April 11, 2013
ရက္ခိုင့်တပ်မတော် (၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
Thursday, April 11, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
January 16, 2013
ရခိုင်အမျိုးသား အင်အားစုတွေ ညီညွတ်ရေးလုပ်ငန်းစဉ်ကိုချမှတ်
Wednesday, January 16, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဇန်နဝါရီလ ၁၁ရက်ကနေ ၁၄ရက်နေ့အထိကျင်းပတဲ့ ဒီဆွေးနွေးပွဲကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။
“အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကတော့ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးဆိုတဲ့မူအပေါ်မှာ အားလုံးလက်တွဲညီညွတ်စွာ ဆောင်ရွက်သွားဖို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားဖို့၊ ရခိုင်အမျိုးသားညီညွတ်ရေး အကျိုးဆောင်ကော်မတီကို ကျမတို့ ဒီအစည်းအဝေးကပဲ ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်၊ နောက်ပြီးတော့ တရားမဝင် ကျမတို့တိုင်းပြည်မှာ နေထိုင်လာကြတဲ့ တခြားလူမျိုးတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားစီစစ်ရေး လှုပ်ရှားမှုတွေကို မှန်ကန်စွာ ပြုလုပ်ပြီးတော့ ဥပဒေနဲ့အညီ အမြန်ဆုံးဆောင်ရွက်ပေးဖို့အတွက် လက်ရှိမြန်မာနိုင်ငံအစိုးရကို ကျမတို့တောင်းဆိုတဲ့ သဘောထားတွေချပါတယ်”
ဒါ့အပြင် ၂၀၁၀ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ရသေ့တောင် အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို အတည်ပြုကြောင်း၊ လူမှုကွန်ယက်အသီးသီးက ချမှတ်ထားတဲ့ တောင်ကုတ်ညီလာခံ ဆွေးနွေးချက်တွေကို သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားတွေ အသက်အန္တရယ် ရင်ဆိုင်နေရတာတွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေကို တင်ပြတောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုကြောင်းကိုလည်း ဒီညီလာခံကနေ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို အဖွဲ့ပေါင်း ၁၇ဖွဲ့မှ ကိုယ်စားလှယ် ၄၀ကျော်တက်ရောက်ခဲ့ပြီး ၂၀၀၄ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရခိုင်အမျိုးသားခေါင်းဆောင်တွေ ညီညီညွှတ်ညွှတ်တွေ့ဆုံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တာလို့လဲ သိရပါတယ်။
http://www.rfa.org/burmese/news/rakhine-meeting-border-myanmar-01162013080929.html
November 27, 2012
နစက-BGB နယ်စပ်လုံခြုံရေး တိုးမြင့်ချထားမှု အရှိန်မြင့်မားလာ
Tuesday, November 27, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဘင်္ဂလာ အခြေစိုက် အမည်မသိ နက်လက်ကိုင် တပ်ဖွဲ့တဖွဲ့အနေဖြင့် နိုဝင်္ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် နယ်စပ်လမ်းများကို ပြုလုပ်နေသော GE တပ်ဖွဲ့ဝင်များအား အငိုက်မိတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ပြန်ပြေးဆွဲ ခံရမှုမှ ယခုကဲ့သို့ နယ်စပ်တင်းမာမှုမှ လုံခြံုရေးတပ်ဖွဲ့များ တိုးမြင့်ချထားမှု ပြန်လည်မရုပ်သိမ်းသေးဘဲ ရှိနေခြင်းဖြစ်သည်။
ယင်းအခင်းဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ် နယ်မြေ ရ နစက- နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တို့အနေဖြင့် အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့သည်မှာ လေးကြိမ်တိုင်ရှိခဲ့ပြီးဖြစ်သော်လည်း လုံခြံုရေးတင်းကြပ်ချထားမှု နှစ်ဘက်စလုံးမှ တိုးမြင့်လျက် ရှိနေကြောင်း ယင်းဒေသခံ မျက်မြင်များက အတည်ပြုပြောဆိုသည်။
နစက-BGB တို့အနေဖြင့် ယင်းခြံုခိုပစ်သတ် ပြန်ပြေးဆွဲသွားသော အဖွဲ့မှာ RSO တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် နစကအနေဖြင့် BGBအား ရှာဖွေအပ်နှံရန် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ပန်ကြားထားသော်လည်း ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။
နစကအနေဖြင့် ပြန်ပြေးဆွဲခံ ယင်းတို့ GE တပ်ဖွဲ့ဝင် ၃ ဦးအား BGBက ရှာဖွေ၍ ပြန်လည်မအပ်နှံနိုင်င်လျှင် ဘင်္ဂလာပိုင်နက်တွင်းသို့ ယင်းတို့ကိုယ်တိုင် ၀င်ရောက်ရှာဖွေမည်ဖြစ်ကြောင်း ကမ်းလှမ်းမှုများရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။
BGB အနေဖြင့် ယင်းတို့နတ်ချောင်းဆရီနယ်မြေရှိ ဒိုးဆိုးရီ၊ လီမော်ဆိုးရီ၊ အာဆာတိုလီနှင့် ဆာက်တာလား နယ်မြေများရှိ ဒေသခံများကို မေးမြန်းရှာဖွေခဲ့ပြီးဖြစ်ကြောင်းနှင့် RSO မှ ယင်းနယ်မြေအပြင် နယ်စပ်ဒေသရှိ ဗုဒ္ဓဘာသာဝင်များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပေးပို့သော သတင်းများအရ သိရှိရသည်။
ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တပ်ရင်းမှူး မာဟာဘ်ဘူရ် ရော်ဟ်မာန် PSC က "ပြန်ပြေးဆွဲခံရတဲ့ မြန်မာ့စစ်တပ်ကသူတွေအတွက်ကြောင့် နှစ်ဘက်နယ်စပ်က စစ်တပ်လုံခြံုရေးတပ်ဖွဲ့တွေ ခုချိန်ထိ နေ့ညအသင့် ရှိနေတုန်းပါဘဲ၊ လုံခြံုရေးတွေ အတွက်ပါ၊ အစောပိုင်းတော့ နယ်စပ်အနီးက လူထုတွေ လုံခြံုတဲ့နေရာဘက်ကို ရွေ့ပြောင်းခဲ့ကြပါတယ်။"ဟု ဒေသခံ သတင်းထောက်တဦးအား ပြောဆိုလိုက်သည်။
ဒိုးဆိုးရီနယ်မြေမှ စေယမာန် အာဘ်ဒူ ရော်ဆိဒ်က "ပြဿနာအစတော့ စိုးရိမ်ခဲ့ပါတယ်၊ အိမ်မရအထိပေါ့ဗျာ၊ သို့သော်လည်း BGBက အနီးအနားမှာ ရှိနေတော့ ဖြေသာပါတယ်။"ဟု ဆိုကြောင်း ယင်းဒေသခံသတင်းထောက်က သတင်းပေးပို့ထားသည်။
မြန်မာအစိုးမရ ဘင်္ဂလာပိုင်နက်မှ ဗုဒ္ဓဘာသာဝင်များအား မောင်တောမြို့နယ်တွင် အခြေချပေးမည်ဟု တရားမဝင် ကောလဟလ သတင်းများ ပေးဆောင်ပြီး ခေါ်ဆောင်နေမှုသတင်းများကြောင့် တချို့မှာ သွားရောက်ဆက်သွယ် နေထိုင်သူများ ရှိနေသဖြင့် BGB အနေဖြင့် ယင်းသတင်းကြောင့် မကျေနပ်မှုများ စတင်ရှိလာနေသည်ဟု နယ်စပ်သတင်း တခုက ဆိုသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/666--bgb---
November 17, 2012
သမ္မတဦးသိန်းစိန် ကုလကို ရခိုင်အရေးစာပို့
Saturday, November 17, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဆက်လက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေသူတွေကို အကူအညီ တွေပေးဖို့ အတွက်ကို နိုင်ငံတကာ က အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက် နေတာကိုလည်း ထည့်သွင်း ပြောကြား ထားပါတယ်။
ကုလသမဂ္ဂ ဘက်ကလည်း ဒီစာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ လုပ်ကိုင် ဆောင်ရွက်မှု တွေက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တယ်လို့ ပြန်လည်ပြီး တုန့်ပြန် ပြောကြားခဲ့ပါတယ်။
ဒီစာကြောင့် မြန်မာ အစိုးရပိုင်းက ရခိုင် ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အရေးတယူ ဖြေရှင်း ဆောင်ရွက် နေပြီ ဆိုတာကို ပြသရာ ရောက်ပါသလား ဆိုတာကို ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာနဲ့ သတင်းစာ ဆရာ ဖြစ်တဲ့ ဆရာ မောင်ဝံသကို ဆက်သွယ်ပြီး မေးကြည့်တော့ ရခိုင် ကိစ္စကို ကိုင်တွယ်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ဒေသခံတွေ နဲ့ တိုင်းရင်းသား တွေဘက်က လူမျိုးရေး၊ ဘာသာရေး ရှုထောင့်တွေ ဘက်က ခံစားချက် အမြင်တွေနဲ့ လုပ်နေကြတယ်လို့ ပြောဆို နေကြတာတွေ ရှိတဲ့ အကြောင်း ပြောပါတယ်။
တကယ်က လူ့အခွင့်အရေး ပြဿနာ ဖြစ်လို့ အဲဒီကိစ္စကို မြန်မာ အစိုးရဘက်က မမေ့မလျော့ ထည့်သွင်းစဉ်းစား လုပ်ဆောင်နေတာကို ပြသတဲ့ အနေနဲ့ မြန်မာ သမ္မတက အခုလို မြန်မာ အစိုးရရဲ့ သဘောထားကို ပြောလိုက်တာဟာ အင်မတန်မှ အချိန်အခါနဲ့ သင့်တော်တယ်လို့ ထင်ကြောင်း ပြောပါတယ်။
အခုအချိန်မှာ ရခိုင် အရေးကိစ္စတွေကို ကုလသမဂ္ဂ အပါအဝင် အားလုံးက လူ့အခွင့်အရေး ပြဿနာ ဆိုပြီး ပြောဆို ဝေဖန်၊ ရေးသား တောင်းဆို နေကြတာတွေ ရှိတဲ့ အကြောင်း၊ အဲဒီအတွက် လုပ်ကြရာမှာလည်း တဖွဲ့နဲ့တဖွဲ့ သဘောထားနဲ့ ပတ်သက်လို့ ချိတ်ဆက်ပြီး ဒီကိစ္စတွေကို အရေးတကြီး လုပ်နေကြတဲ့ အခြေအနေမျိုး တွေဖြစ်နေလို့ တိတိကျကျ ဖြေရှင်းဖို့ လိုနေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းက ပြဿနာ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ နိုင်ငံတကာက အမြင်တွေ ပြောင်းလဲ လာအောင် လက်တွေ့မှာ ဘာလုပ်ပေး နိုင်မလဲ ဆိုတာကိုတော့ လူ့အခွင်အရေး ပြဿနာ တွေနဲ့ ပတ်သက်လို့ လုပ်သွားမယ့် အစီအစဉ် တွေ အတိုင်း ဖြောင့်ဖြောင့်မတ်မတ် အကောင်အထည် ဖော်သွား နိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း၊ တခါတလေမှာ ရည်ရွယ်ချက် ကောင်းနေပေမယ့် အဖျက် အန္တရာယ်တွေ ဝင်လာ တတ်လို့ နှစ်ဦးနှစ်ဘက် စလုံးက စိတ်ရှည်ရှည် ထားပြီး ကိုယ်လုပ် နေတဲ့ အလုပ်ကို ယုံယုံ ကြည်ကြည်နဲ့ လုပ်ကြ မှသာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/11/121117_utheinsein_un_rakkine.shtml
November 4, 2012
အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
Sunday, November 04, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ထိုသို့ တွေ့ဆုံရာတွင် အမေရိကန် သံအမတ် ဒေရစ်မဲချယ်နှင့် အတူ ဗြိတိန်သံအမတ်ကြီး Andrew Heyn နှင့် သြစတေလီးယား သံအမတ် Ms Bronte Moules တို့ ပါ၀င်ပြီး တခြား USAIM နှင့် တာဝန်ရှိသူ စုစုပေါင်း ၈ဦး တက်ရောက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဘက်ကတော့ ကျွန်တော် အပါအဝင် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ နဲ့ ALD ၊ NLD တို့မှ တစ်ဦး ကျစီပါ၀င်ပြီး စစ်တွေ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ စတင်ဆွေးနွေးတဲ့ အချိန်မှာဘဲ ကျွန်တော်က မေးခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက်ပါတယ်” ဟု အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ပြောပြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်် ပတ်သက်ပြီး ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်။
“ ယခု ကျွန်တော်တို့ကို တွေ့ဆုံရတဲ့ အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာတွေကို သိလိုတဲ့ အတွက် ခေါ်တွေ့ရခြင်း ဖြစ်သလဲ ဆိုတာကို သိရှိလိုပါတယ်လို့ ကျွန်တော်က စမေးမြန်း ပြောဆိုပါတယ်။ သို့မှသာ ဦးတည်ချက် ရောက်ပြီး အချိန်ကုန် သက်သာပါမယ်လို့ဆိုတော့ အမေရိကန် သံအမတ်ကြီးက ယခုလို တွေ့ဆုံရခြင်းဟာ ကြွရောက် လာကြသူတွေရဲ့ အသံနဲ့ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ် ဘယ်လို သုံးသပ်မိကြသလဲ ဆိုတာကို သိလိုတဲ့ အတွက် ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်တယိလို့ ပြောပါတယ်။ ဒါ့အပြင် ပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကစပြီး ဖြစ်လာသလဲ။ ဆက်လက်ပြီး တည်ငြိမ် အေးချမ်းအောင် ဘယ်လို လုပ်ဆောင်ကြမလဲ စတဲ့ အကြောင်းအရာတွေကို သိလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြား ပြောဆိုပါတယ်။”
ဦးအောင်မြကျော်မှ ယခု ပြဿနာသည် ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ် သောပြဿနာ မဟုတ်ကြောင်းနှင့် ယခုပြဿနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ကြောင်း ယခုလို ရှင်းပြသည်ဟု ဆိုသည်။
“ ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါကြောင်း၊ ယခု ပြသနာဟာ သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာတဲ့ ပြဿနာဖြစ်တဲ့ အကြောင်း၊ အတို ချုပ်ပြီး ပြောရမယ် ဆိုရင် ယခုပြဿနာဟာ ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများကနေ ရခိုင် တိုင်းရင်း သားတွေကို လူမျိုးတုန်း သတ်ဖြတ်ပြီး အစ္စလာမ်နိုင်ငံ ထူထောင်ရေး ကြိုးစားရာမှ စတင်ခဲ့တဲ့ အကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်မှာ ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့တဲ့ အကြောင်း၊ ယခုအခါ ရခိုင်ရွာပေါင်း ၃၀ ခန့်သာ ကျန်ရှိတော့တဲ့ အကြောင်း၊ အဲဒီ အချိန်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရမှာ တာဝန်မကင်း ကြောင်းနဲ့ ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် မောင်တောခရိုင်ကို ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစား ခဲ့ကြ ပါကြောင်း၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ် အမည်ခံ အကြမ်းဘက် လက်နက်ကိုင် အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း” စသဖြင့် ပြောကြားသည်ဟု ဆိုုသည်။
၎င်းပြင် ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်ဟုလည်း ဆိုသည်။
“ ကျွန်တော်က ဆက်ပြီး ဘယ်လို ရှင်းပြသလဲ ဆိုရင် မူဂျာဟစ်သူပုန်အနေဖြင့် မအောင်မြင်တဲ့ အခါ အာရ်အက်ဆို အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန် ထပ်မံ ကြိုးပမ်းလာပါကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဖြစ်လေဟန် နာမည်သစ် တစ်ခု လိမ်လည်ဖန်တီးပြီး ထိုမောင်တောခရို်င်အား ထပ်မံ၍ အစ္စလာမ်မစ် ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်ခဲ့ပါကြောင်းနှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ် နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင် တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင် တိုင်းရင်းသား ကျေးရွာများ အားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ အာရက်စ်အို ၏ အထောက်အပံ့ကို အပြည့်အဝ ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကို သိရှိပြီး ဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏ နယ်မြေပိုင်ဆိုင်လိုမူအား ဒေသခံ တိုင်းရင်း သားများက မိမိဒေသကို ခုခံကာကွယ်ယင်း ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီ အဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှ အကြမ်းဘက်အဖွဲ့၏ ကျောထောက် နောက်ခံ ရရှိထားသော အာရ်အက်ဆို အဖွဲ့၏ ညွန်ကြားမူ အတိုင်း မိမိတို့ အိမ်များအား မီးရှို့ပြီး ရခိုင် တိုင်းရင်းသားများ ရှို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခု လေ့လာခဲ့ သော နေရာများတွင် တွေ့ရှိခဲ့ရမည်ဟု ထင်မြင်ပါကြောင်း၊ နောက်ဆုံး အနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခု ပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်″ ဟု ဆိုသည်။
သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်းကြောင်းများကို ကြားသိရသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြသောကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်ဟု ဆိုသည်။
တခြား တက်ရောက်လာသူ ပါတီ ခေါင်းဆောင်များမှလည်း အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရား ဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား အစိုးရမှ ကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြသည်ဟု သိရသည်။ တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။
http://www.narinjara.com/burmese/?p=2924
- ဖမ်းဆီး စစ်ဆေးမည်ဆိို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ click
- ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်မည် click
- ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင် click
- ဥရောပကော်မရှင်ဥက္ကဌ ရခိုင်အရေး စိုးရိမ် click
- ရခိုင်ပဋိပက္ခ ဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း click
- ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထား click
- မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ ၁၀ ဦး ပျောက်ဆုံးနေပြီး ၂ ဦး ပြန်လည်တွေ့ရှိ click
- ရခိုင်နဲ့ ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့် click
- ရွေးကာက်ပွဲကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူတွေ့ဆုံ click
- နေပြည်တော် ရခိုင်တိုင်းရင်းသားများအသင်း ဖွဲ့စည်း click
- ရခိုင်အရေး နောက်ဆက်တွဲ မေးခွန်းများ (ဦးဝင်းတင်) click
- ရခိုင်ဆရာတော်တွေကို မဟန သတိပေး click
- ရခိုင်ငြိမ်းချမ်းရေးအတွက် စစ်တွေမှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင် click
- ရခိုင်ပြည်နယ်အတွင်း လက်နက်ပုန်းများ ရှာဖွေ click
- ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးအတွက် စိုးရိမ်နေကြ click
- တကျော့ပြန် အရေးအခင်းကာလတွင် သေဆုံးနှင့် ဒဏ်ရာရရှိသော ဒေသခံ ရခိုင်တိုင်းရင်းသားများ click
- “ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်ဖြေရှင်းနေသလဲ” မြန်မာ့အရေးကမ္ဘာ့အရေး (အသံ) click
- ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ click
- အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုးတဦး သတ်ဖြတ်ခံရ click
- သံတွဲတွင် လူအချို့ လက်နက်မှုဖြင့် တရားစွဲဆိုခံရ click
- သံတွဲ ဗလီတခုတွင် လက်နက်များ တွေ့ရှိသဖြင့် အမှုဖွင့်ထား click
- ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ click
- ရခိုင်ပြည်နယ် ဘယ်လို ပြန်ထူထောင်မလဲ click
- လုံခြံုစိတ်ချသည့် အခြေချနေထိုင်ရေး အချိန်ယူဖို့လိုဟု UNHCR ပြော click
http://drlunswe.blogspot.com/
October 5, 2012
ရက္ခိုင့်တပ်မတော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး
Friday, October 05, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ၊ ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိများ၊ တပ်မှူးများ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ စစ်ဖက်နယ်ဖက်ဆိုင်ရာ တာဝန်ရှိလူကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရက္ခိုင်ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပရက္ခိုင်အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ၊ သတင်းဌာနများနှင့် သင်တန်းဆင်းကျောင်းသားများအပါအဝင် စုစုပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒုတိယ စစ်ဦးစီးချူပ် ဒေါက်တာညိုထွန်းအောင်က"မျိုးချစ်စိတ်ပြည့်ဝစွာဖြင့် အမျိုးသားရေးတာဝန်ကျေပွန်တဲ့ ရက္ခိုင်စစ်သည်တော်များအဖြစ် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်ပြီးတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အောင်ပန်းကို မရမကဆွတ်ခူးကြရန်၊ အမျိုးသားရေးရည်မှန်းချက်အတွက် သန္နိဋ္ဌာန်ခိုင်မာသည့် ရက္ခိုင်စစ်သည်တော်များပီပီ သမိုင်းပေးတာဝန်ကျေပွန်အောင် ကြိုးစားအားထုတ်ကြရန်"ဟု သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
