“ဒီလိုပါ မူဆယ်မှာဆွေးနွေးပါလို့ KIA နဲ့ပြောထားတယ်။ သူတို့ကမဟုတ်ဘူး ရွှေလီလို့ပြောတယ်။ အခုသွားမှာက ၀န်ကြီး တွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာ မကောင်းဘူးလေ။ မူဆယ်ဖက်လာဖို့ ပြောထားတယ်။ ဒီတခါတော့ တပ်တွေနေရာချမှာ တပ်တွေ နေရာချပြီးရင်တော့ ငြိမ်းချမ်းပြီးပေါ့။ သူတို့ဖက်က နေရာရပြီးရင် အဲဒီနေရာကို အတည်ပြုပြီးတာနဲ့ သွားကြမယ်” ဟု ဦးအောင်မင်းက ဆိုပါသည်။
ဆွေးနွေးပွဲ ကျင်းပမည့် နေရာကို ရွှေလီ၌ ကျင်းပရန် ပြီးခဲ့သည့် ဇူလိုင် (၂၀) ရက်နေ့ကတည်းက အစိုးရစေလွှတ်လာသော ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIA က အဆိုပြု ထားခဲ့ပါသည်။ ဦးအောင်မင်းတို့သည် ဤအဆိုပြုချက်ကို သြဂုတ်လ (၁)ရက်နေ့၌ ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။ မူဆယ်နေရာသည် KIA နှင့် အစိုးရတပ်အကြား တိုက်ပွဲပြင်း ထန်သည့်နေ ရာဖြစ်သဖြင့် ဆွေးနွေးပွဲ မလုပ်နိုင်ကြောင်း KIA က ပယ်ချထားသည့်နေရာဖြစ်သည်။
အစိုးရ၏ အသစ် ထပ်မံ အဆိုပြုချက်ကို တုန့်ပြန်ရန် KIA ဖက်က အစည်းအဝေး ကျင်းပနေသည်ဟု ဌာနချုပ်တပ်မှူးတဦးက
ပြောပါသည်။ သမ္မတသည်လည်း KIA နှင့် မကြာမီ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ယမန်နေ့က နေပြည်တော်၌ ကျင်းပ သော တိုင်းရင်းသား (၁၄) ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
အစိုးရသည် ကချင်ပြည်၏ အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာ နားကို ဖိတ်ကြား ထားခဲ့ပါသည်။ သူသည် ဇူလိုင်လ (၃၀)နှင့် သြဂုတ် (၄)ရက်နေ့အကြား ကချင်ပြည်နယ်ကို သွားရောက် ရန် ရှိသော်လည်း ယနေ့ထိ သွားရောက်မည့်အရိပ်အရောင် မမြင်ရသေးပေ။
အစိုးရ၏ တိုင်းရင်းသားအပေါ် ထားရှိသည့် သဘောထားရှိသည် KIA အပေါ် ကိုင်တွယ်မှုက သက်သေပြသွားမည်ဟု Myanmar Peace Support Initiative (MPSI) က ယူဆနေပါသည်။ ဤအဖွဲ့သည် နော်ဝေးနိုင်ငံက ပံ့ပိုးမှုပေးပြီး မြန် မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနီးကပ်အကူအညီ ပေးလျှက် ရှိပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1973--kia-.html







Tuesday, August 07, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: