October 3, 2012

လက်နက်ကြီးငယ်ပစ်ခတ်၍ ရိုက်နှက်ချုပ်နှောင်မှုကြောင့် သမ္မတထံ သျှမ်းဒေသခံများတိုင်တန်း

မြန်မာအစိုးရတပ်မှ လက်နက်ကြီးငယ်များ ပစ်ခတ်၍ ဒေသခံပြောင်းခြံလုပ်သားနှစ်ဦးအား သုံးရက်ကြာ ဖမ်းဆီးရိုက်နှက် ထားသည့်ကိစ္စအား မကျေနပ်သဖြင့် နောက်နောင်ထိုသို့ထပ်မဖြစ်ပွားအောင် ဒေသခံများက  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်သူ့လွှတ်တော်အမတ်မှတဆင့်တိုင်တန်းလိုက် ကြောင်း ကြားသိရပါသည်။

“ကလေးနှစ်ယောက်က တယောက်က ၁၈ နှစ် တယောက်က ၁၆ နှစ်ဘဲ။ အကြီးကောင်က ကျောပြင်မှာကော၊ ပါးမှာ ကော လက်နက်ကြီးကျည်စတွေ ထိမှန်တယ်၊ အငယ်ကောင်က အရိုက်ခံထားရတာမနည်းဘူး၊ အတွင်းကျေနေတယ်။ အဲဒါ ကို မကျေနပ်လို့ ပြည်သူ့လွှတ်တော်အမတ် စိုင်းအောင်လှ ကနေတဆင့် သမ္မတကြီးဆီကို တနင်္ဂနွေနေ့က တိုင်တန်းရ တာ ဖြစ်တယ်” - ဟု ကူညီလုပ်ဆောင်ပေးသည့် ကျားဖြူပါတီဝင်တဦးကပြောပါသည်။

စက်တင်္ဘာ ၂၄ ရက်နေ့၌ နမ္မတူမြို့ အခြေစိုက် ခမရ ၃၂၄ က ဆိုင်းခေါင်(ဝ်)ကျေးရွာအုပ်စုဘက် စစ်ကြောင်းလှည့် ကြောင်း၊ ပန်ဝိုးရွာနှင့် ပန်မော့ရွာအကြားရောက်၍ နားနေစဉ် လက်ပစ်ဗုံးတလုံးကျကွဲသောကြောင့် အစိုးရတပ်သား ၂ နှင့်အတူ လမ်းပြပေါ်တာ ပန်ဝိုးရွာသား လုံးစိုင်း(စိုင်းပီး) အသက် ၅၃ နှစ် တို့သေဆုံးခဲ့ရသည်။ ဗုံးသံကြောင့် အနီးရှိ ပြောင်း ခြံလုပ် သား ညီအစ်ကိုနှစ်ဦးက လှန့်၍ ထွက်ပြေးသွားရာတွင်လည်း အစိုးရတပ်က လက်နက်ကြီး ငယ်များ ပစ် ခတ်ကာ အဆိုပါ ညီအစ်ကိုနှစ်ဦးအားဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီး တပ်ကုန်း၌ သုံးရက်ကြာချုပ်နှောင်ထား သည့် ကိစ္စရပ်များ အား မကျေနပ်သောကြောင့် တိုင်တန်းရခြင်းဖြစ်ကြောင်း ပြောပါသည်။

ဖမ်းဆီးခံလူငယ်နှစ်ဦးအား သက်သေအထောက်အထားမရှိသောကြောင့် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြန်လွှတ်ပေး လိုက်ကြောင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အစ်ကိုဖြစ်သူ စိုင်းနောင့်လုံအား နမ္မတူမြို့ ပန်ဟိုင်းဆေးရုံသို့ ပို့ဆောင် ကုသရပြီး ညီဖြစ်သူ စိုင်းနောင့်အွန်မှာမူ အတွင်းကျေဝေဒနာဖြင့် အိမ်၌ ဆေးဝါးကုသမှုခံယူနေရသည်ဟု အသိုင်း အဝိုင်းကပြောပါသည်။

“ထိခိုက်နစ်နာမှုအတွက်လျော်ကြေးလဲ လာမပေးဘူး။ အဆိုးဆုံးက သေဆုံးသွားတဲ့ (ဦး)လုံးစိုင်းအတွက် ထောက်ပံ့ ကြေး ပေးမယ်လို့ပြောထားတယ်။ တနင်္ဂနွေနေ့ က ရက်လည် ဆွမ်းသွတ်တရားနာတဲ့အထိလည်း ထောက်ပံ့မှုတစုံ တရာ လာမပေးဘူး၊ မိသားစုနဲ့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ စုပေါင်းအလှူနဲ့ဘဲလုပ်လိုက်ရတယ်” - ဟု ရွာသား တဦးကပြောပါသည်။

ခမရ ၃၂၄ အသိုင်းအဝိုင်းမှာမူ အဆိုပါညီအစ်ကိုနှစ်ဦးဖမ်းဆီးရိုက်နှက်ခံရမှုမှန်သော်လည်း အစိုးရတပ်ရ လက်ဗစ် ဗုံးကျဲကွဲမှု မဟုတ်မှန်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့မှ ထောင်ထားသော မိုင်းဖြစ်ကြောင်း ပြောပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA က တစုံတရာတုန့်ပြန်ချေပခြင်းမရှိပေ။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် SSPP/SSA အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့လည်း သွားရောက်လှုပ်ရှားလေ့ရှိပါသည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3545-2012-10-03-11-21-35.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India