December 18, 2012

အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ


K 37အစိုးရသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီး ဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။
စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ မြစ်ကြီးနားကနေ ဒေ့ါဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ () ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေဟု ဆိုပါသည်။
မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန်မြို့သို့လည်း ရဟတ်ယာဉ်များ ခေါက်တုန့်ခေါက်ပြန် တက်ဆင်းနေသည်ဟု ဆိုပါသည်။ ထို့အတူ ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်မှ အမှတ် (၃၇၀) အမြောက်တပ်ရင်းသည်လည်း လိုင်ဇာမြို့သို့ ၁၀၅ မမဟော်ဝစ်ဇာဖြင့် ၁၂ နာရီမှာ တကြိမ် နှင့် ယနေ့မနက် () နာရီ၌ တကြိမ် ပစ်ခတ်ခဲ့ပြီး အမြဲတမ်းလိုလိုလည်း ပစ်ခတ်နေခဲ့ပါသည်။
ဒီဇင်ဘာ (၁၄) ရက်နေ့၌ဖြစ်သော လဂျားယန်တိုက်ပွဲသည် အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များစွာဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ယခု စစ်ဆင်လာမည့် ထိုးစစ်သည် အဆပေါင်းများစွာ အင်အားများလာဖွယ် ရှိသည်ဟု တွက်ဆထားပါသည်။ အစိုးရသည် လဂျားယန် စစ်ဆင်ရေး၌ အင်အား (၄၀၀) ခန့် အသုံးပြုခဲ့ပါသည်။
အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့၌ အရန်အင်အားအဖြစ် စုထားသော တပ်မ (၃၃) နှင့် အနောက်မြောက်တိုင်း တပ် များမှတပ်ရင်း (၁၀) ရင်းခန့်ရှိနေပါသည်။ ဤအင်အားများကိုလည်း ရဟတ်ယာဉ်များဖြင့် ယနေ့မနက်ပိုင်းမှစပြီး အခေါက် ခေါက်အခါခါ ဒေါ့ဖုန်းယန်မြို့ဖက်သို့ သယ်ဆောင်နေခဲ့သည်ဟု အဆိုပါ KIA စစ်အရာရှိကဆိုပါသည်။
K 56
စစ်ရေးလေ့ကျင့်မှု အပြည့်ရှိနေသော KIA တပ်မတော် (ဓါတ်ပုံ KIA)
ထို့အပြင် လာမည့် စစ်ဆင်ရေးတွင် ရဟတ်ယာဉ်များကိုပါ ပန်ဝါ စစ်ဆင်ရေးထက် ပိုမိုအသုံးပြုလာဖွယ်ရှိ နေသည်ဟု KIA ဖက်မှ တွက်ဆထားကြောင်း ဆိုပါသည်။
ထို့အပြင် အစိုးရသည် မိမိတို့ အသုံချနေသော မီဒီယာများကိုပါ ပြင်ဆင်လာပါသည်။ ယနေ့ထုတ် ၄င်းတို့၏ မီဒီယာများတွင် ဖါးကန့်ဒေသရှိ မိုးကောင်း ရဲစခန်း တစ်ခုဖြစ်သော ကာမိုင်းရဲစခန်း အတိုက်ခံရသည့် သတင်းကို ပြည်တွင်းထုတ် ၄င်းတို့ မီဒီယာ အတော်များများက စတင်ရေးလာကြပါသည်။ ဤလက္ခဏာသည် ရှေ့လာမည့် KIA စစ်ဆင်ရေးတွင် လက်သုံးမီဒီ ယာများပါ ၀ိုင်းပြီး ၀ါဒဖြန့်ရန် စတင် အသုံးပြုလာဖွယ် ရှိနေပါသည်။
ဤသို့ကြောင့် KIA သည် အစိုးရပြင်ဆင်ထားသမျှကို တုန့်ပြန်နိုင်ရန် ABSDF ကျောင်းသားတပ်များနှင့်အတူ ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုပါသည်။
စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIAကို အပိုင်းလိုက် ချေမှုန်းရန် အားစမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြား တပ်မဟာများမှ KIA တပ်များ ၄င်းဗဟိုသို့ စစ်ကူမပို့နိုင်ရန်လည်း လိုအပ်သောတပ်ဖွဲ့များဖြင့် ရံထားခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ဤအချိန်မျိုး၌ KIAသည် မိမိတို့၏ အရန်တပ်များကို အချိန်မှီ ရရှိရန်အတွက် ပြင်ဆင်ထားသင့်သည်ဟု ဆိုပါ သည်။ 

 http://www.phophtaw.org/burmese/index.php/news/local-news/2534--kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India