Wednesday, March 06, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့
ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို လာမယ့် မတ် ၁၁
မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အစိုးရဘက်က ဝန်ကြီးဦးအောင်မင်း ဦးဆောင်တက်မှာ
ဖြစ်သလို ကေအိုင်အိုဘက်ကလည်း ခေါင်းဆောင်အကုန်နီးပါး ၁၀ ဦးလောက် တက်မယ်လို့
ကေအိုင်အိုက ပြောပါတယ်။
တရုတ်နိုင်ငံ အပါအဝင် လေ့လာသူ
တော်တော်များများ တက်မယ်လို့လည်း မှန်းထားသလို တပ်ပိုင်းဆိုင်ရာ
ဆွေးနွေးမှုတွေလည်း ပါဝင်လာဖွယ် ရှိပါတယ်လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရသူ
ဦးလာနန်းက ပြောပါတယ်။
နှစ်ဘက်ကြား ပြင်းပြင်းထန်ထန်
တိုက်ခိုက်မှုတွေအပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ က ပထမအကြိမ် ငြိမ်းချမ်းရေး
ဆွေးနွေးခဲ့ပါတယ်၊ အဲဒီနောက်ပိုင်းမှာလည်း တိုက်ခိုက်မှုတချို့
ဖြစ်ခဲ့ပါသေးတယ်။
ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေက အတိုက်ရပ်ချိန်မှာ
အစိုးရဘက်က အခွင့်အရေးယူပြီး တပ်ရေးလှုပ်ရှားမှု လုပ်တယ်၊ ဒါကြောင့်
ရှောင်လွှဲမရဘဲ တိုက်ခိုက်မှုတွေ ဖြစ်ရတယ်လို့ ဦးလာနန်းက သုံးသပ်ပါတယ်။
အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ
အရှိန်ရလာရင်တော့ ကြားဝင်စေ့စပ်ပေးမယ့်သူတွေ၊ နိုင်ငံကိုယ်စားပြုသူတွေက
ငြိမ်းချမ်းရေးအတွက် ပါဝင် ဆောင်ရွက်ပေးနိုင်ဖို့ ကိစ္စတွေလည်း ဆက်ပြီး
ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/03/130306_kio_gov_meeting.shtml
Posted in: ကချင်,ကချင်တွေ့ဆုံဆွေးနွေးမှု,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook