September 2, 2012

အစိုးရနှင့်တတိယအကြိမ် တွေ့ဆုံရန် KNU ခရီးစဉ် စတင်

1 September 2012One Comment
စက်တင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် တတိယအကြိမ် တွေ့ဆုံရန် ယနေ့ စက်တင်ဘာလ ၁ရက်နေ့၊ မနက် ၈နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့မှ စတင်ထွက်ခွါခဲ့ သည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်ပြီး တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပဒိုအားတိုး၊ စောသောသီဘွဲ၊ စောလှထွန်း၊ စောအောင်ဝင်းရွှေ စသည့် အဖွဲ့ဝင်အားလုံး ၁၄ ဦးပါသည့် ၎င်းတို့အဖွဲ့ကို မြဝတီမိသားစု ဧည့်ရိပ်သာတွင် မြဝတီ အုပ်ချုပ်ရေးမှူးနှင့် KNU ဆက်ဆံရေးရုံးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး စောဖောဒိုတို့က မနက်စာဖြင့် ဧည်ခံခဲ့သည်။
၎င်းတို့အဖွဲ့သည် မြဝတီမြို့မှ စတင်ထွက်ခွါပြီးနောက် နေ့လည် ၁၁နာရီတွင် ကော့ကရိတ်မြို့တွင် ရောက်ရှိရာ အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဌာနမှ ၀န်ကြီး ဦးအောင်မင်းအပါအဝင် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်တို့က လာရောက်ကြိုဆိုခဲ့သည်။ ၀န်ကြီး ဦးအောင်မင်းသည် KNU ကိုယ်စားလှယ်အဖွဲ့များအား ကော့ကရိတ်တွင် လာရောက်ကြိုဆိုပြီးနောက် ရန်ကုန်မြို့သို့ တခါတည်း ပြန်သွားခဲ့သည်။
နေ့လည်စာကို ၎င်းတို့အားလုံးက ကော့ကရိတ်မြို့ရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂)ရိပ်သာတွင် သုံးဆောင် ခဲ့ကြပြီး နေ့လည် ၁၂နာရီတွင် ခရီးဆက်လက်ထွက်ခွါခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ မဝင်မီ တောင်ကလေးကျေးရွာ ပရိယတ္တိစာသင်တိုက်သို့ သွားရောက် ခဲ့ပြီး ကျောင်းသူကျောင်းသားအပါအဝင် သံဃာတော်များ စုစုပေါင်း ၂၀၀ ကျော်တို့က ၎င်းတို့အား ကြိုဆိုခဲ့ကြ သည်။ တဆက်တည်းမှာပင် ယနေ့တွင် ကရင်လူမျိုးတို့၏ လက်ချည်ပွဲမင်္ဂလာ ကျင်းပသည့်နေ့ ဖြစ်သောကြောင့် တောင်ကလေးရှိ သက်ကြီးရွယ်အိုများက KNU ကိုယ်စားလှယ်များအား ချည်ဖြူဖွဲ့ပေးခဲ့ကြသည်။ ယင်းနောက် တောင်ကလေးဆရာတော် ဦးပညာသာမိနှင့် တွေ့ဆုံခဲ့သည်။

ညနေ ၃နာရီတွင် တောင်ကလေးရွာမှ ဖားအံမြို့သို့ ပြန်ဝင်လာခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်မှုဖြင့် ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။ ညနေ ၆နာရီ၌ ဇွဲကပင် ဂါးဒင်းစားသောက်ဆိုင်တွင် ဖားအံရှိ ကရင်လူမှုအသိုင်းအဝိုင်းများမှ လူဦးရေ ၆၀ခန့်က KNU ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံကာ ခရီးစဉ်ဆိုင်ရာများကို အပြန်အလှန်မေးမြန်းပြောဆိုခဲ့ကြသည်။
တည်ခင်းဧည့်ခံပွဲတွင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ဖားအံမြို့ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်-NLD အဖွဲ့ဝင် နန်းခင်ထွေးမြင့်၊ ကရင်ပြည်သူ့ပါတီ-KPPနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ကိုယ်စားလှယ်အချို့၊ ဘာသာရေးခေါင်းဆောင်တို့က ပါ၀င်သည်။
ဧည့်ခံပွဲ၌ ကရင်လူမှုအသိုင်းအဝိုင်းများက ယခု အစိုးရနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးမည့် အကြောင်း အရာအပြင် ဒုက္ခသည်ကိစ္စ၊ အနာဂတ် KNU ၏ ရပ်တည်ချက် စသည့်တို့ကို မေးမြန်းပြီး KNU ကိုယ်စားလှယ်များက ဖြေကြားပေးခဲ့သည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် စက်တင်ဘာလ ၂ရက်နေ့တွင် ဖားအံမြို့ရှိ ခရစ်ယာန်ဘုရားရှိ ခိုးကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်လည်ပတ်သွားမည်ဟု သိရသည်။

http://www.kicnews.org/?p=13180
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India