September 13, 2012

တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို `ထောက်ပံ့ကူညီရန်´ ကုလအသင့်ရှိ

မဇ္စျိမသတင်းဌာန။        ။ ကချင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံ ရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပြန်လည် နှင်ထုတ်ခဲ့သည့်အတွက် “အထူး စိုးရိမ် ပူပန်မိ” ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောဆိုလိုက်သည်။

“တိုက်ပွဲများကြောင့် ထွက်ပြေး ခိုလှုံလာကြသော ဒုက္ခသည်များကို ယာယီ အကာအကွယ်များ ပေးပါရန်၊ သူတို့၏ လူသားလိုအပ်ချက်များကို လေးစားပါရန်၊ လုံခြုံမှုနှင့် စားဝတ်နေရေးအတွက် အန္တရာယ်ရှိသည့် ဒေသများသို့ အတင်းအကြပ် ပြန်မပို့ပါရန် တရုတ်အစိုးရကို UNHCR က တိုက်တွန်းပါသည်” ဟု အဆိုပါရုံးမှ ပြောရေးဆိုခွင့်ရှိသူ အာဒရီယန်အက်ဒဝပ် (Adrian Edwards) က ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“သူတို့၏ နေရင်းရပ်ရွာများတွင် တည်ငြိမ်သွားသည်အထိ အဆိုပါ ဒုက္ခသည်များအား ကူညီနိုင်ရန် တရုတ်နိုင်ငံကို
ထောက်ပံ့ကူညီရန် ကျွနု်ပ်တို့ အသင့်ရှိပါသည်” ဟုလည်း သူက ပြောသည်။

၂ဝ၁၁ ခုနှစ်မှစ၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွါးလာကတည်းက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ နေအိမ်များကို စွန့်ခွါ ထွက်ပြေးလာသူ အရပ်သားပေါင်း ရ၅,ဝဝဝ ရှိပြီဟု UNHCR က ခန့်မှန်းထားပြီး နောက်ထပ်လည်း နေ့စဉ်ထွက်ပြေး ရောက်ရှိနေဆဲဖြစ်သည်။

ယမန်နှစ် ဇွန်လတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့သူများအနက် ကချင်ဒုက္ခသည် ၅,ဝဝဝ ခန့်သည် သြဂုတ်လလယ်ကတည်းက တရုတ်ပြည်မှ ပြန်သွားခဲ့ကြပြီး ယခုအခါ မြန်မာနယ်စပ်ရှိ ယာယီစခန်းများ တွင် နေထိုင်လျက်ရှိကြသည် ဟု အက်ဒဝပ် က ဆိုသည်။

၎င်းတို့ နေရင်းရပ်ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ အဆိုပါပြန်သွားသူ ၃,၄ဝဝ ကျော်သည် မိမိတို့ရွာသို့ မပြန်ရဲ
ကြဘဲ ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်းများတွင် ဆက်လက်
နေထိုင်နေကြရသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အစားအစာ၊ အိုးအိမ်၊ ဆေးဝါးနဲ့ အခြား ကယ်ဆယ်ရေး ပစ္စည်းတွေ သူတို့ အရေးတကြီး လိုအပ်နေပါတယ်" ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း နယ်စပ် တရုတ်ပြည် ဘက်အခြမ်းရှိ ကချင်အုပ်စု များထံ ယခုအထိ အကူအညီများ သွားရောက် ပေးအပ်ခြင်း မပြုနိုင်သေးဟု UNHCR က ဆိုသည်။

သို့သော် မကြာမှကမူ အကူအညီများ ပေးအပ်ရန်နှင့် ပြန်လာသူများအတွက် လိုအပ်ချက်များကို လေ့လာနိုင်ရန်
မြန်မာပြည်ဘက်အခြမ်းရှိ လွယ်ဂျယ်သို့ UNHCR က သွားရောက်နိုင်ခဲ့သည်။

တွေ့ဆုံမေးမြန်းခဲ့သူ အချို့၏ ပြောကြားချက်အရ တရုတ်အာဏာပိုင်များက ၎င်းတို့ ခိုလှုံရာ တဲများကို အတင်းဆွဲချ ဖျက်ဆီးခဲ့ကြောင်း၊ အရပ်ဝတ်ပုလိပ်များက သူတို့ကို ထရပ်ကားများပေါ်သို့ အတင်းမောင်းတင်ခဲ့ကြောင်း၊ သူတို့ ပစ္စည်းများကိုလည်း ဤသို့ပင်ကားပေါ်သို့ တင်ပေးလိုက်ကြောင်း၊ ထို့နောက် နယ်စပ်ဂိတ်သို့ မောင်းသွားခဲ့ကြသည် ဟု ဆိုကြသည်။

NGO တွင် လုပ်ကိုင်နေသော ဒေသခံဝန်ထမ်းများက အဖြစ်အပျက်များကို တွေ့မြင်ခဲ့ကြသည်။ မြန်မာပြည်ရှိ အနီးဆုံး ဒုက္ခသည် စခန်းများသို့ ထိုပြန်သွားသူများကို တင်ဆောင်သွားနိုင်ရန် ထရပ်ကားများလည်း စီစဉ်ပေးခဲ့ကြသည်ဟု အက်ဒဝပ် က ပြောသည်။ နောက်ထပ်လည်းလူများကို တရုတ်ပြည်မှ အတင်းပြန်ပို့လိမ့်မည်ဟု မျှော်လင့်ထားသည် ဟုလည်း UNHCR ပြောရေးဆိုခွင့်ရှိသူ အာဒရီယန် အက်ဒဝပ် က ပြောဆိုသွားသည်။

http://www.mizzimaburmese.com/news/regional/10103---a-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India