December 3, 2012

CNF ငြိမ်းကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရန်ကုန်သို့ ထွက်ခွါ


ယခုလ ဒီဇင်ဘာ ရ-၈ ရက်အတွင်း ပြည်ထောင်စု အစိုးရနှင့် ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဒီဇင်ဘာလ ၀၃ ရက်နေ့က ဗဟို ဌာနချုပ် မှ စတင်ထွက်ခွါသွားကြပြီဟု သတင်း ရရှိ သည်။
CNF အထွေထွေအတွင်းရေးမှူးချုပ် Pu Zing Cung ဦးဆောင်သည့် ၂၀ ဦးပါ ကိုယ်စားလှယ်များ သည် အမှတ် (၂) အိန္ဒိယ – မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် ကလေး- ရန်ကုန်လေကြောင်း ကို အသုံးပြုသွားကြမှာဖြစ်ကြောင်း သိရသည်။
CNF  ငြိမ်းချမ်းရေးကိုယ်စား လှယ်များမှာ Pu Zing Cung ( အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( ဒုတိယ အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ ၀င်များအဖြစ် Pu Paul Sitha, Dr. Suikhar (ပြောရေးဆိုခွင့်ရှိသူ), Salai Kipp Kho Lian, Dr. Lian Hmung Sakhong, Pu H.C Ral Hnin, Pu Thang Yen, Pu Zo Tum Hmung, Pu Thang Ning Kee, Pu Bernard L. Chhangte, Colonel Solomon, Salai Thla Hei, Pu Hau kang, Pu Thawng Za Lian, Pu Ngai Ja Thang, Colonel Than Tun, Major Sang Lian Thang, Major Kha Pawng တို့ပါ၀င်ကြ မည်ဖြစ်ပြီး မီဒီယာ မှတ်တမ်း တာဝန်ခံအဖြစ် Pu Thet Ni တို့ပါ၀င်ကြမှာဖြစ်သည်ဟု သိရသည်။
“ အခု ဆွေးနွေးပွဲမှာ ချင်းအမျိုးသားရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာတွေကို အဓိက ဆွေးနွေးသွား မှာဖြစ်တယ်၊ ပြီးတော့ ပထမ အကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးသဘော တူညီချက်မှာ  ဆက်လက်ဆွေးနွေးစရာ တွေလည်း ရှိပါတယ်” ဟု CNF ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ရွှေခါးရ် က ပြော သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေဆာင်ရေးလုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဌ – ၂ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ဦးဆောင်သွားမှာဖြစ်ပြီး အဖွဲ့ဝင် ရ ဦးပါ၀င်ကြ မှာဖြစ်သည်ဟု သိရသည်။
နှစ်ဖက် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI ) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း
ပါ၀င်တက်ရောက်ကြမှာဖြစ်သည်။
နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အမှတ် ၁၁၊ ရွှေလီလမ်းရှိ Myanmar Peace Center Hall တွင် တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ကြောင်း CNF အဖွဲ့သည် ဆွေးနွေးပွဲအပြီး ကလေး ကဘော် ၊ ရန်ကုန် နှင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်ရှိ နိုင်ငံရေး ပါတီများ၊ ချင်းပြည်သူများ၊  တက္ကသိုလ်ကျောင်းသားများ နှင့် ဆက်လက် တွေ့ဆုံကြလိမ့် မည်ဖြစ် ပြီး ခရီးစဉ်တလျှောက် ဒေသခံပြည်သူတွေက ကြိုဆိုကြမည်ဟုလည်း သိရသည်။
ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း ထာဝရတည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်းရေး လမ်းစဉ်အပေါ် လျှောက်လှမ်း ရာတွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက် မှ သွေဖယ်သွား မည် မဟုတ်ကြောင်း နှင့် ချင်းအမျိုးသားတပ်ဦး၏ ချင်းအမျိုးသားများအတွက် ရည်မှန်းထားသည့် အမျိုးသားနိုင်ငံရေး ပန်းတိုင်ကို လက်ကိုင်ပြုသွားမည်ဖြစ်ကြောင်း ၄င်းတို့၏ သတင်းထုတ် ပြန်ချက် ထဲ တွင်ဖော်ပြထားသည်။

http://khonumthungburmese.org/?p=944
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India