July 28, 2012

မူတွေပြောင်းတာလား လူတွေပြောင်းတာလား

လက်တလော ဗမာပြည်နိုင်ငံရေးအခြေအနေကိုလေ့လာကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အကောင်း ဘက်ကို ဦးတည်နေပါပြီလို့ ဆုံးဖြတ်ဖို့ တော်တော့်ကိုစောလွန်းနေသေးတာတွေ့ရမှာပါ။ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့
ဦးသိန်းစိန်တွေ့တာ၊ မစ္စတာ ကွင်တားနားအစပြုလို့ မစ္စတာ မစ်ရှဲအဆုံးစတဲ့ သူတွေကို ပြည်ဝင်ခွင့်ပေးတာ၊ လွတ်ငြိမ်းချမ်းသာခွင့် အသံတွေထွက်လာတာ၊ ငြိမ်းချမ်းရေးစတဲ့ကော်မတီတွေဖွဲ့ပြီး လက်နက်ကိုင် အပစ်ရပ်အဖွဲ့ တစ်ဖွဲ့နှစ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တွေရယူတာ၊ ဒီမိုကရေစီ နေ့အခမ်းအနားကျင်းပတာတွေကိုကြည့်ပြီး ဗမာပြည်ဟာ ပြုပြင်ပြောင်းလဲ ရေးဖြစ်နေပြီလို့ ယုံယုံကြည်ကြည်နဲ့ ပြောလို့မရသေးပါဘူး။ အားလုံးကို ခရေစိတွင်းကျ ခြုံ ငုံပြီးကြည့်တတ်ရင် သိန်းစိန်စစ်အစိုးရတွေ လုပ်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပိုဝင်စေဖို့နဲ့ စစ် အစိုးရသက်ဆိုးပိုပြီး ကြာရှည်စေဖို့အပါအ၀င် လက်ရှိစစ်အစိုးရတွေ့ကြံခံစားနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေ ရှင်းဖို့ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကလက်ရှိ ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အာဏာရှင်အုပ်စုကို ဆက်ပြီးအသိ အမှတ်ပြုအောင် လုပ်တဲ့လုပ်ဆောင်ချက်တွေ ပဲဆိုတာ တွေ့ရမှာပါ။ အပြုသဘောဆောင်ကြည့်တတ်ရင် နိုင်ငံရေးအရ အကောင်းဘက်ကို ဦးတည် တယ်ဆိုပေမယ့် ဗမာပြည်နိုင်ငံရေးအခြေအနေကိုတော့ တ၀ဲလည်လည်တော့ မဖြစ်စေချင်ပါ ဘူး။ အားလုံးဟာ စစ်အုပ်စုရဲ့ မဟာဗျူဟာ အရ စနစ်တကျချမှတ်ထားတဲ့ နည်းဗျူဟာထဲက လုပ်ငန်းစဉ်တွေပဲ ဖြစ်နေတာ တွေ့ရမှာပါ။

၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်တွေ့စုံခြင်း

ပထမဆုံး မြင်တတ်ရမှာက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်က တိုင်းရင်းသားပြည်သူလူထု တစ် ရပ်လုံး ယုံကြည်အားကိုးရာ လူထုခေါင်းဆောင်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် လက်ရှိ သမ္မတဖြစ်တဲ့ သိန်းစိန်က ဘာ ကောင်လဲဆိုတာ မေ့ထားလို့မရပါဘူး။ လက်ရှိစစ်အုပ်စုတစ်ခုလုံးရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ အားလုံးအသိပဲ ဖြစ် ပါတယ်။ နည်းနည်းလေးမှ ယုံကြည်လို့မရတဲ့ ပုဂ္ဂိုလ်စရင်းထဲမှာပါ ပါတယ်။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတ်သက်ပြီး သုံးသပ်မပြချင်တော့ပါဘူး။ ဘယ်သူတွေက ဘယ်လိုရေးဆွဲပြီး ဘယ်လိုအတည်ပြုခဲ့တယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲဟာလည်း တရားမျှတမှု မရှိဘူးဆို တာ ဗမာပြည်ရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသာမက နိုင်ငံတကာကလည်း သိပါတယ်။ ဒါပေမယ့် သိသိကြီးနဲ့ ပြုပြင်ပြောင်းလဲပါစဆိုပြီး အပြုသဘောဆောင်ရှေးရှူလို့ နိုင်ငံရေးအရရော၊ သံရေးတမန်ရေးအရပါ စစ်အစိုးရနဲ့ ဆက်ဆံ နေကြရပါတယ်။ ဘာပဲဖြစ်ဖြစ် အလုံးစုံကိုတော့ မျက်စိစုံမှိတ်လို့ မယုံကြည်နိုင်ကြဘူးဆိုတာတော့ မှားမယ် မထင် ပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်တို့မတွေ့ခင် ဦးအောင်ကြည်နဲ့ တွေ့စုံခဲ့တာ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ အဲဒါနဲ့ပါတ်သတ်လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံတကာက သံသယနဲ့သာ ၀ိုင်းပြီး ကြိုဆိုထောက်ခံခဲ့ကြသလို နိုင်ငံရေးအရလည်း အမျိုးမျိုးထင်ကြေးတွေပေး၊ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အကောင်း ဘက်က ကြည့်သလို အဆိုးဘက်ကရှူမြင်မှုတွေလည်းရှိပါတယ်။ ဒါနဲ့ပါတ်သက်ပြီး လူသိရှင်ကြားထုတ်ပြန်တဲ့ အချက် လေးချက်ပါတဲ့ ထုတ်ပြန်ကြေညာချက် တစ်စောင်ပဲထွက်ခဲ့ပါတယ်။ အသေးစိတ်တော့ မသိကြရသေးပါဘူး။ စစ်အုပ်စုနဲ့ သဘောထားအပေါ် လူထုကို ထုတ်ဖော်ပြောဖို့ ခက်နေတဲ့သဘောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုမရှိသေး ဘူးဆိုတာ တွေ့ရမှာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်တို့တွေ့စုံမှုဆိုရင် ဦးအောင်ကြည်နဲ့ တွေ့စုံစဉ်ကထက်ပိုပြီး ပွင့်လင်း မြင်သာမှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံအတော်များများနဲ့ ပြည်တွင်းပြည်ပ အတိုက်အခံ ပါတီတွေ၊ နိုင်ငံရေးသမားတွေက အပြုသဘောဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။ လက်တွေ့အရ လုပ်ဆောင်ဖို့အတွက်လည်း တိုက်တွန်းခဲ့ကြပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး လေ့လာကြည့်မယ်ဆိုရင် စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့အချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဖြစ်တဲ့သူက လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ဧည့်ဝတ်ပြုတဲ့သဘောဖြစ်ချင် လည်းဖြစ်နေပါတယ်။ တရားဝင်သီးခြားခေါ်ယူတွေ့စုံခြင်းမဟုတ်ပဲ အလွတ်သဘောသတ်သတ်သာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတွေ့စုံတဲ့နေရာမှာ မတူတဲ့သဘောထားအမြင်တွေကို ဘေးဖယ်ထားပြီး နိုင်ငံနဲ့ပြည်သူလူထုအကျိုးအတွက် အမှန် တကယ်အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွားတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေရှိတယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြချက်နဲ့ပါတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောတူကြောင်း ထုတ်ပြန်ကြေညာခဲ့သလို လက်တွေ့အရ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားအများစုက သတိနဲ့ ကြို ဆိုခဲ့ကြပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအာဏာရှင်တွေ တွေ့စုံမှုတွေနဲ့ပါတ်သတ်ပြီး လေ့လာကြည့်မယ် ဆိုရင် တရားဝင်တွေ့စုံတာမရှိဘူး၊ အဖြစ်သဘောသာဆောင်နေတာတွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်ပြီး ကြိုဆိုကြတာကို တွေ့ရပါတယ်။ တွေ့စုံဆွေးနွေးမှုတွေနဲ့ပါတ်သတ်ပြီး သဘောတူညီချက်တွေကို လူသိရှင်ကြား ထုတ်ပြန် မကြေညာသလို ဘယ်အချိန်မှာစပြီး ဘယ်အခါမှ ဆုံးမလဲဆိုတဲ့ သတ်မှတ်ချက်မတွေ့ရဘူး။ စစ်အုပ်စုရင်ဆိုင်နေရတဲ့ ပြည် တွင်းပြည်ပက ဖိအားနဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် နည်းဗျူဟာတစ်ခုသာဖြစ်နေတာတွေ့ရပါတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ တိုင်းရင်းသားပြည်သူလူထု တစ်ရပ် လုံး အကျိုးကို ရှေ့ရှူပြီး ထောင်ချောက်မှန်းသိလျှက်နဲ့ သတိရှိရှိဝင်တိုးနေတာဖြစ်ပါတယ်။ ဗမာပြည်မှာရှိတဲ့ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးနဲ့ ပြည်တွင်းပြည်ပ အတိုက်အခံနိုင်ငံရေးပါတီတွေကတော့ စိုးရိမ်ပူပန်ခဲ့ကြရတာတော့ အမှန် ပါပဲ။

တွေ့စုံမှုတွေနဲ့ပါတ်သတ်ပြီး ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်နဲ့ စစ်အစိုးရတွေ့စုံမှုက တစ်နှစ်ထက်တစ်နှစ် တိုးတက်တယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တွေ့စုံဆွေးနွေးတဲ့အခါ ဗိုလ်အောင်ကျော်လမ်းကြေညာစာတမ်း၊ နိုင်ငံရေး အကျဉ်းသားလွတ်ပေးရေး၊ အပြစ်အခတ်ရပ်ဆိုင်းရေး၊ အဆင့်တက် တွေ့စုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရေးတို့ကို အခြေခံပြီး ထည့်သွင်းမဆွေးနွေးရဘူး၊ စစ်အုပ်စုက သဘောမရှိဘူးပဲနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အဆင့် ကျော်ပြီး လုပ်ဆောင်ရမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအရ တိုးတက်မှုဖြစ်စဉ်လား၊ ဆုတ်ယုတ်သွားတာလား ဆိုတာ စဉ်းစားကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို အနှေးနဲ့အမြန်ဖြစ်မယ်ဆိုရင်တော့ တဆင့်ကျော် ပြီးလုပ်သင့်ရင်လည်းလုပ်ရမယ်ဆိုတာ အားလုံးလဲတွေးမိကြမယ်ထင်ပါတယ်။ လက်ရှိအနေအထားမှာတော့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည် သလို လက်ရှိစစ်အစိုးရသိန်းစိန်က စစ်မှန်ပြီး အပြုသဘောဆောင် တဲ့ အ ပြောင်းအလဲကို လိုလားသူ၊ ပြုပြင်ပြောင်းလဲမှု တွေစပြီး အကောင်အထည်ဖော်နေပြီဆိုတာ အားလုံးက ယုံကြည် လက်ခံ ဖို့ပါပဲ။ နိုင်ငံရေးသတိတော့ ထားကြရမှာပါ။

၂) မစ္စတာ ကွင်တားနားအစပြုလို့ မစ္စတာ မစ်ရှဲအဆုံးစတဲ့ သူတွေကို ပြည်ဝင်ခွင့်ပေးခြင်း

စစ်အစိုးရက ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာဖိအား၊ နိုင်ငံရေးအကြပ်အတည်းနဲ့ သူလိုချင်တာရဖို့အတွက် ကျင့်သုံးလိုက်တဲ့ နည်းဗျူဟာတစ်ရပ်လို့ ရှူမြင်ရင် မှားမယ်မထင်ပါဘူး။ အခုဆိုရင် အာစီယံက တရားမျှတမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နိုင်ငံတကာ ဆက်ဆံရေးလိုအပ်ချက်အရ ၂၀၁၀ ရွေးကောက်ပွဲအရပေါ်ထွန်းလာတဲ့ လွတ်တော်ကို အသိအမှတ်ပြု လိုက် ပါပြီ။ အာစီယံ ဥက္ကဋ္ဌနေရာပေးဖို့တစ်ခုပဲကျန်ပါတော့တယ်။ ဒါနဲ့ပါတ်သတ်ပြီး ဘာတွေမျက်လှည့်ပြဦးမယ်တော့ မသိသေး ပါဘူး။ လက်ရှိအနေအထားအရတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့နဲ့ လက်နက်ကိုင် အင်အားစုအချို့နဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ့မြင်နိုင်ပါတယ်။ အစစ်အမှန်လား အတုအယောင်လားဆိုတာ တော့ ပြောရခက်ပါတယ်။ အကြောင်းကတော့ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထောင်ချနေသလို ပြစ်ဒဏ်တိုး နေတာ တွေရှိနေပါတယ်။ သတင်းမီဒီယာနဲ့ပါတ်သတ်ပြီး ဒီမိုကရေစီကျင့်စဉ်နဲ့အညီ အလုံးစုံလွတ်လပ်ခွင့်မရှိသေးပါဘူး။ တဖက် မှာ ငြိမ်းချမ်းရေးတည်ဆောက်နေသလို တဖက်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တော့ မရပ်သေးပါဘူး။ မြေယာမြေနဲ့ အိုးအိမ်တွေသိမ်းပိုက်တာ၊ ရွာမီးရှို့တာ၊ ပေါ်တာဆွဲတာစတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားဖြစ်မှု ကို ဆန့်ကျင်တဲ့ပြစ်မှုတွေကို အများဆုံး ကျူးလွန်နေတာတွေ့ရပါတယ်။ မစ္စတာ ကွင်တားနားအစ မစ်ရှဲတို့ အကြံပြုတိုက် တွန်းသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးခြင်း၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖော် ဆောင်ခြင်းစတဲ့ နိုင်ငံ ရေးအရ ပြုပြင်ပြောင်းလှဲသင့်တဲ့အချက်တွေကို လိုက်နာစောင့်ထိန်းခြင်းမရှိသေးပါဘူး။ လူ့အခွင့် အရေးတိုးတက်မှုမရှိဘူး ဆိုတာ မစ္စတာ ကွင်တားနားအစ မစ်ရှဲအဆုံးလက်ခံသွားကြပေမယ့် လက်ရှိစစ်အစိုးရရဲ့ အနည်း အကျဉ်းလုပ်ရိုးလုပ်စဉ် တွေကိုတော့ အပြုသဘောဆောင် ကြိုဆိုသွားခဲ့ကြပါတယ်။ စစ်အုပ်စုကိုတော့ လျော့တွက်လို့ မရသေးပါဘူး။ နိုင်ငံရေး လုပ်ထုံးလုပ်နည်းအရ နည်းလမ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ နိုင်ငံတကာရဲ့ သံရေး တမန်ရေးကိစ္စကိုတော့ မေ့ထား လို့မရနိုင်ပါဘူး။ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်ကို ထောက်ခံတဲ့ နိုင်ငံကြီးတွေရှိသလို ဖိအား ပေးနေဆဲ နိုင်ငံကြီးတွေလည်း ရှိပါတယ်။ အာစီယံဥက္ကဋ္ဌနေရာနဲ့ပါတ်သတ်ပြီး အာစီယံက လူထုခေါင်းဆောင်ရဲ့စကားကို နားထောင်နေမယ်ဆိုတာနဲ့ မပြီးသေးနိုင်ပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတင်မယ့်ကိစ္စကလည်း လက်တလော စစ်အစိုးရအကောင် အထည်ဖော် ဆောင်ရွက်ပြနေတဲ့ နည်းဗျူဟာလေးတွေနဲ့ပင် သဘောထားတွေ ပျော့ပျောင်းကုန် လာတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဗမာပြည်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ ပြည်သူတွေရဲ့ ဆန္ဒသာ အရေးကြီးပါတယ်။ ပြည်သူ့ဆန္ဒဖော်ပြမှသာ ခေါင်း ဆောင်တွေက အကောင်အထည်ဖော်ပေးနိုင်ကြမှာဖြစ်ပါတယ်။ လူထုခေါင်းဆောင်ကိုယုံရင် လူထုခေါင်းဆောင် နောက်က လိုက်ကြရမှာဖြစ်သလို လူထုခေါင်းဆောင် လုပ်ရှားနိုင်အောင်လို့ လူထု ဆန္ဒကို ဖော်ပြကြရမှာဖြစ်ပါတယ်။ အပြောင်း အလဲဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲဟာ ပြည်သူအတွက်အကောင်းဆုံး၊ တိုင်းပြည် အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းက တာဝန်သိသိနဲ့ လေးလေးနက် နက် စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံ မပြောင်းနိုင်ဘူး၊ ဒီပုံစံ၊ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံလုပ်မယ်။ ဟိုအခြေ အနေလည်း ဒီပုံစံလုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့အရည်အချင်း အားနည်း တာလို့ ပြောရမှာပဲဆိုတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ပြောသွားတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို အလေးအနက်ထားရလိမ့်မယ်လို့ထင်ပါတယ်။

