September 4, 2012

အစိုးရအဖွဲ့နှင့် KNU တတိယအကြိမ် ဆွေးနွေးပွဲစတင်

2012-09-03
အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ရဲ့ ဖားအံမြို့မှာ ပြုလုပ်တဲ့ တတိယအကြိမ် ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲပြီး နှစ်ဘက်လိုက်နာရမဲ့ စည်းကမ်းချက်များ သတ်မှတ်ရေးကို ဆွေးနွေးကြပါတယ်။
RFA
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးရန် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သောအဖွဲ့ ဖားအံမြို့သို့ မထွက်ခွာမီ တွေ့ရစဉ်။
ဆွေးနွေးပွဲကို ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ ဒီကနေ့မနက် ၉ နာရီက စတင်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အစိုးရဘက်က သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်က အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဦးဆောင်တာပါ။
ဒီကနေ့ ဆွေးနွေးပွဲမှာ နှစ်ဘက်လိုက်နာရမဲ့ စည်းကမ်းချက်များ သတ်မှတ်ရေးကို အဓိက ဆွေးနွေးတာ ဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲမှာ ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဘက်တပ်များ နေရာချထားတာနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား လက်ရှိ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်း စည်းကမ်း သဘောတူချက်တွေဟာ အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် စံနမူနာ ဖြစ်လာနိုင်မယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
နှစ်ဘက် အပစ်အခတ် ရပ်စဲရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေနဲ့ ကေအင်ယူတို့ ဖားအံမြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေး နေကြတာပါ။
အဓိကသဘောတူညီချက်တွေထဲမှာ နှစ်ဘက်တပ်တွေ နေရာ ချထားရေးနဲ့ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ထုံးတွေ ပါ၀င်တယ်လို့ ၀န်ကြီး ဦးစိုးသိန်းက ပြောသွားပါတယ်။
လောလောဆယ် မူအရ သဘောတူညီချက်တွေကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်ကို တင်ပြမှာဖြစ်သလို ကေအင်န်ယူ ဘက်ကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည်တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ စည်းမျဉ်း စည်းကမ်းတွေအပေါ် သဘောတူ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ ဦးစိုးသိန်းက ဆိုပါတယ်။
ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ RFA အဖွဲ့သူ မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/government-knu-third-round-meeting-09032012124820.html

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

သုံးကြိမ်မြောက် ကေအန်ယူ ငြိမ်းချမ်းရေး ဆွေးနွေး

2012, 03, 09

မြန်မာ အစိုးရနဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ တို့ကြား တတိယ အကြိမ် မြောက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင် ဟိုတယ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
တနင်္လာ နေ့က စတင်တဲ့ ဆွေးနွေးပွဲမှာ အရင်က ဆွေးနွေးဖို့ သဘောတူ ထားတဲ့ ပြည်သူ လူထု ဘဝ လုံခြုံမှုကို အခြေခံတဲ့ နှစ်ဘက် စစ်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် ( Code of Conduct ) နဲ့ နှစ်ဘက် တပ်တွေ ပြန်လည် နေရာ ချထားရေး ဆိုတဲ့အချက် နှစ်ချက် ထဲက နှစ်ဘက် စစ်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် ဆိုတဲ့ အပိုင်းကို ဆွေးနွေးကြ ပါတယ်။
မွန်းလွဲပိုင်း ကနေ ညနေ မိုးချုပ်တဲ့ အထိ ဒီအပိုင်းကို အကြိတ် အနယ် ဆွေးနွေး ခဲ့ရတယ်လို့ အစည်းအဝေးကို တက်ရောက်တဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အချက် အလက်တွေ သဘော တူညီချက် တွေကို မှတ်တမ်း တင်ရာမှာ မြန်မာ ဘာသာ စာပေကို တရားဝင် ရုံးသုံး ဘာသာ အဖြစ် အသုံးပြုဖို့နဲ့ အပစ်အခတ် ရပ်ဆိုင်းရေး အစား ရပ်စဲရေးလို့ သုံးနှုန်းဖို့နဲ့ နိုင်ငံရဲ့ နာမည် ကိုလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု မြန်မာ နိုင်ငံတော်လို့ ခေါ်ဝေါ် ဖို့နှစ်ဘက် ကြားမှာ သဘော တူခဲ့ ကြပါ တယ်။
ဆွေးနွေးပွဲမှာ အစိုးရ ဘက်က သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၊ ဦးစိုသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန် ကြီး ဦးခင်ရီ၊ ပြည်ထောင်စု နယ်စပ် ရေးရာနဲ့ လုံခြုံရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနဲ့ အရှေ့တောင်တိုင်း တိုင်းမှူးတို့ တက်ရောက်ကြပါတယ်။
ကေအန်ယူ ဘက်က အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဘက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ ကေအန်ယူ သစ်တော ဌာန တာဝန်ခံ ဗဒိုအားတိုး၊ စစ်ဦးစီး တတိယတန်း ဗိုလ်မှူး စောတာမလာဘောနဲ့ တပ်မဟာ ၅ က ဗိုလ်မှူး စောကလယ်ဒိုး တို့ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။
ကျန်တဲ့ တပိုင်းဖြစ်တဲ့ နှစ်ဘက် စစ်တပ်တွေ ပြန်လည် နေရာ ချထားရေး ကိုတော့ အင်္ဂါနေ့မှာ ဆက်ပြီး ဆွေးနွေး မှာ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120903_knu_peacetalks.shtml

