August 21, 2012

ထိုးစစ်များ ရပ်တန့်ရန် တိုင်းရင်းသား ညီနောင်ပါတီများ တိုက်တွန်း

စံခလပူရီ (မဇ္စျိမ) ။      ။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို တပ်မတော်မှ လေးစားလိုက်နာသင့်ကြောင်း တိုင်းရင်းသား ညီနောင် ၆ ပါတီက တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ရှိ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရုံးတွင် တနင်္ဂနွေနေ့က ကျင်းပသည့် ညီနောင် တိုင်းရင်းသားပါတီများ (Nationality Brotherhood Fဝrum) ၏ ပုံမှန်အစည်းအဝေးမှ တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ သိထားသလောက်တော့ သမ္မတ က ညွှန်ကြားချက် ပေးထားတာ။ ဒါပေမယ့် အပေါ်က သိထားတဲ့ အနေအထားနဲ့ အောက်ခြေမှာ မြေပြင်မှာ ဖြစ်တဲ့ အနေအထား တွေဟာ ကွာဟမှု နည်းနည်း ရှိတယ်ခင်ဗျ။ KIA မှာလည်း ဖြစ်၊ တခြား ကျနော်တို့ ဒေသမှာလည်း အောက်ခြေမှာ အခြေအနေတွေက မတည်ငြိမ်ဘူး” ဟု ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် စောသန်းမြင့် က ပြောသည်။

လတ်တလောတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဒေသအချို့တွင် အစိုးရတပ်မှ ထိုးစစ်ဆင်ခြင်း၊ တပ်အင်အား ဖြည့်တင်းခြင်းများ ရှိနေပြီး ရပ်တန့်နိုင်ခြင်း မရှိပါက စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လွယ်ကူမည် မဟုတ်ဟု သူက ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီး ဖြစ်သော်လည်း ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ကြောင်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံလက်မှတ် ရေးထိုးပြီးရုံမျှနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်။ ထိလွယ်ရှလွယ်သော အခြေအနေ ဖြစ်၍ အခန့်မသင့်ရင် အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ညီနောင် ၆ ပါတီ၏ ၁၁ ကြိမ်မြောက် သဘောထား ကြေညာချက်တွင် “နိုင်ငံတော်မှ မကြာမီ ကောက်ယူမည့် သန်းခေါင်စာရင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသား အမည်ရင်း၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာတို့ကို မှန်ကန်စွာ ထည့်သွင်းဖော်ပြရန်” စသည်တို့ကိုလည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအနက် အချို့သည် သန်းခေါင်စာရင်းတွင်လည်းကောင်း၊ မှတ်ပုံတင်တွင်လည်းကောင်း မိမိတို့၏ လူမျိုးအမည်များကို ဖော်ပြခြင်း မခံကြရသည့်အတွက် နစ်နာမှုများလည်း ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုး က ပြောသည်။

သာဓက အဖြစ် ရန်ကုန်တိုင်း၌ မွန်လူမျိုး တသိန်းခန့် နေထိုင်ကြသည်ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခန့်မှန်းထားသည့်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် ရရှိလိမ့်မည်ဟု
မျှော်မှန်းထားသော်လည်း နိုင်ငံတော်ရှိ သတ်မှတ်လူဦးရေ (ဝ.၁) ရာခိုင်နှုန်း ဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့် အတွက် ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း ထောက်ပြသည်။

၎င်းပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်ထား ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်း ပြုရာတွင် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေး ခန့်ထားရန်နှင့် အနာဂတ် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးပါက တိုင်းရင်းသားတို့၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှု မရှိအောင် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ စာပေဖြင့် သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရန်လည်း ညီနောင် ၆ ပါတီက သဘောတူခဲ့ကြသည်။

ညီနောင်ပါတီ အစည်းအဝေးသို့ အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကယန်းအမျိုးသား ပါတီနှင့် လေ့လာသူများအဖြစ် အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှို ချင်းအမျိုးသားပါတီနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က တက်ရောက်
ကြသည်။

Nationality Brotherhood Fဝrum ကို လွှတ်တော်ခေါ်စအချိန်က ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီနှင့် စတင် ဖွဲ့စည်းခဲ့ပြီး ကယန်း အမျိုးသား ပါတီက ထပ်မံပူးပေါင်းခဲ့သည်။ ၎င်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အမတ်နေရာ ၅၇ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၃၅ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁၆ ဦး၊ ချင်းအမျိုးသားပါတီ ၁ဝ ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ကိုးဦးနှင့် ကယန်း အမျိုးသား ပါတီက နှစ်ဦး အနိုင်ရရှိထားသဖြင့် စုစုပေါင်း အမတ်ဦးရေ ၁၂၉ ဦး အင်အားရှိသည့် အစုအဖွဲ့ ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/9909-2012-08-20-07-11-52.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India