September 21, 2012

UWSA ဖမ်း SSA တပ်ဖွဲ့ဝင်များ ပြန်လွတ်

စံခလပူရီ (မဇ္စျိမ)။   ။ ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်ဟောင်း အားလုံး ပြန်လည်လွတ်မြောက်လာပြီ
ဖြစ်ကြောင်း SSA  က ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေ့အော့ရွာရှိ UWSA အမှတ် ၅၅၇ တပ်စခန်းတွင် နှစ်ဦး နှစ်ဘက် အဆင့်မြင့် အရာရှိများ စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့များက ညှိနှိုင်းဆွေးနွေးပြီးနောက် တနင်္လာနေ့တွင်
ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက်ပိုင်း သူတို့က တပ်သား စာရင်းဇယား၊ လက်နက်ခဲယမ်း စာရင်းဇယားနဲ့ အားလုံး ကျနော်တို့ကို ပြန်ပြီး အပ်နှံပေးပါတယ်” ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က မဇ္စျိမကို
ပြောသည်။

နေရပ်သို့ ခွင့်တောင်းကာ ပြန်သွားသည့် တပ်ဖွဲ့ဝင် နှစ်ဦးမှအပ ကျန်တပ်ဖွဲ့ဝင် အားလုံး မိမိတို့ ထိန်းချုပ်နယ်မြေသို့
ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဇူလိုင်လ ၃ဝ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမှုး ကျေးရွာအုပ်စု၊ ပုံတောင်းဒေသ ရာဘာခြံအတွင်း စိုက်ပျိုးရေးလုပ်ရန် အကြောင်းပြချက်ဖြင့် ရောက်ရှိသွားသည့် အရာရှိ နှစ်ဦးပါ SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် တပ်ဖွဲ့ဝင်ဟောင်း ၆ ဦးကို UWSA က ဖမ်းဆီးခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟု UWSA ကို စွပ်စွဲကာ SSA အရာရှိများက သတင်းမီဒီယာများသို့ ပြောဆိုမှု၊ နယ်မြေ ကျူးကျော်မှု၊ သီပေါမြို့နယ်ရှိ ဟုန်ပန်းကုမ္ပဏီ လုပ်သား ၆၀ ကို SSA က ပြန်ပေးဆွဲမှု ဟူသည့် အချက် ၃ ချက်ဖြင့် UWSA ဘက်က SSA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

“အဲဒီ သုံးချက်လုံး မဟုတ်မမှန်ကြောင်း ကျနော်တို့ဘက်က တာဝန်ရှိသူတွေက သဘောပေါက်အောင် ဖြေရှင်းပြီး
တော့ အေးအေးချမ်းချမ်းနဲ့ ပြန်လွှတ်ပေးပါတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။

SSA-S ဘက်ကမူ မိမိတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် နယ်မြေသည် မည်သူ့နယ်မြေဟု အတိအကျ မသတ်မှတ်ရသေးသော နယ်မြေသာ ဖြစ်ကြောင်း၊ နောင်တွင် ပြဿနာများ ဆက်လက် မဖြစ်ပေါ်ရန်အတွက်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်သဘောတူထားသည်ဟု ဆိုသည်။

ဇွန်လအတွင်းတွင်လည်း UWSA ထိန်းချုပ်ဒေသသို့ SSA တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်သည် ဟူသည့် အကြောင်းပြချက်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA တပ်စခန်းတခုကို UWSA က သွားရောက် ဝိုင်းထားရာမှ နှစ်ဘက်ကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။

၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ်က လင်းခေး မြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မိုင်းတုံမြို့နယ် မုန်းထားမြို့နယ်ခွဲများအား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။

ထိုဒေသသည် UWSA နှင့် RCSS/SSA အပြင် အစိုးရတပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့များ
လည်း လှုပ်ရှားသွားလာရာဒေသ ဖြစ်သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/10156-uwsa--ssa--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India