KNU နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေး

ကေအန်ယူ ကရင့်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဖားအံမြို့ ဇွဲကပင်ဟိုတယ် က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမှာတော့ နှစ်ဘက် တပ်နေရာ ချထားရေး အတွက် အကျေအလည် ဆွေးနွေးခဲ့ကြ ပါတယ်။ ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး ကရင်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ လည်း ဆိုပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဘက်ကလည်း သဘောတူနိုင်တဲ့ အချက်တွေနဲ့ သဘောမတူနိုင်သေးတဲ့ အချက်တွေကို ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်ဆွေးနွေးခဲ့ကြပါ တယ်။ ကေအန်ယူနဲ့ မြန်မာ အစိုးရတို့ရဲ့ တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက် နေ့တွေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် သဘောကွဲလွဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင့် အမျိုးသား အစည်း အရုံး ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ကရင်ပြည်နယ် ဖားအံမြို့က ဇွဲကပင် ဟိုတယ်မှာ  ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တပ်တွေ လိုက်နာ ရမယ့် အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်း စုစုပေါင်း စာမျက်နှာ ၆၀ ကျော်ကို ဥပဒေပညာရှင်တွေနဲ့ပါ ညှိနှိုင်းကြတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်းတွေမှာ ဘာမှ အခက်အခဲ ဖြစ်တာမျိုး မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေက များလွန်းလို့ ခင်ဗျ။ နောက်တခါ ဒီ ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး ဆိုင်ရာရှုထောင့်နဲ့ နောက်တခါ ကရင်ပြည်သူတွေရဲ့ လုံခြံုရေးအတွက်ကို ၁၀၀ % ရအောင်ဆိုတဲ့  အနေအထားဘက်က ချဉ်းကပ်တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒီအပေါ် မှာလည်း အစိုးရဘက်က တစုံတရာ ငြင်းဆိုတာ မရှိပါဘူး။ တပ်ခွဲခြားရေး- တချို့တပ်တွေရဲ့ နေရာ အနေအထား ပေါ်မှာပေါ့နော်- တယောက်နဲ့တယောက် သံသယရှိမှုအပေါ်မှာ အခြေခံပြီးတော့ ခုနကပြောတဲ့ တပ်ပြောင်း သွားတဲ့ကိစ္စကို မသိလိုက်တဲ့ကိစ္စမျိုး၊ နောက်တခါ တချို့တွေမှာ မှားယွင်း မှုတွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်း နေကြတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် ဆွေးနွေးနေတာတွေ ရှိပါတယ်။”

ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး၊ ကရင်ပြည်သူတွေရဲ့ လုံခြံုရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အဓိက ထား ဆွေးနွေးခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေကလည်း သဘောတူနိုင်တယ်၊ မတူနိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“တကယ် အပစ်အခတ် ရပ်စဲတယ်ဆိုတာ ဥပမာ ပြောရရင် စာရွက်ပေါ်မှာ ရေးပေမယ့်လည်း တကယ် လိုက်နာရမယ့် စည်းကမ်းတွေ၊ နောက်တခါ ဒါကို စောင့်ကြည့်မှုတွေ၊ ဒီယန္တရားကို ဘယ်လို ဖြည့် ဆည်းမလဲဆိုတဲ့ဟာက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကေအန်ယူဘက်က တချို့ကိစ္စတွေမှာ စိုးရိမ်မှု ရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ရဲ့ စိုးရိမ်ချက်က ဥပမာ ဒီ Code of Conduct မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာက ရှင်းရှင်းပြောရရင် အထဲမှာ လိုအပ်တဲ့ အချက် အလက်တွေ၊ နောက်တခါ ပြည်သူတွေ၊ နောက်တခါ ထပ်ပြီးတော့ တယောက်နဲ့တယောက် စစ်ပွဲတွေ မဖြစ်အောင် ဆိုတဲ့အပေါ်မှာ ဒါတွေကို ပိုပြီးသေချာချင်တယ်ဆိုတဲ့ အချက်က အကောင်းဘက်က စိုးရိမ်တယ်လို့ ကျနော် ထင်ပါတယ် ဗျ။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ သမ္မတရုံး ၀န်ကြီးတွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း တို့ အပါအဝင် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဦးခင်ရီ၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ ဦးဆောင်ဆွေးနွေးနေကြပါတယ်။ ကရင့်အမျိုးသား အစည်းအရုံးဘက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဖဒိုအားတိုတို့ ဦးဆောင် ဆွေးနွေးနေကြပါတယ်။ အပစ်အခတ် ရပ်စဲရေးအတွက် တိတိကျကျ သတ်မှတ်နိုင်ဖို့ နှစ်ဘက် လိုက်နာရမယ့် အချက် အလက်တွေကို ဆွေးနွေးနေကြတာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် ရှေ့တိုးခြေလှမ်းတခု ဖြစ်လာမယ် လို့လည်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဆိုပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာကတော့ အဆင့်တွေ အများကြီး သွားရဦးမှာပေါ့နော်။ ဒီအဆင့် မှာတော့ နှစ်ဘက်လုံး လနဲ့ချီ ၂ လလောက် ပြင်ဆင်ထားတာ ဖြစ်လို့ တော်တော် များများကတော့ နီးနီးစပ်စပ် သဘောတူလို့ ရမှာပါ။ နောက် နှစ်ဘက်လုံး အတွက် အကျိုးလည်း ရှိမှာပါ။”

ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား အခု ဆွေးနွေးပွဲဟာ တတိယ အကြိမ်မြောက် ဖြစ်ပြီး အရင်နှစ်ကြိမ် ဆွေးနွေးမှုတွေအပြီးမှာတော့ နှစ်ဘက် ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တတိယအကြိမ် ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က ဆွေးနွေး ဖို့ ရှိနေတာကို မြန်မာအစိုးရဘက်က အဆင်သင့် မဖြစ်တာကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ဒီကနေ့မှ ကျင်းပနိုင် တာလည်း ဖြစ်ပါတယ်။ နှစ်ရက်ကြာမြင့်မယ့် အခုတခေါက် ဆွေးနွေးမှုကတော့ အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်လုံးက လိုက်နာရမယ့် အချက်အလက်တွေနဲ့ တပ်နယ်မြေ သတ်မှတ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာပါ။ ရလဒ်ကောင်းတွေ ထွက်လာဖို့လည်း နှစ်ဘက်လုံး က မျှော်လင့်နေကြတာ ဖြစ်ပါတယ်ရှင်။ 
 
http://burmese.voanews.com/content/knu-and-myanmar-peace-group-talks-on-cease-fire-and-peace/1500756.html

KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဖားအံတွင် ဆွေးနွေးပွဲစတင်

3 September 2012--
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)

တတိယအကြိမ်မြောက် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ မနက် ၈နာရီ၌ ဆွေးနွေးမှုကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် စတင်ခဲ့ကြသည်။
ယင်းဆွေးနွေးတွင် KNU ဘက်မှ ဗဟိုအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်စစ် ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ပဒို အားတိုး၊ စောအောင်ဝင်းရွှေ၊ စောလှထွန်း၊ ပဒိုသောသီဘွဲ၊ နော်မေဦး စုစုပေါင်း ကိုယ်စားလှယ်(၉)ဦးပါ၀င်ဆွေးနွေးခဲ့သည်။ ထို့အပြင် KNU ဘက်မှ နိုင်ငံတကာ လေ့လာသူ ၂ဦးနှင့် ပြည်ထဲလေ့လာသူ စုစုပေါင်း ၆ဦးတက်ရောက်ခဲ့သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ လဝက ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း၊ ပြည်ထောင်စု နယ်စပ်ရေးရာနှင့် လုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ အရှေ့တောင်တိုင်း စစ်ဌါနချုပ်(ရတခ) မှ ဗိုလ်မှူးကြီး ကျော်ဝင်းဌေး၊ ဖာပွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောထွန်းမြအောင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းနှင့် ဒုဥက္ကဌ မန်းလှမြိုင်၊ ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းစအွာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောသိန်းအောင် နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကေအိုင်စီ အယ်ဒီတာ နန်းဖော့ဂေက ဖုန်းဖြင့် ယခုလို သတင်းပေးပို့ထားသည်။ နေ့လည်စာ မစားမီ မနက် ၁၀ နာရီတွင် ပေးပို့သည့် သတင်းဖြစ်သည်။
ဆွေးနွေးခဲ့ကြတာကတော့ (Code of Conduct) နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အထဲမှာဆိုရင် အဓိက အချက်နှစ်ချက်ကို ဆွေးနွေးတယ်။ ပြည်သူလူထု့ရဲ့ ဘဝလုံခြံုမှုကို အခြေခံတဲ့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ် တွေရယ်။ တပ်တွေအရွှေ့အပြောင်းကိစ္စတွေပါတယ်ဝင်။ ဒီနေ့မှာတော့ အဲ့ဒီတပ်အရွေ့အပြောင်း ကိစ္စကို မဆွေးနွေးကြသေးဘူး။ မနက်ဖြန်မှ ဆက်ဆွေးနွေးသွားမယ်။
ပထမတစ်ရက်အနေနဲ့ကတော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေဆွေးနွေးဖြစ်ကြတယ်။ အဲဒီထဲမှာဆိုရင် နှစ်ဦး နှစ်ဖက်တပ်က လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ လူထုတွေလိုက်နာရမယ့် ကျင့်ဝတ်တွေပဲ ဒီမနက်မှာ အကျယ်တဝင့် ဆွေးနွေးဖြစ်ကြတယ်။
ဒီမနက်မှာ အဓိကအနေဖြင့် အစိုးရဘက်က ဆွေးနွေးသွားတာကတော့ ပြည်ထောင်စုအဆင့် ဒုဥပဒေချုပ် ဦးထွန်းထွန်းဦး ကဆွေးနွေးသွားပြီး ကေအဲန်ယူဘက်က နော်မေဦးကလည်း နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်တွေအကြောင်းကို အ ပြန်အလှန် ဆွေးနွေးသွားတယ်။
အဲဒီထဲမှာဆိုရင် official language အနေနဲ့ မြန်မာဘာသာကို မှတ်တမ်းတွေ၊ သဘောတူညီချက်တွေမှာ စာရွက်စာတမ်း တွေမှာလည်း မြန်မာဘာသာနဲ့ပဲသုံးရမယ်။ နောက်တစ်ခုက အပစ်အခတ်ရပ်ဆိုင်းရေးဆိုတဲ့ အသုံးအနှုန်းထက် ရပ်စဲရေး ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားမယ်ဆိုတဲ့ အတည်ပြုချက်လေးတွေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေရှည်အတွက် လုပ်မယ်ဆိုတော့ ရပ်ဆိုင်းထားတယ်ဆိုတာက ခေတ္တခဏပဲဆိုတဲ့ သဘောမျိုးရှိတဲ့အတွက်ကြောင့် ရပ်စဲရေးကိုပဲ လုပ် သွားမယ်လို့ သဘောတူညီခဲ့ကြတယ်။ နောက်တစ်ခုကတော့ ဦးထွန်းထွန်းဦး ပြောတာကတော့ ၂၀၀၈ဖွဲ့စည်းပုံအရ ပြည် ထောင်စုမြန်မာနိုင်ငံတော်လို့ သုံးနှုန်းသွားကြမယ်လို့ ဆွေးနွေးကြတယ်။ အဓိကတော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့် ၀တ်တွေကိုပဲ ဆွေးနွေးသွားကြတယ်။
KNU နှင့် မြန်မာစိုးရတို့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကေအိုင်စီမှ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။ ကေအိုင်စီ ပရိဿတ်များအနေဖြင့် ဆက်လက်ရှုမျှော်စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါသည်။

