“အဲဒီစခန်းတွေကတော့ လိုင်ဇာနားမှာ ရှိတဲ့ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နေရာဖြစ်တဲ့ လောပွမ်း စ ခန်းရယ်၊ ပြီးတော့ တပ်မဟာ (၁) ပန်ဝါဒေသဘက်မှာ ရှိတဲ့ လောပွန်းပိုစ် စခန်းရယ် ဖြစ်ပါတယ်။ အဲဒီစခန်းတွေဟာ အ ရင်က KIA စခန်းတွေပါ အဲဒါပြန်လည် သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ ကနေ့အထိ ပြင်းပြင်းထန်ထန် ကိုဖြစ်နေတယ် အကျအဆုံးလဲများကြပါတယ်” ဟုဆိုပါသည်။
အကျအဆုံးများကို အတိအကျမသိရသော်လည်း လိုင်ဇာအနီးရှိ ၀ိုင်းမော်မြို့နယ်မှ KIA လောပွမ်(Law Pum) စခန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အစိုးရ အနောက်မြောက်တိုင်း လက်အောက်ခံ ခလရ (၁၆) တပ်ဖွဲ့ဝင် များက သိမ်းပိုက်ခဲ့သော စခန်း ဖြစ်ပါသည်။ ထို့အတူ KIA တပ်မဟာ (၁) ပန်ဝါဒေသမှ လောပွန်းပိုစ် စခန်းသည်လည်း ပြီးခဲ့တဲ့ တစ်ပတ်ကမှ တပ်မ (၈၈) လက်အောက်ခံ တပ် တွေက သိမ်း ပိုက်ခံရသော စခန်းဖြစ်ပါသည်။ KIAသည် ဤ ဒီစခန်း ၂ ခုစလုံးကို ဒီဇင်ဘာလ (၁၄) ရက်နေ့ တရက်အ တွင်းမှာပင် ပြန် လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
KIAသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့၌လည်း ပန်ဝါနယ်ခြားမှတ်တိုင် (၆) အနီးရှိ အူရားကောင် (U Ra Kawng) စခန်းကို အစိုးရတပ်ဖွဲ့ထံမ ှသိမ်းပိုက်ခဲ့ ပါသည်။ ဤအချိန်မှစပြီး KIA နှင့် အစိုးရတပ်ဖွဲ့တို့သည်၊ တိုက်ပွဲများပိုမိုပြင်း ထန် လာပြီး အပြန်အလှန်စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေကြပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2503--kia-.html http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html
ပန်းဝါဒေသတွင် ယနေ့အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး ယမန်နေ့တိုက်ပွဲတွင် တပ်မ (၈၈) လက်အောက်ခံ မကွေးတိုင်း စကုမြို့အခြေစိုက် ခလရ(၁၀) တပ် ဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲ၌ သေဆုံး၊ ဒဏ်ရာရသူ (၁၀) ဦး ခန့်ရှိပြီး ယာယီ တပ်ရင်းမှူး ဗိုလ်မှူးခင်ထွန်းအောင် နှင့် ဗိုလ် ကြီးကျော်စွာအေးတို့နှစ်ဦး ယနေ့ မနက်ပိုင်းတွင် ကျဆုံးသွားခဲ့ သည်ဟု KIA ဖက်က ဆိုပါသည်။
KIA သည် ဒီဇင်ဘာလအတွင်း အစိုးရထံကျသွားသော စခန်း (၄) ခုအနက် စခန်း (၃) ခုကို သူတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ပြီးဖြစ်သည်ဟု ဆိုပါသည်။ လက်ကျန်တခုစခန်းမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မိုးကောင်းမြို့ အကြားရှိ KIA တပ်မဟာ (၂) တပ်ရင်း (၆) လက်အောက်ခံ တပ်ခွဲတဖွဲ့၏ ရှေ့တန်းစခန်းဖြစ်သော ကောင်း ဝါ (Kawa Kawng) စခန်းသာ ဖြစ်ပါသည်။ ဤစခန်းသည် အစိုးရ ခမရ ၂၉၇၊ ခမရ ၂၉၈ နှင့် ခလရ (၂၅) တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၂) အရာရှိတဦးက ဆိုပါသည်။
ထို့အပြင်KIA သည် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေစဉ်အတွင်း တချိန်ထဲ၌ အစိုးရ၏ လဂျားယန်ထိုးစစ်ကိုလည်း ချေမှုန်းနိုင်ခဲ့ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2516--kia-.html
| လဂျားယန်တိုက်ပွဲ၌ သုံ့ပန်း+ အလောင်း (၁၇) လောင်းအပါ၀င် သိမ်းဆည်းရမိသော အစိုးရလက်နက်ခဲယမ်းတချို့ |
ဤတိုက်ပွဲများ ရပ်စဲသွားစေရန် အစိုးရ၏ ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့သည် KIA နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမည်ဟု အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစိုးရသည် အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူလက် မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးရန် ဆန္ဒရှိပါသည်။ သို့သော်လည်း KIA သည် နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ အရင် ဆွေးနွေးဖြေရှင်းမှသာ ထာဝစဉ်ငြိမ်းချမ်းရေး (အပစ်အခတ်ရပ်စဲရေး) ရရှိလိမ့်မည်ဖြစ်သည်ဟု ဆန္ဒရှိပါသည်။
စစ်ရေးအကဲခတ်များကမူ KIA သည် အပစ်အခတ်ရပ်စဲရေး ယူခဲ့ဘူးပြီးဖြစ်သည်၊ ထို့အပြင် အပစ်အခတ် ရပ်စဲထားသော ၄င်းတို့၏ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မဟာမိတ် အဖွဲ့ဝင်များ၏ လိပ်ခဲတင်းလင်း ဖြစ်နေသောအခြေအနေကိုလည်း သုံးသပ်ပါလိမ့်မည်။ ဤသို့ကြောင့် KIA သည် ၁၉၉၄ ခုနှစ်က ၄င်းတို့ရရှိခဲ့ပြီး ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးမျိုး နောက်ထပ်အလိမ်ခံရနိုင်သည်ကို စိုးရိမ်နေသည့်အတွက် နိုင်ငံရေးပြသနာကို အရင် ဆွေးနွေးစေချင်ခြင်းဖြစ်ကြောင်း၊ KIA ၏ ရပ်တည်ချက်သည် ရရှိသင့်သည့် တိုင်းရင်းသားများ၏ အခွင့်အရေးအပေါ် အခြေခံရပ်တည်နေခြင်းဖြစ်ပြီး ၄င်းအပေါ် အနစ်နာခံ တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များကဆို ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2525-kia-.html







Monday, December 17, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: