ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့်
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂
နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြားထားသော်လည်း
ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။
“ဆုတ်ခွာ ပေးပါလို့တော့ မပြောဘူး၊ ခဏ ရှောင်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ရှောင်ပေးလိုက်တဲ့ နေရာတိုင်း အမာခံ တပ်စခန်းတွေ လာဆောက်တယ်၊ နယ်မြေစိုးမိုးရေး ဆိုပြီး။ ဒါကြောင့် ကျနော်တို့လည်း နောက်ထပ် ရှောင်ပေးနိုင်စွမ်းလည်း မရှိတော့ဘူး။ နယ်မြေရှင်းရေး လုပ်ရင်တော့ တိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
မကြာသေးခင် ရက်ပိုင်းကလည်း ယင်းတပ်စခန်း အနီးအနားတွင် SSA မြောက်ပိုင်းနှင့် အစိုးရတပ်တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ဆိုသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း လတ်တလော တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၉၁) တပ်နှင့် တပ်မ (၃၃) လက်အောက်ခံ တပ်များ စစ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း တပ်စခန်းများကို အစိုးရတပ်မှူးများက ဆုတ်ခွာပေးရန် ဖိအားပေးသည့် အကြောင်းအရင်းကိုမှု မသိရှိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
“ကျနော်တို့ (ဝန်ကြီး) ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဖို့ အစီအစဉ် ရှိတယ်။ အဲဒီ တိုင်းမှူးကိုလည်း ပြောပါတယ်။ သူက ဦးအောင်မင်းနဲ့ မတွေ့ခင် ခဏရှောင်ပေးပါ။ တိုက်ပွဲ မဖြစ်ချင်ရင် ဦးအောင်မင်းတို့နဲ့ နယ်မြေ သတ်မှတ်ပြီးရင်တော့ ခင်ဗျာတို့နေရာကို မဝင်ပါဘူးလို့တော့ အဲဒီလို ပြောတယ်။ ယုံကြည်ခဲ့တာလည်း များပြီး ဒီတခါ မယုံတော့ဘူး”ဟု ၎င်းက ဆိုသည်။
SSA မြောက်ပိုင်းသည် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် လာမည့် ဧပြီလ ဒုတိယ အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင် လဆန်းပိုင်းကလည်း အစိုးရတပ်များက SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့သေးကြောင်း သိရှိရသည်။
အထက်က ညွှန်ကြားချက်အတိုင်း တပ်များကို ဆုတ်ခွာပေးရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း ယင်းဒေသတွင် ကွပ်ကဲသည့် အစိုးရ တပ်မှူးများက ပြောကြားကြောင်း သိရသည်။
တပ်စခန်းများ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် SSA မြောက်ပိုင်း ဆက်ဆံရေးရုံး တာဝန်ရှိသူများမှတဆင့် ဝန်ကြီး ဦးအောင်မင်းထံ ဆက်သွယ် အကြောင်းကြားခဲ့ရာ နှစ်ဖက် ဖြစ်ပွားနေသည့် ကိစ္စများကို သဘောပေါက် နားလည်ပါသည်ဟု အကြောင်းပြန်ကြားကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက် တပ်များ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် တပ်စခန်းများမှ ဆုတ်ခွာခိုင်းခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရသေးသောကြောင့် ဖြစ်သည်ဟု ယခုလ ၂၀ ရက်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေးသို့ ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းသည်လည်း အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း မကြာသေးမီ ရက်ပိုင်းက ၎င်းတို့၏ တပ်စခန်းတချို့တို့ကို ဆုတ်ခွာပေးရန် ဖိအားပေးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
http://burma.irrawaddy.org/archives/36560







Thursday, March 28, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား၊ မုန်နာ၊ ဝိုင်းမော်
ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးခြံများတွင် ခိုလှုံနေသော
စစ်ပြေးဒုက္ခသည်များသည် ထမင်းချက်ရန်ထင်းနှင့် လျှပ်စစ်မီးများ
အခက်ခဲဖြစ်နေကြောင်းသိရသည်။
အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး
နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း
ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ
ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။







မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှု
မတည်ဆောက်နိုင်လျှင် အချိန်မရွေး ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင်ကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ကျင်းပပြုလုပ်သော
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင်
ဦးခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက်
လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်
မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်းကို ယနေ့
နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် အစိုးရ စစ်တပ်က အကြောင်းကြားထားကြောင်း
သတင်းရရှိသည်။


ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး
ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု
ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွက် နေပြည်တော်အစိုးရမှ ဘက်ဂျက်
ထုတ်ပေးခြင်း မရှိသည့်အတွက် လိုအပ်သည့် အကူညီများကို ဆွေးနွေးပွဲကျင်းပရာ
အိမ်ရှင်နိုင်ငံများမှ ယူနေရကြောင်း သိရသည်။

