September 13, 2012

ကေအိုင်အိုနှင့်အစိုးရတပ် ဖားကန့်မြို့တွင်း တိုက်ပွဲဖြစ်

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့က ညနေ ၄ နာရီကနေ ည ၈ နာရီကျော်လောက်အထိ ဖားကန့် မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
အစိုးရတပ်က တပ်မ ၃၃ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တွေ မြို့ထဲမှာ ကျောင်းဆင်းချိန် တိုက်ပွဲဖြစ်တဲ့အကြောင်း ဖားကန့်မြို့ခံ တစ်ယောက်က ပြောပြပါတယ်။
"ညနေက ကျွန်တော့်သားတွေ ၄ နာရီလောက် ကျောင်းဆင်းတဲ့ အချိန်လေ။ တိုက်ပွဲဖြစ်လို့ မြို့ထဲမှာ။ မှော်ဝမ်းပေါ့။ အခုထက်ထိ ကြိုကြားပစ်နေတယ်။ ကျွန်တော်လည်း ၄ နာရီ ထိုးခါနီးလောက် ကလေးစောင့်တာ။ လ္ဘက်ရည်ဆိုင် ထိုင်နေတာ အဲဒီအပေါ်ကနေ စပစ်တာ ကျွန်တော်ထွက်ပြေးလာခဲ့တာ ဟိုကပစ်၊ ဒီကပစ် လက်နက်ကြီးပါ ပစ်တယ်။ မြို့ထဲတောင် အနဲအကျဉ်းတော့ ကျတယ်ဗျ။ မြို့ထဲပစ်တာ ဆိုးသွားတာပေါ့ဗျာ။ လူတွေ ကစဉ့်ကလျားနဲ့ ဖြစ်တာ။ ဒီပြင်နေရာတော့ အမြဲတမ်းဖြစ်နေတာပဲ"
မြို့တွင်းတိုက်ပွဲ ဖြစ်တာက တစ်ကြောင်း မိုးရွာနေတာက တစ်ကြောင်းကြောင့် ရုတ်တရက် ထွက်ပြေးကြရတဲ့ ဒေသခံတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတယ်လို့ စောစောက မြို့ခံက ဆက်ပြောပြပါတယ်။
"မနေ့ ညက တနေကုန် ရွာနေတာ။ အဲဒါလည်း ပြေးတဲ့လူတွေ အများကြီးပဲ။ ထောင်ပိုင်းလောက်ရှိမယ်။ ကျွန်တော်တို့ တည်းတဲ့စခန်းကို အကုန်လုံးတက်လာတာ။ ပြေးတာကို ကစဉ့်ကလျားပဲ။ အကုန်လုံး ခလုတ်တိုက်၊ ဒူးကွဲ ရှုတ်ရှက်ကို ခတ်လို့။ စခန်းတွေကို အကုန်ပြေးတက်။ ကျွန်တော်တို့ စခန်းတွေဆို လူဦးရေ ရာကြီးပိုင်း၊ ထောင်ပိုင်းလိုက်ရှိမယ်။ မြို့ဦးစေတီမှာလေ။ ဒီမှာ ရေဘေးရော၊ စစ်ပြေးရော အဓိကတော့ စစ်ပြေးများတယ်။ ကျောင်းတွေ အပေါ်ထပ်တွေ၊ အောက်ထပ်တွေ ဘုရားရင်ပြင်တွေ။ နေရ ထိုင်ရတာ ဒုက္ခရောက်တယ်။ မိုးကရွာ နေစရာကမရှိ"
ဒါကတော့ ဖားကန့်မြို့ထဲမှာ တိုက်ပွဲဖြစ်တဲ့ မနေ့ ည ၈ နာရီကျော်ကျော်လောက်အထိ အခြေအနေ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်း ဒေသမှာတော့ လွန်ခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ရာက အခုတော့ မြို့တွင်းတိုက်ပွဲ ပါ ဖြစ်လာခဲ့တာပါ။ ဒီအတွင်း ဖားကန့် မြို့ထဲမှာ ရေကြီးနေတာကြောင့် ကြိုးတံတားနဲ့ ကျောက်ဝိုင်းနေရာတချို့ ရေနစ်မြုပ် နေတယ်လို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/kio-government-troop-09132012175827.html

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India