“မနေ့ည ကတော့ အစိုးရ တပ်ဖွဲ့ ဘက်က လက်နက်ကြီး (၈)လုံး ပစ်တယ် ။ ထိခိုက် ဒဏ်ရာ ရတာတော့ မကြားရသေးဘူး ခင်ဗျ။ အစိုးရ တပ်ဖွဲ့တွေ ကလည်း ဒီတလောမှာ အင်းအား တိုးချဲ့လာတာ ရှိတဲ့အတွက် KIA တပ်ဖွဲ့ ဘက်ကလည်း တပ်ဖြန့် လိုက်တာတွေတော့ လုပ်လာတာ ရှိတယ်။” ဟု ဆိုပါသည်။
ဤသို့ကြောင့် ထပ်မံ အင်အား ဖြည့်လာသော အစိုးရတပ်ဖွဲ့နှင့် ယနေ့ မနက် (၁၀) နာရီ ခန့်တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့ နယ်၊ KIA, တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ဒေသရှိ မိုးကောင်း- ဖားကန့် လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု KIO နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ဆိုပါသည်။
အလားတူ နမ့်ရှန် ၊ လဂတ်ယာန်၊ ဂါမတက် နှင့် ဒိုင်ဂီးရွာတို့တွင်လည်း အစိုးရ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း များ ဖြစ်သော ခလရ(၈၉)၊ ခမရ (၃၈၁)၊ ခမရ (၂၆၀) တပ်ရင်းတို့ နှင့် တိုက်ပွဲဖြစ်လျှက်ရှိပြီး၊ မိုးကောင်း မှ (၈) မိုင်လမ်းဆုံ တွင်လည်း အစိုးရစစ်ကား (၃၅) စီး ထပ်မံ ရောက်ရှိနေကြောင်း အဆိုပါ သတင်းများ၌ ဖေါ်ပြ ထားပါသည်။
နဂါးညီနောင်- လုံခင်း ကျေးရွာ ဘက်သို့လည်း ယမန်နေ့က အင်အား (၃၀၀) ဖြင့် ထိုးစစ်ဆင်ပြီး ဒေသခံ လူထုများကို ဆဲဆို ကြိမ်းမောင်းပြီး ကြမ်းတမ်းစွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ဤသို့ကြောင့် ဖားကန့်ဒေသသည် နိုဝင်ဘာ (၁၃) ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2361-2012-11-14-13-56-39.html