ဆလိုင်းရွှေခါးက RFA ကို အခုလိုပြောပါတယ်။
“ဒီစစ်တိုက်တာတွေ ဘာတွေ ကြားထဲမှာကတော့ မတော်တဆ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်နော်။ ဆိုတော့ အဲဒီမှာ ဘယ်သူ့လက်ချက်လဲ ဆိုတဲ့ဟာကိုလည်း ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့နော်။ ပြီးတော့ ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ မတော်တဆဖြစ်တာတွေ တော်တော်များမှာ ဖြစ်ပါတယ်”
သူတို့ဒေသခံတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကတည်းက ရုံးဖွင့်မှာကို လက်မခံကြောင်း သမ္မတဆီ စာတင်ခဲ့ပေမယ့် အခုထိ ထူးခြားမှု ရှိမလာခဲ့ဘူးလို့လည်း နုန်းရှင်းတွောင်က ပြောပါတယ်။
သူတို့တွေအနေနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါကြောင့် CNF အနေနဲ့ အခုလို ရုံးဖွင့်မယ်ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပါတယ်။

http://www.rfa.org/burmese/news/cnf-office-local-people-against-09252012112637.html

CNF ရုံးခွဲသစ်ကိုတီးတိန်ဒေသခံများ ကန့်ကွက်ဆန္ဒပြ


တီးတိန်မြို့လယ် နာရီစင် (ဓာတ်ပုံ – zogampost.com)
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးခွဲ ချင်းပြည်နယ် တီးတိန်မြို့တွင် ဖွင့်လှစ်သည်ကိုု မလိုုလားသည့် တီးတိန်ဒေသခံများက အဆိုပါရုံးကို ပိတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
“CNF အဖွဲ့ဟာ ချင်းပြည်နယ် တမျိုးသားလုံုးကိုု ကိုုယ်စားပြုတဲ့အဖွဲ့မဟုုတ်ပါဘူး။ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးတွေဆီကိုုပါ ရုံးမဖွင့်ဖိုု့ ဖေဖော်ဝါရီလကတည်းက စာပိုု့ထားတာကို အလေးမထားတဲ့အပြင်၊ ပြည်သူတွေက မလိုလားတဲ့ကြားက ဒီလို ဆက်ဆံရေးရုံးကို ဖွင့်လိုက်တာကြောင့် မကျေနပ်လို့ပါ” ဟု တီးတိန်ဒေသခံ ကိုုနုမ်းရှမ်းတွမ်က ဧရာဝတီသို့ ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုုယ်စားလှယ်အဖွဲ့နှင့် CNF တိုု့အကြား အပစ်အခတ် ရပ်စဲရေးအပါအဝင် ပဏာမ သဘောတူညီချက်များအရ CNF ၏ ဆက်ဆံရေးရုံးခွဲကို စက်တင်ဘာလ ၂၄ က တီးတိန်မြို့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုုပါရုံုးရှေ့တွင် တီးတိန် ဒေသခံ ၂၀၀ ကျော်က “CNF အလိုမရှိ”၊ “သမ္မတဦးသိန်းစိန် အစိုုးရသာ အလိုရှိသည်”၊ “ပြည်သူကို ဗဟိုပြုရေး ဒိုု့အရေး” စသည်တိုု့ကိုု ကြွေးကြော် ကန့်ကွက်ခဲ့ကြသည်ဟုု ဆိုုသည်။
“အစိုုးရနဲ့ ငြိမ်းချမ်းရေး မလုုပ်ခင်တုုန်းက CNF က ကျနော်တိုု့ ပြည်သူတွေကိုု ကာကွယ်မပေးတဲ့အပြင် ဆက်ကြေးတောင်းတာ၊ လူသတ်တာတွေ ရှိခဲ့တယ်။ အဲဒီလို ကိုုယ့်အမျိုးသားအချင်းချင်းအပေါ် လုုပ်နေတဲ့ သူတိုု့ရဲ့ လုုပ်ရပ်တွေကိုု ကျနော်တိုု့ ပြည်သူတွေက လက်မခံနိုင်ပါဘူး။ ကျနော်တိုု့ ဒေသက ငြိမ်းချမ်းနေပြီးသား” ဟုု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမုံလခ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တီးတိန်မြို့တွင်းရှိ စျေး၊ ဆိုင်များ အားလုံးကိုပိတ်၍ CNF ၏ ဆက်ဆံရေးရုံုးခွဲ မဖွင့်လှစ်ရန်နှင့် တီးတိန်မြို့ကို ခရိုင်အဆင့် တိုးမြှင့်ပေးရန် ကန့်ကွက်မှုများ ပြုလုုပ်ခဲ့သေးသည်။
၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းခဲ့သည့် CNF သည် ပြီးခဲ့သည့် မေလ ရ ရက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုုပါ အချက်များတွင် တီးတိန်အပါအဝင် ထန်တလန်နှင့် မတူပီမြို့နယ်တိုု့၌ CNF ၏ ဆက်ဆံရေးရုံုးခွဲများ ဖွင့်လှစ်ရန် သဘောတူညီမှုများ ပါ၀င်သည်။
ထိုစဉ်က CNF ၏ ရုံးခွဲကိုု ၄င်းတို့မြို့တွင် ဖွင့်လှစ်ရန် သဘောမတူညီကြောင်း တီးတိန်ဒေသခံများက အစိုးရအဖွဲ့အစည်းများသို့ စာပေးပို့ တောင်းဆိုခဲ့သကဲ့သို့ CNF ကလည်း ဒေသခံများ၏ ဆန္ဒမပါ၀င်ဘဲ ရုံးခွဲများကို ဖွင့်လှစ်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း Chin Peace and Tranquility Committee က ချင်းပြည်နယ်ရှိမြို့နယ် ၉ မြို့နယ်တွင် “ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့” များ အမြန်ဆုံးဖွဲ့စည်းသွားရန် ဦးဆောင်စီစဉ်နေကြောင်း သိရသည်။
ယင်းစောင့်ကြည့်ရေးအဖွဲ့များတွင် အစိုးရဝန်ထမ်းများနှင့် CNF ၏ အဖွဲ့ဝင်များ မပါ၀င်ဘဲ သီးခြားလွတ်လပ်သော ဘာသာရေးခေါင်းဆောင်များ၊ ချင်းလူငယ်များနှင့် ဒေသခံလူကြီးများ ပါ၀င်ဖွဲ့့စည်းသွားမည် ဖြစ်ကြောင်း၊ နှစ်ဖက် လက်နက်ကိုင်တပ်များက ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အနိုင်ကျင့်မှုများ ပြုလုပ်လျှင် ယင်းအဖွဲ့များက ချက်ချင်းစုံစမ်းကာ အစီရင်ခံမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/21286

