August 29, 2012

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ

Zao_ha_Raaကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။
“ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန်ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီးပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီးကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အဝင်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှ့ံတွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တပ်နှင့် KIA, ဗဟိုလုံခြုံရေး တပ်တို့ ကြား သြဂုတ်လ (၂၇)ရက်နေ့ တွင် ဒေါ့ဖုန်းယန် စာသင်ကျောင်း အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ အလားတူ  သြဂုတ်လ ၊၂၇ ရက်နေ့၌ပင် အစိုးရ (ခ.လ .ရ-၂၆၀)တပ်နှင့် KIA, တပ်ရင်း (၃) တပ်တို့သည် ၀ူထောင်နှင့် လောဒ်ခေါင် ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အစိုးရ (ခ.မ.ရ-၃၀၁)တပ်နှင့် KIA, တပ်ရင်း (၃)တပ်ဖွဲ့ တို့သည် (ခဇူး) ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
KK123009
တိုက်ပွဲ ရှေ ့တန်း တစ်နေရာ
တပ်မဟာ (၅) ဒေသအပြင် KIA တပ်ရင်း ( ၆) လက်အောက်ခံ တပ်ဖွဲ့(ဖားကန့်ဒေသ)သည် ဖားကန့်မြို့နယ်မျောက် ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ မိုးသောက် ကြယ်ကုမ္ပဏီ စသည့်နေရာများသို့  ထိုးစစ်ဆင်လာသော အစိုးရ(ခ.လ.ရ-၂၇၂)တပ်ဖွဲ့တို့နှင့် သြ ဂုတ် (၂၇ )ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိ တိုက်ပွဲဖြစ်ခဲ့ကြပါသည်။ ယင်းတိုက်ပွဲများသည် ယနေ့အထိဆက် လက် ဖြစ်ပွားလာနေပြီး KIA မှ အသာစီး ရရှိနေသည်ဟု ဒေသခံများက ဆိုပါသည်။
ဤသို့ကြောင့် ဖါးကန့် ဒေသခံများသည် ဖါးကန့်မြို့ပေါ်သို့ ပိုမိုတိမ်းရှောင်လာခဲ့ပါသည်။ ဖါးကန့်မြို့နယ်ရှိ KIA တပ်ဖွဲ့များ သည်လည်း အသာစီး ရလာနေသည့်အတွက် ခါတိုင်းထက် ပိုမို တိုက်ခိုက် လာခဲ့သည်ဟု ဒေသခံများကဆိုပါသည်။
Par_King_refugees
KIA တပ်ဖွဲ့များသည် တန်ပြန် ထိုးစစ်မဆင်နွဲမှီ လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့များ၏ နောက်တန်း ထောက်ပံ့ရေး လမ်းကြောင်းများကို တိုးမြှင့် တိုက်ခိုက်နေခဲ့ပါသည်။ ဤကဲ့သို့ နောက်တန်း တိုက်ခိုက်မှုများ အသာစီးရလာ နေသဖြင့် KIA တပ်ဖွဲ့များသည် လိုင်ဇာ ဌာနချုပ် အနီးရှိ အစိုးရ၏ ရှေ့တန်း တပ်ဖွဲ့များကိုပါ တန်ပြန် တိုက်ခိုက်လာခဲ့ခြင်းဖြစ် ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2057--kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India