December 18, 2012

ကေအိုင်အေတပ်ရင်းတစ်ခု ကာမိုင်းမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ ရှိတဲ့ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ဒီကနေ့မနက် ၄ နာရီ အချိန်လောက်က ခန့်မှန်း အင်အား လူဦးရေ ၅၀ လောက်ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်က ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တဲ့အတွက် အဲ့ဒီစခန်းက ရဲဝန်ထမ်းနဲ့ မိသားစုဝင်တွေ အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ကေအိုင်အေဘက်က ဒီမနက်အစောပိုင်းမှာ  ကာမိုင်းရဲစခန်းလက်နက်တိုက်ကို ဝင်စီးခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီစခန်းက သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကားမိုင်းမြို့နယ်ခွဲဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၃ ဦးကိုလည်း အရေးပေါ်ခွဲစိတ်ကုသနေရပြီး ဝေဒနာပြင်းထန်လာရင် မိုးကောင်းနဲ့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖားကန့်မြို့က အင်န်ဒီအက်ဖ် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာကို မေးကြည့်တော့
" ဟုတ်တယ် မနက်က ကျမ ယုဇန ကိစ္စနဲ့ပတ်သက်လို့ ရွာတွေကို ခေါ်ဖို့ လမ်းကြောင်း အခြေအနေမေးကြည့်တဲ့အခါ မနက်ပိုင်း ၅ နာရီလောက်မှာ ကေအိုင်အေ တွေက ရဲစခန်းကို ၀င်သိမ်းတယ် တချို့တွေက ထွက်ပြေးတယ်လို့ပြောတယ်။ ၀င်သိမ်းတဲ့အပေါ်မှာ ချုပ်ထားတဲ့ အချုပ်သားတွေကို အကုန်လွှတ်ပေးလိုက်တယ်တဲ့ ပြီးတော့ လက်နက်ကြီးတွေရော လက်နက်အသေးတွေရော အတော်လေးသိမ်းလိုက်တယ်လို့ကြားတယ်။ အခုအချိန်မှာတော့ လမ်းမှာ စစ်တပ်တွေက အကုန်ပိတ်ထားတယ် ဘယ်မှ မသွားခိုင်းဘူး "
ဒီအကြောင်းနဲ့ပတ်သက်လို့ ကားမိုင်းရဲစခန်းကို RFA က ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
ကားမိုင်းနဲ့ ၂၆ မိုင်ဝေးတဲ့ မိုးကောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။
" အတိအကျ  မသိရသေးပဲ   လောလောဆယ်တော့ စုံစမ်းနေတုံးပါပဲ"
မိုးညှင်းခရိုင်ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါဘူး။  ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အိုကို ဆက်သွယ်မေးမြန်းကြည့်တော့ အစိုးရတပ်က ဗဟိုနဲ့ ကေအိုင်အေ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အောက်ခြေတပ်တွေက အခုလို ရဲစခန်းကို ဝင်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အတည်ပြုပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ အစီအရင်ခံစာ တက်မလာသေးတာကြောင့် မသိရသေးဘူးလို့ အမည်မဖေါ်လိုတဲ့ ကေအိုင်အို အရာရှိတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က ကေအိုင်အို ဌာနချုပ်အနီးရှိ လက်ျားယန်တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်သလို ပန်ဝါဒေသမှာလဲ နှစ်ဖက်တပ်တွေ ဒီနေ့ ၁၂ နာရီအထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/kia-attack-police-station-12182012133408.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India