ယင်းနောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်းများကိုယ်စား ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဂုဏ်ပြုဝမ်းမြောက် အားပေးစကားများ ပြောကြားပြီး အောင်စစ်သည်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ စာပေထူးချွန်ဆု အပါအဝင် ဆုပေါင်း (၁၁)ဆုကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
နံနက် ၉ နာရီခွဲတွင် အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်ရောက်လာကြသော ပရိသတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ညနေဖက်တွင် သင်တန်းဆင်းကျောင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) ကို ၃၀-၈-၂၀၁၂ မှ ၃-၁၀-၂၀၁၂ အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်း သား စုစုပေါင်း (၇၉) ယောက် တက်ရောက်ခဲ့ပြီး ရက္ခိုင့်တပ်မတော်သည် မျက်မှောက်ကာလတွင် ရက္ခိုင် ပြည်သူလူထုပိုင်ဆိုင်ထားသည့် စည်းလုံးညီညွတ်မှု၊ အင်အား အခိုင်ခန့်အကျစ်လျစ်ဆုံးသော တပ်မတော်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/519-2012-10-05-13-30-15
October 3, 2012
တပ်ရင်းမှူးအဆင့် နစက-BGB နယ်စပ်ကိစ္စ တွေ့ဆုံဆွေးနွေး
Wednesday, October 03, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
နစက-BGBအကြား ယင်းတွေ့ဆုံဆွေးနွေးပွဲကို စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် တောင်ဘက် နှစ်နိုင်ငံနယ်စပ်မှတ်တိုင် ၃၃ အနီးအနားရှိ ခေါင်းတုန်းဒေသအစိုးရ စာသင်ကျောင်းတစ်ခုတွင် ဆွေးနွေးခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် မောင်တောမြို့နယ် အခြေစိုက် နစကနယ်မြေ အမှတ် (၃)မှ နယ်မြေမှူး အောင်နိုင်ဆန်း ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးနှင့် ဘင်္ဂလာ ကော့စ်ဘဇားမြို့ အခြေစိုက် BGBအမှတ် ၁၇ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ခါလေကူဇ္ဇာမာန် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးတို့တက်ရောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
နစက-BGBတို့ ဆွေးနွေးပွဲကို နေ့လည်ပိုင်းက စတင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံနယ်စပ် လုံခြံုရေးကိစ္စများအား ၃ နာရီကြာ အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် ဇွန် ၈ ရက်နှင့် ဘင်္ဂလာတွင် အောက်တိုဘာ ၁ ရက်နေ့က ဘင်္ဂလီမူဆလင် အကြမ်းဖက်သမားများ စတင်အကြမ်းဖက်သောကြောင့် ဗုဒ္ဓဘာသာဝင်ပေါင်း ၁၀၀ ကျော်ခန့်၊ နေအိမ်ပေါင်း ၃၀၀၀ နီးပါခန့်၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၄၀ ကျော်ခန့်၊ သမိုင်းဝင် ရှေ့ဟောင်းဘုရား ဆင်းတုများ၊ စေတီတော်များ၊ ကျမ်းစာအုပ်များ၊ ဟိန္ဒူဘာသာဝင် ကျောင်းများ၊ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်နှင့် မာရာမကြီး ကျောင်းများ မီးရှို့ ဖျက်ဆီးခံခဲ့ရကာ ယခုအချိန်ထိ ထပ်မံမီးရှို့ရန် ခြိမ်းခြောက်ခံနေကြရသည်။
ဘင်္ဂလာ အစိုးရက ၎င်းတို့နိုင်ငံတွင် ယခုအကြမ်းဖက်သောင်းကျန်းသူများအတွင်း ရခိုင်ပြည်တွင် သောင်းကျန်းခဲ့သူများ အများအပြား ပါ၀င်ပတ်သက်မှုများ ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွယ်မှုရှိသော အကြမ်းဖက်သမား ဘင်္ဂလီ ၁၀ ကျော်အား ဘင်္ဂလာအာဏာ ပိုင်များကဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးခဲ့သည့်အပြင် ယင်းအကြမ်းဖက်မှုကို တိုက်ရိုက်ကြိုးကိုင်ခဲ့၍ ထောင်ဒဏ်ပြစ်ပေးခံထားရသူ UNHCR မှ ၀န်ထမ်း ၄ ဦးအား သမ္မတ ဦးသိန်းစိန်က ၎င်း၏အမိန့်အာဏာဖြင့် လွှတ်ပေးခဲ့သည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/511--bgb-
September 28, 2012
စစ်တွေမြို့မှာ တင်းမာမှုတွေ ထပ်ဖြစ်
Friday, September 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
ဆက်စပ်အကြောင်းအရာများ
ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ အဲဒီ ကလေးကို ပြန်တွေ့ပြီ ဖြစ်ပြီး ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
မူဆလင်တွေ သောကြာနေ့ ဗလီ ဆင်းတဲ့ အချိန်မှာ လူပျောက်တယ် ဆိုတဲ့ သတင်းကြောင့် ရခိုင် လူမျိုး ထောင်နဲ့ချီပြီး သွားဝိုင်းခဲ့ကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဟုတ်မှန်ကြောင်း သူက ပြောပါတယ်။
အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေတဲ့ မူဆလင်တဦးကတော့ ဒီလူငယ် အသတ်ခံရတယ် ဆိုတာ မဟုတ်ကြောင်းနဲ့ ရသေ့တောင် မြို့မှာ ရခိုင် တိုင်းရင်းသားတွေ စုရုံးပြီး ညီလာခံကျင်းပ ခဲ့ကြပြီး တဲ့နောက် သူတို့အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တော ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ မူဆလင် အများစုကို ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီတွေလို့ ဆိုကြပြီး အဲဒီမူဆလင် တွေကတော့ သူတို့ဟာ ရိုဟင်ဂျာ တွေဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ လမ်းပေါ်မှာ စုဝေးနေကြ သူတွေ လူစုခွဲပြီး ပြန်ကုန် ကြပြီလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
သူက အခြေအနေ တည်ငြိမ် နေတဲ့ သဘောမျိုး ပြောပေမယ့် ညမထွက်ရ အမိန့်ထုတ် ထားတဲ့ အချိန်အထိ အင်ဘာလာ ရပ်ကွက်မှာ လူ ၁၀၀ လောက် လုံခြုံရေး အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတယ် လို့ ကိုယ်တိုင် မြင်ခဲ့ရသူ ဦးသိန်းထွန်းအေးက ပြောပါတယ်။
သူတို့က ဒီကလေးဟာ သေဆုံးခဲ့ပြီလို့ ယူဆနေပြီး အလောင်းကို ထုတ်ပေးပါ လို့ တောင်းဆို နေကြ တယ်လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အစိုးရကိုလည်း မူဆလင်တွေဘက် လိုက်တယ်ဆိုပြီး သူတို့က စွပ်စွဲ အော်ဟစ်ခဲ့ကြကြောင်း ပြောပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတဲ့ မောင် အောင်နိုင်ဦးဟာ ညနေပိုင်းမှာ သူ့နေအိမ်ကို ပြန်ရောက်လာတာမို့ သူ့ကိုခေါ်ပြီး ထုတ်ပြခဲ့ ပေမယ့် ဒါဟာ အောင်နိုင်ဦး အစစ် မဟုတ်ဘူး ဆိုပြီး လုံခြုံရေး နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ လူအုပ်က လက်မခံ ခဲ့ဘူးလို့ ဒီပဋိပက္ခကို ကူညီ ဖြေရှင်း ပေးနေတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ကပြောပါတယ်။
