October 17, 2012

KIA ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေ


Burma-army-weapons
ယခင် မြန်မာအစိုးရတပ်မှ သိမ်းယူခဲ့သော လက်နက်ကြီးများ။
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်-ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) မှ ၃ မိုင်အကွာရှိ တိန်းကျန့် (Ting Jang) ရွာတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ်နယ်မြေ KIA တပ်မဟာ (၅)နယ်မြေတွင် အစိုးရတပ်များနှင့် ယနေ့ ၁၂ နာရီချိန်မှ စ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) နှင့် မြန်မာအစိုးရ တပ်ဖွဲ့ ခမရ (၃၂၀၊ ၃၈၇) နှင့် ခလရ (၁၄၂) တို့ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ခုတိုက်နေကြတယ်။ ဘယ်နှစ်ယောက်သေတယ် မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး။”
ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တပ်စခန်းသို့ ရိက္ခာလာပို့သော မြန်မာအစိုးရတပ်ပေါင်းစု အင်အား ရ၀ ကျော်နှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။
တိန်းကျန့် (Ting Jang) ရွာတွင်ရှိသော ဒေသခံအားလုံးသည် တိုက်ပွဲများဖြစ်ပွားမှုကြောင့် KIA ဗဟိုဌာနချုပ် လိုင်ဇာ ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံလျက်ရှိကြောင်းသိရသည်။
ထို့အတူ ဒေါ့ဖုန်းယန်ရှိ မြန်မာအစိုးရတပ် ခလရ (၁၄၂) တပ်သည်လည်း KIA တပ်ချထားရာသို့ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ပစ်ခတ် နေကြောင်းသိရသည်။
“၂ နာရီခြားပစ်နေတယ်။ မနေ့ည ၉ နာရီကနေ ဒိီမနက် ၃ နာရီထိ ပစ်နေတယ်။”
ထိုသို့ ပစ်ခတ်ခြင်းကြောင့် မန်ဆိုင်း (Man Sai) ရှမ်းရွာရှိ အိမ်တအိမ်မှ နွားတင်းကုပ်တွင် အမြောက်ကျည်ဆံ ကျရောက် ပေါက်ကွဲပြီး  နွား ၁၁ ကောင် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ မိုးမလင်းခင် နံနက် ၂ နာရီချိန်တွင်လည်း တိန်းကျန့် (Ting Jang) ရွာမှ ၅ မိုင်ရှိ မန်ဆိုင်း (Man Sai) ရှမ်းရွာသို့  မြန်မာ အစိုးရတပ်ပေါင်းစုနှင့် KIA တပ်မဟာ (၅) တပ်ရင်း (၂၄) သို့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
မိနစ်ပိုင်း ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုတွင် နှစ်ဖက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုကို အသိအကျ မသိသေးကြောင်း ရှေ့တန်းမှ အရာရှိဆိုသည်။ ၎င်းမန်ဆိုင်းရှမ်းရွာသည် မြန်မာအစိုးရတပ်များ တပ်စခန်းချ ထားကြောင်းသိရသည်။
မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)အား ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာသေးခင်က ကမ်းလှမ်းထားခြင်းဖြစ်သော်လည်း တိုက်ပွဲများသည် နေ့စဉ် ဌာနချုပ်နယ်မြေနှင့် KIA တပ်ချရာနေရာအနှံ့တွင် တင်းမာမှုများဆက်လက်ဖြစ်ပွားနေသည်။ 
 
http://kachinnews.com/burmese/news/976-kia-%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%94.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India