March 13, 2013

အစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့သော KIO ကိုယ်စားလှယ်များကို လိုင်ဇာလူထု ၂၀၀၀ ကျော် ကြိုဆို

ကချင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာမှပြန်လာကြသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့များကို လိုင်ဇာရှိ ပြည်သူလူထုများက ယမန်နေ့ညနေတွင် နယ်စပ်တံတား တစ်လျှောက်ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။
KIOမှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့များအား တရုတ်နယ်စပ် လိုင်ဇာ တံတားမှ ဒေသခံပြည်သူလူထု ၂၀၀၀ ကျော် ကြိုဆိုခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် ဆွေးနွေးမှု (၁၃) ကြိမ်မြောက်တွေ့ဆွေးဆုံးနွေးမှုတွင် လူထုများက ပထမအကြိမ် ကြိုဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံ့အတွက် အားထုတ်၍ဆွေးနွေးခဲ့ကြသည့် KIO အရာရှိများအပေါ် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ တန်ဖိုးထားခြင်းဖြစ်သည်ဟု ကြိုဆိုခဲ့သည့် လိုင်ဇာ အသင်းတော် သိက္ခာတော်ရ ဆရာဂွန်ဆိုင်း KNG ကချင်သတင်းဌာနသို့ပြောသည်။
“ပြီးခဲ့တဲ့ချိန်တွေမှာ မကြိုဆိုခဲ့ဘူး။ ခါတိုင်းက ဆလန်ကဘာတွေက အသင်းတော်ဆရာတွေထံ ဆုတောင်းပြီး သွားလိုက်တယ်။ ပြန်လာရင်လည်း ဆုတောင်းပြီး ကိုယ့်ရုံးကိုယ်ပြန်တယ်။ ဒါမဲ့ ဒီတခေါက်က ဆုတောင်းပြီးသွားလိုက်တယ်။ ပြန်လာတဲ့ချိန်မှာ ရလဒ်ကို ပြည်သူတွေလည်း သိချင်တဲ့အတွက်ကြောင့် ကြိုဆိုခြင်းဖြစ်တယ်။”
ထိုသို့ကြိုဆိုပြီးနောက် ဒေသခံပြည်သူလူထုများနှင့်အတူ လိုင်ဇာအထက်တန်းကျောင်းတွင်တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ၌ သဘောတူညီချက်၊ ကြေညာချက်များနှင့်ပတ်သက်၍ ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ ရွှေလီ ဆွေးနွေးပွဲတွင် ပူတွဲကြေညာထားသည့်ထုတ်ပြန်ချက်ကို ဆက်လက် အတည်ပြု၍ ညွှန်ကြား သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်မှ လူထုများကို ရှင်းပြခဲ့ကြောင်းဒေသခံများပြောသည်။
“နောက်ထပ်လည်း ကြိုဆိုအုံးမယ်။ ဘာလို့လဲဆိုတော့ ခုခေတ်ကပြည်သူတွေကို ကြေညာရမယ့် ခေတ်ဖြစ်နေပြီလေ။ သူတို့ဘဲဆွေးနွေးပြီး မီဒီယာမှာကြေညာရုံနဲ့ မထိရောက်နိုင်ဘူး။ ခု ဆွေးနွေးမှုတွေကို ပြည်သူတွေထံပြန်လည် ရှင်းလင်းတာ အရမ်းကောင်းပါတယ်” ဟု ဆရာဂွန်ဆိုင်း ပြောသည်။
ဗဟိုဌာချုပ်အတွင်းရှိ ဒုက္ခသည်စခန်းမှလူထုများနှင့် ဒေသခံများသည် ကချင်ရိုးရာဝတ်စုံများဝတ်ဆင်ကာ ဌာနဆိုင်ရာအသီးသီးမှလည်း လာရောက်၍ ကိုယ်စားလှယ်များကို လက်ဆွဲနှုတ်ဆက်ကာ ကချင်ရိုးရာအတီးအမှုတ်ဗုံများ ဖြင့်ကြိုဆိုခဲ့ရာ ကိုယ်စားလှယ်များကလည်း ၀မ်ပန်းတသာဖြစ်ခဲ့ကြောင်း သိရသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရွှေလီမြို့တွင် ဖေဖဝါရီလ ၁၁ မှ ၁၂ ရက်နေ့ထိ ၂ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည်ဖြစ်၍ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားကာ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။
ဒီတစ်ကြိမ် ဆွေးနွေးမှုတွင် အစိုးရဖက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် KIO ဖက်မှ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့ နှစ်ဖက် စစ်တပ် ခေါင်းဆောင်များတက်ရောက်ခဲ့ခြင်းဖြစ်သည်။
အစိုးတပ်များသည် ကချင်ပြည်နယ်တွင် အင်အားတိုးချဲ့များနှင့် ထိုးစစ်ဆင်မှုများ ရှိနေဆဲဖြစ်သောကြောင့် တိုက်များပြင်းထန်လာနိုင်ကြောင်း ရှေ့တန်းမှအရာရှိများသုံးသပ်နေသော်လည်း  စိုးရိမ်ဖွယ်ရာမရှိသေးကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် KNG ကချင်သတင်းဌာသို့ ပြောခဲ့သည်။

http://kachinnews.com/burmese/news/1046-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%86%E1%80%AF%E1%80%B6%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC-kio-%E1%80%80%E1%80%AF%E1%80%AD%E1%80%9A%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%9A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF-%E1%81%82%E1%81%80%E1%81%80%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%86%E1%80%AD%E1%80%AF.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India