November 15, 2012

KIA အရပ်သားတပ်ဖွဲ့မှ အစိုးရခြေမြန်တပ်ကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂၀ ကျော်ကျ

ကချင်ပြည်နယ် မြစ်ကြီးနား ဒေါ့ဖုန်းယန်မြို့နယ်အတွင်းလှုပ်ရှားလာသော အစိုးရတပ်ခြေမြန်တပ်ရင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲဖြစ်ပွားရာ KIA မှ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အစိုးရဖက်မှ ၂၀ ဦး ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့ခင်း ၂ နာရီချိန် ဒေါ့ဖုန်းယန်မြို့နယ် ရှမ်းရွာအနီး မိုင်ခုတ် (Mai Hkuk) တွင်လှုပ်ရှားလာသောအစိုးရ ခြေမြန်တပ်ရင်းနှင့် တိုက်ခိုက်မှုတွင် KIA တပ်ရင်း (၂၄)မှ မိုင်းဖြင့် ၄ ကြိမ် ဖောက်ခွဲတိုက်ခိုက်လိုက်ရာ အစိုးရတပ်မှ အနည်းဆုံး ၁၅ ဦးအထက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။
“အင်အား ၁၀၀ ကျော်တယ်။ ခမရ (၃၇၀) တပ်စခန်း အနီးရောက်လာချိန် မိုင်းနဲ့အနီးကပ် ပစ်လိုက်တယ်။ အဲဒီချိန်မှာတွေ့လိုက်တာ ဘယ်နှစ်ယောက်မြုပ်တာမမြုပ်တာတော့ ကျွန်တော်တို့သွားမကြည့်သေးဘူး။” ဟုဆိုသည်။
ယမန်နေ့ အစောပိုင်း ရ နာရီချိန်တွင် အဆိုပါ အစိုးရခြေမြန်တပ် တပ်ရင်းကို မြစ်ကြီးနား-ဒေါ့ဖုန်းယန်မြို့နယ်ရှိ မုန်မူ (Mung Mu) နှင့် တာဆိုင်း (Da Seng)မှ ဗန်းမော်ဘက်သို့ ဆင်းလာချိန် KIO တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) အရပ်သားတပ်ဖွဲ့ (MHM) မှ  မိုင်း ၃ ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်သား ရ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ဒီအဖွဲ့ကိုစောင့်နေတာ ဘယ်လို ဝင်သွားလိုက်တာ မတွေ့လိုက်ဘူး။ အပြန်ကျမှ ကျွန်တော်တို့နဲ့ ထိပ်တိုက်ပြန်တွေ့ပြီး ခုခံ ပစ်ခတ်ခဲ့တာ။” ဟုဆိုသည်။
ရင်ဆိုင်တိုက်ပွဲများသည် နိုဝင်ဘာ ၁၃ ရက် နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ် တာဆိုင်း (Da Seng) နှင့် နောင်ဖာ (Nawng Hpa) ကြား အင်အား ၁၅၀ ကျော်သည့် မြန်မာအစိုးရတပ်နှင့် တပ်မဟာ (၅)အောက် တပ်ရင်း (၂၄) တို့သည် ၂၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုတွင် အစိုးရတပ်မှ သေဆုံးဒဏ်ရာရရှိမှုမသိရှိသော်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့  KIA မှ တဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
မြစ်ကြီးနား-ကန်ပိုင်တီလမ်း ဆဒုံးရေတံခွန်အနီး တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေ တိန်ရော့ (Ting Raw Kawng) တွင် အင်အား ၁၀၀ ကျော်ရှိသည့် အစိုးရတပ် ခမရ (၄၁၅) တပ်နှင့် KIA တပ်မား ၂၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်  အစိုးရတပ်မှ ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း ရှေ့တန်းမှ အရာရှိတဦးပြောသည်။ အစိုးရတပ်ဖက်မှသေဆုံးမှု များနိုင်သော်လည်း သေဆုံးထိခိုက်ဒဏ်ရာရမှုစာရင်းအတိအကျ မသိရပေ။
ထိုအစိုးရတပ်သည် ကချင်ပြည်နယ် တရုတ်နယ်စပ် ကန်ပိုင်တီ၊ ပန်ဝါဘက်သို့ စစ်အင်အားတိုးချဲ့ရန် ဆဒုံးတွင် ရေတံခွန် တံတားပြုလုပ်ရာတွင် လမ်းလုံခြုံရေးယူနေသော အစိုးရတပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။
ယခုချိန် ကချင်ပြည်နယ်ဖက်သို့ အစိုးရတပ်များသည် အင်အားအလုံးရင်းဖြင့် နေ့စဉ် စစ်အင်အားတိုးချဲ့ လာသောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများသည် ပိုမိုတင်းမာလာနိုင်သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများလည်းသုံးသပ်နေကြသည်။

http://kachinnews.com/burmese/news/997-kia-%E1%80%A1%E1%80%9B%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%99%E1%80%BD-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%BB%E1%80%81%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%80%AC-%E1%81%82%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%80%E1%80%BA.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India