April 30, 2013

"ဝ"တပ်ကို တရုတ်အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ကူညီ

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တယ်လို့ နာမည်ကျော် Jane’s  Defence Weekly အပတ်စဉ်ထုတ် ကာကွယ်ရေး စာစောင်က ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

TY-90 အမျိုးအစား ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေ တတ်ဆင်ထားတဲ့ Mi-17 အလတ်စား ရဟတ်ယာဉ် တွေကို ဖေဖော်ဝါရီ လကုန်ပိုင်း နဲ့ မတ်လဆန်းမှာ ပေးပို့ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး Jane’s  Defence Weekly စာစောင်က ရေးသားထားပါတယ်။
အဲဒီ Mi-17 ရဟတ်ယဉ်တွေကို ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကမ္ဘာအနှ့ံ ရောင်းချရာမှာ များမကြာမှီကတင် တောင်တန်းဒေသတွေမှာပျံသန်းဖို့အတွက် အထူးမွမ်းမံထားတဲ့ အင်ဂျင်မျိုးအစားတွေထည့်သွင်း တပ်ဆင်ပြီး တရုပ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရောင်းချခဲ့ကြောင်းသိရပါတယ်။ TY-90 အမျိုးအစားဒုံးကျည်တွေကတော့ တရုတ်နိုင်ငံထုတ်လက်နက် ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တခြားတိုင်းပြည်တွေကလည်း ဒီရဟတ်ယာဉ်တွေ ရောင်းချနို်င်ဖွယ်ရှိတယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဒီလောက်ကြီးတဲ့ လက်နက်တွေကို မြန်မာပြည်နဲ့ ဆက်ဆံရေး ဒီလိုအခြေအနေမှာရောင်းမယ်လို့ မထင်ဘူး။ပေးမယ်လို့ မထင်ဘူး။ဒါပေမယ့် တစ်ခြားနိုင်ငံကနေ ဝယ်ယူနိုင်တဲ့ အနေအထားတွေ အများကြီး ရှိနိုင်တယ်။ကမ္ဘောဒီးယားနဲ့လာအိုတို့မှာလည်း ရှိတော့ မရောင်းသည့်တိုင် မပြောနိုင်ဘူး။"
အင်တာနက်ဝက်ဆိုဒ်တခုမှာ အဲဒီ ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယဉ်တွေကို ဝယ်ယူတဲ့ အာရှနိုင်ငံတွေထဲမှာ တရုပ်နိုင်ငံအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Jane’s  Defence Weekly စာစောင်က သတင်းမှာတော့ အဲဒီ Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုပ်နိုင်ငံကနေ "ဝ"ဒေသကိုတိုက်ရိုက်ပေးပို့တာမဟုတ်ပဲ လာအိုနိုင်ငံကနေတဆင့် မဲခေါင်မြစ်ကို ဖြတ်ကျော်ပျံသန်းပြီး"ဝ"တပ်ဖွဲ့တွေထံ ရောက်ရှိသွားကြတာ ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့တစ်ခုထံက ကြားသိရတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရ သတင်းရပ်ကွက်ကတော့" ဝ"တပ်ဖွဲ့တွေထံကို အခုအချိန်ထိ အဲဒီ ရဟတ်ယာဉ် ၂ စင်းပဲ ရောက်ရှိသေးတယ်လို့ဆိုပါတယ်။
"ဝ"တပ်ဖွဲ့တွေကို အခု တရုတ်နိုင်ငံကပေးပို့လိုက်တဲ့ Mi-17 ရဟတ်ယဉ်တွေမှာတပ်ဆင်ထားတဲ့ TY-90 အမျိုးအစား ဒုံးကျည်တွေဟာ မြန်မာအစိုးရ လက်ဝယ်ရှိ ရုရှားနိုင်ငံလုပ် Mi-24 အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိုတယ်လို့ ဆိုပါတယ်။ အဲဒီ Mi-24 တိုက်ခိုက်ရေး ရဟတ်ယဉ်တွေကို မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ မြန်မာလေတပ် ကသုံးစွဲခဲ့ပါတယ်။
Jane’s ထောက်လှမ်းရေးစာစောင်ရဲ့ ဖော်ထုတ်ရေးသားချက်နဲ့ ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India