December 18, 2012

ကချင်ပြည်နယ်အရေး စိုးရိမ်ပူပန်ကြောင်း အမေရိကန်သံအမတ်ကြီးပြောကြား

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် ဦးဆောင်တဲ့ အဖွဲ့့ဟာ မနေ့က မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ ဌာနတစ်ခုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
Photo: RFA/ Kyaw Myo Min
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကချင်ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာစဉ်
အတူလိုက်ပါလာတဲ့ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် နဲ့ မူဝါဒရေးရာအတိုင်ပင်ခံ မစ္စတာ ပက်ထရစ် မာဖီကလည်း ဒုက္ခသည်စခန်းအားလုံးကို ကျနော်တို့ရောက်အောင် မသွားနိုင်ပါဖူး။ ဒါပေမယ့် သူတို့ရဲ့ ဒုက္ခတွေကို မြင်ရကြားခဲ့ရပါပြီ။  အခြေခံအားဖြင့် ပြောရရင်တော့ လူတိုင်းက အိမ်ပြန်ချင်နေကြပါတယ်။ ဒါကြောင့် ဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ကုလနဲ့ နိုင်ငံတကာ အဖွဲ့တွေက တဆင့် ဆက်လက်ကူညီပံ့ပိုးမှာပါ။  ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ကျနော်တို့မေ့သွားမှာ မဟုတ်ပါဖူး။ ဒီအတွက် ကျနော် ဝါရှင်တန်ဒီစီမြို့တော်ကနေ ဒီဒေသကို တကူးတက ရောက်အောင်လာခဲ့တာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
နှစ်ရက်ကြာမြင့်တဲ့ အမေရိကန်သံတမန်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့က Hope Center အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက် ကုသရေးဋ္ဌာတို့ကို သွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးက ကချင်ပြည်နယ်ထဲမှာ သွေးထွက်သံယိုပြဿနာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ကျနော်တို့စိုးရိမ်ပါတယ်။
ဒါ့အပြင် အထူးသဖြင့် စစ်ဘေးကြောင့်နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ပူပန်မိပါတယ်။ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေမှာရော အစိုးရထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဒေသတွေမှာပါ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ ကျနော်တို့ စိတ်ဝင်စားပါတယ်။
တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောအားဖြင့် ကျနော်တို့ပါဝင် ကူညီနိုင်မယ့်နည်းလမ်းကိုရှာမှာဖြစ်ပါတယ်။
ဒါဟာ မြန်မာပြည်ရဲ့ အကျိုးစီးပွါးဖြစ်ယုံမျှမက ဒေသတခုလုံးရဲ့ တည်ငြိမ်ရေးကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့ ကျနော်တို့ ယူဆပါတယ်။
ဒီလိုပါဝင်ကူညီခြင်းဟာ ကျနော်တို့ အတွက် ဒီတိုင်းပြည်နဲ့ ဆက်ဆံရေးမှာ ယုံကြည်မှု တည်ဆောက်တာလည်း ဖြစ်ပါတယ်လို့  အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်က RFA  ကို ပြောကြားခဲ့ပါတယ်။

http://www.rfa.org/burmese/news/us-kachin-camp-12182012134513.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India