September 25, 2012

တတိယမြောက် ဆက်ဆံရေးရုံး CNF ပြန်ဖွင့်လိုက်ပြီ


CNF က ယခုလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ် လိုက်ကြောင်း၊ ဆက်ဆံ ရေး ရုံးယာယီတာဝန်ခံ အဖြစ် ပူး ဂို ခဲန် နန် အား  ခန့်အပ်လိုက် ကြကြောင်း သတင်း ရရှိသည်။
ဖွင့်ပွဲသို့ CNF ၏ အထွေထွေအတွင်းရေးမှူးချုပ် (၃) ဖြစ်သူ ပူး ခွါအုပ်လျန် နှင့် အဓိပတိကောင်စီ ၀င် ပူး အိပ်ချ်စီ ရာလ်နှင်းနဲ့အတူ ဗဟိုအလုပ် အမှုဆောင်ကော်မီတီဝင်များ၊ ဗဟိုကော်မီတီဝင်များ တက်ရောက်ကြပြီး ချင်းပြည် နယ် အစိုးရဖက်မှ နယ်စပ်ဒေသရေးရာလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး နှင့် ဖလမ်းခရိုင်အုပ်ချုပ် ရေးမှူး တို့ အပြင်ဖလမ်းမြို့မှ မြို့မိမြို့ဖများ၊ ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် မှ ပူး တလွန်ကျဲအိုတို့ တက်ရောက် သည်ဟု ကြားသိရသည်။
ဖွင့်ပွဲကို မနက် ၈ နာရီမှာ ဖွင့်လှစ်အပြီး တီးတိန်းမြို့ ကမ်ဟောင် ခန်းမတွင် လူထု ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲပြုလုပ်ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာလူကြီးများ၊ ရပ်မိရပ်ဖများ တက်ရောက် ကြကြောင်း သိရသည်။
“ လူထု တွေ့ဆုံပွဲမှာ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက ဆက်ဆံရေးရုံးကိစ္စအပါအဝင် စီအဲန်အက်ဖ်နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပါတ်သက်ပြီး ရှင်းလင်းမှုပြုလုပ် တယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ဗဟိုကော်မီတီဝင် ဆလိုင်းပီတာ ကပြောသည်။
ဒေသခံတဦးကလည်း “ ယခုလို စီအဲန်အက်ဖ်ကိုယ်တိုင် ကျတော်တို့ နယ်မြေမှာ တရားဝင် ရုံးလာဖွင့်တာ ကောင်းတယ်၊ ရိုဟင်ဂျာတို့၊ ကသည်း ဆိုတာတို့ ကြိုက်သလို နေလို့ရမှာ မဟုတ်တော့ ဘူး၊ ကျတော်တို့ နယ်မြေ အေးချမ်းရေးကို လိုလားတောင့်တပါတယ်” ဟု ဒေသခံ တဦးက ပြော သည်။
ဖွင့်ပွဲအပြီး မနက် ၁၁ ခန့်တွင် တီးတိန်လူထု ၅၀ ခန့်က ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်စာတမ်းများကိုင်စွဲပြီး ငြိမး်ချမ်းစွာ ဆန္ဒပြကြကြောင်း သိရသည်။
ဖွင့်ပွဲတွင် ချင်းအမျိုးသားတပ်ဦးမှ အဓိပတိကောင်စီဝင် ပူး အိပ်ချ်စီရာလ်နှင်းက “ ယခုလို စီအဲန်အက်ဖ် ရုံးဖွင့်ပွဲ၊ တွေ့ဆုံပွဲ တွေမှာ လာရောက် ပါ၀င်ကြ တဲ့ အတွက် လှိုက်လှိုက်လှဲလှဲ ၀မ်းသာတယ် ၊ ဒီမိုကရေစီ ကျင့်စဉ်ဆိုတာ ဆန္ဒပြတာလည်း ရှိသင့်ပါတယ်၊ အဲဒါ သူတို့ အခွင့်အရေး ပါ၊ ဘာပဲ ဖြစ်ဖြစ် စီအဲန်အက်ဖ် အနေနဲ့ မိမိတို့ ပေါ်လစီကနေ တခုမှ လျှော့ချမှာ မဟုတ်ဘူး” ဟု ဆိုသည်။
ဖွင့်ပွဲသို့ ဖလမ်းမြို့မိမြို့ဖမှ ပါ၀င်တက်ရောက်လာသူပူး ထန်းကိမ်းကလည်း အမျိုးသားရေးမှာ ဥမကွဲသိုက်မပျက် ချင်းအမျိုးသားရေးထဲမှာ ပါ၀င်ကြ ဘို့ ဆက်လက်တိုက်တွန်းသွားသည် ဟု သိရ သည်။
CNF သည် ချင်းပြည်နယ်အတွင်း ထန်တလန်မြို့ နှင့် မတူပီမြို့များတွင် ဆက်ဆံရေးရုံးဖွင့် လှစ်ခဲ့ ပြီးဖြစ်သည်။ ထို့အပြင် အဆိုပါ မြို့များ တွင် နိုင်ငံရေး ပါတီများ၊ ရပ်မိရပ်ဖများ၊ လူငယ်အဖွဲ့ အစည်းများပါ၀င်သော လူထုတွေ့ ဆုံညိနှိုင်းရေး ကော်မီတီကိုလည်း ဖွဲ့စည်းလိုက် ကြပြီးဖြစ် သည်။
မကြာသေးသော အချိန်တွင် CNF သည် ချင်းလူမျိုးများရှိရာ ဒေသအသီးသီးတွင် လူထု နှင့် တွေ့ဆွေး နွေးကြတော့ မည် ဖြစ်သည်ဟု လည်း စီအဲန်အက်ဖ် ဆိုင်ရာ ငြိမ်းချမ်းရေးကော်မီတီဝင် တဦးက ပြောသည်။
ထိုသို့ ချင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး လာမည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေးတွေ့ ဆုံဆွေးနွေးပွဲပြု လုပ်ရန် စီအဲန်အက်ဖ် ဖက်မှ ပြင်ဆင် ထားကြောင်း အသေးစိပ်ကိုမူ မသိရပေ။
စီအဲန်အက်ဖ်သည် ယခုနှစ် ဇန်နဝါရီလတွင် ချင်းပြည်နယ်အစိုးရနှင့် ပဏာမ တွေ့ဆုံညှိနှိုင်းပြီး မေလတွင် ပြည်ထောင်စု အစိုးရနှင့် တွေ့ဆုံညိနှိုင်း ခဲ့သည်။

http://khonumthungburmese.org/?p=627

September 13, 2012

ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား


ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား (ရုပ်သံ)

September 5, 2012

PNLO ဆက်ဆံရေးရုံး ဖွင့်တော့မည်

27-8-6_qqwပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် စက်တင်ဘာလ (၇) ရက်နေ့ အမှီ တောင်ကြီး၌ ဆက်ဆံရေး ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း PNLO အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခွန်ဥက္ကာမှ ပြောသည်။
“ရုံးဖွင့် နိုင်ဖို့အတွက် တာဝန် ပေးထားတဲ့ လူတွေကတော့ ပြင်ဆင်မှုတွေ အသည်းအသန် လုပ်နေတယ်လို့ ပြောနေတယ်၊ ကျွှန်တော့် ဆီကိုတော့ နောက်ဆုံးအခြေအနေ အတွက် တရားဝင် သတင်း ပေးပို့ လာတာတော့ မရှိသေးဘူး၊ ကျွှန်တော် ကတော့ စက်တင်ဘာ (၇) ရက်နေ့ မတိုင်မှီ ဖွင့်နိုင်အောင် လုပ်ပါလို့ ပြောထားတယ်လေ” ဟု ခွန်ဥက္ကာမှ ပြောပါသည်။
ဆက်ဆံရေးရုံး တာဝန်ခံ အဖြစ် ဗိုလ်မှူး ခွန်ဇွဲထိုအား တာဝန်ပေးအပ်ရန် လျာထားသည်ဟု ဆိုပါသည်။
ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်အရ PNLO အဖွဲ့၏ ဆက်ဆံရေး ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူ ခဲ့ကြပြီး ယခု ပထမဦးဆုံး အနေနှင့် တောင်ကြီး ဆက်ဆံရေး ရုံးကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း နေခြင်း ဖြစ်ပါသည်။
ထို့ပြင် မွန်ပြည်နယ်ရှိ သထုံမြို့၌ ဆက်ဆံရေး ဖွင့်လှစ်နိုင်ရန် PNLO မှ တင်ပြ တောင်းဆို ထားသော်လည်း ဤကိစ္စကို လာမည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆွေးနွေးကြမည် ဖြစ်ပါသည်။
ပြည်ထောင်စု အဆင့်နှင့် ဆက်လက် ဆွေးနွေး နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာ ရမည့် စည်းကမ်း ချက်များ သတ်မှတ် နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ် နိုင်ရန်အတွက် ကူညီ ပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင် များ၏ တပ်တည် နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး တို့ကို အကြို ညှိနှိုင်း၍ ဆွေးနွေးရန် နှစ်ဖက် သဘောတူ ခဲ့ကြပြီး ဖြစ်ပါသည်။
Pa_O_0099ooပအိုဝ်တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင် ခွန်မြင့်ထွန်းအား ဦးအောင်မင်းကြိုဆိုပုံ
“ကျွှန်တော်တို့ တပ်တွေ ရှိနေတဲ့ နေရာ လက်ရှိ နေနေတဲ့ နေရာကိုပဲ လောလောဆယ် သူတို့ ဘက်က ယာယီ အသိအ မှတ် ပြုထားတယ်၊ သို့သော် လည်းပဲ နီးရာ ပြည်သူ့စစ် တပ်တွေ၊ ရှေ့တန်း တပ်တွေနဲ့ ညှိရ အုံးမှာပေါ့၊ ကျွှန်တော်တို့ ဆီမှာက အစိုးရ တပ်တွေ ကျွှံဝင်နေတာ၊ ကျွှန်တော်တို့ နေရာထဲကို တပ်စွဲ ထားတာတွေ သိပ်မရှိဘူး၊ ကျွှန်တော်တို့ တပ်တွေ လက်ရှိ ရှိနေတဲ့ နေရာကို သူတို့ အသိအမှတ် ပြုပေးရင် လုံလောက် ပါပြီ” ဟု PNLO အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခွန်ဥက္ကာမှ ပြောပါသည်။
အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီး နောက် လွန်ခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့တွင် PNLO အဖွဲ့မှ မဲဆောက်မြို့၌ ပအိုဝ်း ပြည်သူလူထု နှင့် တွေ့ဆုံ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ပြည်သူ များ၏ တင်ပြချက် များကို ရယူ ခဲ့ကြောင်း ခွန်ဥက္ကာမှ ပြောသည်။
အဆိုပါ လူထု တွေ့ဆုံ ရှင်းလင်းပွဲသို့ ဒုက္ခသည် စခန်းမှ ပအိုဝ့် ပြည်သူ လူထုများ၊ ဗန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်မှ ပအိုဝ်း ပြည်သူများက ကိုယ်စားလှယ်များ စေလွှတ်၍ တက်ရောက် ခဲ့ကြသည်ဟု သိရှိရပါသည်။
“သူတို့တွေ အကြံပေး ကြတာ တွေလည်း ကောင်းပါတယ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တော့ အမြင် မတူကြဘူး၊ ရေစီးကြောင်းထဲ ရောက်နေပြီ မလုပ်လို့ ကလည်း မဖြစ်၊ လုပ်မယ် ဆိုလည်း ဘယ်လိုလုပ်ဖို့ ဆိုတာတွေ၊ ဘယ်လို သတိရထားရမလဲ ဆိုတာတွေ အဲဒီ အခြေအနေ တွေအပေါ် ဆွေးနွေး အကြံပေး ကြပါတယ်၊ အပစ်အခတ် ရပ်စဲရေး လုပ်တာကိုတော့ မှားတယ်လို့ အပစ်တင် တာတော့ မရှိပါဘူး” ဟု ခွန်ဥက္ကာမှ ပြောသည်။
ပြည်တွင်းရှိ ပအိုဝ်း ပြည်သူ လူထုများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ ကိုမူ တောင်ကြီး ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားရန် ရှိသည် ဟုလည်း ဆိုပါသည်။
PNLO အဖွဲ့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲ ရေး သဘောတူလက်မှတ် ရေးထိုး ခဲ့ပါသည်။ အစိုးရတို့၏ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို အောက်တိုဘာလ တတိယ ပတ်ခန့်တွင် တွေ့ဆုံရန် စီစဉ် ထားပြီး ရက်ချိန်း အတိအကျကို နှစ်ဖက် ညှိနှိုင်း အတည်ပြု နိုင်ခြင်း မရှိသေးဟု ခွန်ဥက္ကာမှ ပြောပါသည်။