ဒါပေမယ့် ညမထွက်ရ အမိန့် ရှိတာကြောင့် နောက်ပိုင်းမှာ လူစုခွဲပြီး အိမ်ပြန်ကြ လိမ့်မယ်လို့ ထင်ကြောင်း ဦးအောင်မြတ်ကျော် ကပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/09/120928_rakhine_tension.shtml
- စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီ စုဝေးခဲ့ click
- လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ click
- ကောလဟာလကြောင့် စစ်တွေ မငြိမ်သက် click
- စစ်တွေတွင် ရခိုင်လူငယ်တဦး သတ်ဖြတ်ခံရ click
http://drlunswe.blogspot.com/
September 27, 2012
ရခိုင်ဒေသ လူထုအစည်းအဝေးမှ အတည်ပြု၊ ဆုံးဖြတ်ချက်များအပေါ် ALPသဘောထားထုတ်ပြန်
Thursday, September 27, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်ဒေသ လူထုအစည်းအဝးမှ အတည်ပြုဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ထောက်ခံကြိုဆိုကြောင်းနှင့် အကြံပြု တိုက်တွန်းချက်များအား ALPမှ အလေးနက်ထား လုပ်ဆောင်သွားမည်ဟု သဘောထား ကြေငြာချက်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/488-----alp
September 25, 2012
ပထမနေ့ ရခိုင်လူထုအစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံး
Tuesday, September 25, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
လူထုအစည်းအဝေးတွင် ရခိုင်အရေးကျွမ်းကျင်သူ (၁၆)ဦး၏ ရခိုင်အရေးနှင့်ပတ်သက်သော စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး၊ မြို့နယ်(၆)ခုမှ ကိုယ်စားလှယ်များကလည်းသဘောထားအမြင်များတင်ပြခဲ့ကြသည်။
စာတမ်းများဖတ်ကြားရာတွင် ရခိုင်သမိုင်းဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်းအဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာလုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှခိုးဝင်လာသူ ဘင်္ဂလီများနှင့်အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြ ထားသလို ယနေ့ရခိုင်လူငယ်များအနေဖြင့် ရခိုင်သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကိုသိရှိနားလည်စေသည့် စာတမ်းများဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ဆွေးနွေးချက်များအား အားရကျေနပ်မှု ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက "အစိုးရဟာ ဘင်္ဂလီနှင့် အတူနေ၍ရမရဘူးဆိုပေမယ့် workshop ပြုလုပ်တဲ့နည်း၊ စုံစမ်းမေးမြန်းတဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေးဆောင်ရွက်နေတာကို တွေ့မြင်ရတယ်၊ ယခုရခိုင်လူထုစည်းဝေးပွဲကြီးက ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်တော့တာကို ရှင်းရှင်းလင်းလင်း သက်သေပြရာရောက်တယ်၊ ဒါကြောင့် ယခုလို လူထုစည်းဝေးပွဲကြီး ပြုလုပ်တာကို အားရကျေနပ်မှုရတယ်၊" ဟုပြောသည်။
ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကလည်း ယခုစည်းဝေးပွဲကြီးမှ ဆုံးဖြတ်ချက်သည် ရခိုင်တစ်မျိုးသားလုံး၏ အနာဂတ်အတွက် အသက်တမျှအရေးကြီးသည်ဟုယူဆ၍ အထူးအလေးထားစောင့်မျှော်လျက်ရှိကြသည်။
" ရခိုင်လူထုအနေဖြင့် ယခုအစည်းအဝေးက ရခိုင်တစ်မျိုးသားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နိုင်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု အစည်းအဝေးသို့ လာရောက်နားထောင်သူ ကျောင်းဆရာ ကိုသန်းတင်ကပြောသည်။
အခမ်းအနားအစီအစဉ်အရ ရခိုင်မင်္ဂလာစည်တော်တီး၍ ဦးစိန်သာမှ ဧကပိုဒ်ရတုကို သီဆိုကျူးရင့်ပြီး (၇း၃၀)တွင် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ (၈းဝဝ)တွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ၊ (၈း၁၅)တွင် ကျင်းပရေးကော်မတီဥက္ကဌက လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
(၈း၃၀)တွင် ဦးလှဘော်အောင်က ဦးဘိုမင်းဖြူ၏ သမိုင်းကပေးသော သင်္ခန်းစာစာတမ်းကို ဖတ်ကြားကာ ဆက်လက်ပြီး (၈း၄၅)တွင် ဦးသိန်းမောင်မှ ရသေ့တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်းကို ဖတ်ကြားခဲ့သည်။
ဦးမောင်ကျော်မြင့်က ဦးမောင်ဘသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်ကို ဖတ်ကြားတင်ပြသည်။
(၈း၄၅)ထိ အခမ်းအနားသို့ လူ(၅၀၀)ကျော်တက်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိခဲ့သည်။ (၁၀းဝဝ)နာရီအရောက်တွင် လာရောက်နားထောင်သူပေါင်း ထောင်ကျော်ရှိခဲ့သည်။ ခန်းမအတွင်းကိုယ်စားလှယ် (၃၅၀)ကျော် တက်ရောက်နေပြီး ခန်းမပြင်ဘက်ရှိ ယာယီမဏ္ဍာပ်များ၊ လေးဘက်လေးတန်နေရာကွက်လပ်များ ကျောင်းဆောင်များတွင်လူ (၁၀၀၀)ကျော်ခန့် ရှိခဲ့သည်။
ဟောပြောသူများမှာ သမိုင်းသုတေသီပညာရှင်များမှ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၊ နိုင်ငံတကာသမိုင်းများ ကျမ်းအကိုးအကားများဖြင့် အချက်ကျကျတင်ပြနိုင်ကြသဖြင့် ရသေ့တောင်မြို့လူထုများသာမက ကျေးလက်တောရွာများမှပါ ဆက်လက်လာရောက်နေကြသည်။
နေ့လည်ပိုင်းတွင် ရပ်နီးရပ်ဝေးမှ ရခိုင်လူမျိုးများ လူပရိသတ် ထပ်မံရောက်ရှိလာရာ ၂၀၀၀ ကျော်အထိရှိခဲ့သည်။
ထိုသို့ လာရောက်မှု များပြားလာခြင်းမှာ ရန်ကုန်ကတဆင့်လာသူများနှင့် ရသေ့တောင်မြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များရှိ ရပ်ရွာဒေသများမှ ရခိုင်တို့ မနက်မိုးမလင်းမီကတည်းက စက်လှေများဖြင့် လာကြ၍နောက်ကျမှ ရောက်လာ ခြင်းဖြစ်သည်။
၄င်းတို့အနေဖြင့် ရခိုင်ပြည်တွင် တစ်ပြည်လုံးအတိုင်းအတာနှင့်ယခုကဲ့သို့ လူထုစည်းဝေးပွဲကြီးကျင်းပ ခြင်းအပေါ် ဂုဏ်ယူပါကြောင်း ပေါက်တောမြို့နယ်မှ လာရောက်သည့် အမျိုးသမီးနှစ်ဦးက ပြောသည်။
ရန်ကုန်နှင့်နေပြည်တော်မှပြန်လာသူများအထဲတွင်စစ်တွေမြို့မှရှေ့နေတစ်ဦးဖြစ်သည့် စာရေးဆရာမ ပံသုခင်လည်း ပါ၀င်သည်။
လုံခြံုရေးအနေအထားမှာ တည်ငြိမ်လျက်ရှိပြီး လာရောက်သူများကလည်း စည်းကမ်းရှိရှိငြိမ်းချမ်း ငြိမ်သက်စွာ နားထောင်ခဲ့ကြပြီး လုံခြံုရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးနေ့အစည်းအဝေးတွင် ရခိုင်ရေးရာကျွမ်းကျင်သူပညာရှင်များက ၄င်းတို့၏စာတမ်းများကို ဖတ်ကြားပြီးသည့်နောက် ရခိုင်တစ်မျိုးသားလုံးအတွက် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည် ဖြစ်၍ ယနေ့ထက်ပိုမိုများပြားသော စောင့်ကြည့်လေ့လာသူများသည် အစည်းအဝေးသို့ ရောက်လာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
http://arakantimes.net/burmese/index.php/component/content/article/52-2012-09-25-02-28-56/480-2012-09-25-13-15-53
September 13, 2012
ရခိုင်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား
Thursday, September 13, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
September 12, 2012
ကျောက်တော်မြို့နယ်မှ ရခိုင်တိုင်းရင်းသားတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံရ
Wednesday, September 12, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
" အသတ်ခံရတဲ့သူက မနေ့ည (၆) နာရီလောက်မှာ အသတ်ခံရတာဖြစ်နိုင်တယ်။ ဆေးရုံရာက်တော့ လူသေလောင်းပဲ ရောက်တာ။ လည်ပင်း၊ နောက်စေ့နဲ့ နောက်ကျော့မှာ ဓါးဒဏ်ရာတွေ့ရပါတယ်။ ဒဏ်ရာကတော့ ကြောက်ဖို့ကောင်းတယ်။ တစ်ခါတည်း ပွဲရှင်းပြီးသတ်တာ ဖြစ်နိုင်တယ်။ အခု အဲဒီအလောင်းကို ဆေးစစ်ရုံ(ရင်ခွဲရုံ)မှာ ဒေါက်တာ သန်းသန်းဌေးက စစ်ဆေးနေပါတယ်။ ဆေးစစ်ပြီးတာနဲ့ မသဂြိုလ် သေးပါဘူး။ အခုလောလောစဉ်တော့ ဆေးရုံမှာပဲထားမှာဖြစ်ပါတယ်။ " ဟု ကျောက်တော်မြို့ ဆေးရုံမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစောသိန်းက ပြောသည်။
အသတ်ခံရသူမှာ ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော သားအလတ်ဖြစ်သော ထွန်းထွန်းနိုင်ဆီမှထည့်ပေးလိုက်သော ငွေအား ကျောက်တော်မြို့၌ ထုတ်ယူပြီးအပြန်တွင် သတ်ဖြတ်ခံရကြောင်း သိရသည်။
ဦးကျော်မောင်ချေမှာ ကျောက်တော်မြို့သို့ ငွေထုတ်ရန်သွားရာ ရွာသို့ပြန်မရောက်သဖြင့် မိသားစုများမှ ကျောက်တော်သို့ ည(၉)နာရီတွင် ဖုန်းဆက်မေးမြန်းရာ (၅)နာရီခန့်က ထွက်သွားကြောင်း သိရသဖြင့် မိသားစုများက လိုက်ရှာကြကြောင်းသိရသည်။
သရက်အုပ်ကျေးရွာနှင့် (၁)မိုင်ခန့်အကွာတွင် သွေးများတွေ့ရှိရပြီး ဘင်္ဂလီများနေသော ပိုက်သည်ကျေးရွာဘက်မှ ဓါတ်မီးအလက် (၂၀)ခန့် မီးရောင်များမြင်တွေ့ရ၍ ရွာသား(၃၀)ခန့် ခေါ်ယူလိုက်ပါသွားရာ ဓါတ်မီးအရောင်များလည်း မတွေ့ရှိတော့ဘဲ ဆက်လက်ရှာကြရာ ညဉ့်(၁၁) နာရီခန့်တွင် ဦးကျော်မောင်ချေအလောင်းအား တွေ့ရှိကြောင်း Rakhine Straight Views ဖေ့စ်ဘုတ်စာမျက်မှာ ဖော်ပြထားသည်။
အလောင်းအား တွေ့ရှိသော နေရာမှာ ကျောက်တော်မြို့နှင့် သရက်အုပ်ကျေးရွာအကြားတွင်ဖြစ်ပြီး ဘင်္ဂလီများနေထိုင်သော ပိုက်သည်ကျေးရွာဘက်ရှိ လယ်ကွက်သုံးကွက်ကျော်၌ တွေ့ရှိခဲ့ပြီး ဦးကျော်မောင်ချေအား သတ်သော တရားခံအား မသိရှိသေးကြောင်း သတင်းရရှိသည်။
အမှုအမှန်ပေါ်ရန်နှင့် တရားခံအား ဖမ်းဆီးနိုင်ရန် ကျောက်တော် ရဲစခန်းမှ အမှုနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
September 10, 2012
ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ အမေရိကန်သံအမတ် လေ့လာ
Monday, September 10, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-09-09
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ဟာ ဒီကနေ့မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သက္ကယ်ပြင်၊ ဘောဒူဖအပါအဝင် စစ်တွေ အောင်မင်္ဂလာရပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။အမေရိကန် သံအမတ်ကြီးဟာ စစ်တွေမြို့မှာ ရခိုင်ဆရာတော်တွေဖြစ်တဲ့ ရွှေစေတီ ဆရာတော်နဲ့ ဗုဒ္ဓဟိဟာရ ဆရာတော် နှစ်ပါး အပါအဝင် ရခိုင်လူမှုရေး အဖွဲ့အစည်း (၅) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
http://www.rfa.org/burmese/news/rakhine-derek-mitchell-09092012142203.html
September 4, 2012
ရခိုင်လွတ်မြောက်ရေးပါတီ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်လှစ်
Tuesday, September 04, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
စစ်တွေ (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။
ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအဝင် လူ ရ၀၀ ခန့်တက်ရောက်သော ဆက်ဆံရေးရုံးဖွင့်ပွဲကို ALP ပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ခဲ့ကြသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အစိုးရနှင့် ALP ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ALP အကြား ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့နိုင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြိုးစား
ဆောင်ရွက်သွားမည်ဟု ပြောသည်။
ALP သည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၆၇ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်
Tuesday, September 04, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/alp-office-open-09032012164626.html
August 28, 2012
ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဒေါ်စောမြရာဇာလင်း ရခိုင်သို့ထွက်ခွာ
Tuesday, August 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မောင်အေး
ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဒေါ်စောမြရာဇာလင်းသည် အဖွဲ့ဝင် (၆) ဦးနှင့် အတူ ယနေ့တွွင် တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ထွက်ခွာသွားကြောင်း သိရသည်။ဒေါ်စောမြရာဇာလင်းက သူမ၏ ခရီးစဉ်နှင့်ပတ်သတ်ပြီး ခရီးမထွက်ခွာမည် ညနေပိုင်းက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောကြားသည်။
“ကျမက ၂၄ နှစ်ကြာ ရခိုင်ပြည်နဲ့ ဝေးနေခဲ့ရပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် လိုက်တဲ့အချိန်မှာ ရခိုင်ပြည်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကျမအနေနဲ့ အားပေး စကားပြော ချင်တာလည်းပါတယ်။ နောက်တခုက ကျမတို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက ပထမဆုံးအကြိမ် ဆက်သွယ်ရေးရုံးကို ဖွင့်လှစ်နိုင်ဖို့ အတွက် လည်း ပါ၀င်တယ်။ ဒါကြောင့် ဒီခရီးစဉ်ကို သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်းမှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) ၏ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် သာမက ဘင်္ဂလာဒေ့ချ်နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌ လည်းဖြစ်သည်။
