December 19, 2012

ABSDF ခေါင်းဆောင်များ ၈၈ မျိုးဆက် ကျောင်းသားများနှင့်တွေ့ဆုံ



၈၈ မျိုးဆက် ကျောင်းသားများနှင့် ABFDS ဗဟိုကော်မတီဝင်များကို ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ၁၀ ဦးသည်် ယနေ့နံနက်ပိုင်းတွေင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုင်းမြန်မာနယ်စပ် အခြေစိုက် ABSDF ဥက္ကဋ္ဌ ကိုသံခဲ အပါအဝင် ခေါင်းဆောင် (၁၀) ဦးသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက်စဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
“ABSDF ဆိုတာဟာ သီးခြား အဖွဲ့အစည်း မဟုတ်ပါဘူး။ ABSDF ဟာ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ အားလုံး ဒီမျိုးဆက်ကို ကိုယ်စားပြုပြီးတော့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ABSDF က ဆွေးနွေးပွဲတွေ လာလုပ်မယ်။ ဒီမှာရှိနေတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား ကိုဌေးကြွယ်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြား သည်။
ABSDF ၏ လေ့လာရေး ခရီးစဉ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
“နိုင်ငံရေး ခရီးလမ်းမှာ ABSDF အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါ၀င်နိုင်မလဲ ဆိုတဲ့အပေါ်မှာ သဘောထားတွေ စုစည်းဖို့၊ ပြည်တွင်းက အင်အားစုတွေနဲ့ ကျနော်တို့ ဆုံတွေ့ပြီး အမြင်တွေ အကြံပြုချက်တွေ နားထောင်ဖို့ ကျနော်တို့ ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက် အခြေခံ အောက်မှာပဲ ၈၈ မျိုးဆက်တွေရဲ့ အကြံပြုချက်တေ၊ွ ရင်းရင်းနှီးနှီး လက်ခံဆွေးနွေးမှုတွေ ကျနော်တို့ ရရှိထားပါတယ်” ဟု ABSDF ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကိုကိုက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံခဲ့ပြီးနောက် ABSDF ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လေ့လာရေး ခရီး လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာရေး ခရီးစဉ်သည် ယခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ၂ ပတ်ကြာမြင့်မည်ဖြစ်ကာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“လိုချင်တဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ၀ိုင်းဝန်း လက်တွဲကြတာပေါ့ဗျာ။ မီဒီယာလည်း မီဒီယာ အလုပ်လုပ်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ကျေပွန်အောင် လုပ်သွားမယ်” ဟု ABSDF ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲက သတင်းထောက်များသို့ ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ၁၉၈၈ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၄ နှစ်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကာ ယခုအချိန်ထိ အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးကြောင်းသိရသည်။

http://burma.irrawaddy.org/archives/28530
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India