ဒီဇင်ဘာလ တိုက်ခိုက်မှုတွေ အတွင်း အခု တကြိမ်နဲ့ ဆိုရင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက် တာဟာ ၃ ကြိမ် ရှိသွားပြီ ဖြစ်တယ်လို့ ဦးလနန်းက ပြောပါတယ်။
အဲဒီ ပန်ဝါ ဒေသမှာ အရင်က ဦးစခုန်တိမ့်ယိမ်း ခေါင်းဆောင်တဲ့ အန်ဒီအေကေ ကချင် အဖွဲ့က ထိန်းချုပ် ခဲ့ပြီး ၂၀၀၉ ခုနှစ် မှာ အန်ဒီအေကေ ကို နယ်ခြားစောင့် တပ် အဖြစ် အစိုးရက ပြောင်းလဲ ဖွဲ့စည်းခဲ့ ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရ အကြား အပစ် အခတ် ရပ်စဲရေး ပျက်ပြား သွားခဲ့ ပြီးနောက် ကေအိုင်အိုက ဒီဒေသကို သူတို့ အရင်တုန်း ကတည်းက ထိန်းချုပ် ထားခဲ့တာ ဖြစ်တယ် ဆိုပြီး ဝင်ရောက် နေရာ ယူခဲ့တာ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/12/121211_kachin_fighting.shtml







Tuesday, December 11, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: