March 15, 2013

မြစ်ဆုံဒေသခံများ နေရပ်ပြန် လည်နေထိုင်နိုင်ရေးအတွက် ဆုတောင်းပွဲပြုလုပ်

မတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
548247_10150732702898128_1041750853_n ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အပါအဝင် အခြားသောရေကာတာ စီမံကိန်းများ ရပ်တန့်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရ သည့် ဒေသခံများ နေရပ်ပြန်လည်အခြေချနိုင်ရေးအတွက် ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံများက မြစ်ဆုံနေရာတွင် လူတစ်ရာကျော် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
ဆုတောင်းပွဲတွင် ပါ၀င်သည့် ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ ရှဂေါင်တန်ဂွန်းက “ဒီနေ့ နိုင်ငံတကာ မြစ် ချောင်းများဆိုင်ရာ လှုပ်ရှားမှုအထိမ်းအမှတ်နေ့မှာ ကျနော်တို့ လူထုအခြေပြုအဖွဲ့နဲ့ ဒေသခံတွေ စုပေါင်းပြီး နေရပ်ပြန်လည်နေ နိုင်ရေး ဆွေးနွေးဟောပြောပွဲရယ်၊ မြစ်ဆုံရေကာတာစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွားပါစေဆိုပြီး ဆုတောင်းခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်နေမှု ရပ်တန့်နေသော်လည်း စီမံကိန်းနေရာများတွင် တရုတ်နိုင်ငံ လျှပ် စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)ကုမ္ပဏီမှ ၀န်ထမ်းများ ရှိနေသေးသဖြင့် ဒေသခံများသည် နေရပ်သို့ ပြန်လည် အခြေမချနိုင်သေးကြောင်း ရှဂေါင်တန်ဂွန်းက ဆက်ပြောသည်။
ပြောင်းရွှေ့ပေးလိုက်ရသည့် ဒေသခံများသည် သက်ဆိုင်ရာမှ ပေးထားသည့် အောင်မြင်သာစံပြကျေးရွာတွင် အိမ်ထောင်စု ၈၀ စုနှင့် မလိရန်ဒေသတွင် အိမ်ထောင်စု ၄၀စုတို့မှာ နေရာသစ်တွင် နေထိုင်ရခြင်းကြောင့် စားဝတ်နေရေးနှင့် နေရေးထိုင်ရေး အခက်အခဲ ကြုံတွေ့ကာ နေရပ်ပြန်ချင်နေကြသည်ဟု သိရသည်။
ဆရာရှဂေါန်တန်ဂွန်းက “ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေဟာ ခြံဝင်းသေးသေးလေးထဲမှာ နေရတယ်။ အိမ်တိုင်တွေကလည်း ကျွန်းသစ်ပွတွေနဲ့ လုပ်ထားတော့ ကြာကြာမခံဘူး။ ပိုဆိုးတာက ကိုယ်ပိုင်အသက်မွေးကျောင်း လုပ်ငန်းတွေ မရှိတော့ သား သမီးတွေ ကျောင်းနေဖို့ ပိုက်ဆံမရှိကြဘူး။ အရင်တုန်းကဆိုရင် ပိုက်ဆံမရှိလည်း ကိုယ့်ခြံထဲက ၀ါးတွေခုတ်ပြီး ရောင်းရင် ပိုက်ဆံရတယ်လေ”ဟု ပြောသည်။
ဧရာဝတီမြစ်ချောင်းအတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းအပါအဝင် အခြေားသော ရေကာတာစီမံကိန်း (၇)ခုစလုံး ရပ်တန့်ရေး နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဧရာဝတီမြစ်ရေသည် ရေများ ညစ်ညမ်းသောကြောင့် ရွှေတူးဖော်မှုများကိုပါ ဒေသခံများ ရပ်တန့်ပေးစေလိုကြောင်း ဆရာရှဂေါန်တန်ဂွန်းက ဆက်ပြောသည်။
ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း”အရ မေခမြစ်အပိုင်းတွင် တာငါးခု၊ မလိခ မြစ်မှာ နှစ်ခု ပိတ်ရမည် ဖြစ်ပြီး မြစ်ဆုံဆည် နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,၀၀၀ ရှိသည်။ ဆည်အမြင့်မှာ ၁၅၂မီ တာ (ပေ ၅၀၀)နှင့် အထက်၊ ရေလှောင်ကန်အမြင့်မှာ ၂၉၉မီတာ (ပေ ၉၈ဝ) ရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့-KDNG က ထုတ်ပြန်ထားသည်။
တရုတ်ပြည်သို့ လျှပ်စစ်ဓါတ်အား ရောင်းချရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များပေါ် တွင် ရေကာတာပေါင်း ရခုကို တည်ဆောက်ရန် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI)က အဓိက ပါ၀င်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၌ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က လက်ရှိ ၎င်း၏ အစိုးရသက်တမ်းတွင် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တရားဝင် သဝဏ်လွှာ ပေးပို့ခဲ့သည်။

http://www.kicnews.org/?p=16133
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India