April 8, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နေရာတွင် တိုက်ပွဲဖြစ်

kachin-army-kia-0221
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၄ နယ်မြေတွင် အစိုးရနှင့် ယနေ့ ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစိုးရတပ်ဖွဲ့သည် KIA နှင့် တအောင်း (ပလောင်) စုပေါင်းတပ်တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၈ ရက် နံနက် ရ နာရီ ၅၀ မိနစ်မှ ၈ နာရီ ၄၅ မိနစ်ထိ တပ်မဟာ ၄ လက်အောက် တပ်ရင်း ၂ နယ်မြေ မန်လောင်းရွာ အနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ရင်း ၂ တပ်ဖွဲ့များ နေရာယူထားသည့် မန်လောင်းအနီးတောင်တွင် မုန်ပေါ်ဘက်နှင့် မုန်ဂျီ-မန်လောင်း ဘက်မှ စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်လာသော အစိုးရတပ်ဖွဲ့များ လာရောက်ပစ်ခတ်ခဲ့ရာမှ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အထက်ပိုင်း KIA အရာရှိ တစ်ဦးကပြောသည်။
ထို့နောက် တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၆ နယ်မြေ နမ်ရှဲပါ တွင်လည်း ညနေ ၃ နာရီမှ ၄ နာရီအထိ  တပ်ရင်း ၃၆ KIA တပ်ဖွဲ့များရှိနေသည့်နေရာသို့ အစိုးရတပ် ခလရ ၂၄၂ နှင့် ခမရ ၅၆၈ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာပြီး အစိုးရဘက်မှ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ တပ်မဟာ ၄ ကို သင်္ကြန်မတိုင်ခင် ထိုးစစ်ဆင်မယ်လို့ကြားတယ်။ အဲဒါကြောင့် လားတော့ မသိဘူး။ သူတို့က အခု နေရာတိုင်းမှာ ထိုးစစ်ဆင်နေတယ်။ အခုတော့ နေ့တိုင်းတောင် ပစ်ခတ်ရတော့မယ်ထင်တယ်။ ဒီနေ့တော့ ၃ နေရာ တိုက်ပွဲဖြစ်တာပေါ့” ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။
ထို့ပြင် တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေတွင်းရှိ ပန်ဆဲပြည်သူ့စစ်အစိုးရတပ်ဖွဲ့များ နေရာယူထားသည့် ၀ါယော့စခန်းကို ရှမ်းတပ်ဖွဲ့နှင့် တအောင်း (ပလောင်) စုပေါင်းတပ်ဖွဲ့များ သွားရောက် ပစ်ခတ်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
တအောင်း (ပလောင်) စုပေါင်းတပ်ဖွဲ့များ ထိုစခန်းအား သွားရောက်ပစ်ခတ်ပြီး မနက် ၄ နာရီခွဲမှ ၁၂ နာရီထိ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပန်းဆဲပြည်သူ့စစ်များ နောက်ဆုတ်သွားပြီးနောက် ပြည်သူ့စစ် စစ်သား ၂ ဦးအား လက်နက်များဖြင့် အရှင်ဖမ်းဆီးရမိကာ စခန်းကို မီးရှို့လိုက်ကြောင်း အထက်ပါ KIA အရာရှိက ပြောသည်။
၎င်း ပန်းဆဲပြည်သူ့စစ်စခန်းသည် ယခင်က မြန်မာအစိုးရထံ  ခူလုံလီဆူးများဟုဆိုကာ မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် ခံယူကာ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားသော တရုတ်လူမျိုးများဖြစ်သည်။

၎င်းတို့အား အစိုးရမှ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားကာ အစိုးရများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား လုံခြုံရေးယူပေးသော စခန်းဖြစ်ကြောင်း KIA အရာရှိ၏ ပြောပြချက်အရသိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု ပြောသည်။

http://kachinnews.com/burmese/news/1076-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%81%83-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India