March 28, 2013

မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ကျင်းပ

မတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
images
မိုင်းအန္တရာယ်ပညာပေးအဖွဲ့တစ်ခုဖြစ်သည့် Mine Risk Education-MRE မှ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေးနေ့(No Mine Day)ကို မတ်လ ၂၂ရက် နေ့မှ စတင်ကာ ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
MRE ၏ စီမံခန့်ခွဲရေးမှူး နော်ဆဲထိက “ကျမတို့ ဒုက္ခသည်စခန်းမှာ No Mine Day ကို တပြိုင်နက်တည်း လုပ်တာ မဟုတ်ဘဲ တစ်ရက်ကို စခန်းတစ်ခု၊ နှစ်ခု အဲလိုပုံစံနဲ့ လုပ်တာဖြစ်ပါတယ်။ အခုဆိုရင် လေးခု ကျန်သေး တယ်။ ဒီလို လုပ်ရတာလည်း အဓိက မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး နယ်စပ်လူထုတွေ ပိုသိစေဖို့ ပညာပေးတဲ့ သဘောပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ကို ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)အပါအဝင် မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းတို့တွင် ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်ကျင်းပရန် ကျန်နေသေးသည့် စခန်းများကို အစီအစဉ်အရ ဧပြီလ ၂ရက်နေ့တွင် အုန်းဖျန်စခန်းနှင့် ဘန့်ဒိုယမ်းစခန်း၊ ဧပြီလ ၄ရက်နေ့တွင် မယ်လစခန်းနှင့် ထမ်းဟင်စခန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နော်ဆဲထိက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒိုယမ်းနှင့် ထမ်းဟင် ကရင်ဒုက္ခသည် စခန်းများနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)တို့တွင် MRE မှ မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ လှည့်လည် ကျင်းပနေခြင်းဖြစ်သည်။
ဆက်လက်၍ နော်ဆဲထိက “ဒီလို ကျမတို့ မိုင်းကင်းရှင်းနေ့လုပ်တာ မိုင်းထိထားတဲ့ သူတွေကိုပဲ မရည်ရွယ် ပါဘူး။ တခြားလူတွေကိုလည်း မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ အခု လုပ် နေတဲ့ မိုင်းရှင်းလင်းနေ့တွေမှာဆိုရင် အားကစားပွဲတွေ လုပ်ပေးတယ်။ နောက် သီချင်း၊ ကဗျာ၊ စာစီစာကုံးရေး ပြိုင်ပွဲတွေ လုပ်ပေးပါတယ်”ဟု ဖြည့်စွက်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေးနေ့ကို MRE မှ ဦးစီး၍ ၂၀၀၀ ပြည့်နှစ် မှ ၂၀၀၈ခုနှစ်အထိ ပြုလုပ်ခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် နှစ်အနည်းငယ် ရပ်တန့်ထားခဲ့ရပြီး ၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းပစ္စည်းများ ကြောင့် ထိခိုက်သူ သုံးထောင့်နှစ်ရာကျော်ရှိသည့်အနက် နှစ်ထောင့်ခုနှစ်ရာကျော်သည် ကိုယ်အင်္ဂါထိခိုက်မှု ဒဏ်ရာကိုယ်စီဖြင့် အသက်ရှင်လျှက်ရှိသည်ဟု နိုင်ငံတကာမိုင်းစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Landmine and Cluster Munition Monitor ၏ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

http://www.kicnews.org/?p=16272
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India