၃) လွတ်ငြိမ်းချမ်းသာခွင့်

သိန်းစိန်သမ္မတဖြစ်ပြီး ထောင်ဒဏ်နှစ်လျော့ပေးလိုက်တဲ့ ကိစ္စကိုပဲကြည့်ကြည့်၊ တွေ့စုံဆွေးနွေးပွဲတုန်းက ပြောကြားတဲ့ မိန့်ခွန်းကိုပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရမကလို့ ဥပဒေကြောင်းအရပါသုံးသပ်ပါစေ စစ်မှန်ပြီး တရားဝင်တဲ့ လွတ်ငြိမ်းချမ်း သာခွင့်မဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ နိုင်ငံရေးအရ ထင်ရောင်ထင်မှားဖြစ်စေပြီး အုပ်စုခွဲလိုက်တာဖြစ်တယ်လို့ သုံး သပ်မိပါတယ်။ နိုင်ငံတကာအနေနဲ့တော့ စစ်အုပ်စုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်က လွှတ်ပေးတာလေးနဲ့ဒင် ကျေနပ်နေတာတော့ အမှန်ပါပဲ။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပါတ်သက်ပြီး ရှေးအာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်ကိုတော့ မေ့ထားလို့မရနိုင်ဘူးထင်ပါတယ်။ အခု လွှတ်ငြိမ်းချမ်းသားခွင့်နဲ့ပါတ်သက်ပြီး တစ်ပါတီအာဏာရှင်လက်ထက်က လုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့စာရင် တောင် တော်တော်လေးကွာဟတယ်ဆိုတာတွေ့မြင်နိုင်ပါတယ်။ တစ်ပါတီအာဏာရှင်ဦးနေ၀င်းတုန်းက လွတ်ငြိမ်းချမ်း သာခွင့်နဲ့ပါတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် အောက်ခြေထိ လမ်းညွန်ပေးခဲ့တယ်။ အခု ဦးသိန်း စိန်ကြီးကျတော့ မတင်မကျပြောတယ်။ ပြတ်သားမှုမရှိဘူး။ တရားဝင်ဖို့နေနေသာသာ နိုင်ငံရေးအရ ထိရောက်မှု မရှိတဲ့ အပြင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ ထင်ရှားစေတာကတော့ ဦးသိန်းစိန်ကိုယ်တိုင် ပြုပြင် ပြောင်းလဲချင်တဲ့စိတ်နဲ့ ယုံကြည်မှုရှိရှိ ဖိတ်ခေါ်တာမဟုတ်ဘူးဆိုတာ ပေါ်လွင်စေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်ရက် ကျော်ကစလို့ ပြည်တော်ပြန်တဲ့သူကပြန် စောင့်ကြည့်နေတဲ့သူက စောင့်ကြည့်နေကြပါတယ်။ ကိုယ့်ယုံကြည် ချက်နဲ့ကိုယ် လွတ်ငြိမ်းချမ်းသာခွင့်ယူကြတာကို မပြောလိုပေမယ့် နိုင်ငံရေးသတိတော့ လစ်သွားလို့မရဘူးဆိုတာပါ။ ဥပဒေအရ တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်မထုတ်ပြန်ပဲ သိန်းစိန်ရဲ့ စကားကို ယုံကြည်မိရင် သံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှား တဲ့ကိန်းစိုက်မှာ သေချာပဲဆိုတာတော့ ပြောနိုင်ပါတယ်။ အခု သိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မိန့်ခွန်းဟာ စစ်အုပ်စုရဲ့ ရှေ့ပြေး ၀ါဒဖြန့်ချီမှုတစ်ခုဖြစ်သလို နိုင်ငံတကာကိုလည်း ညို့ယူလိုက်တဲ့ နိုင်ငံရေးလှည့်စားကွက်တစ်ကွက် သာဖြစ် ကြောင်းတွေ့မြင်နိုင်ပါတယ်။ အခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လည်း စစ်အုပ်စုကို ဆန့်ကျင်တဲ့သူတွေရဲ့ သဘော ထားအမြင်တွေကို တည်းခေါက်ကြည့် တာဖြစ်သလို ပြည်တော်မပြန်တဲ့သူ/ လွတ်ငြိမ်းချမ်းသာခွင့် မယူသူတွေကို အကြမ်း ဖက်တွေအနေနဲ့ စွပ်စွဲပြီး နှိမ်နှင်းမယ့် သဘောဖြစ်နေပါတယ်။ ယူတဲ့သူတွေကိုလည်း ကြက်ကလေး ငှက်ကလေး လို အလွယ်ကလေးဖမ်းနိုင်ပြန်ပါတယ်။ သေချာတာကတော့ တရားဝင်မထုတ်ပြန်ပဲနဲ့ ဘယ်ကိစ္စမှ ယုံကြည်လို့မရတာပါပဲ။