 http://www.kicnews.org/?p=13197

September 3, 2012

ကေအိုင်အို-ပလောင် လွတ်မြောက်ရေးပူးပေါင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဆက်

2012-09-02
ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
Photo courtesy of Kachin Media
ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အို-ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရတပ် အကြား ၂၀၁၂ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းက ပုံ ဖြစ်ပါသည်။
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ် အတွင်းမှာ မြန်မာအစိုးရတပ်တွေ အင်အားတိုးချဲ့လာပြီး လှုပ်ရှားနေတာကြောင့်  ကေအိုင်အေ တပ်တွေနဲ့ ပူးပေါင်းထားတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အဖွဲ့ရဲ့ လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တွေနဲ့ အခုတလော မကြာခဏ တိုက်ပွဲဖြစ်ပွါးနေတဲ့ အကြောင်း TNLA အဖွဲ့ရဲ့ တပ်မှူးတစ်ယောက်က ပြောပြပါတယ်။
"ပြီးခဲ့တဲ့ ၃၀၊ ၃၁ ရက်နေ့ကတော့ တိုက်ပွဲအငယ်လေးတွေ ဖြစ်တယ်ခင်ဗျ။ နမ့်ဆန်မြို့နယ်မှာ တနေရာ မန်တုံဘက်မှာလည်း ဖြစ်တယ်။ မန်တုံဘက်မှာ ဖြစ်တာတော့ ကေအိုင်အို တပ်ရင်း ၃၄ အဓိက ဦးဆောင်ပြီး နေရာချထားတဲ့ နေရာပေါ့။ နမ့်ဆန်၊ မန်တုံနောက်ကြောဘက်မှာ အဓိက လှုပ်ရှားတာကတော့ ကျောက်မဲ အခြေစိုက် ၅၀၁ နဲ့ ၅၀၂ ပြီးတော့ မန်တုံတပ် ခလရ ၁၃၀၊ ကျွန်တော်တို့ ပလောင်တပ်ဖွဲ့နဲ့ ကေအိုင်အေ အခြေချနေတဲ့ ဒေသတွေကို သူတို့က ၀င်လာတာ နမ့်ဆန်၊ မန်တုံ ကွတ်ခိုင်ဒေသက။ ကျွန်တော်တို့ တအာင်းဒေသက သြဂုတ်လ ဒုတိယ အပတ်ကနေ စပြီးတော့ ထိုးစစ်တွေက အများကြီး ၀င်လာတယ်။ ကျွန်တော်တို့ တွက်ကြည့်တာ တပ်ရင်းပေါင်း ၁၆ ရင်းထက်တော့ မနည်းတော့ဘူး။ စုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။"
သြဂုတ်လ ၂၈ ရက်နေ့ကလည်း မန်တုံမြို့နယ် အတွင်းမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ SSA ရှမ်းပြည်မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်၊ အခု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးတွဲ လှုပ်ရှားနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။
အခုတလော မြန်မာအစိုးရတပ်က ဒေသခံ ပလောင်လူမျိုးတွေကို လမ်းပြခေါ်ခိုင်းတာ၊ ပေါ်တာ ထမ်းခိုင်းတာတွေလည်း လုပ်နေတယ်လို့ သူကပြောပါတယ်။ အခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ အများစု စစ်ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် ထောင်ဂဏန်းလောက်ရှိပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေတဲ့ အကြောင်း အဲဒီ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။
"နမ့်ဆန်နဲ့ မန်တုံအောက်ပိုင်းကတော့ ကိုယ့်ရွာမှာပဲ ကိုယ်နေရတယ်။ ဒါပေမဲ့ ရွှေလီမြစ်နဲ့ နဲနဲနီးတဲ့ မန်တုံ အထက်ပိုင်းတွေမှာတော့ တုံဟုန်းတို့ ကုန်းဘောင်တို့ အဲဒီဘက်မှာတော့ ဒုက္ခသည်ကတော့ ၁၀၀၀ ၀န်းကျင်လောက်တော့ ရှိတယ်ခင်ဗျ။ ပလောင်ရွာတွေ ကချင်ရွာတွေမှာ ရှိတဲ့ ပြည်သူတွေက စစ်ဘေး ရှောင်နေရတယ်။ ကေအိုင်အေ တိုက်ပွဲ ဖြစ်ကတည်းက သုံးလေး ငါးလလောက် ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ ထပ်တိုးလာတာပေါ့။ အကူအညီတွေကတော့ ပလောင် အမျိုးသမီးအဖွဲ့တို့ လူငယ်အဖွဲ့တို့ မန်တုံမှာရှိတဲ့ ဒေသခံအချို့၊ သူတို့ဝိုင်းကူကြတယ်။ ပြီးတော့ ကချင်ခရစ်ယာန် အဖွဲ့တွေပေါ့။ အဝတ်အစားတွေ ဆေးတွေ နည်းနည်းဝင်ကူတာ ရှိတယ်။ ဒုက္ခသည်တွေက ဖြစ်သလိုပဲ တောထဲမှာ ရွာပုံး ရွာရှောင်တွေ ပြေးနေရတယ် ဆိုတော့ ငှက်ဖျားတွေ ဖြစ်တာတို့၊ ၀မ်းလျှောတာတို့ အများကြီးတော့ ဒုက္ခတွေ ရောက်နေတာပေါ့ "
ဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ ဒေသဟာ နယ်စပ်နဲ့ ဝေးတဲ့အပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအစိုးရဟာ အခုလို   စစ်အင်အား တိုးချဲ့ပြီး ထိုးစစ်ဆင်နေတာဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း မရှိရေး ရည်မှန်းချက်နဲ့ ပြည်သာယာ စစ်ဆင်ရေး စီမံချက်အတိုင်း လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဒီလိုစစ်ရေးနဲ့ ဖိအားပေးပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တာဟာ ဘယ်တော့မှ ပြေလည်သွားနိုင်မှာ မဟုတ်ကြောင်း အဆိုပါ ပလောင်တပ်မှူးက ပြောပါတယ်။

http://www.rfa.org/burmese/news/kio-palaung-joint-troop-battle-with-government-troop-09022012111320.html

ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ

2012-09-02
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတဝိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
RFA
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
တာမခံကနေ ဖားကန့်ကိုအလာ ကသိုင်းတောင်နဲ့ နတ်မှော်ရွာကြားမှာ အဲဒီကားတွေရဲ့ ရှေ့ ကိုက် ၃၀၀ လောက် အကွာမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။ ကားတွေပေါ်မှာ သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ လိုက်ပါလာကြပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဟောင်ပါး ကျေးရွာအုပ်စု၊ တာမခံ ဒေသက သံဃာတော်တွေ၊ NLD ပါတီဝင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေပါ၀င်တဲ့ အဲဒီအလှူအဖွဲ့ဟာ ဒုက္ခသည်စခန်းကို ဆက်လက် ထွက်ခွာ လာခဲ့ကြပြီး ငွေကျပ်သိန်း ၄၀ ဖိုးရှိတဲ့ ဆန်နဲ့အခြေခံ စားကုန်တွေ၊ ကလေး သူငယ်တွေအတွက် ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေကို လှူဒါန်းခဲ့ကြကြောင်း ဖားကန့်မြို့နယ် NLD တာဝန်ခံ ဦးဟန်မြင့်က RFA ကို ပြောပါတယ်။
"ဆန်အိတ်က ၂၉၀ ပါ။ ဆီပုံးက ၃၀ ပါ။ နောက် ငွေက ဒီလာလှူဒါန်းထားတာ ငွေသိန်း ၄၀ ပါ။ ဒုက္ခသည်များအတွက် အခြားအသုံးအဆောင် ပစ္စည်းများကို တာမခံကျေးရွာသူ ကျေးရွာသားများက နေပြီးတော့ စုပေါင်းပြီးတော့ လာရောက် လှူဒါန်းကြပါတယ်"
အခုလို ဖားကန့်မြို့နယ် အတွင်းက သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ၊ မြို့နယ် NLD ပါတီဝင်တွေ ပူးပေါင်းပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေကို လှူဒါန်းနေခဲ့တာ အခုဆိုရင် ငွေကျပ် သိန်း ၂၄၀ ဖိုးလောက် ရှိသွားပြီလို့ သိရပါတယ်။

http://www.rfa.org/burmese/news/mine-explode-kachin-09022012205358.html

September 2, 2012

ချင်းလူမှုအသင်းအဖွဲ့က ငြိမ်းချမ်းရေးဆိုင်ရာတိုင်းရင်းသားညီလာခံ consultation meeting ပြုလုပ်

September 1st, 2012


မြန်မာနိုင်ငံအနောက်ဖက်ဒေသ အခြေစိုက် ချင်းလူမှုအသင်းအဖွဲ့က စက်တင်ဘာတွင် ကျင်းပမည့် ငြိမ်းချမ်းရေးမူဝါဒ ချမှတ်ရေးဆိုင်ရာ တိုင်းရင်း သားညီလာခံတွင်ဆွေးနွေးနိုင်ရေးအတွက် Consultation meeting ကို ယနေ့ စက်တင်ဘာ (၁) ရက်နေ့တွင် ကျင်းပသည်ဟု သိရသည်။
အစည်းအဝေးတွင် ချင်းလူမှုအသင်းအဖွဲ့များ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ချင်းအမျိုးသမီးအဖွဲ့၊ မီဒီယာ အဖွဲ့များမှ ခေါင်း ဆောင် ၁၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။
“အစည်းအဝေးမှာ Working group for Ethnic – Coordinating မှ ချမှတ်ရေးဆွဲသည့် တိုင်းရင်း သားလူမျိုးများ ကိုင်စွဲရ မည့် ငြိမ်းချမ်းရေးစီမံချက်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ဆွေးနွေးကြတယ်” ဟု ၂၀၁၂ တိုင်းရင်းသားညီလာခံ ကျင်းပရေး ကော်မီတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာရွှေခါးက ပြောသည်။
တိုင်းရင်းသားညီလာခံသို့ ချင်းလူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ် ၄ ဦး နှင့် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦးတက်ရောက်မှာဖြစ်ကြောင်း  တက်ရောက်မည့် ကိုယ်စားလှယ်များလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမကထပြုကျင်းပ သွားမှာ ဖြစ်ကြောင်း လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် ကိုင်စွဲရမည့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။
“ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ အမျိုးသားနိုင်ငံရေးကိစ္စတွေမှာ လူမှုအသင်းအဖွဲ့တွေ ဆွေးနွေးနိုင်ရေးအတွက် တံခါးဖွင့်ပေးတာက အင်မတန်မှ မွန်မြတ်ပါတယ်” ဟု ချင်းအမျိုးသမီးကိုယ်စားလှယ်တဦးက ပြောသည်။
အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မူဝါဒချမှတ်နိုင်ရေးကို ပြည်တွင်း လူမှုအသင်းအဖွဲ့များကလည်း အထူး စိတ်ဝင် စားကြသည်ဟု ပြောကြသည်။

http://khonumthungburmese.org/?p=499

အစိုးရနှင့်တတိယအကြိမ် တွေ့ဆုံရန် KNU ခရီးစဉ် စတင်

1 September 2012One Comment
စက်တင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တတိယအကြိမ် တွေ့ဆုံရန် ယနေ့ စက်တင်ဘာလ ၁ရက်နေ့၊ မနက် ၈နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့မှ စတင်ထွက်ခွါခဲ့ သည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်ပြီး တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပဒိုအားတိုး၊ စောသောသီဘွဲ၊ စောလှထွန်း၊ စောအောင်ဝင်းရွှေ စသည့် အဖွဲ့ဝင်အားလုံး ၁၄ ဦးပါသည့် ၎င်းတို့အဖွဲ့ကို မြဝတီမိသားစု ဧည့်ရိပ်သာတွင် မြဝတီ အုပ်ချုပ်ရေးမှူးနှင့် KNU ဆက်ဆံရေးရုံးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး စောဖောဒိုတို့က မနက်စာဖြင့် ဧည်ခံခဲ့သည်။
၎င်းတို့အဖွဲ့သည် မြဝတီမြို့မှ စတင်ထွက်ခွါပြီးနောက် နေ့လည် ၁၁နာရီတွင် ကော့ကရိတ်မြို့တွင် ရောက်ရှိရာ အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဌာနမှ ၀န်ကြီး ဦးအောင်မင်းအပါအဝင် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်တို့က လာရောက်ကြိုဆိုခဲ့သည်။ ၀န်ကြီး ဦးအောင်မင်းသည် KNU ကိုယ်စားလှယ်အဖွဲ့များအား ကော့ကရိတ်တွင် လာရောက်ကြိုဆိုပြီးနောက် ရန်ကုန်မြို့သို့ တခါတည်း ပြန်သွားခဲ့သည်။
နေ့လည်စာကို ၎င်းတို့အားလုံးက ကော့ကရိတ်မြို့ရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂)ရိပ်သာတွင် သုံးဆောင် ခဲ့ကြပြီး နေ့လည် ၁၂နာရီတွင် ခရီးဆက်လက်ထွက်ခွါခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ မဝင်မီ တောင်ကလေးကျေးရွာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက် ခဲ့ပြီး ကျောင်းသူကျောင်းသားအပါအဝင် သံဃာတော်များ စုစုပေါင်း ၂၀၀ ကျော်တို့က ၎င်းတို့အား ကြိုဆိုခဲ့ကြ သည်။ တဆက်တည်းမှာပင် ယနေ့တွင် ကရင်လူမျိုးတို့၏ လက်ချည်ပွဲမင်္ဂလာ ကျင်းပသည့်နေ့ ဖြစ်သောကြောင့် တောင်ကလေးရှိ သက်ကြီးရွယ်အိုများက KNU ကိုယ်စားလှယ်များအား ချည်ဖြူဖွဲ့ပေးခဲ့ကြသည်။ ယင်းနောက် တောင်ကလေးဆရာတော် ဦးပညာသာမိနှင့် တွေ့ဆုံခဲ့သည်။

ညနေ ၃နာရီတွင် တောင်ကလေးရွာမှ ဖားအံမြို့သို့ ပြန်ဝင်လာခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်မှုဖြင့် ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။ ညနေ ၆နာရီ၌ ဇွဲကပင် ဂါးဒင်းစားသောက်ဆိုင်တွင် ဖားအံရှိ ကရင်လူမှုအသိုင်းအဝိုင်းများမှ လူဦးရေ ၆၀ခန့်က KNU ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံကာ ခရီးစဉ်ဆိုင်ရာများကို အပြန်အလှန်မေးမြန်းပြောဆိုခဲ့ကြသည်။
တည်ခင်းဧည့်ခံပွဲတွင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ဖားအံမြို့ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်-NLD အဖွဲ့ဝင် နန်းခင်ထွေးမြင့်၊ ကရင်ပြည်သူ့ပါတီ-KPPနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ကိုယ်စားလှယ်အချို့၊ ဘာသာရေးခေါင်းဆောင်တို့က ပါ၀င်သည်။
ဧည့်ခံပွဲ၌ ကရင်လူမှုအသိုင်းအဝိုင်းများက ယခု အစိုးရနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့် အကြောင်း အရာအပြင် ဒုက္ခသည်ကိစ္စ၊ အနာဂတ် KNU ၏ ရပ်တည်ချက် စသည့်တို့ကို မေးမြန်းပြီး KNU ကိုယ်စားလှယ်များက ဖြေကြားပေးခဲ့သည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် စက်တင်ဘာလ ၂ရက်နေ့တွင် ဖားအံမြို့ရှိ ခရစ်ယာန်ဘုရားရှိ ခိုးကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်လည်ပတ်သွားမည်ဟု သိရသည်။

http://www.kicnews.org/?p=13180

အစိုးရတပ် စစ်အင်အားတိုးချဲ့မှုကြောင့် ကချင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ

2012-09-01
အစိုးရတပ်နဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒုက္ခသည် အရေအတွက်ဟာ အခုဆိုရင် ၁ သိန်းကျော်လောက် ရှိနေပြီလို့ သိရပါတယ်။
သောကြာနေ့ကစပြီး အစိုးရဘက်က ရဟတ်ယာဉ် နှစ်စင်းနဲ့ စစ်သည်အင်အားတွေ အကြိမ်ကြိမ် တိုးချဲ့နေတဲ့ အတွက်လည်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမှာကို ဒေသခံ ပြည်သူတွေ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သောကြာနေ ့ညနေပိုင်း ဖားကန် ့မြို ့ပေါ်မှာရှိတဲ့ အ.ထ.က နဲ့ အမှတ် ၂ စစ်ဗျူဟာ ကြားမှာရှိတဲ့ ဘောလုံးကွင်းမှာ စစ်ရဟတ်ယာဉ် ၂ စီးက ၅ ကြိမ်လောက်ထိ စစ်သားတွေပို ့ချထားပေးတယ်။ သောကြာနေ ့ည ၈ နာရီခွဲလောက်မှာ မြောက်ပိုင်းတိုင်း လက်အောက်ခံ စစ်သားအင်အား နှစ်ရာနဲ့ သုံးဆယ်လောက်က ချီတက်သွားတာ တွေ ့ရတယ်၊ အဲဒီ တွေ ့ရတဲ့ အနေအထား အပေါ်မှာ ပြည်သူလူထု ကနေပြီးတော့ စိုးရိမ် ကြောင့်ကြမှုလေးတွေ ရှိတယ်ပေါ့ဗျာ"
ဒီအတောအတွင်း ဖားကန့်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည် ပြည်သူတွေကို ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာအုပ်စုက သံဃာတော်တွေ၊ NLD ပါတီဝင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေ စုပေါင်းပြီး ဖားကန့်မြို့နယ် NLD ပါတီကတဆင့် ဒီကနေ့ နေ့လည်းပိုင်းမှာ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ NLD ပါတီ တာဝန်ခံ ဦးခင်မောင်ချင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ၂၉ ရက်နေ့ကလည်း ဖားကန့်မြို့မှာရှိတဲ့ စစ်ပြေး ဒုက္ခသည် စခန်းတွေအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀ ကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက တဆင့် ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/government-troop-kachin-09012012215352.html

ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံပွဲ (၂/၉/၂၀၁၂)



ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံပွဲ (၂/၉/၂၀၁၂)


September 1, 2012

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ ထုတ်ပြန်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာသောစိတ်ဓါတ်၊ ဇွဲသတ္တိတို့ဖြင့် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားကြရဦးမည်ဟု မွန်ပြည်သစ်ပါတီ ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ယနေ့ထုတ်ပြန်ကြေငြာချက်တွင် ရေးသားဖေါ်ပြသည်။
နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)
အစဉ်အမြဲဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးရေစီးကြောင်း အကွေ့အလှည့်အမျိုးမျိုးအပေါ် မည်သည့်အကွေ့တွင် မည်သည့်တက်ဖြင့် လှော်ခတ်ကျော်ဖြတ်ရမည်ကို မွန်အမျိုးသားများနှင့် မျိုးချစ်ရဲဘော်များက အတွေ့အကြုံအရ နားလည်သိရှိကြပြီးဖြစ်ရာ ရှေ့သို့တက်ညီလက်ညီဖြင့် ကြိုးပမ်းချီတက်ကြရဦးမည်ဖြစ်သည်ဟုလည်း ၄င်းကြေညာချက်တွင် ရေးသားထားသည်။ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ ယနေ့ကျင်းပသော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာမိန့်ခွန်းတရပ်တွင် “နိုင်ငံရေးသီအိုရီအယူအဆတွေမှာက တိုင်းပြည်မရှိတဲ့လူမျိုး၊ မိမိကြမ္မာဖန်တီးခွင့်မရှိတဲ့လူမျိုး၊ တပ်မတော်မရှိတဲ့လူမျိုးတစ်မျိုးဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူပါဘူး၊ အခြားလူမျိုးတွေရဲ့ ဖိနှိပ်ဝါးမြိုမှုကြောင့် အချိန်ကာလတိုတိုလေးထဲမှာ ပျောက်ဆုံးသွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရှိခဲ့သည့်အတွက် မွန်လူမျိုးကို အများတကာအသိအမှတ်ပြုခံနေရသည်ဟုလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
၆၅ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌကြီးပေးပို့သော သဝဏ်လွှာတွင် “တဖက်မှာလည်းထာဝရငြိမ်းချမ်းရေးအတွက်ဖေါ်ဆောင်တဲ့နေရာမှာ ရှေးကအဆိုအမိန့်များရှိခဲ့သည့်အတိုင်း ထမင်းဆုပ်ကိုပဲမဲမနေပဲနဲ့ ဝါးရင်းတုတ်ကိုလည်းသတိမူသင့်” ဟု လက်ရှိငြိမ်းချမ်းရေးကာလအတွက် သတိပေးထားသည်။
ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖားအံမြို့မြိုနယ်၊ ဇာသပြင်ကျေးရွာရှိ အစိုးရ၏ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲစခန်းတို့ကို မွန်လူငယ်များသေနတ်လုယူ တိုက်ခိုက်ရာမှ မွန်တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့ကို မွန်နှင့်ကရင်တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်သိမ်းယူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
မွန်တပ်ဖွဲ့ဝင်များ(Photo-IMNA)
ထိုစဉ်က မွန်ပြည်သူ့တပ်ဦးအမည်ဖြင့် မွန်တိုင်းရင်းသားများတော်လှန်ရေးဆင်နွဲခဲ့ရာတွင် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDO ဖွဲ့စည်းနိုင်ခဲ့သည်။ ဦးနုအစိုးရ၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး အစီအစဉ်အောက်တွင် ၁၉၅၈ ၌ မွန်ပြည်သူ့တပ်ဦး လက်နက်ချခဲ့ပြီး တရားဝင်ပါတီ တည်ထောင်ခွင့်ရကာ ရွေးကောက်ပွဲဝင်ပြီး ခေါင်းဆောင်အချို့ လွှတ်တော်အမတ်နှင့် အစိုးရဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။
မွန်ပြည်သူတပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေးကို လက်မခံသော နိုင်ရွှေကျင်သည် ကျန်ရှိနေသာအင်အားစုများကို စုစည်းကာ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။
အလားတူ ယနေ့ကျရောက်သော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်၊ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်ရုံးများနှင့် ကွယ်လွန်သူမွန်အမျိုးသားခေါင်းဆာင်များတို့၏ အုပ်ဂူတည်ရှိရာ နေရာအသီးသီး၌ ကျင်းပခဲ့သည်ဟု သိရသည်။

http://burmese.monnews.org/?p=5312
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India