September 27, 2012

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်
နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
Suu-Kyi-with-Asia-Society-Global-Vision-award-1
ဒေါ်အောင်ဆန်းစုကြည်အား ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ် (Photo: Asia Society/Joshua Roberts)

“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင်
ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

ထို့ပြင် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲ၊ လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့ လွှတ်တော်မှာ တင်ပြပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤသို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ က ပြောသည်။

“လက်တွေ့ ကြုံတွေ့နေရတာတွေ၊ ဘာကြောင့် သူတို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အသံတွေကို လက်တွေ့ သိရှိဖို့၊ အစိုးရဘက်မှ ထိုးစစ်ဆင်မှုကြောင့် လူမျိုး ဖြုန်းတီးရေးဘက် ရောက်နေတယ်ဆိုတာကို သက်သေ အထောက်အထားတွေနဲ့ သိရှိဖို့လည်း ရည်ရွယ်တယ်” ဟု မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ၏ လူမှုအထောက်အပ့ံများနှင့် အစိုးရမဟုတ်သော အဖွဲ့စည်းများအား၏ ကူညီထောက်ပံ့မှုကို အစိုးရဘက်မှ ခွင့်ပြုရန် လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပြဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဆိုပါက KIO ဘက်မှ လုံခြံုရေး တာဝန်ယူရန် ညှိနှိုင်းသွားမည်
ဖြစ်ကြောင်း ဒေါ်မွန်းနေလီ က ဆိုသည်။

ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကပူ စသည့် နိုင်ငံများမှ ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဖားကန့်မြို့နယ်အတွင်း KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးတဝိုက်သို့ အစိုးရ၏ တပ်အင်အားများ ထပ်မံ ဖြည့်တင်းလာသည်ဟု KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့မှ ဗိုလ်ကြီးလဒွဲ က ပြောသည်။

“သူတို့က အင်အားထပ်ဖြည့်လာတယ်။ မနေ့က အောက်ပိုင်းကနေ တောလမ်းကနေ ထပ်ဖြည့်တာက ၁ဝဝ ကျော်ရှိ တယ်။ အင်းတော်ကြီးဘက်၊ ကားမိုင်းဘက် တောလမ်းကနေ တက်လာတယ်လို့ သိရတယ်။ ဟိုဘက်ဒီဘက်ပဲ။ သတိနဲ့
စောင့်နေကြည့်နေကြတယ်” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဖက် တိုက်ပွဲများကြာင့် တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်၊ လိုင်ဇာ စသည့် နယ်မြေအတွင် စစ်ပြေးဒုက္ခသည်
ခြောက်သောင်းကျော် ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့် မြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များ အပါအဝင် စုစုပေါင်း ကိုးသောင်းကျော် ရှိနေပြီဟု KIO ဒုက္ခသည် ကူညီရေးကော်မတီက ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10176-2012-09-27-10-39-27.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India