၎) လက်နက်ကိုင် အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနှင့်ပါတ်သက်ပြီး အော်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၂၀)ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကစလို့ အပစ်ရပ်ခဲ့တဲ့အဖွဲ့တွေရှိလာခဲ့ပေမယ့် ယနေ့တိုင် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကိုမရရှိသေးပါဘူး။ လက်ရှိအနေအထားအရ ရပ်တည်နေတဲ့ အပြစ်ရပ် (၁၄)ဖွဲ့တောင် နည်း ပေါင်းစုံနဲ့ သက်လျှိုသွေးခွဲပြီး ဖြိုခွဲခံနေကြရပါတယ်။ သိန်းစိန်အစိုးရထုတ်ပြန်ကြေညာတဲ့ (၁/၂၀၁၁) ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဆိုတာကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ခေါ်ဆိုခြင်းမဟုတ်ပဲ ရောသမမွေထားတဲ့ ကြေညာချက် သာဖြစ်ပါ တယ်။ အားလုံးပါဝင်နိုင်တဲ့ တွေ့စုံဆွေးနွေးရေးမဟုတ်ပဲ တစ်ဖွဲ့ချင်းစီကို ဆွဲထုတ်ပြီး ဖြိုခွဲခြင်းသာဖြစ်တယ်လို့ သုံးသပ် ရှူမြင်ပါတယ်။ ဒါကြောင့် အချို့သော အပြစ်ရပ်ဖွဲ့တွေက အားလုံးပါဝင်တဲ့ တွေ့စုံဆွေးနွေးရေးကို တောင်းဆိုထားကြသလို ဆွေးနွေးရေးနှင့်ပါတ် သက်ပြီး စနစ်တကျ ဖွဲ့စည်းမှု၊ လုပ်ငန်းစဉ်တိကျမှု၊ အချိန်ကန့်သတ်ချက်နဲ့ ဖြစ်နိုင်ချေရှိမှုများကို တောင်းဆိုထားကြပါတယ်။ အပစ်ရပ် အဖွဲ့တွေရဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တင်ပြတောင်းဆိုမှုတိုင်းကို စစ်အစိုး ရဘက်က အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ အခုလည်း လက်ရှိ စစ်အုပ်စုခေါင်းဆောင် သိန်းစိန်ကတော့ တိကျခိုင်မာတဲ့ နိုင်ငံရေးအရ လုပ်ငန်းစဉ်တွေကို မချမှတ်ပဲ အချို့သောအပြစ်ရပ်အဖွဲ့တွေနဲ့ တွေ့စုံဆွေးနွေးပြီး ပဏာမငြိမ်းချမ်းရေးခေါင်း စဉ်နဲ့သာ နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးနေပါတယ်။ တစ်ဖွဲ့ထဲမှာပင် ဆွဲထုတ်ခံရတဲ့ အဖွဲ့တွေက ဆွဲထုတ်ခံ လိုက် ကြရပါပြီ။

