December 18, 2012

ABSDF ငြိမ်းချမ်းရေးခရီး ယနေ့စတင်


ABSDF
အစိုးရ နိုင်ငံတော် အဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ ဖိတ်ကြားချက်အရ မြန် မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့သည် အစိုးရနှင့် ဆွေးနွေးရန် ယနေ့ မနက်ပိုင်း၌ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြဝတီမြို့ဖက်သို့ ထွက်ခွား သွားခဲ့သည်ဟု ပြောခွင့်ရှိသူ ဦးအောင်မျိုးဝင်က ဆိုပါသည်။

“ ဆွေးနွေးပွဲအစီစဉ်ကိုတော့ ကျနော်တို့ အရင်ထုတ်လေ့ မရှိပါဘူး။ ဆွေးနွေးမှာကတော့ ဦးအောင်မင်းတို့ အဖွဲ့နဲ့ ပါဘဲ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ လ သူတို့မဲဆောက်ကို လာတုန်းက ဆွေးနွေးခဲ့တဲ့ အတိုင်းကျနော်တို့ အဖွဲ့ ရန်ကုန်ကိုလိုက်သွား တာ ဖြစ်ပါတယ်။ဟု ဆိုပါသည်။
ABSDF အဖွဲ့ကို နယ်စပ်ရေးရာနှင့် လုံခြုံးရေဝန်ကြီး ဗိုလ်မူးကြီးအောင်လွင်မှ မြဝတီမြို့တွင် လာရောက်ကြိုဆိုခဲ့ပါသည်။ 

ABSDF ကိုယ်စားလှယ်များမှာ လက်ရှိ ဥက္ကဌရဲဘော်သံခဲ ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ရဲဘော်ဆန်နီ (အထွေထွေ အတွင်းရေးမူး)ရဲဘော်ဆလိုင်းယောအောင်- ရဲဘော်မောင်းဦး- ရဲဘော်ကျော်ကို-ရဲဘော်ကျော်သူရ- ရဲဘော် ကျော်ကျော်လင်း- ရဲဘော်မဆူးပွင့်-ရဲဘော်ဝင်းတင်ဟန်း (ရုံးအုပ်ကြီး) တို့ လိုက်ပါသွားခဲ့သည်ဟု ဆိုပါသည်။
ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ () ချက်ရှိကြောင်း၊ ဤခရီးစဉ်သည် ပထမဆုံး အကြိမ် ပြည်တွင်းသို့ လေ့လာရေး ခရီးစဉ်ဖြစ်ပြီး သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများကို လေ့လာရန်ဖြစ်ပြီး ABSDF ၏ အနာဂါတ် နိုင်ငံရေး အခန်းကဏ္ဍ အတွက် အမြင်သဘောထား စုစည်းရန်နှင့် မိသားစုများ၊ မကဒတ ရဲဘော်ဟောင်းများအား တွေ့ဆုံရန်ဟူ၍ ရည်မှန်း ထားပါသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ များ၊ Generation Wave၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မကဒတ ရဲဘော် ဟောင်း များ၊ (၆၂) မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဝါရင့် နိုင်ငံရေး သမားများနှင့်ပါ တွေ့ဆုံမည်ဖြစ်သည်။
ABSDF အဖွဲ့သည် အထက်ပါရည်မှန်းချက်များဖြင့် ဤခရီးစဉ်ကို ရက်သတ္တ (၂) ပတ်ကြာ သွားရောက်ကြမည် ဖြစ်သည်။ ဤခရီးစဉ်သည် ABSDF အဖွဲ့၏ ပထမဆုံးအကြိမ် ပြည်တွင်းလေ့လာရေး ခရီး ဖြစ်သည်ဟု ဆိုပါသည်။
 
(ဓါတ်ပုံ ဇော်သူရ)
http://www.phophtaw.org/burmese/index.php/news/local-news/2532-absdf-.html 
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India