March 11, 2013

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး


ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့ မတ်လ ၁၁ ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တရားဝင် အပစ်အခတ်ရပ်ဆဲနိုင်ရေး ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ထူးခြားမှုအနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်လာခဲ့ကြပြီး စစ်ရေးကိစ္စများကို အဓိက ထားဆွေးနွေးကြသည်။
“တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုအနေနဲ့က ဒီဆွေးနွေးပွဲက ပထမဦးဆုံးပါဘဲ။ သဘောတူချက်ရဖို့အတွက် ဆွေးနွေးနေတုန်းပဲ။ ဒီတစ်ခေါက်က တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ တော်တော်များတယ်။ လောလောဆယ်တော့ Statement ထုတ်ပြန်ဖို့ ကြိုးစားနေတာ။ သဘောတူညီမှုရရှိဖို့အတွက် စာချုပ်ချုပ်နိုင်တဲ့အဆင့် ရောက်ဖို့အတွက် ကြိုတင်သဘောတူညီချက်တွေ၊ လုပ်ဆောင်ချက်တွေ၊ နားလည်မှုတွေ ဘယ်အတိုင်းတာ ထိရောက်ပြီလဲ။ (မြန်မာ) တပ်ဘက်က ပြောတာက အပစ်ခတ်ရပ်ဆိုင်းတဲ့ စာချုပ်ကို ချုပ်ချင်တယ်။ ကျနော်တို့ဘက်က အပစ်အခတ် ရပ်ဆဲရေး စာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်မှုတွေ လိုတယ်။ တချိန်ချိန်မှာတော့ ရောက်သွားမယ် ထင်ပါတယ်” ဟု ကချင်လွတ်မြောက်ရေးတပ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
ဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော်ဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်းမှ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ပါ၀င်သည်။
ကချင်ကိုယ်စားလှယ် အဖွဲ့တွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်လာသော်လည်း စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်တို့ ပါ၀င်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် တပတ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင် စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီး ဇော်တောင်က
“ထူးခြားတဲ့ တိုက်ပွဲတော့ သိပ်မရှိပါဘူး။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ တပ်စခန်းချင်းနီးနေတော့ သေနတ်နဲ့ အချင်းချင်း ပစ်တာတွေတော့ ရှိတယ်။ မိုင်းဖြစ်စဉ်တွေရှိတယ်။ ပြီးခဲ့တဲ့ ၉ရက်နေ့ လဂျားယန်တပ်စခန်းမှာ မနက် ၉ နာရီလောက်က သုံးကြိမ်လောက် ပစ်တယ်။ ညနေ ၄ နာရီနောက်ပိုင်းမှာ ၄ ကြိမ်လောက် ပစ်ကြတာတွေ ရှိတယ်။ အဲလို ပစ်ခတ်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု ရရှိပြီး နောက်ဆုံး လုံးဝ ငြိမ်းချမ်းသွားတဲ့အထိ အဆင့်ဆင့် ဆွေးနွေးသွားရမယ်။ ဆွေးနွေးသွားရင်းနဲ့ တိုက်ခိုက်မှုတွေ လျော့နည်းသွားမယ်။ စစ်ရှိန်လျော့နည်းသွားမယ်။ ဒီဆွေးနွေးပွဲအနေနဲ့ ကောင်းမွန်တဲ့ ရလာဒ်တွေကို ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆွေးနွေးပွဲမတိုင်ခင် မြန်မာ့တပ်မတော်ဘက်မှ စစ်အရှိန်တိုးမြင့်မှုများ ပြုလုပ်လျက်ရှိသည်ဆိုသည်နှင့် ပတ်သက်ပြီး “ကျနော်တို့ဘက်က စစ်အင်အား တိုးတယ်ဆိုတာ လောလောဆယ် မရှိသေးပါဘူး။ တပ်ဘက်က တစုံတရာ ပစ်ခတ်မှု မလုပ်သေးဘူး။ စစ်တိုက်တယ်ဆိုတာ ဘယ်သူမှားတယ် မှန်တယ်ဆိုပြီး နှစ်ဖက်လုံးကို ပြောလို့မရပါဘူး။ ကချင်ဘက်မှာလည်း စစ်အင်အားတိုးတယ်ဆိုတာ မရှိပါဘူး။ ရှမ်းမြောက်ဘက်ကိုလည်း စစ်အင်အား တိုးထားတယ်ဆိုတာ မရှိသေးပါဘူး။ ဒါကို တိတိကျကျ မသိဘဲ ဝေဖန်ချက်အနေနဲ့ ထွက်လာတာ ဖြစ်ပါလိမ့်မယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောဆိုသည်။
ကချင်တပ်နှင့် မြန်မာတပ်တို့သည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ တာပိန်ရေအားလျှပ်စစ်စီမံကိန်းအပေါ် အငြင်းပွားခဲ့ရာမှ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“လက်ရှိ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေဖြစ်ရတဲ့အကြောင်းရင်းက အစီရင်ခံစာမှာ ထည့်ထားတဲ့အချက် တချက်ရှိတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တဲ့ တပ်စခန်းတွေ ကိစ္စပါ။ အဲဒီ တပ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ အဓိကပါ။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ထူးခြားမှုတွေ ရှိလာပါတယ်။ လက်ရှိ စစ်တိုက်တာကို ရပ်ဆဲထားတာ မဟုတ်ပေမယ့် စစ်ရှိန်လျော့ထားတဲ့အနေအထားပါ” ဟု ကချင် ဗိုလ်မှူးကြီး ဇော်တောင်က ဧရာဝတီကို ပြောသည်။
လက်ရှိ ကချင်တပ် ထိန်းချုပ်မှုအောက်တွင် ဒုက္ခသည်ပေါင်း ရ သောင်းကျော်ရှိပြီး အစိုးရ ထိန်းချုပ်မှုအောက်တွင် ဒုက္ခသည်ပေါင်း ၃ သောင်းကျော်ရှိသည်။
“ကချင်ပြည်နယ် အစိုးရ ကွပ်ကဲမှုအောက်မှာ ရှိတဲ့နေရာတွေမှာ IDP ကန့်ပေါင်း ၁၁၃ ခုရှိပါတယ်။ လူဦးရေ သုံးသောင်းရှစ်ထောင် ရှိပါတယ်။ စစ်ပွဲဖြစ်နေတဲ့ ဒီတနှစ်နဲ့ ၈ လ ရှိနေတဲ့အချိန်မှာ အစစ အရာရာ အဆင်ပြေအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ကန့်အတွင်းမှာရှိတဲ့ ကလေးတွေ အားလုံး ပညာသင်ကြား နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လူစုလူဝေး နေထိုင်တဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်တတ်တဲ့ရောဂါ ယနေ့အချိန်ထိ မဖြစ်သေးပါဘူး။ ခရီးသွားရင်းနဲ့ ဒဏ်ရာရတဲ့ သူတွေနဲ့ ကန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကချင်ပြည်နယ်ဆေးရုံမှာ ဆေးကုသစရိတ် အကုန် တာဝန်ခံပေးရတယ်” ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလနှင့်၂၀၁၃ ဇန်နဝါရီလများအတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အပစ်အခတ် ရပ်စဲထားရန် သဘောတူညီချက် ရရှိခဲ့ကြသည်။
မတ်လ ၁၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြသည်။ ယခုအကြိမ် တွေ့ဆုံမှုသည် ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တွေ့ဆုံမှုအနေဖြင့် ပထမဆုံး ဖြစ်သည်။

http://burma.irrawaddy.org/archives/35396
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India