လက်ရှိ စစ်အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိတွေ့ကြုံနေရတဲ့ နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ကျင့်သုံးတဲ့ မျက်လှည့်တစ်ခုသာဖြစ်တယ်။ တည်ရှိနေတဲ့ အပြစ်ရပ် အဖွဲ့တွေကို သက်လျှိုဖြိုခွဲတာဖြစ်တယ်။ စစ်ဆင်ရေးတွေပြုလုပ်တဲ့အခါ နှစ်ဘက်သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို လက်ပိုက်ကြည့်ခိုင်းမယ်။ ဒါမှမဟုတ် အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းမယ်ဆိုတာပါပဲ။ စစ်အစိုးရကတော့ ရှင်းတယ်။ ငြိမ်းချမ်းရေး ခေါ်မယ်၊ ငြိမ်းချမ်းရေးမလုပ်တဲ့အဖွဲ့တွေကို မတရားအသင်းကြေညာမယ်၊ အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲပြီး အပြီးသတ်နှိမ် နှင်းမယ်ဆိုတာပါပဲ။ နိုင်ငံတကာကိုလည်း ပြရကောင်းတာပေါ့။ အခုလည်း တဖက်က တရားနည်း လမ်းမကျတဲ့ ငြိမ်းချမ်းရေးတွေကို လုပ်နေသလို အခြားတဖက်မှာလည်း အပစ်ရပ်အဖွဲ့တွေကို ခြိမ်းခြောက်တဲ့ စစ်ဆင်ရေး တွေပြုလုပ်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ယုံကြည်ရခက်တယ်ဆိုတာတော့ မဆန်းပါဘူး။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ချင်တယ်ဆိုရင် တိကျပြီး ပွင့်လင်းမြင်သာတဲ့ ထုတ်ပြန်ကြေညာချက်ကို တရား ၀င်ထုတ်ပြန်ကြေညာရမှာဖြစ်ပါတယ်။ ပဏာမတည်ဆောက်ခြင်းမျိုးမဖြစ်ရပါဘူး။ မတရားအသင်းဥပဒေတွေကို ခေတ္တရပ် ဆဲရမှာဖြစ်သလို ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းတဲ့အခါ နှစ်ဘက်ပါဝင်တဲ့ ဖွဲ့စည်းမှုမျိုးဖြစ်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်ယုံ ကြည်မှု ကိုအခြေခံပြီး ရန်လိုတဲ့ အပြုအမူတွေကို ရှောင်ကျဉ်ရမှာပါ။ အချိန်ကာလသတ်မှတ်ချက်ထားရှိရမှာဖြစ်သလို အဲဒီ ကာလ အတောအတွင်းမှာငြိမ်းချမ်းရေးဆွေးနွေးလာတဲ့ အဖွဲ့ကသူတွေကို အာမခံချက်ပေးထားဖို့လိုပါတယ်။ အခုသိန်းစိန်ရဲ့ လုပ်ပုံက တရားဥပဒေမဲ့နေပါတယ်။ ဆွေးနွေးကာလအတွင်း ဖမ်းချင်ဖမ်းနိုင်တယ်၊ သတ်ချင်သတ်နိုင်တယ်၊ ဘာအာမခံ ချက်မှ မရှိဘူးဖြစ်နေတယ်။ ဒီလိုသာ ငြိမ်းချမ်းရေးဖော်ဆောင်တိုင်း စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုမဆိုနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်တောင် ဒီထက်ပိုဆိုးဖို့ပဲရှိပါတော့တယ်။

