August 30, 2012

ကရင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။
တိုက်ပွဲများကြောင့် အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် ယမန်နှစ်က တွေ့ရစဉ်။ ပြည်တွင်း ၌ တိမ်းရှောင် နေသူများ ရှိသကဲ့သို့ နယ်စပ်ဒေသ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးရသူများလည်း အများအပြား ရှိနေသည် (ဓာတ်ပုံ – FBR)

အမေရိကန် အခြေစိုက် Physicians for Human Rights(PHR) အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည့်“Bitter Wounds and Lost Dreams: Human Rights Under Assault in Karen State, Burma” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားသည်။
PHR အနေနှင့် စစ်တမ်းကောက်ယူသူ ၂၂ ဦးကို သင်တန်းပေးပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ကရင်ပြည်နယ်၌ စစ်တမ်း ကောက်ယူ၍ ထုတ်ပြန်ထားသည့် စာမျက်နှာ ၈ မျက်နှာပါ ယင်း အစီရင်ခံစာတွင် ကျေးရွာပေါင်း ၈၈ ရွာ မှ မိသားစုဝင် ၆၆၅ ဦးကို မေးမြန်း၍ ဖော်ပြထားခြင်း ဖြစ်သည်။
ထို ၆၆၅ ဦးကို ကောက်ယူခဲ့သည့် စစ်တမ်းတွင် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရခြင်း၊ ပေါ်တာ ထမ်းပေးရခြင်း၊ မြေမြှုပ်မိုင်းများ ရှင်း လင်းပေးရခြင်း စသည့် လူ့အခွင့်ရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စံချိန် စံညွှန်း သတ်မှတ်ထားသော မေးခွန်း ၉၃ ခုကို မေးမြန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း အစီရင်ခံစာ၌ အစိုးရ စစ်တပ်၏ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက် သည့် စစ်တမ်း ကောက်ယူမှုများလည်း ပါ၀င်သည်။
အထူးသဖြင့် အစိုးရ စစ်တပ် ထိန်းချုပ်သည့် ဒေသများအတွင်း လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများသည် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် အစိုးရစစ်တပ် အကြား အခြေအနေတင်းမာနေသော နေရာများထက် ၈ ဆ နီးပါး ပိုများကြောင်း အစီရင်ခံစာ က ဆိုသည်။
အစိုးရအနေဖြင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများ လုပ်ပြနေသော်လည်း အစိုးရ စစ်တပ် ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများက ကရင်ပြည်သူများကို ခြောက်လှန့်နေကြောင်း လည်း အစီရင်ခံစာတွင် ပါရှိသည်။
နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေသော ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ တို့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
လတ်တလောတွင် ကရင်ပြည်နယ် အနှ့ံအပြားနှင့် နယ်စွန်နယ်ဖျားရှိ အစိုးရ စစ်အခြေစိုက် စခန်း ၂၀၀ ကျော်ရှိပြီး ခြေလျင်တပ်ရင်း  ၃၈ ခုဖြင့် အခိုင်အမာ တပ်ချထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း အရပ်သား ပြည်သူများသည် စစ်တပ်က ၎င်းတို့အား အတင်းအကျပ် ရိက္ခာ ထောက်ပံ့ ခိုင်းခြင်း၊ လုပ်အားပေး ခိုင်းစေခြင်းနှင့် သွားလာရေးတို့ကို ကန့်သတ်ချုပ်ချယ်ခြင်း စသည်ဖြင့် အမျိုးမျိုး ခံစားနေရသည်”ဟုလည်း  အစီရင်ခံစာက ဆိုသည်။
PHR က အစီရင်ခံစာနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း(FCCT) တွင် ယမန် နေ့ က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)မှ Khu Khu Ju က ကရင် ဒေသခံများ ၏ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး တင်ပြခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း အပါအဝင် အစိုးရ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ပတ်သက်သည့် စီမံကိန်းများကြောင့် လူ့ အခွင့် အရေး ချိုးဖောက်ခံရမှုများလည်း ပါ၀င်သည်ဟု ၎င်းက ဆိုသည်။
“အခုလက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်၊ ဆွေးနွေးနေတာက ရေရှည် ငြိမ်းချမ်းရေးကို အလွယ်တကူ ဖန်တီးပေးမှာ မဟုတ် ဘူး၊ ဒီငြိမ်းချမ်းရေးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တိုးတက်လာအောင် အာမခံချက်ပေးနိုင်မှာ မဟုတ်ဘူး၊ အဲဒါတွေကြောင့် အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်”ဟု Khu Khu Ju က ဆက်ပြောသည်။
PHR အစီရင်ခံစာ၌ တနင်္သာရီတိုင်း ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် တဝိုက်တွင်လည်း ဒေသခံများကို လုပ်အားပေး ခိုင်းစေမှုများ၊ သွားလာရေး ကန့်သတ်မှု ပြုလုပ်ခြင်းများသည်လည်း တခြားသော လေ့လာဆန်းစစ်သည့် နေရာများထက် ၂ ဆမှ ၈ ဆ အထိ ပမာဏာ ပိုမိုမြင့်မားနေကြောင်း ပါရှိသည်။
ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)အနေနှင့်လည်း လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ထက် ကျော်လွန်၍ ကရင်ပြည် နယ် ကျေးလက်ဒေသများ အပါအဝင် တိုင်းရင်းသား လူနည်းစုများထံသို့ပါမကျန် ရောက်ရှိစေရန်နှင့် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရသူများ အနေနှင့် အစီရင်ခံစာ တင်ပြနိုင်ရန် ဆောင်ရွက်သင့်ကြောင်း PHR က တိုက်တွန်းထားသည်။

http://burma.irrawaddy.org/archives/18874
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India