February 11, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင်လူငယ်များ ကြိုဆို

ချင်းမိုင် (မဇ္စျိမ) ။ ။ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့က ကချင်ရိုးရာဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက်လာသူများအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

“ကျနော်တို့ ကချင်ရိုးရားယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်းချမ်းရေးရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိစိတ်ဓာတ်ရှိရှိ၊ နိုင်ငံသားတယောက်တာဝန်အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြိုဆိုခြင်းဖြစ်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ကချင်ပြည်နယ် မဝင်ရောက်မီ ရန်ကုန်၊ မန္တလေးမြို့မှ ကချင်လူမျိုးများက ဝမ်းသာအားရ ကြိုဆိုခြင်းဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

ကချင်ရိုးရာဝတ်စုံနှင့် ယဉ်ကျေးမှုစလေ့ထုံးစံအတိုင်း ကချင်တိုင်းရင်းသားလူမျိုးများက ဝတ်စုံအပြည့်နှင့် ကြိုဆိုခဲ့သည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သောအဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

၎င်းက “သူတို့ပြည်နယ်ကို ငြိမ်းချမ်းရေးအတွက် လာရောက်တဲ့အတွက် ကျနော်တို့ကို မင်္ဂလာရှိအောင် ဒီခရီးလမ်းကြောင်းမှာ ဖြောင့်ဖြောင့်ဖြိုးဖြိုး ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ကချင်ပြည်နယ်က လူတွေက ခရီးဦးကြိုပြုတယ်။ ဆုတောင်းပေးကြတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေးရရှိသွားသည့်တိုင်း ငြိမ်းချမ်းရေးအလံအား စိုက်ထူနိုင်သည်အထိ ချီတက်လမ်းလျှောက်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

ကိုဝင်းချိုက “အစိုးရနဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ရနေ၊ လမ်းခရီးတလျှောက် ပြည်သူတွေ ကျုနော်တို့လိုပဲ၊ ငြိမ်းချမ်းရေးကို မြတ်နိုးလာအောင်၊ ဒီစစ်ပွဲတွေဟာ ကျနော်တို့နဲ့ သက်ဆိုင်တယ်ဆိုတာ ပြည်သူတွေအားလုံး သဘောဆောင်အောင် အဲဒီအတွက် လမ်းလျှောက်တာဖြစ်တဲ့အတွက် လိုင်ဇာကို ရောက်အောင် သွားပါ့မယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော် ရန်ကုန်မြို့မှ ထွက်ခွာလာသော လူတချို့မှာ မောပန်းခြင်း၊ ခြေထောက် ပေါက်ပြဲနေခြင်းများ ဖြစ်သဖြင့် နှစ်ရက်ခန့်ကြာ မန္တလေးမြို့တွင် ရပ်နားပြီးနောက် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေးလိုလားသော လူငယ်များအဖွဲ့က ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။


http://drlunswe.blogspot.com/2013/02/blog-post_11.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India