နိဂုံးချုပ်တင်ပြရမယ်ဆိုရင် ဗမာပြည်ပြုပြင်ပြောင်းလဲရေးအတွက် စပြီးလုပ်နေပြီဆိုရင် အစကောင်းဖို့လိုပါတယ်။ အစ ကောင်းမှ အနှောင်းကသေချာမှာပါ။ အစမကောင်းရင် ကောင်းခြင်းသုံးဖြာမင်္ဂလာနဲ့ ပြည့်စုံမှာမဟုတ်ပါဘူး။ အစမကောင်း တဲ့အတွက် အလယ်မှာလည်းမကောင်းသလို အဆုံးမှာလဲ ကောင်းဖို့မရှိပါဘူး။ အစကောင်းမှ ကိုယ်ပျိုးတဲ့အပင်က လှ လှပပ ရှင်သန်ကြီးထွားနိုင်မှာဖြစ်သလို ဗမာပြည်နိုင်ငံရေးအခြေအနေဟာလည်း ထာဝရ ငြိမ်းချမ်းသာယာနိုင်ပါလိမ့်မယ်။ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းကို တစ်ပွဲထိုးနည်းနဲ့ဖြေရှင်းမရနိုင်သလို ပြုပြင်းပြောင်းလဲရေးအတွက် စနစ်ကျတဲ့ နိုင်ငံ ရေးလုပ်ငန်းစဉ်တွေချမှတ်ဖို့လိုပါတယ်။ နှစ်ပေါင်းများစွာ တည်ဆောက်နေရတဲ့ ဗမာပြည်ရဲ့အမျိုးသားရင်ကြားစေ့ရေးဟာ အဆင့်တွေကျော်ပြီး လွယ်လွယ်နဲ့ဆုံးဖြတ်၊ လွယ်လွယ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ မရသလို အလွယ်တကူ ယုံကြည်ဖို့လည်း မဖြစ်သင့်ပါဘူး။ အစပိုင်းမှာပင် ယုံကြည်ခိုင်မာမှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဖြစ်ဖို့လိုပါတယ်။ အနည်းဆုံး အောက်ပါ အချက်တွေနဲ့ ပြည့်စုံနိုင်ရပါ့မယ်။

၁) နိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအားလုံးကို ချွင်းချက်မရှိ လွပ်ငြိမ်းချမ်း သာခွင့် တရားဥပဒေအရ တရားဝင်ပေးရပါမယ်။

၂) မတရားတဲ့ဥပဒေတွေကို ခေတ္တယာယီရပ်ဆိုင်းထားဖို့လိုပါလိမ့်မယ်။

၃) တစ်ဖွဲ့ချင်းတွေ့ဆုံဆွေးနွေးတာမျိုးမဟုတ်ပဲ အားလုံးတပြေးညီရှိတဲ့ တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့လိုပါတယ်။

၎) သတင်းလွတ်လပ်ခွင့် အပါအ၀င် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်။

၅) သဘောတူညီချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို လူသိရှင်ကြားတရားဝင်ထုတ်ပြန်ဖို့လိုပါတယ်။

၆) ယုံကြည်မှုကိုအခြေခံထားပြီး တစ်ဖက်သက်ဆွေးနွေးခြင်းမျိုးမဟုတ်ပဲ နှစ်ဖက်စလုံးအပေးအယူအလျော့ အတင်းလုပ်နိုင်ရပါ့မယ်။

၇) အသိသက်သေရှိတဲ့ တွေ့ဆုံမှုမျိုးဖြစ်ပြီး ကတိတည်ဖို့လည်းလိုပါမယ်။

အနည်းဆုံး အထက်ဖော်ပြပါအချက်တွေကို ယေဘုယျအားဖြင့် မလိုက်လျောနိုင်ဘူးဆိုရင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး မဟုတ်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။ အထက်ပါအချက်တွေမရှိပဲ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်နေပြီ၊ အဲဒီလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ရင် စစ်အစိုးရရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို ၀ိုင်းဝန်းဖြေရှင်းတဲ့ ထောက်ခံအားပေးတာဖြစ်နိုင်သလို မိမိတို့ရဲ့နိုင်ငံရေးကို မိမိဘာသာသတ်သလိုဖြစ်ပါလိမ့်မယ်။ မူတွေလွဲရင် လူတွေကွဲပြီး ဗမာပြည်ရဲ့ ပြည်တွင်းစစ်မီးဟာလည်း အသောမသတ် ဆက်ပြီးလောင်ကျွမ်းစေမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ပါတယ်။



http://www.narinjara.com/detailsbur.asp?id=3513
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India