August 14, 2012

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်ကန်မှုရှိရန် အပစ်ရပ်အဖွဲ့များ ထောက်ပြ

အစိုးရ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်အား မှန်မှန်ကန်ကန် တည်ဆောက်ရန် လိုအပ်ကြောင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ထောက်ပြ ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ အစည်းအဝေး၌ ဒု-သမ္မတဖြစ်သူ ကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းက  နိုင်ငံတော်၏ ပကတိ အခြေအနေအရ ငြိမ်းချမ်းရေးမှ လွဲ၍ အခြားရွေးစရာလမ်း မရှိဟု ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြပါရှိသည်။

ယင်းကိစ္စအပေါ် ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဌ စောဒေးဗစ်သာကပေါ က ပြည်သူလူထု တရပ်လုံး လက်ခံနိုင်သည့် မူအရ ငြိမ်းချမ်းရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း အခုလို ထောက်ပြပြောဆို လိုက်သည်။

“မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ နိုင်ငံတကာ အမြင်မှာရော၊ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူ လူထု တရပ်လုံးရဲ့ အမြင်မှာရော လက်ခံ နိုင်တဲ့ မူတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် ရမှာ။ ဒါပေမယ်လို့ ကချင်ပြည်နယ်ဖက်မှာ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ၊ လူမျိုးတုန်း စစ်ဆင်နေတယ်။ အဲဒါကို ရပ်ပါရပ်ပါ ပြောတာကို မရပ်နိုင်ဘူး။ အဲဒီတော့ ဒီအစိုးရ ဘာအစိုးရလဲ အဲဒါကလည်း ကျနော်တို့ မေးခွန်းထုတ်ဖို့ ရှိတယ်ပေါ့ဗျာ။”

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၃) ခုအနက် ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်အတွင်း အမြဲ ပူးပေါင်း နေထိုင်ခြင်း၊ တို့တာဝန် အရေး သုံးပါးကို လက်ခံခြင်း၊ စီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း စသည့်အချက်များပါဝင်ကြောင်း ဒုသမ္မတက ပြောဆိုခဲ့သည်။

ထို့အပြင် အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် ပါတီ ထူထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံပြီး ပြင်ဆင်လိုက လွှတ်တော် ထဲတွင် ၀င်ရာက်၍ ပြင်ဆင်ခြင်း၊ ထာဝရ ငြိမ်းချမ်းရေးအတွက် ဥပဒေ ဘောင်ထဲဝင်ပြီး အခြေခံ ဥပဒေနှင့်အညီ တန်းတူ ရည်တူ နေထိုင်ခြင်း၊ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းသို့ အသွင် ကူးပြောင်းခြင်း စသည်တို့ ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

ယင်းကိစ္စ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဥပဒေသည် တရားမျှတပြီး ပြည်သူလူထု တရပ်လုံး လက်ခံနိုင်သည့် ဥပဒေ ဖြစ်ရန် လိုအပ်သလို တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအား အကာအကွယ်ပေးသည့် တပ်မတော် စစ်စစ် ဖြစ်ရန် လိုအပ်ကြောင်း KNU ဒု-ဥက္ကဌက ဆိုသည်။

ထို့အပြင် ဗဟိုအစိုးရမှ ချုပ်ကိုင်ထားသည့် တပ်မတော်က ပြည်နယ်အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက်အနိုင်ကျင့်သည့် လုပ်ရပ်မျိုး သမိုင်းတွင် ဖြစ်ခဲ့ဖူးရာ ယင်းသို့ ဖြစ်မသွားရန် လိုအပ်ကြောင်းနှင့် အကြေအလည် ဆွေးနွေးရဦးမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည် တပ်မတော်တောင်ပိုင်း ခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က အထက်ပါ သတ်မှတ်ချက်များ မပါသေးကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း လွန်ခဲ့သည့် မေလ (၁၉) ရက်နေ့ရောက်မှသာ ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အထက်ပါကိစ္စအပေါ် အစိုးရနှင့် တစုံတရာ သဘောတူညီချက် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသလို လူထုဆန္ဒအရသာ ဆောင်ရွက်သွားမည်ဟု တုန့်ပြန် ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ရှမ်းပြည်က ကျနော်တို့ အဖွဲ့တခုတည်း ရှိတာမှ မဟုတ်တာ။ ကျနော်တို့ရဲ့ နိုင်ငံရေး ပါတီတွေ ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ လူမှုအခြေပြု လူမှု အဖွဲ့ အစည်းတွေ ရှိတယ်။ ပြည်သူလူထုတွေ ရှိတယ်။ တိုင်းရင်းသား လူမျိုးစုတွေ ရှိတယ်။ သူတို့ အားလုံးရဲ့ ဆန္ဒနဲ့ အညီ ကျနော်တို့က လိုက်လျော ဆောင်ရွက်သွားမယ်လို့ အဲလို သဘောထားတွေ ရှိပါတယ်။”  

လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီး (၁၁) ခုအနက် (၁၀) ခုနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နှစ်ဖက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်၍ ပြဿနာများကို ဖြေရှင်းနေသော်လည်း နှစ်ဖက် လက်မှတ်ထိုးထားရုံဖြင့် ငြိမ်းချမ်းရေးဟု မဆိုနိုင်သေး ကြောင်း၊ အခန့်မသင့်လျင် အချိန်မရွေး ပျက်စီးသွားနိုင်ကြောင်း ဒုသမ္မတက ပြောဆိုခဲ့သည်။
ထို့အပြင် နှစ်ပေါင်း (၅၀) ကျော်ဖြစ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် စီးပွားရေး ခြွတ်ခြုံကျလာပြီး ကမ္ဘာနှင့် အာရှတွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်ရောက်ရှိခဲ့သဖြင့် ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းကြရန် အစည်းအဝေး တက်ရောက်သူများအား ဒုသမ္မတက  တိုက်တွန်း ပြောဆိုခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=464&catid=5&Itemid=12
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India