September 21, 2012

ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ ရေရှည်တည်တံ့ ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံး ခြေလှမ်းတခုအနေဖြင့် ကချင်ပြည်နယ်တွင် အစိုးရ၏ စစ်ဆင်ရေးများအား ချက်ချင်း ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
တောင်းဆိုလိုက်သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ယခုနှစ်အတွင်း အပစ်အခတ် ရပ်ဆိုင်းရန် တောင်းဆိုကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ပြောသည်။

“ကျမတို့မြန်မာနိုင်ငံမှာ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲဖို့ ကျမတို့ တောင်းဆိုထား
တယ်။ ဒါက ပထမအဆင့်ပေါ့။ ဒီနေ့မှာ ငြိမ်းချမ်ရေးနေ့ ဖြစ်တဲ့အတွက် မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ ခုလမ်းစနေပြီ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်သွားရမယ်လို့ ကျမတို့ မျှော်လင့်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်
ဖြေရှင်း၍ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း ပြောဆိုသွားသည်။

KIO အပါအဝင် တိုင်းရင်းသား ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC အဖွဲ့ဝင် KNU မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူညီခဲ့ပြီး ဖြစ်သည်။

တိုင်းရင်းသားနှင့် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်သည့် “သုံးပွင့်ဆိုင်” ကိုလည်း ဆက်လက် မြှုပ်နှံယုံကြည်
ဆဲဖြစ်ကြောင်း KNU က ထပ်မံပြောဆိုလိုက်သည်။ သို့အားဖြင့် တိုင်းပြည်တွင်း စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် တည်ငြိမ်သော အခြေခံတခု ပေးစွမ်းနိုင်သည့် အားလုံးသဘောတူညီချက်များ ရရှိရန် အာမခံနိုင်မည် ဖြစ်သည်ဟု သောကြာနေ့ထုတ် ကြေညာချက်က ထပ်လောင်းပြောဆိုထားသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ လိုက်နာသင့်သော ကျင့်ဝတ်များ ဆွေးနွေးသည့် ဒုတိယ မူကြမ်းအား စက်တင်ဘာလဆန်းပိုင်းက သဘောတူညီထားပြီး လမကုန်မီ နှစ်ဖက် ထပ်မံတွေ့ဆုံမည်
ဖြစ်ကြောင်း သိရသည်။

အလားတူ ကချင်၊ ရှမ်း၊ ကရင် စသည့် ဒေသများတွင် တိုက်ပွဲများ၊ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား အင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေသည့်အဆင့်မှ
နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ငြိမ်းချမ်းရေးနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

မြန်မာပြည်သူများအတွက် တရားမျှတပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် အလှမ်း
ဝေးသွားမည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားမည်ကို အထူးစိုးရိမ်ကြောင်း ကြေညာချက်က ဆိုသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် တတိုင်းပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် အနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေးပေါ်ထွန်းရေးကို အရှိန်မြင့် လုပ်ဆောင်ရမည့် အချိန်ရောက်နေပြီ ဖြစ်ကြောင်းနှင့် ထိုမှ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အဆင့်သို့
လျှောက်လှမ်းနိုင်မည်ဟု WLB က တိုက်တွန်းထားသည်။

ပြည်တွင်းစစ်များ ရပ်စဲရေးအတွက် နေပြည်တော်သို့ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ် လိုသူများကို အာဏာပိုင်များက တားဆီးလိုက်ပြီး ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့များနှင့် ပြည်သူအများအပြား စီတန်းလှည့်လည်မှု
လည်း အာဏာပိုင်များ၏ တားမြစ်ခြင်း ခံရသည်။

http://www.mizzimaburmese.com/news/world-news/10155-----knu--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India