“ ကျမ ခရီးစဉ်မှာ သမတဦးသိန်းစိန်ကိုလည်း တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒေါ် အောင်ဆန်းစု ကြည်နဲ့လည်း တွေ့ဆုံခွင့် တောင်းထားပါတယ်။ သူတို့နဲ့တွေ့ရဖို့ဆိုတာကလည်း သူတို့ရဲ့ အချိန် တွေအား မအားနဲ့ သက် ဆိုင်ပါမယ်။ ပြီးတော့ ရတပ ပါတီကခေါင်းဆောင်တွေ၊ ALD ပါတီက ခေါင်းဆောင် တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ စစ်တွေက မြို့မိမြို့ဘတွေနဲ့ ရသေ့တောင်က မြို့မိ မြို့ ဘတွေ နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားပါတယ်” ဟု ဆိုသည်။
ဒေါ် စောမြရာဇာလင်းနှင့် အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးတို့
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ သည် ယနေ့တွင် တက်ကနက်မြို့မှ မောင်တောမြို့သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့ မောင်တော ဆိပ်ကမ်းမှာ ဒီက ရခိုင်အမျိုးသား- အမျိုးသမီတွေ၊ မြို့ကလူကြီးတွေ၊ ရတပ ပါတီက အမျိုးသမီးတွေနဲ့ ဌာန ဆိုင်ရာတွေကလည်း ကြိုဆိုကြပါတယ်။ ပြီးတော့ အောင်ဗလ ဆရာတော်ကြီး ကိုလည်း သွားပြီးကန် တော့ ခဲ့ပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ပိုင်းက ဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့သည် မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ တဆင့် အမြန်ယဉ်ဖြင့် စစ်တွေသို့ ထွက်ခွာသွားပြီးဖြစ် သည်။
ဒေါ် စောမြရာဇာလင်းနှင့်အဖွဲ့ကို ကြိုဆိုရန် ယနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် လော်စပီကာဖြင့် မြို့ကို ပတ်ပြီး တိုက်တွန်းနေကြောင်း စစ်တွေမြို့မှ လူငယ်တဦးကပြောသည်။
ဒေါ် စောမြရာဇာလင်းမှာ ယခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှ
ဒေါ် စောမြရာဇာလင်းမှာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင်ပေါ် ပေါက်ခဲ့သည့် အရေးအခင်းကာလတွင် စစ် တွေမြို့၌ သပိတ် ခေါင်းဆောင်တဦးအဖြစ် ပါ၀င်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဘင်္ဂလာဒေ့ချ်သို့ ထွက်ခွာလာခဲ့ပြီး တော်လှန်ရေး လုပ်နေ သူ အမျိုးသမီး ဖြစ်သည်။
http://www.narinjara.com/burmese/?p=1863
August 22, 2012
ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား
Wednesday, August 22, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။
ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်သဖြင့် ကျောက်တော်မြို့တွင် ALP ဆက်ဆံရေးရုံးကို မကြာမှီ ဖွင့်လှစ် သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ခိုင်သုခက ပြောသည်။
“ ကျွန်တော်တို့ ဘက်က ရုံးဖွင့်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ရုံးအဖွဲ့ဝင်တွေကိုလည်း စေလွှတ်ထား ပြီးပြီ။ ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်လို့ အစိုးရဘက်က ကမ်းလှမ်းလာတာနဲ့ ကျွန်တော်တို့ ကျောက်တော် မြို့မှာ ALP ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည် ဖြစ်ပြီး တခြားမြို့များဖြစ်သည့် စစ်တွေ၊ ရန်ကုန်၊ မြဝတီ၊ မောင်တော၊ ပလက်ဝ စသည့် မြို့နယ်များတွင် ဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီသည် ရခိုင် ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်၅ ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်များမှာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နှင့် မြန်မာတပ်မတော်ကြား ပစ်ခတ်မှှုကို ရပ်တန့်ရန်၊ နှစ် ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ ပစ်ခတ်မှု ရပ်ဆိုင်းသော ကာလအတွင်း နှစ်ဘက် သဘောတူညီထားသော နယ်မြေများအပ နယ်မြေကျော်လွန်ပြီး လက်နက် ကိုင်ဆောင် သွားလာမှုကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲ ထားစဉ် အတွင်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အဖွဲ့ဝင်များကို မြန်မာတနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နှင့် ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွား ကြရန် တို့ဖြစ်ကြသည်။
များမကြာမီက ရခိုင်ပြည်နယ် လွှတ်မြောက်ရေး တပ်မတော်အား နည်းခြား စောင့်တပ်ဖွဲ့ရန် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်မင်းမှ ပြောကြားချက်ကို နယ်ခြား စောင့်တပ်ဖွဲ့ရန် ပါတီတွင် မူမရှိဟု ဆိုကာ ALP က ပယ်ချခဲ့သည်။
http://www.narinjara.com/burmese/?p=1790
နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ
Wednesday, August 22, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-08-21
သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပက်သက်တဲ့ ရုပ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို ရှင်းလင်းပြသခဲ့ပြီး ဒီစုံစမ်းရေး ကိစ္စရပ်မှာ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ကြောင်း ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်။
"နယ်စပ်ဒေသဝန်ကြီးကနေ သူ ဒီရခိုင်ဒေသနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လုပ်ခဲ့တာတွေကို ရှင်းပြခဲ့တာဗျ။ ၂၅ ရက်နေ့မှာ ကော်မရှင် အစည်းအဝေး လုပ်မယ်ဗျ။ အဲဒါ ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ ပီပီပြင်ပြင် ဖြစ်မယ်ဗျာ။ တာဝန် ခွဲတာတွေရော၊ ဘာတွေရော ကျွန်တော်တို့ လုပ်ကြပြီ။ အခုကတော့ ဒီသမ္မတ ကိုယ်စား လာပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးက သူကူညီနိုင်တဲ့ အကြောင်းတွေ၊ ရခိုင်မှာသူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ အဲတာတွေ သူရှင်းလင်း ပြောကြားသွားတာပဲဗျ"
ဒီဆွေးနွေးပွဲမှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အဓိက ရှင်းလင်းပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တွေဘက်က ဆွေးနွေး ပြောကြားခွင့် မရရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ဒီဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေ တက်ရောက် သတင်းယူဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနဘက်က တစ်ရက်ကြိုတင် ဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးပွဲကို သတင်းထောက်တွေကို ၀င်ခွင့်မပြုဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ အမိန့်နဲ့ တားမြစ်ခဲ့တာကြောင့် အစိုးရ သတင်းဌာနတွေကလွဲလို့ ပုဂ္ဂလိက သတင်းထောက်တွေ သတင်းယူခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
မကြာမီ ရက်ပိုင်းမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို ယခင်က သွားရောက် လေ့လာခဲ့တဲ့ အဖွဲ့ဝင် ငါးဦးကို ဦးဆောင်ပြီး စစ်တွေကို သွားရောက်ဖို့ ရှိပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင် တစ်ဦးအဖြစ် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
August 20, 2012
ALP ဆက်ဆံရေးရုံး ဖွင့်ရက် ရွှေ့ဆိုင်း
Monday, August 20, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-08-19
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ALP ကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/alp-office-opening-ponponed-08192012114822.html
August 18, 2012
ရခိုင်ဒေသအခြေအနေ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ထိ
Saturday, August 18, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
- ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ click
- ရခိုင်အရေး ကော်မရှင်ဖွဲ့စည်းမှု ဘန်ကီမွန်း ကြိုဆို click
- စုံစမ်းရေးကော်မရှင်ဖွဲ့မှု ကင်တားနား ကြိုဆို click
- ရခိုင်အရေး စုံစမ်းရေးကော်မရှင်ဖွဲ့ click
- ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း click
- ဆူပူမှုမှာ အဖမ်းခံရသူ INGO ဝန်ထမ်းတချို့ ပြန်လွတ် click
- မူဆလင်ဘာသာဝင်တွေ ဆန္ဒပြရာမှ အကြမ်းဖက်မှု ဖြစ်ပွား click
- ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာ ပယ်ချ click
- ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် သမ္မတ ဖွဲ့စည်း click
- ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း click
- ရခိုင်ပဋိပက္ခအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း click
- ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ click
- ရခိုင်ပြည်နယ်ပြဿနာအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း click
- ရခိုင်ပဋိပက္ခ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကော်မရှင်ဖွဲ့လိုက်သည့်အပေါ် မေးမြန်းချက် click
- ဖမ်းထားတဲ့ ကုလ၀န်ထမ်း ပြန်လွှတ် click
- ဖမ်းဆီးခံထားရသည့် ကုလသမဂ္ဂ၀န်ထမ်းများ လွတ်မြောက် click
- ဖမ်းဆီးထားသည့် အိုင်အန်ဂျီအို ၀န်ထမ်းများကို ပြည်ထဲရေးဌာနအမိန့်ဖြင့် ပြန်လွှတ်ပေး click
- အကြမ်းဖက်မှုကိစ္စနှင့် စပ်လျဉ်းပြီး တရားစွဲဆိုခံရသည့် ကုလ၀န်ထမ်း ၅ ဦး ပြန်လွတ် click
- အထိန်းသိမ်းခံ INGO ဝန်ထမ်း ငါးဦး လွတ်၊ UN ဝန်ထမ်း သုံးဦး ကျန် click
- ရခိုင်နယ်စပ် ကျေးရွာများ လုံခြုံရေးမဲ့နေ click
- ရသေ့တောင်မြို့ ကျေးရွာများတွင် လုံခြုံရေးအတွက် ဒေသခံများ ကင်းစောင့်နေရ click
-ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် အမျိုးသမီးများကွန်ရက်အဖွဲ့ ပထမဆုံးအကြိမ် ငွေလှူဒါန်း click
- ရခိုင်ကဲ့သို့ ဆူပူအကြမ်းဖက်မှု ဘင်္ဂလာဒေခ်ျ့တွင် ကျရောက်မည်ဆို၍ လူမျိုးစုံ ၅,၀၀၀ ခန့်က ဆုတောင်းပွဲ ပြုလုပ် click
- ရခိုင်ပြဿနာ အင်ဒိုနီးရှား ကူညီဖြေရှင်းမယ် click
- ဘာသာရေးပဋိပက္ခဖြစ်အောင် မလှုံ့ဆော်ဖို့ တိဘက် သတိပေး click
- ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာဘက်မှ ၀င်လာသော လူတစုနှင့် ပစ်ခတ်မှု ဖြစ်ပွား click
- ဟိန္ဒူမိသားစု ၁၈ စု စစ်တွေမြို့ထဲသို့ ပြောင်းရွှေ့ click
- ရခိုင်မှာ ဖမ်းဆီးထားတဲ့ AZG ဝန်ထမ်းတချို့ကို ပြန်လွှတ်ပေး click
- ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ် click
- ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ် click
- ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန် click
- ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာပြဿနာ ဆွေးနွေး click
- ရသေ့တောင်မှာ ဖမ်းထားတာ ဘာလှေလဲ click
- ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံး ဖွင့်မည် click
- ရခိုင်အရေး အထင်လွဲစေမည့် ဓာတ်ပုံများ မတင်ဖို့ တိဘက် သတိပေး click
- ထင်ယောင်ထင်မှား ဓာတ်ပုံဖြန့်ဝေမှု စိုးရိမ်မကင်းကြောင်း တိဗက်ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာ click
- မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင် click
- အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ရှိ click
- ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ် click
- စစ်တွေ ဟိန္ဒူတွေ မြို့ထဲ ပြန်ခွင့်ရ click
- ရခိုင်ပဋိပက္ခမှာ ရခိုင်ပါတီတွေရဲ့ကဏ္ဍ click
- ရခိုင်ဒေသ ညမထွက်ရ အချိန်လျှော့ click
- နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး RNDP ပါတီတွင်း ရှင်းလင်း click
- ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား click
- ရခိုင်ပြည်နယ်အခြေအနေ ဗြိတိန် စိုးရိမ် click
- ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ အကူအညီ လိုအပ်နေ click
- ရခိုင်ပြည်နယ် တင်းမာမှု ဖြေရှင်းရေး ဗြိတိန် ကူညီ click
- အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ရေးသားဖော်ပြ click
- ရခိုင်ပဋိပက္ခ အိုအိုင်စီ လာရောက်လေ့လာမယ် click
- ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန် click
- ရိုဟင်ဂျာဒုက္ခသည်တွေကို UAE နိုင်ငံက ကူညီမည် click
- မောင်တောမှာ ကျောင်းအချို့ စတင်ဖွင့်လှစ် click
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။



