September 4, 2012

KNU နှင့်အစိုးရအပစ်ရပ်ရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များ နှစ်ဖက် သဘောတူညီခဲ့


စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက်
ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယနေ့ပြီးစီးသွားခဲ့သည့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ အစိုးရနှင့် ကေအဲန်ယူအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများဆိုင်ရာ သဘောတူညီချက်(မူကြမ်း)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း(Code of Conduct-CoC) ထဲတွင် နှစ်ဖက်စလုံးမှ လူထုနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရ မည့်ကျင့်ဝတ်များ၊ စစ်သည်တော်ကျင့်ဝတ်၊ နှစ်ဖက်တပ်များ ခရီးသွားလာခြင်း၊ အရပ်သားပြည်သူကို ဆက်ဆံခြင်းနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းသွားရေးနှင့် အငြင်းပွားမှုဖြေရှင်းခြင်း စသည့်အပိုဒ်ပေါင်း ၁၀ပိုဒ်ပါ၀င်သည်။
စက်တင်ဘာလ ၃ရက်နှင့် ၄ရက် နှစ်ရက်တာ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲတွင် CoC ပါ အပိုဒ်(၅) သတ်မှတ်ထားသော စစ်နယ်မြေများနှင့် စစ်ဆက်သွယ်ရေးလမ်းကြောင်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ၊ တပ်ဖက် အရပ်ဖက် အကြီးအကဲများကို ပြန်လည် တင်ပြသွားကာ တဆင့်ချင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ခံခဲ့ကြသည်။
ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ပြည်သူလူထုအတွက် အဓိကထား စဉ်းစားသွားမဲ့ Code of Conduct ကို အသေးစိတ် ဆွေးနွေးသွားတာဖြစ်သလို ဒါကို တဖြည်းဖြည်း လုပ်ဆောင်သွားကြဖို့ကို သဘောတူခဲ့ကြပါတယ်”ဟု ဆိုသည်။
ယခုသဘောတူညီချက်(မူကြမ်း)ကို “မူ”အားဖြင့် သဘောတူခဲ့ကြသလို အထက်ဌာနများသို့ ပြန်လည်တင်ပြပြီး လာမည့် အစည်းအဝေး များ၌ ဆက်လက် ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ရန်သဘောတူကြောင်း ယနေ့ မွန်းလွဲ ၂နာရီနီးပါးအချိန်တွင် နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ကေအဲန်ယူနှင့် အစိုးရတို့ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၅ဦးစီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နာရီဝက်ကျော်ကြာ ပြုလုပ်ခဲ့ရာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုလို ပြော သည်။
“ကျနော်တို့ ဒီစည်းဝေးပွဲကို အငြင်းအခုံမရှိ ပြေပြေလည်လည် ပြောဆိုနိုင်ခဲ့လို့ ဒါ အောင်မြင်တယ်လို့ ဆိုနိုင်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ ကိုလည်း ကျနော်တို့က လှေခါးတဆင့်ချင်း ဆက်လက် လုပ်ဆောင်သွားရမယ်”ဟု ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦးနှင့် မြန်မာအစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၀ဦးတို့ ပါ၀င်သည်။
အစိုးရနှင့် ကေအဲန်ယူအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် ပြည်နယ်အဆင့်ကို ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌လည်း ကောင်း၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်ကို ရန်ကုန်မြို့၌လည်းကောင်း၊ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌လည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

http://www.kicnews.org/?p=13247
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India