Wednesday, 05 September 2012

http://www.phophtaw.org/burmese/index.php/news/local-news/2086--pnlo-.html

September 4, 2012

ရခိုင်လွတ်မြောက်ရေးပါတီ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်လှစ်

စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။        ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။

ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအဝင် လူ ရ၀၀ ခန့်တက်ရောက်သော ဆက်ဆံရေးရုံးဖွင့်ပွဲကို ALP ပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ခဲ့ကြသည်။
alp
ALP ပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားအား လူ ရ၀၀ ခန့်တက်ရောက် (ဓါတ်ပုံ သိန်းလှိုင်/မဇ္စျိမ)
ပြည်ထောင်စုအဆင့် ဆွေးနွေးခြင်း အပါအဝင် ရခိုင်ပြည်သူ့ဘဝ မြင့်မားလာစေရေးဆောင်ရွက်သည့်နေရာတွင် နီးကပ်စွာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆက်ဆံရေရုံးဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခိုင်အောင်စိုးသန်းက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အစိုးရနှင့် ALP ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ALP အကြား ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့နိုင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြိုးစား
ဆောင်ရွက်သွားမည်ဟု ပြောသည်။

ALP သည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၆၇ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သည်။
 
http://www.mizzimaburmese.com/news/breaking-newsbrief/10020-2012-09-03-12-00-32.html

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်

2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။
ရုံးဖွင့်ပွဲ အခမ်းအနားမှာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်းရှိ တစ်ခြားမြို့နယ်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောကြားပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/alp-office-open-09032012164626.html

August 28, 2012

ယခုလကုန် တောင်ကြီး၌ရုံးဖွင့်နိုင်ရေး PNLO ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီး၌ ယခုလမကုန်မီ ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ဖို့ကြိုးစားနေကြောင်း ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်ကပြောသည်။
PNLO_peace_talking_with_state_government
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် PNLO အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စကားပြောကြစဉ် ( မြန်မာ့သတင်းစဉ်)

“ ကျနော်တို့ တောင်ကြီးမှာ ဒီလမကုန်မီ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ စုစုပေါင်းတော့ ၃-၄ နေရာ လျာထား ပါတယ်။ အခုတောင်ကြီးမှာ အရင်ဆုံးဖွင့်မှာပါ။ ကျန်တဲ့နေရာတွေမှာတော့ ထပ်ပြီးဆွေးနွေးပြီးမှဘဲဆက်ဖွင့် သွားမှာပါ” ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်  ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ငြိမ်းချမ်းရေး ကိုယ်စား လှယ် ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သော စစ်ဦးစီးချုပ်   ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်အားပြော ပြသည်။

ဆက်ဆံရေးရုံးများကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊မောက်မယ်မြို့၊ ဆီဆိုင်မြို့အပြင် မွန်ပြည်နယ် သထုံမြို့တွင် လည်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နှင့် PNLO ၏ အတွင်းရေးမှူး ခွန်မြင့်ထွန်းကပြောပါသည်။

“ကျနော်တို့ ဌာနချုပ်ကိုလည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်မောက်မယ်မြို့နယ် ကဒူးကြီးမှာ စိုက်ဖို့ မျှော်မှန်းထား ပါတယ်။ ဒီအကြောင်းတွေကို လာမယ့်အောက်တိုဘာလမှာ လုပ်ဖို့ သဘောတူထားတဲ့ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးပွဲမှာမှ ဒီအကြောင်းတွေထပ်ပြီးဆွေးနွေးပါမယ်” ဟု ဗိုလ်မှူးကြီးခွန်သူရိန်ကပြောပါသည်။

နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မည့် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ၌ ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ လိုအပ်ကြောင်း လည်း ပြောပါသည်။

ယမန်နေ့ ဩဂတ်စ် ၂၇ ကမူ PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၁၉၆၀ ဝန်းကျင်က ပအိုဝ်း (တက္ကသိုလ်) ကျောင်း သားဟောင်းကြီးများအဖွဲ့နှင့်တွေ့ဆုံပြီး ၎င်းတို့ဦးစီးဖွင့်လှစ်ထားသည့်တောင်ကြီးမြို့ မင်းကွန်းပရိယတ္တိ စာသင် တိုက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောပြသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့  PNLO ကိုယ်စား လှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရဘက် မှ သျှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင် မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲ၌ အပစ်ရပ်စဲရေးနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအတွက် သဘောတူညီချက် လက်မှတ် ရေးထိုး နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ပါ ပြုလုပ်နိုင်ခဲ့ ကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောသည်။

PNLO သည် အစိုရနှင့် အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ၁၃ ဖွဲ့မြောက် လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်ပြီး တောင်ကြီးမြို့တွင် တတိယမြောက် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။

ယခုတကြိမ် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၅ ချက်မှာ -
၁- ၂၀၁၂ ဩဂတ်စ်လ ၂၅ မှစ၍ အပစ်အခတ်ရပ်စဲရေး
၂-နှစ်ဘက်သဘောတူညီမှုရထားသည့် သတ်မှတ်နယ်မြေများတွင် နေထိုင်ရေး
၃-သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့်သွားရောက်ခြင်းမပြုရေး
၄-ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ဆီဆိုင်၊မောက်မယ်မြို့များ၌ ထားရှိရေး
၅-ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရေး စသည်တို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

ညနေပိုင်း ပြည်ထောင်စုအဆင့်ဆွေးနွေးရာ၌ ဆွေးနွေးသဘောတူခဲ့သော အချက် ၈ ချက်မှာ-
၁- ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာသည်ထက်ခိုင်မာအောင်ဆွေးနွေးရန်
၂- Code of Conduct  သတ်မှတ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ရေး
၃-ဆက်ဆံရေးရုံးမှားလုပ်ငန်းလည်ပတ်နိုင်အောင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကူညီရန်
၄-PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကိုဆက်လက် ညှိနှိုင်းရန်
၅-မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၆-သတင်းမီဒီယာများကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၇-တပ်ဖွဲ့ဝင်များ၏စားဝတ်နေရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်
၈-ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စဆွေးနွေးညှိနှိုင်းရန်တို့ဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3436--pnlo-.html

August 21, 2012

KNU စတုတ္ထမြောက် ဆက်ဆံရေးရုံးဖွင့်ပွဲ

KNU စတုတ္ထမြောက် ဆက်ဆံရေးရုံးဖွင့်ပွဲ



August 20, 2012

ALP ဆက်ဆံရေးရုံး ဖွင့်ရက် ရွှေ့ဆိုင်း

2012-08-19
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ရက်ကို ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှု ပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းထားရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။



၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။

ALP ရဲ့ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် ပဋိပက္ခ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ရုံးဖွင့်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးခိုင်သုခကပြောပါတယ်။
"အစိုးရကနေ ၁၄၄ ထုတ်ထားတဲ့ ကိစ္စနဲ့ တခြား မငြိမ်မသက်မှုလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကနေ ခဏလေး ဆိုင်းထားဖို့ ပြောနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရုံးဖွင့်မယ့်ကိစ္စက နဲနဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။"
ALP အဖွဲ့ဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရထားတာပါ။ နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးရေး မတိုင်ခင်မှာတော့ ALP တပ်ဖွဲ့ဝင်တွေ နေရာချထားရေး ကိစ္စ ဆွေးနွေးဖို့ ကျန်နေသေးတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ALP ကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/alp-office-opening-ponponed-08192012114822.html

August 18, 2012

KNU ဆက်ဆံရေးရုံး မြဝတီမှာ ဖွင့်လှစ်

2012-08-18
KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ရ နယ်မြေအတွက် မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံး ကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်။
မြန်မာအစိုးရနဲ့ KNU တို့အကြား အပစ်အခတ် ရပ်ပြီးတဲ့နောက် နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်နေရာမှာ ဒီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပစ်အခတ် ရပ်စဲရေး တိုးတက်လာတယ်လို့ ပြောလို့ရပေမယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက်လက် ဆောင်ရွက်ရဦးမယ်လို့ KNU ဒု-ဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်တာကပေါ ကပြောပါတယ်။
"အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ နဲနဲ တိုးတက်လာတဲ့ သဘောပေါ့ဗျာ။ လိုရင်းက ကျွန်တော်တို့ ချထားတဲ့မူ ရှိတယ်မဟုတ်လား။ တပြည်လုံး အတိုင်းအတာနဲ့ ရပ်ဖို့။ အခုဟာက ကချင်ဘက်မှာ မရပ်တဲ့ အခါကျတော့ ရှေ့ဆက်သွားဖို့က ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စတောင် နောက်ဆန်တင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးစားမယ်လေ။ ဆက်ပြီးတော့။"
ဒီနေ့ရုံးဖွင့်ပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဘက်က ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖေါတို့ တက်ရောက် ဖွင့်လှစ် ပေးတာပါ။
အဲဒီပွဲမှာ နှစ်ဘက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် မဟာမိတ်တွေ အဖြစ် DKBA၊ BGF ခေါ် နယ်ခြားစောင့်တပ်၊ KNU-KNLA ငြိမ်းချမ်းရေး ကော်မတီက ကိုုယ်စားလှယ်တွေနဲ့ NLD ဒေသဆိုင်ရာ ကို်ယ်စားလှယ်တွေ၊ ကရင်နဲ့မွန်ပါတီက ပုဂ္ဂိုလ်တွေ၊ ဒေသခံ ပြည်သူတွေ စုစုပေါင်း ၅ ရာကျော်လောက် တက်ရောက်ကြ ပါတယ်။
ဒီရုံးဖွင့်ပွဲနဲ့ ပတ်သက်လို့ အပြည့်အစုံကို ဦးနေရိန်ကျော်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/knu-office-in-myawaddy-open-08182012130438.html

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက်

သြဂုတ်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။
ယနေ့ မြန်မာစံတော်ချိန် ၁၀နာရီကျော်မှစတင်၍ စက်ခလုတ်နှိပ်ကာ တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက အစိုးရနှင့် KNU ကြား ဆက်သွယ်ရေး ပုံမှန်လုပ်ဆောင်သွားနိုင်ရန် ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ သလို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “ကျနော်တို့ အခုလို ဆက်ဆံရေးရုံးတွေ လိုက်လံဖွင့်လှစ်ရတာက တစ်တချက် နားလည်မှု ရရှိစေဖို့နဲ့ နှစ်အချက်က ပူးပေါင်းဆောင်ရွက်လာဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အခမ်းအနားသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော် အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌစောကွယ်ထူးဝင်း၊ ညောင်လေးပင်ခရိုင် ဥက္ကဌ ပဒိုစောလေးလော်ဆောနှင့် အခြားတပ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက အပြောလွယ်၊ အလုပ်ခက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဒီမိုကရေစီနည်းကျကျက အများသဘောဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလို ပြောဆိုသည်။
“အများဆုံးဖြတ်ချက်ဟာ ရာနှုန်းပြည့်မမှန်ဘူး ဆိုသော်လည်းပဲ အကောင်းဆုံးစနစ်ဆိုတာကို ခံယူတယ်။ ဒါကြောင့်မို့ အလုပ်တခုလုပ်ပြီ ဆိုရင် အများဆုံးဖြတ်ချက်အပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ ခိုင်ခိုင်မာမာ သံဓိဌာန်ချပြီးတော့ လုပ်သွားဖို့ အရေးကြီးတယ်။ ကေအဲန်ယူ ဗဟိုရှေ့ဆောင် မှုအောက်မှာ ကွန်ဂရက်က ချမှတ်ထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တစိုက် မတ်မတ် လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ယခုဖွင့်ပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဖြစ်သူ မီးရထားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း အပါအဝင် ပြည်နယ်ဝန်ကြီးအချို့၊ လွှတ်တော်ကော်မရှင်များ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကလို့ထူးဘော DKBA မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးကျော်သက်၊ ငြိမ်းချမ်းရေးကောင်စီမှ စောနေစိုးမြ၊ နယ်ခြားစောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးမုတ်သုန်တို့အပြင် မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ခံများ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်-NLD နှင့် ဖလုံ-စဝေါ်ပါတီ အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
“ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ ပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို ရစေချင်ပြီ။ အားလုံးက လည်း ဒီလိုပဲ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။ မြဝတီမြို့နယ် NLD အနေနဲ့ကလည်း ငြိမ်းချမ်းရေး မရရ အောင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ကို အဆင်သင့်ပါပဲ”ဟု မြဝတီခရိုင် NLD ဥက္ကဌ ဦးစိန်ဗိုလ်က ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်အပေါ် မြဝတီမြို့ခံ စောကျော်ကျော်က “ဒီလိုရုံးဖွင့်လိုက်ခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ တဆက်တည်းမှာပဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလည်း တိုးတက်ဖို့ လူထုတစ်ဦးအနေနဲ့ လိုလားချက် ရှိပါ တယ်လို့ ပြောလိုပါတယ်”ဟု ပြောသည်။
KNLA ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ကျန်ရှိသည့် ကေအဲန်ယူ ဆက်ဆံရေးရုံးများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသူများအား ပြောကြားသွားခဲ့သည်။
မြဝတီ ဆက်ဆံရေးရုံးတွင် တာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဒုဗိုလ်မှူးကြီးဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ(၆)မှ အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးလမင်းကို တာဝန်ပေးထားကြောင်း KNU အသိုင်းအဝိုင်း၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလနှင့် မေလများတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့များတွင် KNU ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

http://www.kicnews.org/?p=12954

အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေး ဆိုသည်မှာ KNU ဆက်ဆံရေး ရုံးဖွင့်ပွဲက သက်သေပြ

KNU_office_image_စတုတ္ထမြောက် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ မြဝတီ ဆက်ဆံရေး ရုံးဖွင့်ပွဲကို အစိုးရ ၀န်ကြီးများ အပါ၀င်၊ လွှတ်တော် ကော်မီရှင်များနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာ အကြီးအကဲများကို အင်တိုက်အားတိုက် တက် ရောက်စေခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား သွေးခွဲပြီး ဆက်ဆံရာ ရောက်စေခဲ့သည်ဟု အခမ်းအနားကို တက်ရောက် ခဲ့သော KNU ခရိုင် အတွင်းရေးမှူး တဦးက ဆိုပါသည်။
“ဒါဟာ တောင်ပိုင်းက အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အပေါ်မှာ စိတ်ဓါတ် စစ်ဆင်ရေးကို သုံးလိုက်တာပါ။ သူတို့ ကိုယ်တိုင်က မကထ လုပ်ထားပုံပါ။ တိုင်းရင်းသား ဖက်ကဆိုရင် မွန်၊ ကရင်၊ DKBA ၊ BGF အဖွဲ့အားလုံးကို ဖိတ်တယ်။ အစိုး ရဖက်ကဆိုရင် ၀န်ကြီးအပြင်၊ လွှတ်တော်ရေးရာ ကော်မီတီတွေ၊ ပြည်နယ်အဆင်တွေ၊ တရားဝင် နိုင်ငံရေး ပါတီတွေမက အရေးကြီး ပုဂ္ဂိုလ်တွေကို သူတို့ကိုယ်တိုင် ဖိတ်ထားတယ်ပေါ့။ ကြည့်လိုက်ရင် KNU ရုံးဖွင့်ပွဲက လူပေါင်း (၆၀၀) လောက်နဲ့ဆို စည်းကားနေတာပေါ့၊ ဒါဟာ တိုင်းရင်းသား အရေးကို ပြန်တွက်ကြည့်ရင် တောင်ပိုင်း အဖွဲ့တွေကို နှစ်သိမ့်နေတဲ့ အဓိပ္ပါယ် ဖြစ်နေမလားဘဲ” ဟု ဆိုပါသည်။
အစိုးရက ကမကထ လုပ်ပြီး ဖိတ်ကြားထားသူများမှာ  ကလို့ထူးဘော DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးကြီးကျော် သက်၊ ငြိမ်းချမ်းရေး ကောင်စီမှ စောနေစိုးမြ၊ နယ်ခြားစောင့်တပ် အမှတ်(၃)မှ တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးကြီး မုတ်သုန်၊ မြဝတီခရိုင် ဌာနဆိုင်ရာ တာဝန်ခံများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဖလုံ-စဝေါ်ပါတီ တို့ ပါ၀င်သည်။
ထို့အပြင် မွန်ပြည်သစ်ပါတီ ဥက္ကဌ (သို့) ဒုဥက္ကဌကိုပါ ဖိတ်ကြားခဲ့ပါသည်။ သို့သော် ဗဟိုအလှုပ်အမှုဆောင် နိုင်တလညီနှင့် နိုင်ဝင်းလှတို့နှစ်ဦးက ဦးဆောင်ပြီး တက်ရောက်ခဲ့ပါသည်။
အစိုးရဖက်မှ တက်ရောက်သူများမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦး အောင်မင်း ဦးဆောင်ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း အပါအဝင် ပြည်နယ်ဝန်ကြီးအချို့နှင့် လွှတ်တော် ကော်မရှင်များက တက် ရောက် စေခဲ့ပါသည်။
အခမ်းအနားကို ယနေ့ မနက်ပိုင်း၌ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကျင်းပခဲ့ပါသည်။ မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဗိုလ်မှူးကြီးဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ (၆) မှ အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးလှမင်းတို့ဖြစ်ပါသည်။
ဤဖွင့်ပွဲသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစော အောင်မော်အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌစောကွယ်ထူးဝင်း၊ ညောင်လေးပင် ခရိုင် ဥက္ကဌ ပဒိုစောလေးလော်ဆော၊ မော်လမြိုင်ခရိုင်မှ ဥက္ကဌ ပဒိုရွှေမောင်းနှင့် အဆင့်ဆင့် အရာရှိများတို့ တက်ရောက်ခဲ့ပါသည်။
Ag_min_in_Knu_office_ကေအန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရတဲ့ ၀န်ကြီး ဦးအောင်မင်း (ဓါတ်ပုံ - အင်တာနက်)
ဖွင့်လှစ်ပြီးခဲ့သော KNU ဆက်ဆံရေး ရုံးများမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံး ဆူမြို့များတွင် KNU ဆက်ဆံရေး ရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ဤသည် စစ်ရေးအရ အစိုးရနှင့် ပစ်ခတ်မှု မရှိသော (သို့) အစိုးရက ချွေးသိပ်ထားဟန် ရှိသော အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ဖြင့် စုစည်းပြီး KNU ဆက်ဆံရေး ရုံးဖွင့်ပွဲ၌ အင်အားပြခြင်း တရပ်ဟု ယူဆပါသည်။ ဒီအချိန်၌ အစိုးရသည် မြန်မာပြည် မြောက် ပိုင်းရှိ အပစ်မရပ်သေးသော နှင့် အပစ်ရပ်ထားသော တိုင်းရင်းသား အဖွဲ့အစည်းများကို စစ်ရေးအရ ပြင်းထန်စွာ ရန်ပြုနေ ချိန်ဖြစ်သည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုအဖွဲ့၏ သွေးခွဲ အုပ်ချုပ်မှုကို မြင်သာ လှသည်ဟု ခရိုင် အတွင်းရေးမှူးက ဆိုပါသည်။
“ကျနော်တို့ကို ဦးစားပေးလွန်းလို့ ချစ်လွန်းလို့ အခုလို ရုံးဖွင့်ပွဲကို အရေးတယူနဲ့ စည်စည်ကားကား ကျင်းပပေးမဲ့ပုံ မဟုတ် ဘူး ထင်ပါတယ်။ စစ်ရေးအရ ပြောရရင် သွေးခွဲပြီး ချေမှုန်းတဲ့ သဘောပါဘဲ၊ တချိန်တုန်းကလည်း KNU ကို ညှာခဲ့တာ မဟုတ် ပါဘူး၊ အခုလည်း မလိုတဲ့ အချိန်မှာ၊ မကြိုက်တဲ့အချိန်မှာ ရန်စလို့ ရနိုင်ပါတယ်”ဟု ဆိုပါသည်။
ယခုချိန်၌ တခြား တိုင်းရင်းသား မဟာမိတ်များ ဖြစ်ကြသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို ပြင်းထန်စွာ ထိုးစစ် ဆင်နေတဲ့အချိန်၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကို အပစ်ရပ် ထားလျှက်နှင့် ရန်စသည့် အချိန်ဖြစ်ပါသည်။ ဤအချိန်၌ ဦးအောင်မင်းသည် ငြိမ်းချမ်းရေး လိုလားပါက တွေ့ဆုံ ဆွေးနွေးရေးကို အဖြစ်နိုင်ဆုံး ညှိနှိုင်းရန် ဖိတ်ခေါ်အပ်ပါသည်။ သို့သော် ဦးအောင်မင်းက---
Ag_Min_talkဤသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ၏ သဘောထားပင်ဖြစ်ပါသည်။ ဦးအောင်မင်း သည်၊ KIA ၊ SSPP နှင့် RCSS တို့အဖွဲ့နှင့် တွေ့ဆုံဆွေးရန် အချိန် မပေးနိုင်သော်လည်း KNU ရုံးဖွင့်ပွဲ၌ စည်စည် ကားကား အရေးပေးပြီး ကျင်းပနိုင်ခဲ့ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2030-----knu---.html

August 17, 2012

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးဖွင့်မည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က ကျောက်တော်မြို့မှာ ပထမဆုံး ဆက်ဆံရေးရုံးကို ဩဂုတ်လအတွင်းမှာ ရုံးဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ရုံးဖွင့်လှစ်နိုင်ဖို့ ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ကြန့်ကြာမှုတွေ ရှိတယ်လို့ အေအယ်လ်ပီ အတွင်းရေးမှူး ခိုင်သုခက ပြောပါတယ်။
စစ်တွေ၊ ရန်ကုန်၊ မြ၀တီ၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော်မြို့တွေမှာ အေအယ်လ်ပီ ဆက်ဆံရေးရုံးနဲ့ စီးပွားရေးရုံးတွေဖွင့်ဖို့ အစိုးရနဲ့ သဘောတူညီ ထားကြပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ၅ ချက်ကို ဧပြီ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ တွေ့ဆုံနိုင်ရန်အတွက် အေအယ်လ်ပီက အဆိုပြုထားပေမယ့် အစိုးရဘက်မှ အကြောင်းမပြန်သေးပါဘူး။
ရခိုင်ပြည်လွတ်မြောက်ရေးတပ် (အေအယ်လ်ပီ/အေအယ်လ်အေ) ဟာ ၁၉၇၃ ခုနှစ်မှာ စတင်တည်ထောင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နဲ့ မြန်မာ-ထိုင်း နယ်စပ်မှာ အခြေစိုက်လျက်ရှိတယ်လို့ သိရပါတယ်။ 

http://burmese.dvb.no/archives/29287

August 15, 2012

ကျောက်တော်၌ ALP ဆက်ဆံရေးရုံး ဖွင့်မည်

ALP_01အစိုးရနှင့် ဆက်ဆံရေး ထားရှိရန် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) သည် ရခိုင်ပြည်နယ် ကျော်တော်မြို့၌ ဆက်ဆံ ရေးရုံး ဖွင့်လှစ်ရန် သြဂုတ်လ အတွင်း စီစဉ် ထားကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ဆိုပါသည်။
“ ကျောက်တော်မှာလည်းပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားတာ ရှိတော့ မြန်မာအာဏာပိုင်တွေဘက်က စောင့်ပါအုံး ဆိုပြီး ပြောနေလို့ ကြန့်ကြာ နေတာပါ” ဟုဆိုပါသည်။
ဆက်ဆံရေးရုံးများကို စစ်တွေ၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော်၊ ရန်ကုန်နှင့် မြဝတီ၊ မြို့များ၌ ထားရှိရန် အစိုးရနှင့် သ ဘော တူညီထားပါသည်။ သို့သော်လည်း ပလက်ဝ မြို့၌ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) ၏ ဆက်ဆံရေးရုံး ထားရှိမှုကို ချင်းပြည်သူ့ တပ်ဦး (CNF) မှ ကန့်ကွက် ထားပါသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အဆိုပြု ထားခဲ့ သော်လည်း အစိုးရမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။
ALP သည် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲဖြစ်မြောက်ပါက ၄င်းတို့အပေါ် မတရားအသင်း ကြေညာထားမှုကို ပြန်လည် ရုပ် သိမ်းပေရေး၊ ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှု ကိစ္စရပ် များတွင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရန် အချက် (၁၇) ချက်ကို တောင်းဆိုရန်ရှိပါသည်။

Yakhing_libration_Army_copyဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၏ ပြည်တွင်းငြိမ်းချမ်းရေးခရီစဉ်၌ လူထုသောင်းနဲ့ချီ ကြိုဆိုခဲ့ (ဓါတ်ပုံ - Soe Thant Aung)
ALP သည်အပစ်အခတ်ရပ်စဲထားသည်ဟု ဆိုသော်လည်း တပ်နေရာချထားရေးကိုမူ အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်ပါသည်။ လေ့လာသူများကမူ ALP ၏ တပ်ဖွဲ့များသည် ထိုင်းမြန်မာနယ်စပ်၌သာ အခြေခံ ထားသည့် အတွက် တပ်နေရာ ချထားမှု၌ အခက်အခဲ ဖြစ်နိုင်ကြောင်း ဆိုကြပါသည်။
ALP သည်ရခိုင်ပြည်နယ်၌ ဖြစ်နေသော ဘင်္ဂလီအရေးခင်းကို ဒုတိယအကြိမ် မတရား ကျူးကျော် ၀င်ရောက်မှု ဖြစ်ပြီး နယ် ချဲ့ခြင်းဖြစ်သည်ဟု ခံယူကြောင်း အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ခိုင်သုခက ဆိုပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ၂၀၁၂ ဧပြီလ (၅) ရက်နေ့၌ အပစ်အခတ်ရပ်စဲ ရေးမဏာမသဘော တူညီချက် (၅) ချက်ကို လက်မှတ် ရေးထိုးခဲ့ပါသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ ဆင့်အိန္ဒိယ နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင် အခြေစိုက် နေပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2014--alp-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India