“ လောလောဆယ် နိပွန် ဖောင်ဒေးရှင်းက က တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒုက္ခသည်တွေ အတွက်ကို အရင် ပေးဆောင်မှာ ဖြစ်တယ်။ သူတို့ ထောက်ပံ့ လိုက်တာက လောလောဆယ် လိုအပ်နေတဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ အတွက် ဖြစ်ပါတယ်။ တန်ဘိုးအာဖြင့် ဒေါ်လာ (၃) သိန်းလောက် ကူပေးမှာ ဖြစ်တယ်” ဟု ဆိုသည်။
ဤအကူအညီ အတွက် ( UNFC ) အဖွဲ့ သည် အောက်တို့ဘာလ ၁၈ ရက်တွင် ဂျပန်နိုင်ငံရှိ နိပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
UNFC သည် နိပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ် နိုင်ရေး နှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက် အရ ခွန်ဥက္ကာ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦး တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပါသည်။
နိပွန် ဖေါင်ဒေးရှင်းသည် မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် တိုင်းရင်းသားများနှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ များကို အားပေးသွားမည်ဟု ပြောကြား ထားပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လူမှုအကူအညီပေးနိုင်ရေးကို ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့၌ ထိုင်းနိုင်ငံသို့ ရောက်ရှိကာ ( UNFC ) အဖွဲ့ဝင်များ နှင့် စတင် ဆွေးနွေး ခဲ့ခြင်းဖြစ်ပါသည်။
( UNFC ) သည် ၄င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူမှုဖူလုံရေး အခက်အခဲများကို အကူအညီ ပေးပါရန် ပြီးခဲ့သည့် ဂျွန်လ (၃၀) ရက်နေ့တွင် ဂျပန် အစိုးရထံသို့ တင်ပြ တောင်းခံ ခဲ့ပါသည်။
ဤအစီစဉ်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများပါ တွေ့ဆုံခဲ့ပါသည်။
သို့သော် ယခုအချိန်၌ တိုင်းရင်းသား အဖွဲ့အစည်း များကို အကူအညီ ပေးရန် မသင့်တော်သေးကြောင်း သမ္မတ အပါဝင် အစိုးရ ဝန်ကြီးများက ပြောကြောင်း နိပွန် ဖောင်ဒေးရှင်းက ဆိုပါသည်။
http://phophtaw.org/burmese/index.php/news/local-news/2017-2012-08-16-11-58-48.html
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် အထူး သံတမန် တဦးအဖြစ် ဂျပန် အစိုးရက ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ (Yohei Sasakawa) ကို ခန့်အပ် တာဝန်ပေးခဲ့သည် ဟု UNFC က ဆိုပါသည်။
UNFC ကိုယ်စားလှယ် များအတွက် ဂျပန် ခရီးစဉ်ကိုလည်း မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် စီစဉ်ခြင်းဖြစ်ကြောင်း နိပွန် ဖေါင်ဒေးရှင်းက ဆိုပါသည်။ အကယ်၍မြန်မာ အစိုးရ ဖက်မှ ခွင့်မပြုလျှင် ဆောင်ရွက်၍ ရမည် မဟုတ်ဟု ဆိုသွားပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၇ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၂ဝ ခန့် ကူညီ ထောက်ပံ့ခဲ့ပြီး ကျန်းမာရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ၌ အသုံးပြု ခဲ့သည်ဟု ဆိုသည်။ ဖေါင်ဒေးရှင်းကို ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ် အထိ၌ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ခဲ့ဘူးပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2261-2012-10-23-13-40-35.html